06/04/2023
Rent 2 Own Co.,Ltd မှ တောင်တွင်းကြီး ရုံးခွဲတွင် တာဝန်ထမ်းဆောင်ရန်
Local Sales Leader တစ်ဦးနှင့်
မကွေးရုံးခွဲတွင် တာဝန်ထမ်းဆောင်ရန် Cashier တစ်ဦးအမြန်အလိုရှိသည်။
Position – Local Sales Leader
Workstation – Taungdwingyi (Magway)
Job Description
နေ့စဉ်/လစဉ် အရောင်း Targetများကို ပြည့်မှီအောင်ဆောင်ရွက်နိုင်ရမည်။
အရောင်းအတွက် လိုအပ်သော ဧရိယာများကို ထပ်မံတိုးချဲ့ဖွင့်လှစ်ရမည်။
လက်အောက်မှ ဝန်ထမ်းများရဲ့လုပ်ဆောင်နေမှုများကို App ကနေတဆင့် တစ်နာရီတစ်ကြိမ်စစ်ဆေးရမည်။
အရောင်းဝန်ထမ်းများ၏ နေ့စဉ် report များကို စစ်ဆေးရမည်။
လက်အောက်မှ အရောင်းဝန်ထမ်းများ၏လိုအပ်ချက်များကို လေ့လာသုံးသပ်ပြီး သင်ကြားပြသပေးနိုင်ရမည်။
ရုံးပိုင်းဆိုင်ရာလိုအပ်ချက်များကို ပြုပြင်ထိန်းသိမ်းပေးနိုင်ရမည်။
ချိတ်ဆက်ထားသောဆိုင်တစ်ဆိုင်လျှင် အနည်းဆုံး တစ်ပတ် ၃ ကြိမ် ရောက်ရမည်။
သက်ဆိုင်ရာနယ်မြေတွင် ရှိသော Marketing item များကို ထိန်းသိမ်းကြည့်ရှုပြီး လိုအပ်တဲ့အခါ Request လုပ်ရမည်။
လိုအပ်ချက်ရှိနေသော/စည်းကမ်းမလိုက်နာသော လက်အောက်မှ ဝန်ထမ်းများကို အရေးယူရမည်။
Requirements
ဘွဲ့ရ (သို့) ကျောင်းကိစ္စကင်းသူဖြစ်ရမည်။
Computer, Email, Gmail အသုံးပြုတတ်သူဖြစ်ရမည်။
အရောင်းပိုင်းနှင့်ရုံးပိုင်း စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံရှိရမည်။
Customer များအားပြေပြစ်စွာပြောဆိုတက်ရမည်။
အသင်းအဖွဲ့စိတ်ဓာတ်ဖြင့်လုပ်ကိုင်တတ်ရမည်။
Reporting အပိုင်း ကောင်းစွာတင်ပြနိုင်ရမည်။
ကိုယ်ပိုင်ဆိုင်ကယ်ရှိပြီးကျွမ်းကျင်စွာမောင်းနှင်တတ်ရမည်။ (လိုအပ်လျှင် ခရီးသွားလာနိုင်ရမည်)
လုပ်ငန်းနှင့်ပတ်သက်သော သင်တန်းပေးမှုကို လိုက်နာသူဖြစ်ရမည်။
ရုံးချုပ်မှညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
လစာအပြင်ကော်မရှင်ခံစားခွင့်ရရှိမည်။
အခြေခံလစာအပြင် အရောင်းကော်မရှင် ခံစားခွင့်ရှိမည်။
Position – Cashier
Workstation – Magway
Job Description
• Cash or Credit ပိုင်းဆိုင်ရာ ငွေပေးချေမှုများအား ကောက်ယူပေးနိုင်ရပါမည်။
• ငွေလက်ခံဖြတ်ပိုင်းများ၊ refunds၊ change သို့မဟုတ် tickets များ ထုတ်နိုင်ရပါမည်။
• ရုံးတွင်း သန့်ရှင်းသပ်ရပ်မှုများအား စီမံခန့်ခွဲနိုင်ရပါမည်။
• ရုံးတွင်း အသေးသုံးပစ္စည်းများလိုအပ်ပါက ဝယ်ယူပေးနိုင်ရမည်။
• ဘဏ်သို့ ငွေလွှဲ/ငွေထုတ် နေ့စဉ်ပြုလုပ်နိုင်ရမည်။
• အသေးသုံးငွေ (Petty Cash) များအား စီမံခန့်ခွဲနိုင်ရပါမည်။
• ငွေပေးချေမှုဆိုင်ရာ နည်းလမ်းအားဖြင့် လိုအပ်သည့်အခါ တွက်ချက်ပေးခြင်းနှင့် ပြောင်းလဲပေးခြင်းပြုလုပ်ရပါမည်။
• ကုန်ပစ္စည်းများ၏ retires နှင့် exchanges ကို လုပ်ဆောင်နိုင်ရပါမည်။
• ရုံးပိုင်းဆိုင်ရာ ပစ္စည်းများထုတ်ယူခြင်းနှင့်ပတ်သက်၍ စာရင်းပို့နိုင်ရပါမည်။
Job Requirement
• တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရပါမည်။
• ကွန်ပြူတာ ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမည်။
• Cashier နှင့်ပတ်သက်၍ အတွေ့အကြုံရှိရမည်။
• အသေးစိတ်ကအစ အာရုံစူးစိုက်၍ လုပ်နိုင်သူဖြစ်ရပါမည်။
• လူမှု့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်ပြီး အချိန်စီမံခန့်ခွဲနိုင်ရပါမည်။
လျှောက်ထားရန်စိတ်ဝင်စားပါက သက်ဆိုင်ရာရုံးခွဲသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သလို [email protected] သို့လည်း mail ပို့လျှောက်ထားနိုင်ပါသည်။
Magway - 09797200033
Taungdwingyi - 09797199994