06/09/2021
မိတ်ဟောင်းမိတ်သစ်များကို
လှိုက်လှဲစွာ ကြိုဆိုလျက်ပါရှင်။
ကိုဗစ်နဲ့အတူ ယှဥ်တွဲနေထိုင်ရတော့မယ့်
ကျွန်တော်တ်ို့ဘဝတွေအတွက်
လူနေမှုတစ်ခေတ်ဆန်းလာတာအပြင်
မိမိရဲ့စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့
တစ်ကိုယ်ရေဆိုင်ရာ အခက်အခဲတွေကို
ပြောင်းလဲပြုပြင်ဖို့ပါ အာရုံစိုက်လာရတာကြောင့်
လူတိုင်းခက်ခဲနေမယ်ဆိုတာကို
ကိုယ်တိုင်ခံစားနေရသလို ကိုယ်ချင်းလည်းစာမိပါတယ်။
လူဖြစ်ရတဲ့ဘဝ ခဏလေးမှာ ဒီလိုဒုက္ခတွေကို
တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းရတာထက် စုပေါင်းရင်ဆိုင်ဖြတ်သန်းကြရင် ပိုမကောင်းဘူးလားလို့လည်း ကျွန်တော်တွေးနေမိတယ်။
"သဟာယ'' Page က ရောင်းသူဝယ်သူ
အသံတူရပါမယ်။
(သူအော်လို့ ကိုယ်ပြန်အော်တာ မဟုတ်ပါရှင့်😁😁)
စိတ်ရင်းတူရမယ်လို့ပဲ ခံယူထားပါတယ်။
ဝယ်သူက ပေးတဲ့စျေးနဲ့တန်တဲ့ ပစ္စည်း/ဝန်ဆောင်မှုကို ရချင်တာ သဘာဝကျပါတယ်။
ရောင်းသူဘက်ကလည်း စျေးရောင်းတာချင်းတူတူ
စေတနာပါပါလေးနဲ့ အမြတ်ကိုဦးစားမပေးဘဲ
Win-Win Together ကို အတူတကွရေရှည်လက်တွဲသွားမယ်ဆိုရင်....
ဒီအတွေးဝင်တာကြာပါပြီ၊ လုပ်လည်းလုပ်နေပါပြီ
အခက်အခဲတွေကြား ကိုယ်တိုင်ရုန်းကန်နေရတာမို့
Page ကို အချိန်တစ်ခု မပေးနိုင်ခဲ့တာအတွက်
မိတ်ဟောင်းများကို တောင်းပန်ပါတယ်ရှင့်။
နောက်ရက်တွေမှာလည်း
ရရှိနိုင်မယ့် Electronic Product တွေကို
ပြည့်ပြည့်စုံစုံတင်ပေးသွားမှာဖြစ်လို့
တိုက်ဆိုင်ပြီး လိုအပ်တဲ့ပစ္စည်းများ ပါလာခဲ့ရင်
Hello ပေးကြဖို့နဲ့ Page Messenger ကတစ်ဆင့်
ဆက်သွယ်ပေးကြဖို့ ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။
မိတ်ဟောင်းများက လိုအပ်တာမှာယူနိုင်သလို
မိတ်သစ်များကိုလည်း မျှဝေပေးဖို့ ပန်ကြားပါရစေရှင့်။
Product တွေသာမက ခေတ်နဲ့အညီ
ပြောင်းလဲလာတဲ့ နည်းပညာများကိုလည်း
အသိပညာတိုးပွားအောင် Share ပေးမှာဖြစ်လို့
ဒီ Page ဟာ စျေးရောင်းရုံသက်သက်နဲ့တော့
မရပ်တည်ဘူးဆိုတာ ကြိုတင်အသိပေးပါရစေရှင့်။
Motivated Persons ဖြစ်အောင်သာ ရည်ရွယ်တာမို့
မိမိဝါသနာပါရာ post တစ်ခုခုများပါရှိခဲ့ရင် Like
ပေးထါးဖို့ပါ။ Like အနည်းအများအပေါ်မူတည်ပြီး Konwledge Post ကို Manage လုပ်ပေးသွားမှာ
ဖြစ်လို့ စိတ်ဝင်စားမယ်လို့လည်း မျှော်လင့်ပါတယ်
ရှင့်။
စာကြွင်း။ ရွှေမန်းသူများက ''ကျွန်တော်'' နာမ်စားသုံးတတ်တာကြောင့် ရွှေမန်းသား မဟုတ်သူများက
နားလည်ပေးကြဖို့ပါရှင့်။😇