Shwe Yatu May

Shwe Yatu May YATU–Learning Zoneသည် International Education Books များကို သင့်တင့်မျှတသောဈေးနှုန်း ကောင်းမွန်သောအရည်အသွေးတို့ဖြင့်ရောင်းချပေးနေပါတယ်။
🌸👑👪🥰

 ့်တာမမှန်သေးလို့၄၀၀ကျော်ကစမန့်ပေးပါ😁  #ကိုယ့်page‌ေလးရဲ့ပံ့သကူအလှူနောက်ဆုံး ၃ လုံးမှန်သူ 3000 ပံ့သကူ kpay ယူပါ အပျော်ပေ...
04/11/2025

့်တာမမှန်သေးလို့၄၀၀ကျော်ကစမန့်ပေးပါ😁
#ကိုယ့်page‌ေလးရဲ့ပံ့သကူအလှူ
နောက်ဆုံး ၃ လုံးမှန်သူ
3000 ပံ့သကူ kpay ယူပါ
အပျော်ပေါ့🙂
အရင်မှန်သူရ
အခုတခါတော့ ဘယ်လိုလုပ်ရမလဲသိသွားပါပြီ😁🤣🤣

  မှန်သွားပါပြီ😁🤣 #ပံ့သကူအလှူနောက်ဆုံး ၃ လုံးမှန်သူ 5000 ပံ့သကူ kpay ယူပါ အပျော်ပေါ့🙂အရင်မှန်သူရ
04/11/2025

မှန်သွားပါပြီ😁🤣
#ပံ့သကူအလှူ
နောက်ဆုံး ၃ လုံးမှန်သူ
5000 ပံ့သကူ kpay ယူပါ
အပျော်ပေါ့🙂
အရင်မှန်သူရ

📚 Cambridge Grammar 👇အောက်ပါစာအုပ်များမှာယူနိုင်ပါတယ်ရှင့်။📘✨ အင်္ဂလိပ် Grammar အဆင့်မြှင့်ချင်သူတွေအတွက် Cambridge Univ...
17/08/2025

📚 Cambridge Grammar
👇အောက်ပါစာအုပ်များမှာယူနိုင်ပါတယ်ရှင့်။

📘✨ အင်္ဂလိပ် Grammar အဆင့်မြှင့်ချင်သူတွေအတွက် Cambridge University Press မှ ထုတ်ဝေထားတဲ့ လူသုံးအများဆုံး စာအုပ်များ!

📍 Essential Grammar in Use
➡ Beginner – Elementary အတွက်

📍 Basic Grammar in Use
➡ Elementary – Pre-intermediate အတွက်

📍 English Grammar in Use
➡ Intermediate အတွက်

📍Advanced Grammar in Use
➡ Upper-intermediate – Advanced အတွက်

🌟 စာအုပ်တွေအားလုံးက အဆင့်လိုက် လေ့လာနိုင်ပြီး၊ နားလည်လွယ်ကူ အောင်ရေးဆွဲထားတဲ့ စာအုပ်တွေပါ။
📖 Grammar ကို အခြေခံကစပြီး အဆင့်မြင့်အထိ တဖြည်းဖြည်း တိုးတက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

🎯 ထပ်ဆောင်းဝန်ဆောင်မှုများ —
🔷 Reprinting books များကို ချိုသာသောဈေးနှုန်း၊ ကောင်းမွန်တဲ့ Quality နဲ့ မှာယူနိုင်ပါတယ်။
🔷 သင်တန်းကျောင်းများ၊ Private School များအတွက်
အုပ်ရေများအလိုက် လက်ကားဈေး သီးသန့်ရှိပါတယ်။
🔷 စာအုပ်မျက်နှာဖုံးကို သင့်ကျောင်း Logo နဲ့ ထုတ်ပေးနိုင်ပါတယ်။

📌 မှတ်ချက် —
software နဲ့ သွားသော Order ဖြစ်လို့ ဘောင်ချာထွက်ပြီးသား Order များကို Cancel လို့မရပါရှင့်။
ဝယ်ယူအားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

📞 စာအုပ်မှာယူရန် —
📱 Phone: 09962583249 / 09401678659
📱 Viber: 09962583249 (Only)
📩 Page Messenger မှလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။


&Books

✨ My Nursery Jumbo (Age 4+)✨ My K1 Jumbo Book (Age 5+)✨ My K2 Jumbo Book (Age 6+)       စာအုပ်များ မှာယူလို့ရပါပြီရှင့်။...
17/08/2025

✨ My Nursery Jumbo (Age 4+)
✨ My K1 Jumbo Book (Age 5+)
✨ My K2 Jumbo Book (Age 6+)
စာအုပ်များ မှာယူလို့ရပါပြီရှင့်။

🧒 အသက်အလိုက် လေ့လာသင့်တာများ
📘 My Nursery Jumbo (Age 4+)
အခြေခံများကို အရသာရှိရှိ သင်ကြားနိုင်စေမယ့် စာအုပ်လေးပါ။
🔷 အက္ခရာများ၊ နံပါတ်များ
🔷 အရောင်များ၊ ပုံသဏ္ဍန်များ
🔷 လက်တွေ့ရေးဆွဲခြင်းနဲ့ စဉ်းစားပုံဖော်ခြင်း
🎨 အသက် ၄ နှစ်အထက် ကလေးများအတွက် အထူးသင့်လျော်ပါတယ်။

📗 My K1 Jumbo Book (Age 5+)
မူကြို အဆင့် ၁ (Kindergarten 1) အတွက် စာအုပ်လေးပါ။
🔷 အက္ခရာကို အရင်ထက်ပိုပြီး ရေးသားနိုင်အောင်
🔷 နံပါတ်၊ စဉ်ကဏ္ဍများ
🔷 အရောင်တွေနဲ့ ပုံသဏ္ဍန်တွေကို ပိုပြီးကောင်းစွာမှတ်သားနိုင်
စေမယ်။
📖 အသက် ၅ နှစ်အထက် ကလေးများအတွက် အထူးပြင်ဆင်ထားပါတယ်။

📙 My K2 Jumbo Book (Age 6+)
🔷 စကားလုံးရေးခြင်း၊ စာကြောင်းဖွဲ့စည်းခြင်း လေ့ကျင့်ခြင်း။
🔷 နံပါတ်နဲ့ သင်္ချာဆိုင်ရာ အခြေခံ စဉ်းစားနည်းတွေ တိုးတက်
စေခြင်း။
🔷 အတွေးအခေါ် တိုးတက်စေမယ့် လက်တွေ့လေ့ကျင့်ခန်း
တွေပါဝင်ပါတယ်။
📚 အသက် ၆ နှစ်အထက် ကလေးများအတွက် အထူးသင့်လျော်ပါတယ်။

🎯 ထပ်ဆောင်းဝန်ဆောင်မှုများ —
🔷 Reprinting books များကို ချိုသာသောဈေးနှုန်း၊ ကောင်းမွန်တဲ့ Quality နဲ့ မှာယူနိုင်ပါတယ်။
🔷 သင်တန်းကျောင်းများ၊ Private School များအတွက်
အုပ်ရေများအလိုက် လက်ကားဈေး သီးသန့်ရှိပါတယ်။
🔷 စာအုပ်မျက်နှာဖုံးကို သင့်ကျောင်း Logo နဲ့ ထုတ်ပေးနိုင်ပါတယ်။

📌 မှတ်ချက် —
software နဲ့ သွားသော Order ဖြစ်လို့ ဘောင်ချာထွက်ပြီးသား Order များကို Cancel လို့မရပါရှင့်။
ဝယ်ယူအားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

📞 စာအုပ်မှာယူရန် —
📱 Phone: 09962583249 / 09401678659
📱 Viber: 09962583249 (Only)
📩 Page Messenger မှလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။


&Books

23/07/2025

📚 ကျွန်မတို့ YATU Learning Zone မှလက်ရှိ
အရောင်းတင်ထားတဲ့ စာအုပ်များပါရှင့် 👇

📕 Maths
Cambridge Primary Maths (1–6)
Cambridge Lower Secondary Math(7-9)
Casco Maths Tutor (1–6)
Singapore Math (1–4)
Maths Olympiad
Edexcel IGCSE (9–1) Further Pure Mathematics
Oxford International Primary Maths (1–6)
Harcourt Math (KG, G1, G2)

📗 English
Academy Stars (2nd Edition)(3rd Edition) (1–6)
Basic Grammar in Use
Essential Grammar in Use
Advanced Grammar in Use
English Grammar in Use
Cambridge Global English (1–9)
Cambridge Primary English (1–6)
English For Everyone (1–4)
Family & Friends (Starter, 1–6)
Grammar Friends (1–6)
Oxford Phonics World (1–5)
Let's Go (Begin 1, Begin2, 1–6)
Oxford Grammar for Schools (1–5)
Oxford Primary Skills (1–6)
Incredible English (Starter, 1–6)
Everybody Up (Starter, 1–6)
Power Up (1–6)
Story Fun (Starter, Movers, Flyers, 1–6)
FUN for (Starter, Movers, Flyers)
Grammar (One, Two, Three)
Oxford Discover (1–6)
Oxford Activity Book (1–6)
Smart Phonics (1,2,3)
My First Writing (1–3)
Wordlist (Starter, Mover, Flyer)

📒 Science & Other Subjects
Cambridge Primary Science (1–6)
Global Perspective (1–9)
Critical Thinking (Pre-KG, KG, G1–G4)
Total Solution (Pre-KG, KG, G1–G2)

🧸 Preschool & Kids Books
My Nursery Jumbo (Age 4+)
My K1 Jumbo Book (Age 5+)
My K2 Jumbo Book (Age 6+)
Work Book (21) (Age 3–6)
Dreamland Activity Book
Learning Maths, English (Nursery,K1,K2)
Casco Preschool Maths

👍 အရောင်းပို့စ်မတင်ရသေးသည့် စာအုပ်များလည်း များစွာရှိပါသေးတယ်ရှင့်။
♥️ မပါသေးသည့် စာအုပ်များလိုချင်ပါက ဆက်သွယ်‌မေးမြန်းပေးပါရှင့်။
ရှာပေးပါမယ်ရှင့်။

🎯 ထပ်ဆောင်းဝန်ဆောင်မှုများ —
🔷 Reprinting books များကို ချိုသာသောဈေးနှုန်း၊ ကောင်းမွန်တဲ့ Quality နဲ့ မှာယူ
နိုင်ပါတယ်။
🔷 သင်တန်းကျောင်းများ၊ Private School များအတွက်
အုပ်ရေများအလိုက် လက်ကားဈေး သီးသန့်ရှိပါတယ်။
🔷 စာအုပ်မျက်နှာဖုံးကို သင့်ကျောင်း Logo နဲ့ ထုတ်ပေးနိုင်ပါတယ်။
🔷 မိမိမှာရှိတဲ့ Ebook များကို စာအုပ်ထုတ်ချင်ရင်လည်း pdf file ပေးပို့ရုံဖြင့် သက်သာသော နှုန်းထားဖြင့် printing service ပေးပါ တယ်ရှင်။

📌 မှတ်ချက် —
software နဲ့ သွားသော Order ဖြစ်လို့ ဘောင်ချာထွက်ပြီးသား Order များကို Cancel လို့မရပါရှင့်။
ဝယ်ယူအားပေးသူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏

📞 စာအုပ်မှာယူရန် —
📱 Phone: 09962583249 / 09401678659
📱 Viber: 09962583249 (Only)
📩 Page Messenger မှလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။


&Books










05/07/2025

သင့်ကလေးရဲ့ ဥာဏ်ရည် (IQ) တိုးတက်လာစေမယ့် နေ့စဉ်အလေ့အထများ 🧠✨

ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည် (IQ) နဲ့ ဆင်ခြင်နိုင်စွမ်း တိုးတက်ဖို့အတွက် နေ့စဉ်လေ့ကျင့်ပေးရမယ့် အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။ ဒီအလေ့အထတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးခြင်းဖြင့် သင့်ကလေး ပိုမိုထက်မြက်ပြီး သင်ယူမှုမြန်ဆန်တဲ့သူ ဖြစ်လာစေနိုင်ပါတယ်။ 🌱

📚 ၁။ စာဖတ်ခြင်းကို နေ့တိုင်း အလေ့အထလုပ်ပါ

တစ်နေ့ ၁၅-၃၀ မိနစ် ကလေးနဲ့အတူ စာဖတ်ပါ (အသက် ၆ လကနေ ၁၀ နှစ်အထိ)။ စိတ်ကူးယဉ်စာအုပ်တွေ၊ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်တွေ ဖတ်ခိုင်းပါ။ စာဖတ်ပြီးတိုင်း ဇာတ်လမ်းအကြောင်း ပြန်ပြောပြခိုင်းခြင်းက မှတ်ဉာဏ်နဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေတယ်။

🧩 ၂။ ပဟေဠိနဲ့ ဦးနှောက်လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ

ဂဏန်းတွက်ခြင်း၊ စကားလုံးရှာဖွေခြင်း (Word Search)၊ ဆူဒိုကု ကစားခိုင်းပါ။ ဉာဏ်စမ်းပဟေဠိတွေ ဖြေရှင်းခိုင်းပါ။ တစ်ပတ်ကို ၂-၃ ကြိမ် အခုလို ဦးနှောက်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

💪 ၃။ အာဟာရ ပြည့်ဝအောင် ကျွေးမွေးပါ

ဦးနှောက်ဖွံ့ဖြိုးမှုအတွက် Omega-3 (ငါး၊ အခွံမာသီး) ပါအောင် ကျွေးပါ။ အချိုနည်းပြီး ပရိုတင်းနဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ - ကြက်ဥ၊ ဟင်းနုနွယ်၊ ဘယ်ရီသီး) ကျွေးပါ။ သကြားအလွန်အကျွံမကျွေးပါနဲ့ (သကြားများရင် အာရုံစူးစိုက်မှုကျစေတယ်)။

🎨 ၄။ ဂီတနဲ့ အနုပညာကို မိတ်ဆက်ပေးပါ

ပီယာနိုတီးခြင်း၊ တူရိယာတစ်ခုခု သင်ပေးခြင်းက ဦးနှောက်ရဲ့ ညာဘက်နဲ့ ဘယ်ဘက်ခြမ်းကို ညှိပေးပါတယ်။ ပန်းချီဆွဲခြင်း၊ အနုပညာလက်ရာလုပ်ခြင်းက ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။

🌙 ၅။ အိပ်ရေးဝဝအိပ်စက်ခိုင်းပါ

ကလေးတွေအတွက် အိပ်ချိန်
- အသက် ၃-၅ နှစ်: ၁၀-၁၃ နာရီ
- အသက် ၆-၁၂ နှစ်: ၉-၁၂ နာရီ
- ဆယ်ကျော်သက်: ၈-၁၀ နာရီ
အိပ်ချိန်မှန်ခြင်း က မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးတယ်။

🏃 ၆။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခိုင်းပါ

ပြေးခြင်း၊ ကစားခြင်း၊ ရေကူးခြင်း စတဲ့ လေ့ကျင့်ခန်းတွေက ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ တစ်နေ့ မိနစ် ၃၀-၁ နာရီ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါက အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။

🤔 ၇။ မေးခွန်းတွေမေးပြီး Critical Thinking သင်ပေးပါ

"ဒီအရာက ဘာကြောင့်ဖြစ်တာလဲ?" "ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?" ဆိုတဲ့ မေးခွန်းမျိုးတွေ မေးပါ။ အကြောင်းအရာတစ်ခုကို ဆန်းစစ်တတ်အောင် သင်ပေးပါ (ဥပမာ - ဇာတ်လမ်းတစ်ပုဒ်ကို နောက်ဆက်တွဲ တွေးခိုင်းခြင်း)။

🎮 ၈။ အင်တာနက်နဲ့ ဂိမ်းအချိန်ကို ကန့်သတ်ပါ

တစ်နေ့ ၁-၂ နာရီထက် ပိုမကစားခိုင်းပါနဲ့။
အသိဉာဏ်တိုးစေမယ့် ဂိမ်းတွေ (Chess, Puzzle Games) ကိုသာ ရွေးချယ်ခိုင်းပါ။

---------------------

🔹 အကျဉ်းချုပ်

သင့်ကလေး IQ မြင့်မားစေဖို့ ဒီအလေ့အထတွေကို နေ့တိုင်းလုပ်ဆောင်ပါ။

✅ စာဖတ်ခြင်းနဲ့ ဦးနှောက်လေ့ကျင့်ခန်းလုပ်ပါ
✅ အာဟာရပြည့်ဝအောင် ကျွေးမွေးပါ
✅ ဂီတ၊ အနုပညာနဲ့ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ
✅ အိပ်ရေးဝဝအိပ်စက်ခိုင်းပါ
✅ Critical Thinking နဲ့ ပြဿနာဖြေရှင်းနည်းကို သင်ပေးပါ

"ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ပထမဆုံး ၅ နှစ်အတွင်း အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်စေမယ့် အလေ့အထတွေ မွေးမြူပေးပါ။"

ဒီနည်းလမ်းတွေကို အသုံးပြုပြီး သင့်ကလေး ပိုမိုထက်မြက်တဲ့သူဖြစ်လာစေဖို့ အားပေးလိုက်ပါနော်! 🧠✨



Pwint Thit Tun
Clinic ➕ Pharmacy

လူတိုင်းသိထားသင့်တဲ့ Q (၅)လုံးအကြောင်း ‼️♦️လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကိုသာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။...
04/06/2022

လူတိုင်းသိထားသင့်တဲ့ Q (၅)လုံးအကြောင်း ‼️

♦️လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို
သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။

အပြည့်အစုံကတော့ Intelligence Quotient (IQ)
ဖြစ်တယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို
စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient
ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို
တော်တဲ့သူလို့သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ
တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြ
တယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်း
ထွာမှုတွေလုပ်ကြတယ်။

မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ် တကျလုပ်ထားတာမရှိဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း (၈၀) နဲ့ (၁၂၀) အကြားရှိကြတယ်။

(၁၂၀) ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်
ပြီး (၈၀) ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့
ပြောလေ့ရှိကြ တယ်။IQ ဟာဗီဇအပေါ်အခြေခံတယ်။
တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။

♦️ IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။

တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်း
တစ်ရပ် ဖြစ်ပါတယ်။ IQ ကိုတစ်ဖက်က Mental
Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။

သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံ
စိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘ
တွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။

စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြ
တယ်။ ဒါကြောင့်လည်း အားကစားမလုပ်ဖို့၊ အနု
ပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံ
မစိုက်ဖို့တိုက်တွန်းပြီး စာတော်ခြင်းဆိုတဲ့ တစ်လမ်း
သွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။ အခုခေတ်မှာ
တော့ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံ
လာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူ
ဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှု ငါးမျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။

✅(1) ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့
Physical Intelligence (PQ) ဖြစ်ပါတယ်။
ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့
ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်
တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည် ညွှန်းတာပါ။PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်
တယ်။ လူတစ်ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။
မကျန်းမာရင်ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ
ကို အာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း
စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစား
လုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အား
ကစားကို ထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေး
ကြီးလှပါတယ်။

တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။
မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာ တွေကို အဟန့်အတားပြုခဲ့တယ်။
ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။ တစ်ခါက ကျွန်တော်တင်ပြခဲ့သလို အားကစား
လုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မူ့စတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့မရနိုင်ပါဘူး။

အားကစားလို့ပြောတဲ့နေရာမှာလည်း ငွေကုန်ကြေး
ကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်း
လက်လှမ်းမီတဲ့ အားကစားတွေ အများကြီးရှိပါတယ်။

✅(2) ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောက
အထက်မှာပြောခဲ့တဲ့ အသေးစိတ်တင်ပြပြီးဖြစ်တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။

✅(3) တတိယဉာဏ်ရည်ထက်မြက်မှုက
Emotional Intelligence (EQ) ဖြစ်ပါတယ်။
EQကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို
သိသလိုမိမိနဲ့ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိအောင်ကြိုး
စားနိုင်ခြင်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။

အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါ
တယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ်ခု
က ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာ
တဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ်တာ
ကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီးကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလို လုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင်ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့
ပြန်ပြောခဲ့တယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ
မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ
အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေ
သာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း
ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ
ဝမ်းနည်းစရာတွေ့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။

IQ ဟာ မွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရ
တဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်
မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှ
ပြည့်စုံမှာ။ တစ်ဖက်က တော့ EQ သာရှိပြီး IQ နိမ့်
နေ ရင်လည်း အဆင်မပြေပြန်ဘူး။

✅(4) စတုတ္ထဉာဏ်ရည်ထက်မြက်မှုက
ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။
တစ်နည်းပြောရရင် Spiritual Intelligence (SQ)
ဖြစ်တယ်။
အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ ဆိုင်တယ်။ မိမိရဲ့ယုံကြည်ကိုးကွယ်မှုကိုမြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုတယ်။

ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့
တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။
ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုရမယ်။

မိမိဘာသာ ကောင်းတယ်။ တခြားဘာသာ
မကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။ အစွန်းတရားတွေကို ရှောင်ရှားဖို့ သိပ်လိုအပ်နေပါတယ်။

အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာ
ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့
အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြတယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

✅(5) နောက်ဆုံးဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။

ပူးပေါင်းဆက်ဆံမှု ဆိုတာကို လက်ခံလာကြတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသားတွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါမြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့် ထားလာတာ တွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေတွေ နားလည်သဘောပေါက်
အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့
ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ဉာဏ်ရည်ထက်မြက်မှုကိုပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ)
ဟာအလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူ
ဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။

လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေ
အနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံး
တဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို
ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှု
မ တူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာလှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။

🌠 ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံး
တင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။

ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာလူတစ်ယောက်
အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှု
ဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်
ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာ တရား
နဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေ
အနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီ မှုကို အားယူ နိုင်တဲ့ အားပဲဖြစ်ပါတယ်။

🌠 ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်
တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုတယ်။
အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်
လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေးခဲ့၊ စာတွေရေးခဲ့တယ်။ အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှု ငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

မူရင်းဟောပြောရေးသားသူ-📌
ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်

Hi 💚❤️.
30/11/2021

Hi 💚❤️.

Address

YanKyaw Quarter
Magway

Telephone

+959962583249

Website

Alerts

Be the first to know and let us send you an email when Shwe Yatu May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Yatu May:

Share

Category