13/01/2024
တစ်ဖက်က သူစိမ်းဆန်ဆန်ဆိုရင်
ကိုယ်ကတော့ တိတ်ဆိတ်မှုကိုပဲ ရွေးချယ်လိုက်တယ်။
မလိုအပ်လို့ ချန်ထားတဲ့လူတွေအတွက်
ကိုယ်လည်းမလိုအပ်သလို နေနိုင်တယ်။
ဘဝမှာဟိုလူရှိမှ ၊
ဒီလူရှိမှ ရပ်တည်နိုင်တဲ့လူမျိုးထဲမှာ
ကိုယ်မပါဘူး။
ဘဝမှာတစ်ယောက်တည်းကျန်ခဲ့ရင်တောင်
အနာဂတ်ကို လှလှပပဆေးခြယ်ပြီး
အပြုံးတွေနဲ့လျှောက်လှမ်းနိုင်အောင်သာ ကြိုးစားသွားမှာပါ။