20/09/2025
“Hello everyone!
ဒီနေ့မှာတော့ 📚 GED RLA (Reasoning Through Language Arts) အတွက်အရေးကြီးတဲ့ Reading Comprehension ဆိုတဲ့ skill တစ်ခုကို ပြောပြသွားမှာဘဲ ဖြစ်ပါတယ်။ GED မှာ စာဖတ်ရတဲ့ စာပိုဒ်တွေများပြီးတော့ အဖြေမှန်ကို ရွေးချယ်ရတာဖြစ်တဲ့ အတွက် စာကိုဖတ်ရုံတင်မကဘဲ အမှန်တကယ်နားလည်ပြီး အဖြေမှန်ရွေးနိုင်ဖို့ အဆင့်တိုင်းကို သေချာ လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
ဒီ✨ note လေးထဲမှာတော့ main idea, supporting details, tone, author’s purpose လို အဓိက concepts တွေကို တစ်ဆင့်ချင်းစီရှင်းပြပေးသွားပါမယ်။”
📖 GED RLA –
Reading Comprehension
1.Main Idea (အဓိက အကြောင်းအရာ)
စာပိုဒ် တစ်ခုကို ဖတ်မယ်ဆိုရင် အရင်ဆုံး ဒီ စာပိုဒ်က အဓိကဘာအကြောင်းအရာ ပြောချင်သလဲ ဆိုတာကို သိရပါမယ်။ ပုံမှန်အားဖြင့် စာပိုဒ်ပထမ သို့မဟုတ် နောက်ဆုံး စာကြောင်းတွေမှာ အဓိက Main idea ကို တွေ့ရတတ်ပါတယ်။
Example စာကြောင်းလေးကို တစ်ချက် ကြည့် လိုက်ရအောင်ပါ။
“During the Great Depression, millions of Americans lost their jobs. Families had no money for food and housing. President Roosevelt started the New Deal programs to help them.”
Great Depression ကြောင့် အမေရိကန်တွေ အများကြီး လိုအပ်မှု ကြုံခဲ့ပြီး Roosevelt က သူ့အစီအစဉ်နဲ့ ကူညီပေးခဲ့တယ်။
ဒီ စာကြောင်း မှာ main idea က Great Depression ဖြစ်ပြီး စာကြောင်းရဲ့ အရှေ့မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
2. Supporting Details (ထောက်ပံ့ချက်များ)
Main idea ကို အတည်ပြုဖို့ စာရေးသူက အထောက်အထား၊ ဥပမာ၊ အချက်အလက်တွေ ထည့်ပေးထားတတ်ပါတယ်။
Supporting Detail ကို အပေါ်က စာပိုဒ်နဲ့ ကြည့်မယ်ဆိုရင် Families had no money for food and housing. (because it explains the effect of losing jobs) information ကို အချက်အလက်နဲ့ ဖော်ပြထားတယ်။
3. Author’s Purpose (စာရေးသူရဲ့ ရည်ရွယ်ချက်)
–အချက်အလက်ပေးဖို့လား (Inform)
–စည်းရုံးဖို့လား (Persuade)
–ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမူ စတဲ့ ခံစားချက်တွေကို ရရှိစေဖို့လား (Entertain)
စတဲ့ ရည်ရွယ်ချက်တွေကို ဆိုလိုတာဘဲဖြစ်ပါတယ်။
အပေါ်က စာပိုဒ်မှာဆိုရင်
“started the New Deal programs to help them”
စာကြောင်း က သမိုင်းအကြောင်း သတင်းပေးဖို့ Author’s Purpose လို မှတ်ယူရမယ်။
4. Tone & Attitude (လေသံ / စကားပုံစံ)
စာရေးသူရဲ့ စကားသုံးပုံစံအပေါ်မှုတည်ပြီး စဉ်းစားရမယ်။
e.g. positive, negative, serious, humorous.
“Americans lost their jobs.” ဆိုတဲ့ စာကြောင်းက serious ဖြစ်တဲ့ စကားပုံစံ ဖြစ်ပြီး
“started the New Deal programs to help them.”
ကူညီပေးခဲ့တယ် ဆိုတာ ကို ကြည့်ခြင်းအားဖြင့် positive ဘက် ကို ဆောင်ခြင်းဖြစ်ပါတယ်။
5. Inference (တိကျမရေးဘဲ ခန့်မှန်းထုတ်ရတာ)
စာသားထဲမသိမသာရေးထားပေမယ့် အဓိကအချက်ကို ဆွဲထုတ်နိုင်ရမယ်။
Example – အကယ်၍ President Roosevelt က မကူညီခဲ့ဘူးဆိုရင် အခြေအနေပိုဆိုးလာနိုင်တယ်။
6. Compare & Contrast (နှိုင်းယှဉ်ခြင်း)
မတူညီတဲ့ စာကြောင်း နှစ် ကြောင်းရဲ့ သဘောကို တွဲဖတ်ပြီး အတူတူ/မတူတဲ့အချက်တွေ ဖော်ထုတ်နိုင်ရမယ်။
Example –
ဒီစာကြောင်းနှစ်ကြောင်းကို ကြည့်ကြည့်ပါ၊
: Cats are independent animals. They like to explore alone.
: Dogs are social animals. They like to stay with their owners.
ကြောင်နဲ့ ခွေး နှစ်မျိုးလုံးက လူတွေကြိုက်တဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ကြတယ်။
သူတို့နှစ်မျိုးလုံးအတွက် အစားအစာ၊ ရေ၊ ဂရုစိုက်မှု လိုအပ်တယ်။
✅ တူညီတဲ့အချက်တွေကို နှိုင်းယှဉ် ဖော်ပြတာ ဖြစ်ပါတယ်။
Contrast (မတူတဲ့အချက်)
စာကြောင်းနှစ်ခုမှာ ကွာခြားမှု/မတူညီမှုတွေကို ဖော်ပြတာကိုဆိုလိုတာပါ။
Example အနေနဲ့
1.Cats are independent
2.Dogs are social
ကြောင်တွေကကိုယ်ပိုင်စွမ်းရည်ရှိပြီး တစ်ကိုယ်တည်းပဲ ရှိတတ်ကြတယ်။
ခွေးတွေက လူနဲ့အတူလူမှုဆက်ဆံမှု ရှိတတ်ကြတယ်။
1. Cats like to explore alone
2. Dogs like to stay with owners
ကြောင်တွေ တစ်ကိုယ်တည်း လေ့လာခြင်းကို နှစ်သက်ကြတယ်။
ခွေးတွေက ပိုင်ရှင်နဲ့အတူ နေတတ်ပြီး အတူရှိရန် နှစ်သက်ကြတယ်။
✅ ဆိုလိုတာက “မတူတဲ့ အချက်တွေ” ကို နှိုင်းယှဉ်ဖော်ပြတာဘဲ ဖြစ်ပါတယ်။
📌 Tips လေးများ
🔹စာပိုဒ်ရဲ့ Title ကို အရင်ဖတ်ပါ။
ခေါင်းစဉ်ဖတ်ခြင်းအားဖြင့် စာပိုဒ်က ဘယ်လိုမျိုးအကြောင်းရာရေးထားမယ် ဆိုတာကို မှန်းဆနိုင်ပြီး နားလည်ရ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
🔹Keyword တွေကို underline ချထားပါ၊ အဖြေရှာတဲ့အချိန် လွယ်ကူပါတယ်။
🔹အဖြေ ၂ ခုလုံး မှန်တယ်လို့ တွေးမိရင်၊ စာထဲက အထောက်အထားနဲ့ နီးစပ်ဆုံး တစ်ခုကို ရွေးချယ်ပါ။ ဒါတွေကို ကြည့်ပြီးသွားရင်
“ဒီနေ့ Reading Comprehension အကြောင်းလေးတွေကို အဆင်ပြေပြေ နားလည်သွားကြမယ်လို့ မျှော်လင့်ပါတယ်။ ✨
နောက်ပိုင်းမှာလည်း GED Social Studies, Science, Math, RLA အစရှိသဖြင့် အသုံးဝင်တဲ့ exam tips တွေကို share ပေးသွားမယ်ဗျ။ 💡
👉 အဆက်မပြတ် update လိုချင်ရင် Page လေးကို Like 👍 & Follow ✅ လုပ်ထားပေးကြပါနော်။”
sharing