Iconic Style -Thrift Shop

Iconic Style -Thrift Shop Thrift & Vintage Clothing Shop This page is online shopping

🖤
10/03/2023

🖤

Thrift clothing or vintage clothing အကြောင်း ပြောကြမယ် 💁🤷🙅ဘေထုပ်ဝတ်တာ ရှက်စရာ ဆိုတဲ့ခေတ်က ကုန်ခဲ့ပြီမဟုတ်လား။ ဒီကာလမှာ ပ...
10/03/2023

Thrift clothing or vintage clothing အကြောင်း ပြောကြမယ်

💁🤷🙅ဘေထုပ်ဝတ်တာ ရှက်စရာ ဆိုတဲ့ခေတ်က ကုန်ခဲ့ပြီမဟုတ်လား။ ဒီကာလမှာ ပိုက်ဆံအများကြီးမသုံးဘဲ စျေးဝယ်နိုင်မယ် အဝတ်အစားအသစ်လည်းရချင်တယ်ဆို Thrift or vintage clothing ကအကောင်းဆုံးပါဗျာ။ (ကိုယ်မဝတ်ရသေးရင်အသစ်ပေါ့...နော့်)

📷📸နောက် ဓာတ်ပုံရိုက်ပြီးရင် ထပ်မဝတ်ချင်တော့တဲ့ အကျီတစ်ထည်ထဲနဲ့ ဓာတ်ပုံနှစ်ခါ မရိုက်ချင်တဲ့ လူတွေအတွက်လည်း ဝယ်ကိုဝယ်သင့်တာပါဗျာ။

😍😍😍ဒီ ဘေထုပ်တွေထဲကနေလေ Designer brand တွေလည်းရနိုင်တယ်နော် အဟုတ် စိတ်ရှည်ရှည်နဲ့ သေချာလေး ရွေးတတ်ဖို့ပဲလိုတာရယ်။

👕💵💴💶အဝတ်အစားပေါ်မှာ ပိုက်ဆံတွေအရမ်းဖြုန်းတီးနေမိပြီလို့ ခံစားရရင်တော့ Thrift or vintage ဘက်လှည့်ပါလို့ အကြံပေးချင်ပါတယ်။ အများအများကြီး စျေးသက်သာပါတယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းကျိုးပေးတယ်ဆိုတော့ ဘာလိုသေးလဲခင်ဗျာ 😍

🏤🏬အွန်လိုင်းကနေ ဝယ်လို့ကောင်းတဲ့ အသစ်နီးပါးရတဲ့ဆိုင်တွေရှိပါတယ်နော်။ အပြင်ထွက်ပြီး နေပူထဲ အထုပ်ကြီးဆွဲပြီး အပင်ပန်းခံ ရွေးစရာမလိုဘဲ အသင့်ဝယ်ရုံပဲဆိုတော့ အဆင်ပြေတယ်။ စျေးလေး ငါးရာ ၁ထောင် မဆိုသလောက်များပေမယ့် ဆိုင်ဘက်က စိုက်ထုတ်ရတဲ့ effort နဲ့ဆ်ို ပေးရတာတန် တယ်ပဲ ပြောရမယ်။

Thrift or vintage နဲ့ ပတ်သက်ရင် အရမ်းကို အရေးကြီးဆုံးကတော့ လက်သွက်ဖို့ပဲလိုတာ‌ပါဗျာ 🙆🙆

Crd

⚡vintage အကြောင်းတစေ့တစောင်း ⚡(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ်...
18/05/2022

⚡vintage အကြောင်းတစေ့တစောင်း ⚡

(ဘေကို စျေးပေါတယ် ရှက်စရာလို့ထင်မြင်သောလူများဖတ်ရန်မလိုပါ )

🔺Vintage ဆိုရင် မြန်မာအခေါ်ဝေါ် ဘေ(bale) လို့အလွယ်တကူ သတ်မှတ်ကျပါတယ် ။used clothing (thrift clothing) လို့တနည်းအားဖြင့် ခေါ်နိင်ပါသေးတယ် ။ ကိုရွှေမြန်မာတွေကတော့ ဘေလို့ပဲ ခေါ်ကြပါတယ် ။(" vintage is call ဘေ ”လိုတော့မသတ်ကြပါနဲ့ဗျ) ဘေတိုင်းက vintageမဟုတ်ပါဘူး ။ ဘေထုတ်ကဘေထုတ်ပါပဲ ❗❗

🔺Thrift clothing "Bale” ဘေဆိုတာ English အခေါ်အဝေါ်ဖြစ်ပြီး အထုတ်တစ်ခုထုတ်ပိုးထားတယ်လို့ သတ်မှတ်လို့ရပါတယ်။ thrift တွေကို ထိုင်း/အင်ဒို /ဂျပန်/ကိုရီးယားဘက်က လာတဲ့အထည်တော်တော်များပါတယ် ။ Fashion sense ကောင်းရင်ကောင်းသလို ဘေထုတ်တွေထဲ က အရည်သွေးကောင်းတဲ့ Authentic အထည်တွေဘေထုတ်တွေထဲ စျေးသက်သက်သာသာရနိင်ပါတယ်။

(Vintage နဲ့ ဘေ ကလည်း ကွဲပြားမူရှိပါတယ်)

🔺Vintage က လွယ်လွယ်ပြောရရင်ရှေးဟောင်းပစ္စည်း တစ်ခု လိုပါပဲ 80/90s ပတ်ဝန်းကျင်ကအထည်တွေ ယခု ကာလ တစ်ခုနဲ့ဆို သက်တမ်း၂၀ကျော်လောက်ကအထည်တွေ vintage လို့သတ်မှတ်နိင်ပါတယ် ။ vintage အထည်တိုင်း သူရဲ့ ချုပ်ရိုးချုပ်သား/painting style တွေအပြင် သူရဲ့ ကိုယ်ပိုင် Original Quality သီးသန့်ရှိပါတယ် ။ ဘာလို့လည်းဆိုတော့ သက်တန်း ၂၀
ကျော်တာတောင် အသစ်နီးပါးရှိနေတာကိုးက vintage တစ်ထည်ရဲ့ အားသာချက်တစ်ခုပါပဲ။
(Vintage ကိုတော့ vintage စျေးနဲ့ပဲရမှာပါ )
Vintage တတစ်ထည်က အပေါက်အစွန်းအထင်း တွေများသောအားဖြင့်ပါတက်ပါတယ် ဒါကိုစုတ်တယ် လို့သတ်မှတ်လို့မရပါဘူး ။ ဟောင်းနွမ်းတာကိုမှာ vintage အထှာဖြစ်ပါတယ် ။တကယ့်တန်ဖိုးထားတဲ့လူအတွက်တော့ vintage tee တစ်ထည်ရွှေထက်ကိုတန်ဖိုးထားကြပါတယ် ။ အဲ့တာကြောင့် Europe နိင်ငံ တချိို့ vintageအထည်တွေ စျေးကြီးပေးဝယ်ကြသလို တန်ဖိုးလည်းထားကြပါတယ် ။
Reporduction လုပ်ထားတဲ့အထည်တွေကလည်းvintage မဟုတ်ပါဘူး( အလွယ်ပြောရရင် vintage အထှာ အပေါက်အပြဲတွေ ကိုဒီဘက်ခေတ်အနေနဲ့ပြန်ထုတ်လုပ်ထားမျိုးတွေ / အရင်ကခုနစ်ကိုဒီဘက်ခေတ်အနေနဲ့ ပြန်ထုတ်လုပ်တာမျိုးတွေ ကို reproductionလုပ်တယ်လို့ခေါ်ပါတယ်)vintage ကို local မှာအနိမ့်ဆုံးပေါက်စျေး
(30000/40000)လောက်ရှိပါတယ်။ sellerတွေပေါ်မူတည်ပြီးစျေးတော့ကွဲပြားနိင်ပါတယ်။

🔺Resell ဆိုတာကတော့ ဘေထုတ် အထည်တွေထဲကမှာ Branded အထည်တွေ (ဂေါင်ထည်)တွေကိုသီးသန့်ပြန်ရွေးပြီးရောင်းတာကို Resell လို့ခေါ်ပါတယ် ။

ဥပမာ carhartt တစ်ထည်ကို ၅၀၀၀ရဝယ်လိုက်တယ် ဆိုပါတော့ (သူရဲ့ quality / သူရဲ့သမိုင်းတစ်ခုပြီးတော့ branded တစ်ခုတန်ဖိုး ထောင့်စေ့လေ့လာထားတာမို့ )ဒီ barnd ရဲ့ ထုတ်ခဲ့တဲ့ 80/90s ခုနှစ်တွေထုတ်ခဲ့တာတွေ /limitedအနေနဲ့လည်းသိထားတဲ့အချက်ရယ် Resell market နဲ့ international websites ‌‌ပေါက်စျေး dollar $100/200ပေါက်စျေးတွေသိထားလို့ ၅၀၀၀ တန်ပစ္စည်းကို ၁၅၀၀၀ ပြန်ရောင်းတာကို Resell လုပ်တယ်လို့ ခေါ်ပါတယ် (ဒါကိုမှာ၅၀၀၀တန်၁၅၀၀၀ပြန်ရောင်းလို့ ဂျင်းထည့်တယ်လို့ပြောလို့မရပါဘူး)ကျတော်တို့တွေလည်းဘေထုတ်တွေထဲကမှတစ်ထည်ပြီးတစ်ထည်ရှာယူပြီးရောင်းရတာပါ။အထည်ကောင်း တစ်ခုရဖို့မလွယ်ပါဘူး ။ကိုယ်တွေလည်း online က နေကိုယ်ကြိုက်တဲ့အထည်အလုအယှက်ဝယ်ရင်း ကိုယ်ကြိုက်တဲ့အထည် သူများဆီပါသွားလို့ ပြန်ဝယ်ရရင်ဝယ်သူပြောတဲ့စျေးတိုင်းပြန်ဝယ်ရတာပါ ။ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးပေ့ါဗျ ။

🔺Trade တယ်ဆိုတာ အထည်တစ်ခုနဲ့တစ်ခုဖလှယ်တဲ့သဘောမျိုးကို tradeတယ်လို့ခေါ်ပါတယ်။

ဥပမာ ကျတော်ဆီမှာThe beatles vintage tee တထည်နဲ့ ခဗျားဆီက Queen vintage tee တစ်ထည်လဲတယ်ဆိုပါတော့ ဒါပေမဲ့ကျတော်ရဲ့ အထည်က colour/ tag/ condition မိုက်လို့ တစ်သောင်း အလိုက်ပေးရမယ်ဆို ပြီး dealလုပ်တယ် ။
ခဗျားအနေနဲ့ သဘောတူတယ် ဒါမျိုး tradeတယ်လို့ခေါ်ပါတယ် ။

Rsell market တွေ Thrift store တွေ Trade market တွေ vintage store တွေပေါများလာတာ ကျတော်တို့အနေနဲ့အဆိုးထဲက အကောင်းလို့ ပြောရမှာဘဲ ။
ကိုယ်ရဲ့ knowledge နဲ့ vintage အထှာ Fashionတွေဖြုတ်နိင်သလို အပိုဝင်ငွေအနေနဲ့လည်းရှာနိင်ပါ‌ေသးတယ်။နောက်ဆို လူငယ်အချင်းချင်း တွေ့တဲ့အခါဝတ်ထားတဲ့ Tee တွေ pants လှမ်းရိုးတဲ့အထှာတွေ တစ်ယောက်နဲ့ တစ်ယောက်ကြွယ်တာမျိုးဆိုပိုမိုက် မှာဗျ။ ဘေထုတ်ကရှက်စရာလိုမြင်တဲ့အယူအဆနဲ့အတူ vinatage fashion တွေခေတ်အစားလာတာနဲ့ အမျှအမြင်တွေပြောင်းလဲလာတာကဝမ်းသာစရာတစ်ခုပါပဲဗျ 🌈 အဆိုတော် Macklemore တောင် Thriftဘေထုတ် နိူတ်တဲ့အကြောင်းတောင် သီချင်းစက်ဆိုထားပါသေးတယ် အဲ့သီချင်း ရဲ့ song title ကို"thrift shop”လို့တောင်အမည်ပေးထားပါသေးတယ်။ နားမထောင်ဖူးသေးရင် နားထောင်ဖို့အကြံပေးလိုက်ပရစေ ဗျ ။
နားထောင်ရန် link👇
https://youtu.be/QK8mJJJvaes

(မှတ်ချက်_ စာသားများကိုကိုးကားထားပါသည်)

အောက်မှာ ပြပေးထားတဲ့ photo တွေကျတော်အကြိုက်အဆုံး ဘဲကြီး Sean wotherspoon ရဲ့ Round Two Vintage shop ကပုံတစ်ချို့ဖြစ်ပါတယ်⚠️

Crd

ဘေထုပ်ကို တရုတ်ကလာတာအများဆုံးဆိုကတည်းကလွဲနေပြီဘေထုပ်ကဥရောပကလာတာအများဆုံးနဲ့အိန္ဒိယကဖြုန်းတာအများဆုံးပါဘေထုပ်ယဥ်ကျေးမှုကလ...
03/03/2022

ဘေထုပ်ကို တရုတ်ကလာတာအများဆုံးဆိုကတည်းကလွဲနေပြီ
ဘေထုပ်ကဥရောပကလာတာအများဆုံးနဲ့
အိန္ဒိယကဖြုန်းတာအများဆုံးပါ

ဘေထုပ်ယဥ်ကျေးမှုကလည်း ဥရောပကစပါတယ်
charity တွေကနေလာတာပါ

ရောဂါဖြစ်မှာကြောက်လို့ဆိုရင်
စျေးထဲက မုန်လာထုပ်က ဘေထုပ်ထပ်ရောဂါပိုများတယ်
ပိုးသတ်ဆေး ပေါင်းသတ်ဆေး ဘယ်​အတိုင်းအတာထိပါတယ်ဆိုတာ မမြင်နိုင်တဲ့အပြင်
ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စားသုံးနေတာနော်

နောက်တစ်ခုက second မဝတ်ချင်ဘူးဆိုရင်
ဘာလို့ ကားတွေ ဆိုင်ကယ်တွေ ပါကင်မစီးတာလဲဗျာ

တကယ့် brand ဘေထည်တစ်ထည်စျေးတော့
ဖျားသွားမှာစိုးလို့မပြောတော့ဘူးနော်

သေချာလေ့လာပါမြန်နိုင်ငံမှာကတစ်မြို့နဲ့တစ်မြို့ပို့ရင်ဘာပိုးသတ်ဆေးမှမဖြန်းတာနိုင်ငံခြားကပို့တာဖြစ်ဖြစ်မြန်မာပြည်ကပို့တာဖြစ်ဖြစ်ပိုးသတ်ဆေး၃မျိုးဖြန်းရတာပါအဲ့လက်မှတ်မပါရင်ဘယ်နိုင်ငံမှတင်လို့မရပို့လို့မရပါဖူးနော်👌👌👌👌👌

18/12/2021

❣️

06/11/2021

ဘေနံ့လေးတွေပျောက်အောင် ဘယ်လိုလျှော်ကြ
မလဲ? ☘
ဘေထုပ်တွေမှာ စွဲနေတတ်တဲ့အနံ့လေး ရှိတယ်။ ဘာရယ်မဟုတ် ပိုးသတ်ဆေးအနံ့လေးပါရှင့်။ နိုင်ငံခြားကလာတဲ့ အထုပ်ဆိုရင် သူတို့က Size သန့်တဲ့အခါ တခါထဲ ပိုးသတ်ဆေးဖြန်းပြီးမှ ပို့တာပါ။ မြန်မာပြည်ရောက်တော့ ဂိုထောင်ထဲထည့်သိမ်း ဘာညာလုပ်ကြတော့ အနံ့လေးက စွဲသလိုဖြစ်နေတာ။တချို့ကျတော့လဲ ဘေထုပ်အနံ့လေးကိုမှ ကြိုက်လွန်းလို့ဆိုတဲ့ သူလေးတွေလဲရှိတယ် ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ဒီအခေါက်တော့ ဘေနံ့မကြိုက်တဲ့ သူလေးတွေအတွက် လျှော်နည်းလေးပြောပြပေးထားပါတယ်

1 ဟင်းချိုမှုန့်☘
ဒါလေးက အဆန်းလေးရယ်..
အိမ်မှာ ဘေထုပ်ဝါသနာအိုး အမေနဲ့အဘွားသာရှိရင်တော့ ဒီနည်းလမ်းလေးကို သိကြမှာပါ။ ဆပ်ပြာမှုန့်ရယ်၊ အချိုမှုန့်သေးသေးလေးရယ် ရောပြီးစိမ်ထားလိုက်ပါ။ ကိုယ်က မွှေးတာလေးကြိုက်တယ်ဆိုရင်တော့ လျှော်ပြီးရင် အမွှေးရည်လေးနဲ့ 5 မိနစ်လောက် စိမ်ပြီးသာ လှန်းလိုက်ပါရှင့် မွှေးနေရော

2 ခေါင်းလျှော်ရည်☘
ကိုယ်လျှော်ချင်တဲ့ အထည်လေးကို ခေါင်းလျှော်ရည်နဲ့စိမ်ထားပြီးလျှော်ပါ။ အနံ့ပြင်းပြီး မွှေးတဲ့ဟာလေးတွေဆို ပိုကောင်းပါတယ်။ သူ့အတိုင်းလဲစိမ်လို့ရတယ် အပေါ်ကဟင်းချိုမှုန့်လေးပါထပ်ထည့်ပြီး စိမ်လို့လဲရတယ်။ ပြီးရင် လေတိုက်တဲ့နေရာမှာ လှန်းထားလိုက် အနံ့ရချင်လို့ကို မရဘူး။

3 နောက်တစ်နည်းက ရေအရင်လောင်း ရွှေဝါဆပ်ပြာ သို့ ကာဘော်လစ်လိုဟာနဲ့တိုက် ☘
ပြီးရင် နာရီဝက်~တနာရီလောက် စိမ်ပြီးမှ ဆပ်ပြာနောက်တကျော့ထပ်တိုက်ပြီး ရေပြောင်အောင်လျှော်ရင် ဘာအနံ့မှ မကျန်ပါဘူး။

4 ရှာလကာရည်☘
ဒီကောင်ကတော့ ဆရာကြီး 😎
အနံ့ပျောက်ဖို့အတွက်ရော စွန်းနေတာလေးတွေရှိရင်ပါ သူ့ကိုသုံးလို့ရတယ်။ ရေနွေးထဲ ရှာလကာရည်နည်းနည်းထည့် နာရီဝက် (or) တစ်နာရီလောက်စိမ်ပြီး ဆပ်ပြာမှုန့်နဲ့လျှော်ပါ။ အနံ့မွှေးတာ လိုချင်ရင် မီးပူတိုက်တဲ့အခါ အမွှေးရည်သာဖြန်းပြီးတိုက်လိုက်ပါ။

5 ကျောက်ချဥ်☘
Vinegarက ဆရာကြီးဆို သူကဆရာဘိုးဘေးကြီးပေါ့။
အသုံးဝင်တဲ့နေရာတွေမှ အများကြီးရယ်.... သူ့ကို ပုံမှန်ဆို ချွေးနံ့ပြင်းတာအတွက်သုံးပါတယ်။ အင်္ကျီမှာ ချွေးနံ့စွဲတာပဲဖြစ်ဖြစ်၊ ဘေနံ့ပျောက်ချင်ရင်ပဲဖြစ်ဖြစ် ကျောက်ချဥ်ကို သုံးလို့ရပါတယ်။ အင်္ကျီကို ပထမဆုံးကျောက်ချဥ်နဲ့ ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆပ်ပြာမှုန့်နဲ့လျှော် နောက်ဆုံးအမွှေးဆီအရည်လေးနဲ့ ထပ်ဆေးလိုက်ရင်
Perfect ပဲ

အထည်လေးတွေကို စိမ်ရင်လေ နာရီ၀က်၊ ၁ နာရီလောက်ပဲစိမ်ပေးကြပါ။ ပုံမှန်၀တ်နေကြအထည်တွေတောင် အကြာကြီးစိမ်လိုက်ရင် အရောင်ကျွတ်တတ်ပါတယ်။ ဆပ်ပြာနဲ့ အရမ်းအကြာကြီး စိမ်ရင်လဲ တချို့အထည်လေးတွေက ရိပြီးပြဲတတ်လို့ သေချာလေးဂရုစိုက်ပြီး လျှော်ရင်တော့ မွှေးလဲမွှေး လှလဲလှပေါ့ရှင့်

to pholiytrifty

Send a message to learn more

အောင်မြင်ချင်ရင် အရင်းစုပါကိုယ့်မှာအရင်း1သိန်းရှိရင်1သိန်းဖိုးရင်းလိုက်ပါ😍ကျေးဇူးသိပါကိုယ့်ကိုပထမဆုံးဆွဲခေါ်လာတဲ့လက်ကို ...
05/11/2021

အောင်မြင်ချင်ရင် အရင်းစုပါ

ကိုယ့်မှာအရင်း1သိန်းရှိရင်

1သိန်းဖိုးရင်းလိုက်ပါ😍

ကျေးဇူးသိပါကိုယ့်ကိုပထမဆုံးဆွဲခေါ်လာတဲ့

လက်ကို မဖြုတ်ချပါနဲ့😍

ကိုယ့်စိတ်ရင်းအတိုင်းအကျိုးပေးမယ့်

ပါတနာလေးများရလာပါလိမ့်မည်😍

သူများရောင်းရပြီးကိုယ်မရောင်းရလည်း
အားမငယ်ပါနဲ့

ဘယ်အလုပ်မှ စစချင်းအောင်မြင်သွားတာ မဟုတ်ပါဘူးနော်😍

ရောင်းသူများနေလို့ မ၀ယ်တော့ဘူးလဲမထင်ပါနဲ့

သူ့မိတ်ကိုယ့်မိတ်မတူသလို

လူတိုင်းဈေးရောင်းနေတာမဟုတ်သလို

ရောင်းခဲ့ရင်တောင်ရောင်းတာမတူပါဘူးနော်😍

သမုဒ္ဒရာရေတစ်ယောက်ထဲသောက်မကုန်သလို

အခုအပင်စိုက်အခုအသီးမရဘူးဆိုတာနားလည်ရင်

သင်စိတ်ဓာတ်ကျမှာမဟုတ်ပါဘူး😍


crd

မုန့် တခါစားရုံလောက်ပဲ ရှိတဲ့ ဈေးလေးတွေနဲ့ဝတ်ပျော်လေးတွေနော်😍
05/11/2021

မုန့် တခါစားရုံလောက်ပဲ ရှိတဲ့ ဈေးလေးတွေနဲ့
ဝတ်ပျော်လေးတွေနော်😍

For Boys👱‍♂️အသွင်လန်းဖို့မလိုဖူး အဆင်ဆန်းဖို့ပဲလိုတယ်နော်💘စိတ်ကြိုက်ရွေးချယ်ပြီး ကြိုက်တာလေးတွေ့ရင်Page messenger မှာ မှ...
04/11/2021

For Boys👱‍♂️
အသွင်လန်းဖို့မလိုဖူး အဆင်ဆန်းဖို့ပဲလိုတယ်နော်💘
စိတ်ကြိုက်ရွေးချယ်ပြီး ကြိုက်တာလေးတွေ့ရင်
Page messenger မှာ မှာယူနိုင်တယ်ရှင့်❣️

Address

Chan Aye Thar San
Mandalay
05021

Telephone

+959942509290

Website

Alerts

Be the first to know and let us send you an email when Iconic Style -Thrift Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category