Books Store By MZM

Books Store By MZM 💐📚စာဖတ်ခြင်းဖြင့်📚 🍀✨
🤯ဦးနှောက် အာဟာရဖြည့်ကြမယ် 🧠
💛🤍စိတ် အာဟာရဖြည့်ကြမယ် 💬😇

13/01/2026

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉
Thanksgiving 🤗🍀

05/01/2026

ဒီနေ့ဟာ
မင်းလိုချင်တဲ့ မနက်ဖြန်ကို
တည်ဆောက်ဖို့အတွက်
အခွင့်အလမ်းပဲဖြစ်တယ်။💪🏻📈🌱
>> Ken Poirot

02/01/2026

🌕 ပြာသိုလပြည့် အမေများနေ့ 🌸

ဒီနေ့ဟာ
မိခင်မေတ္တာရဲ့ အနက်ရှိုင်းဆုံး အဓိပ္ပာယ်ကို
ပြန်လည်သတိရစေတဲ့ နေ့တစ်နေ့ပါ 🤍💐

အမေဆိုတာ
ကိုယ့်ဘဝရဲ့ ပထမဆုံးဆရာ
အမြဲတမ်း အားပေးနေတဲ့ အကာအကွယ်
စိတ်ပင်ပန်းတဲ့အချိန်တိုင်း နားခိုရာလည်း ဖြစ်ပါတယ်။

ဒီပြာသိုလပြည့်နေ့မှာ
ကိုယ့်အမေကို “ချစ်ပါတယ် အမေ” လို့ ပြောပေးပါ
လက်ကလေးတစ်ခါ ဖက်ပေးပါ
အချိန်လေးတစ်ခု မျှဝေပေးပါ 💐

မိခင်မေတ္တာထက် တန်ဖိုးရှိတဲ့ အရာ မရှိပါဘူး။
အမေများနေ့မှာ အမေတိုင်း ကျန်းမာ ပျော်ရွှင်ပြီး
စိတ်ချမ်းသာပါစေ 🙏💖

#အမေများနေ့ #မေမေကျန်းမာပါစေ
#စာဖတ်ကြမယ်

01/01/2026

January လရဲ့ birth flower က Carnation နဲ့ Snowdrop ပန်းလေးတွေပါ 🙆🏻‍♀️🌺💐

Carnation ပန်းက🌺
💗 အချစ်
💪 ခိုင်မာတဲ့စိတ်ဓာတ်
🤍 သစ္စာရှိမှု ကို ကိုယ်စားပြုပါတယ်။

Snowdrop ပန်းကတော့
🌱 မျှော်လင့်ချက်အသစ်
✨ အသစ်စတင်ခြင်း
🌈အခက်အခဲပြီးနောက် ပေါ်လာတဲ့ အလင်းရောင်ကို ဆိုလိုပါတယ်။

January မှာ မွေးဖွားသူတွေက
တည်ငြိမ်ပြီး ခိုင်မာတဲ့စိတ်ဓာတ်အင်အားရှိသူတွေပါ
အေးမြတဲ့ရာသီထဲကနေတောင် ပန်းပွင့်နိုင်သလို
ဘဝရဲ့ အခက်အခဲတွေကြားမှာလည်း
မျှော်လင့်ချက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်သူတွေပါ ✨

👉 January born တို့ရဲ့ အကြိုက်ဆုံး ပန်းလေးက ဘယ်ပန်းတွေလဲ ဆိုတာ Comment မှာ မန့်ခဲ့ပေးဦးနော် 💬

#စာဖတ်ကြမယ်

နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေအလွန်အကျွံ မခံစားစေဘဲ နှလုံးသားရဲ့ ဆန္ဒတွေ တဖြည်းဖြည်း ပြည့်ဝလာပြီး ဘဝရဲ့ နူးညံ့သိမ်...
01/01/2026

နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေအလွန်အကျွံ
မခံစားစေဘဲ နှလုံးသားရဲ့ ဆန္ဒတွေ တဖြည်းဖြည်း
ပြည့်ဝလာပြီး ဘဝရဲ့ နူးညံ့သိမ်မွေ့မှုကို ရရှိပါစေ၊

"ပျော်ရွှင်မှုကို အာရုံစိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးတာက အေးတဲ့နေ့မှာ နေကို ကြည့်ရသလိုပါပဲ။ စိတ်က မသိမသာနဲ့ နွေးထွေးပြီး တောက်ပနေတယ်" တဲ့။

ကိုယ်ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အလင်းရောင် ဖြစ်လာစေပြီး နေ့ရက်တိုင်း ပျော်ရွှင်မှုတွေ တိုးလာပါစေ။

ဒီနှစ်ရဲ့ နွေးထွေးမှုနဲ့ ရဲစွမ်းသတ္တိတွေကို သယ်ဆောင်ပြီး နှစ်သစ်မှာ ပိုကောင်းတဲ့ ကိုယ်ကိုယ်တိုင်နဲ့ တွေ့ဆုံပါစေ။

-- မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ
#စာဖတ်ကြမယ်

30/12/2025

ကိုယ့်ရဲ့ Love Language က ကာကွယ်ပေးမယ်ဆိုတာပဲ။ 🫂💞

လောကဓံတွေ ကြမ်းလာတဲ့အခါ ကာကွယ်ပေးထားမယ်။ ရှင်သန် ရတာ ပင်ပန်းလာတဲ့အခါ ဝှက်ထားပေးမယ်။

မနာလိုသူတွေ မကောင်းပြောတဲ့အခါ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးမယ်။

အသိုင်းအဝိုင်းထဲကို ခေါ်သွင်းတဲ့အခါ ဒါငါ့လူ ငါချစ်သလို ငါ့ အသိုင်းအဝိုင်းတစ်ခုလုံးက ချစ်ရမယ်ဆိုပြီး ကာကွယ်ပေးမယ်။ ချစ်မိတဲ့အခါ အခြေအနေတွေခြားခြား၊ ရေမြေတွေခြားခြား... တစ်နေနေ့မှာ အဆင်မပြေတဲ့အခါ ကိုယ်ရှိတယ်။ ကိုယ်ကာကွယ်ပေးထားမယ်။ တစ် ခုခုကို ဆုံးရှုံးသွားတဲ့အခါ ကိုယ်ရှိနေသေးကြောင်း ပြောမယ်။ တခြား အရာတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေမဲ့ ကိုယ်ချစ်တာက ကာကွယ်ပေး မယ်ဆိုတဲ့ ကတိပါပဲ။

ဘာတွေပဲ ဖြစ်လာလာ၊ လောကဓံတွေကို ရင်မဆိုင်နိုင်တော့တဲ့ အခါ ၊ အားနည်းနေတဲ့ အချိန်တွေမှာ အမှားလုပ်မိတဲ့အခါ၊ လူတွေ ပြစ် တင်ရှုတ်ချတဲ့အခါ၊ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေ များတဲ့အခါ ဘာ မှ မဖြစ်ဘူး။ ကိုယ်ရှိတယ်။ ကိုယ်က ကာကွယ်ပေးမယ်။

ဟိုသီချင်းလေးလိုပေါ့။
“မကြောက်စမ်းနဲ့ အနားမှာလေ ကိုယ်ရှိတယ်
နောက်မဆုတ်နဲ့ အနားမှာလေ ကိုယ်ရှိတယ်” ဘာတွေပဲဖြစ်လာလာ ချစ်တာကို သိထား။💖💝

(၃)မိနစ် တရားထိုင်ပါ🧘🏻‍♀️✨(၃)မိနစ်ဆိုတဲ့ အချိန်ဟာ လူတိုင်းမှာ ရှိပါတယ် 💁🏻‍♀️အိပ်ရာက နိုးနိုးချင်းမှာ..၃မိနစ်လောက်...ဝင်လ...
30/12/2025

(၃)မိနစ် တရားထိုင်ပါ🧘🏻‍♀️✨
(၃)မိနစ်ဆိုတဲ့ အချိန်ဟာ လူတိုင်းမှာ ရှိပါတယ် 💁🏻‍♀️

အိပ်ရာက နိုးနိုးချင်းမှာ..၃မိနစ်လောက်...ဝင်လေ ထွက်လေကို မှတ်လိုက်ပါ။ အိပ်ရာထဲမှာပဲ မှတ်လိုက်ပါ။ အလုပ်တက်ရတဲ့သူတွေဆို...ရုံး ရောက်တဲ့အခါ.. ကွန်ပျူတာမဖွင့်ခင်၊ အီးမေးတွေ မစစ်ခင် ၃မိနစ်လောက်… ဝင်သက် ထွက်သက် မှတ်ကြည့်ပါဦး...။

နားထောင်တာ...ကြည့်တာ...ပြောတာ...ဆွေးနွေးတာမလုပ်ပဲ…၃မိနစ်လောက်ပဲ ထမင်းစားပြီးတဲ့အခါ...စိတ်ကို အကုသိုလ်ဖြစ်စေမဲ့...အကြောင်းတွေ... လေ့ကျင့်ပေးစေချင်ပါတယ်...။ အလုပ်ပြီးတဲ့အချိန်မှာ တစ်ခါ မှတ်ကြည့်ပါ...။ ခဏ တိတ်တိတ်ဆိတ်ဆိတ်နေပြီး..ကိုယ့်စိတ်ကို ကိုယ် အေးကျသွားအောင် လေ့ကျင့်ပေးစေချင်ပါတယ်...။ အလုပ်ပြီးတဲ့အချိန်မှာ တစ်ခါ မှတ်ကြည့်ပါ...။

ဒီလိုနဲ့..စိတ်တွေရှုပ်လာတိုင်း၊ ဒေါသတွေ ထွက်လာ တိုင်း... အလိုမကျမှု တွေ ဖြစ်လာတိုင်း... တစ်ယောက်ယောက်ကို မုန်းလာတိုင်း...၃မိနစ်လောက် ဝင်လေ ထွက်လေကို မှတ်လိုက်ပါ။

သိပ်အများကြီး မဟုတ်ပါ။ ၃မိနစ်တည်းပါ။ ၃မိနစ်ဆိုတဲ့အချိန်ဟာ... လူတိုင်းမှာရှိပါတယ်။ ဒီအချိန်လောက်တော့ လူတိုင်းပေးနိုင်ပါတယ်...။

မိမိ ကိုယ်စိတ်နှစ်ပါးစလုံးကို...မေတ္တာ ကရုဏာထားပါ။ ကိုယ့်ကိုယ်ကို ချစ်သနားသောအားဖြင့် စိတ်ကလေးကို ငြိမ်သက်အောင် တစ်နေ့ ၁ဝါ. ၃မိနစ်စီ... အနားပေးပါ။

စိတ်တည်ငြိမ် အေးချမ်းမှုတွေနဲ့အတူ နေ့တစ်နေ့ကိုစပါ။🌈🍃🍀


#စာဖတ်ပါ #စာဖတ်ကြမယ်

သင်လုပ်နိုင်တယ်ဆိုတာ ယုံကြည်တယ်ဆိုရင်ပဲ သင်က လမ်းတစ်ဝက်ကို ရောက်နေပါပြီ။ 🤗🍀 ✨> J.M Power <          #စာဖတ်ပါ Books Store...
29/12/2025

သင်လုပ်နိုင်တယ်ဆိုတာ
ယုံကြည်တယ်ဆိုရင်ပဲ
သင်က လမ်းတစ်ဝက်ကို ရောက်နေပါပြီ။ 🤗🍀 ✨

> J.M Power <



#စာဖတ်ပါ
Books Store By MZM

~ သန်မာနေဖို့လိုတယ် 💁‍♀️💪✨ပြောင်းလဲတတ်တဲ့ လူတွေကိုပြုံးပြုံးကလေး ကြည့်နေနိုင်ဖို့ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တ...
02/12/2025

~ သန်မာနေဖို့လိုတယ် 💁‍♀️💪✨

ပြောင်းလဲတတ်တဲ့ လူတွေကို
ပြုံးပြုံးကလေး ကြည့်နေနိုင်ဖို့
ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တယ်

ကိုယ့်အားနည်းချက်ကို ပြောနေတဲ့
လူတွေရဲ့စကားသံကို
ပြုံးပြုံးကလေး နားထောင်နေနိုင်ဖို့
ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တယ်

ကိုယ့်အားနည်းချက်ကို ဆုပ်ကိုင်ပြီး
ချောက်တွန်းချနေတဲ့ လူတွေရဲ့ပြောဆိုသံကို ကြံ့ကြံ့ခံနိုင်ဖို့
ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တယ်

ကိုယ့်ဘဝ အိပ်မက်တွေကို
အကောင်အထည်ဖော်နိုင်ဖို့
ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တယ်

မျက်ရည်တွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ဖို့
ကိုယ့်ရဲ့စိတ်ဓာတ်တွေ သန်မာနေဖို့လိုအပ်တယ်

#ဘုန်းခေ
"စိတ်ခွန်အားနဲ့ ရှေ့ဆက်မယ်" စာအုပ်မှ
#စာဖတ်ကြမယ်
Books Store By MZM

ကိုယ့်ကိုယ်ကိုယ်တောင်မှ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာအောင်မလုပ်နိုင်ရင် တခြားသူတွေကို ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာတဲ့...
01/12/2025

ကိုယ့်ကိုယ်ကိုယ်တောင်မှ
ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာအောင်မလုပ်နိုင်ရင်
တခြားသူတွေကို ကိုယ်ဖြစ်ချင်တဲ့အတိုင်း
ဖြစ်မလာတဲ့အပေါ်မှာ ဒေါသမထွက်မိပါစေနဲ့။🤷🏻‍♀️ 😇✨

> Thomas a Kempis <


Books Store By MZM

လူ့ဘောင်ဝန်းကျင်မှာ ကျင်လည်ဖို့ဆိုရင်ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပြီးကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။အကြင်နာတတ်ဆုံးသော သတ္...
26/07/2025

လူ့ဘောင်ဝန်းကျင်မှာ ကျင်လည်ဖို့ဆိုရင်
ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။

အကြင်နာတတ်ဆုံးသော သတ္တဝါကလည်း လူဖြစ်သလို
အရက်စက်ဆုံးသော သတ္တဝါကလည်း လူပါပဲ။

ဘဝရဲ့နေ့စဥ်ဖြတ်သန်းမှုတွေမှာ ကိုယ်ကဘယ်လိုလူမျိုးနဲ့
တွေ့ဆုံနိုင်မလဲ ဘယ်လိုလောကဓံဒုက္ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ
ကြိုမသိရပါဘူး။
ကိုယ့်အပေါ်ကြင်နာတတ်တဲ့လူ၊ဖေးမပေးတဲ့လူတွေနဲ့
အမြဲမတွေ့ဆုံနိုင်ပါဘူး။

ဘဝကအမြဲချောမွေ့နေမှာမဟုတ်သလို
ကိုယ့်အနားမှာကိုယ့်ကိုချစ်တဲ့သူက အမြဲရှိနေနိုင်မှာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။

ကိုယ်ကအနေမှန်ပါလျက်နဲ့ ကိုယ့်အပေါ်အမြဲချောက်တွန်းတာ၊
ကိုယ်အပေါ်အမြဲရန်လိုပြုမှုနေတာ
နိုင်ထက်စီးနင်းပြောဆိုတာတွေနဲ့ကြုံတဲ့အခါ
ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ၊ကိုယ့်ရဲ့အမှန်တရားတွေအတွက်
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ်။

ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်မှလည်း
ကိုယ်ချစ်ခင်ရတဲ့သူတွေအပေါ်ကွယ်ကွယ်ပေးနိုင်မှာပါ။

ကိုယ့်ကိုယ်ကိုယ်မှ မကာကွယ်နိုင်ရင်
ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကာကွယ်ပေးဖို့မဖြစ်နိုင်ပါဘူး
ဒါကြောင့်မို့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့သတ္တိရှိထားဖို့လိုပါတယ်။

#ခမ်း
#တန်ဖိုးရှိစွာနေထိုင်ခြင်း
Books Store By MZM
Photo by pins

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Books Store By MZM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category