29/10/2025
တစ်နေ့ ၂ နာရီလောက် အတ္တကြီးပါ 🍀
အမျိုးသမီးတစ်ယောက်အတွက် အသက် ၃၀ နဲ့ ၄၅ ကြားအရွယ်ဟာ အလှဆုံးအရွယ်တွေပါ။ အလွန်ပြောင်းလဲလာတယ်ဆိုတာ မထိန်းသိမ်းခဲ့မိလို့။ မထုဆစ်ခဲ့မိတဲ့ သစ်တုံးလို
ဖြစ်နေတာ။ အချိန်မီ သိရင် အချိန်မီ ထုဆစ်ကြည့်ပါ။
ရင့်ကျက်တည်ကြည်တဲ့ အလှတွေ သင့်မှာ ခုထိ ရှိနေပါတယ်။ မလှတော့တဲ့သူဆိုတာ လုံးဝ မရှိပါဘူး။
ငယ်ငယ်တုန်းကလို စိုးရွံမှုလေးတွေကြား မရဲတရဲ အလှတွေကို ကျော်လွန်ပြီး လောကရဲ့ အရာရာကို ကောင်းစွာ
နားလည် သဘောပေါက်ပြီး တော်ရုံအမျိိုးသားတွေရဲ့
ဟန်ဆောင်လှည့်ကွက်ထဲ မမိတော့တဲ့ အရွယ်မို့ တချို့
မြေခွေးလို အမျိုးသားတွေက စပျစ်သီး ချဉ်တယ်ပြောတဲ့စကားတွေကို နားမယောက်ပါနဲ့။ ကိုယ်ပိုင် ရပ်တည်မှုတစ်ခုရှိလို့ ရဲရင့်လာတဲ့အလှတွေ ပြည့်စုံလာတယ်။ ဆေးစက်
ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ကို မြင်ရသကဲ့သို့။
မွေးစ ကနေ ၂၀ ကျော်ထိ တရိပ်ရိပ် ကြီးထွားတာ
သိသာပေမယ့် ၃၀ ကနေ ၄၅ ထိက မပြောင်းလဲလွယ်ပဲ
တန့်သွားတဲ့အလှပါ။ ဒီအရွယ်တွေက မိမိအထက်က
လူနဲ့ရော ငယ်တဲ့ ကလေးတွေနဲ့ရော ပေါင်းလို့ ရတဲ့အရွယ်။ အပျော်ရည်းစားစကားပြောခံရဖို့ထက် လက်ထပ်ခွင့် တောင်းခံရတဲ့အရွယ်❤️
🍀တစ်နေ့ 45min -1 hours ခန့် လေ့ကျင့်ခန်းသေသေချာချာလုပ်ပါ။ ပင်ပန်းမှာ မကြောက်ပါနဲ့။
ရလာတဲ့ result ကို ပျော်ရွှင်ရတဲ့အခါ မိုတီတွေ ရလာမယ်။
🍀 အဆီများတာတွေ အချိုရည် ၊ ready made တွေ
လျှော့ချပစ်လ်ိုက်ပါ။
🍀အလှပြင်ပါ။ အလှအပအတွက် အချိန်ပေးပြင်ပါ။
အရင်ကနဲ့ ယခုကို အမြဲ ယှဉ်ကြည့်ပြီး အလှပြင်ပါ ။
🍀ဆံပင်က ဒုတိယ မျက်နှာမို့ ဂရုစိုက်ပါ။
🍀သီချင်းနားထောင်ပါ။ ခရီးတ်ိုလေးတွေ ထွက်ပါ။
🍀အရောင်လွင်လေးတွေရွေးချယ်ကြည့်ပါ။
🍀ပုတီးစိပ်တရားထိုင်ပါ။
🍀အလှ ပုံလေးတွေ ရိုက်ပါ။
🍀မိမ်ိ ခန္ဓာကိုယ် ပြောင်းလဲလာမှု အလ်ိုက် တော်မယ့် အဝတ်အစားဝယ်တာမျိုး မလုပ်ပဲ အရင်အဝတ်အစားကို
ပြန်တော်အောင်ပဲ ခန္ဓာကိုယ်ကို ကြိုးစားကြည့်ပါ။
ချွေးထွက်များရင် ဟော်မုန်းတွေ ထွက်ပြီး စိတ်ကြည်လင်စေတယ်။
🍀ပညာတခုခု သင်ယူမှုတွေဟာ စိတ်ကို နုပျိုစေတာမို့
ခေတ်ရဲ့ နောက်က လိုအပ်တဲ့ ပညာရပ်တွေက်ို သင်ယူလေ့လာပါ။
တစုံတယောက်အတွက် စိတ်ရော လူရော အချိန်တွေရော
အကုန် ပုံပေးထားခြင်းကနေ ၂ နာရီလောက် အတ္တကြီး
ကြည့်ပါ ❤️
#စိတ်ခွန်အားပြည့်စာစုလေးများ #စာပေ🌻