Loikaw Bookaholic

Loikaw Bookaholic hello loikaw bookaholic!!! let's make good things by reading books for your successful future...

အလှဆုံးမိန်းကလေး---------------------ဒီလို မိန်းကလေးတချို့ရှိတယ်။ သူတို့က စာဖတ်တာကိုကြိုက်တယ်။ စာအုပ်ဝယ်တယ်၊ ဖတ်တယ်၊ ရေး...
22/08/2019

အလှဆုံးမိန်းကလေး
---------------------

ဒီလို မိန်းကလေးတချို့ရှိတယ်။ သူတို့က စာဖတ်တာကိုကြိုက်တယ်။ စာအုပ်ဝယ်တယ်၊ ဖတ်တယ်၊ ရေးတယ်၊ ဖတ်စရာစာအုပ်တွေက သူတို့အတွက် အသုံးခံတဲ့ အသုံးအဆောင်၊ အလှပြင်ပစ္စည်းတွေဖြစ်တယ်။ သာမန်တဲ့ ဝတ်စားမှု၊ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ဆေးရောင်စုံမိန်းကလေးတွေကြားမှာ သူတို့ဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်။ သူတို့ရဲ့စိတ်နေသဘောထား၊
ပြုစုပျိုးထောင်မှုတွေဟာလည်း တခြားလူနဲ့မတူ စာအုပ်ရနံ့တွေသင်းပျံ့တယ်။ "အတွင်းစိတ်မှာအသိရှိရင် အပြင်ပန်းကလှနေတယ်" ဆိုတဲ့စကားက ဒီလို မိန်းကလေးမျိုးတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။

စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်......

စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။

မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။

စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။

စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင်မခံဘူး။ အခြေအမြစ်ကိုအရ ဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။

စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။
ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။

စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။

ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကိုသင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။

စာဖတ်များတဲ့မိန်းကလေးတွေဟာ စာဖတ်ရင်း ကိုယ်တိုင်စာရေးချင်လာတယ်။ ဘဝထဲက ချိုမြိန်ခါးသက်တာတွေ၊ နွေမိုးဆောင်းဥတုတွေကို ချရေးတယ်။ အဲဒီမှာတော့ သူ့ရဲ့စာကို တခြားသူတွေကဖတ်တယ်။

မိန်းကလေးရေးတဲ့စာတွေက နူးညံ့သိမ်မွေ့တယ်။ သွက်လက်ဆွဲဆောင်မှုရှိတယ်။ စကားလုံးတိုင်းမှာ မိန်းကလေးရဲ့တမူထူးတဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဝိညာဉ်တွေကို ခံစားလို့ရတယ်။ စာတွေထဲမှာ သူတို့ဘဝကောက်ကြောင်းတွေရှိတယ်။ ရှင်သန်ကြီးပြင်းတဲ့ ရုန်းကန်မှုတွေရှိတယ်။ လူ့ဘဝတန်ဖိုးနဲ့ တာဝန်ဝတ္တရားတွေရှိတယ်။ ဒီကနေ့မှာ မိန်းကလေးတွေရေးတဲ့စာကို မိန်းကလေးတွေကြိုက်ရုံမက
ယောက်ျားလေးတွေပါ ကြိုက်ကြတယ်။

စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။

စာဖတ်တာကို ကျွန်တော်နှစ်သက်တယ်၊ စာဖတ်တဲ့မိန်းကလေးတွေကို ကျွန်တော်ချစ်တယ်....

------

Credit to NineNineSanay

' ခဏလောက်ငြိမ်နေကြပြီးတဲ့နောက်    ကျနော့်ကို အခါတိုင်းလို ရင်ချင်းအပ်ပြီး မယ်ဒီ   ဖက်တယ်    နားရွက်နားကပ်ပြီး တိုးတိုြးေ...
01/08/2019

' ခဏလောက်ငြိမ်နေကြပြီးတဲ့နောက်
ကျနော့်ကို အခါတိုင်းလို ရင်ချင်းအပ်ပြီး မယ်ဒီ
ဖက်တယ်
နားရွက်နားကပ်ပြီး တိုးတိုးပြောတယ်
"ဂွတ်ဒ်ဘိုင် ဖလားဝါး" တဲ့ '
ပါပီယွန်
Review is coming soon !!
📚

Review is coming soon ❗️ ❗️လွိုင်ကော်က သူငယ်ချင်းတွေလည်း အခမဲ့ လာငှားဖတ်လို့ရပါတယ်ရှင့် 🤓🤓  📚
09/07/2019

Review is coming soon ❗️ ❗️

လွိုင်ကော်က သူငယ်ချင်းတွေလည်း အခမဲ့ လာငှားဖတ်လို့ရပါတယ်ရှင့် 🤓🤓

📚

Bookworm လေးတွေအတွက် ... wallpaper တူတူတင်ရအောင် ... 📚📚📚ကိုယ့်ဖုန်းထဲက ... wallpapers လေးတွေလည်း .. com box မှာ share ပေ...
23/06/2019

Bookworm လေးတွေအတွက် ...
wallpaper တူတူတင်ရအောင် ... 📚📚📚

ကိုယ့်ဖုန်းထဲက ... wallpapers လေးတွေလည်း ..
com box မှာ share ပေးကြပါဦးနော် .. 🥰

📚📚📚

18/06/2019

မိုးတွေရွာလွန်းလို့ အပြင်မထွက်ဘဲ အိမ်ထဲနေရင်း ပျင်းစရာကောင်းတဲ့ နေ့ရက်တွေကြားထဲမှာ ကိုယ့်အတွက် အကျိုးရှိစေမယ့် challenging တစ်ခုကို တူတူလုပ်ကြည့်ရအောင်လေ ... ☺️☺️☺️

ဘာမှ ထွေထွေထူးထူးမလိုဘဲ ကော်ဖီလေးတစ်ခွက် နဲ့ စာအုပ်လေးတစ်အုပ်သာ လှမ်းယူလိုက်ရင် ရပါပြီ ... 😉😉😉

ဒီလိုဆိုရင်တော့ ....
Reading Challenge တစ်ခုကို ကျမ အကြံပြုပေးပါရစေနော် ... 📚📚📚

အောက်က List ထဲက အမျိုးအစားနှစ်ခု လောက်ကိုပဲ ဖတ်ဖြစ်ရင်

Challenging က အောင်မြင်ပြီလို့ဆိုရမှာပါ ☺️
သူငယ်ချင်းတို့ရော ...
ကိုယ့်ကိုယ် စိန်ခေါ်ကြည့်ကြမလား 🤓🤓🤓

📚📚📚

တချို့တွေရှိတယ် ..... ကိုယ့်ဆီက ငှားသွားတဲ့စာအုပ်တွေကို ခေါက်ရာတွေနဲ့ လာပြန်ပေးရင် စိတ်ဆိုးတတ်ကြတယ် ... ဟုတ်တော့လည်းဟုတ်...
15/06/2019

တချို့တွေရှိတယ် .....
ကိုယ့်ဆီက ငှားသွားတဲ့စာအုပ်တွေကို ခေါက်ရာတွေနဲ့ လာပြန်ပေးရင် စိတ်ဆိုးတတ်ကြတယ် ...
ဟုတ်တော့လည်းဟုတ်ပါတယ် ...
ကိုယ်အမြတ်တနိုးသိမ်းထားချင်တဲ့စာအုပ်လေးကို အဲ့လိုတွေ လုပ်တော့ စိတ်ဆိုးချင်စရာပါပဲ ...

ဒါပေမယ့် ....
ကျမကတော့ စာအုပ်ဆိုတာ platform for sharing တစ်ခုလို့ပဲမြင်မိတယ် ..

ကျမဆီ စာအုပ်လာငှားတဲ့အခါ ...
စာရွက်တွေ တစစီပြုတ်ထွက်နေတာကလွဲရင် ...
• Book mark မသုံးဘဲ စာရွက်တွေခေါက်ပြီး မှတ်
ချင်မှတ်ပါ ...
• Highlights သုံးပြီး ကြိုက်တဲ့စာသားတွေကို လိုင်း
တားချင်တားပါ ...
• သူများကို တစ်ဆင့်ပေးငှားချင်ငှားပါ ...

စာအုပ်ဆိုတာကလည်း ...
အဓိက က ဖတ်ဖြစ်ရင် ပြီးတာပါပဲ ...
ဗီဒိုထဲထည့် အလှကြည့်ဖို့ သော့ခတ်ထားစရာလည်း မလိုတော့ လှပနေဖို့လည်း မလိုဘူးလေ 🤗

ဟုတ်ကဲ့ ..
ကျမလည်း Monsters တွေထဲက တစ်ယောက်ပါ 😉😉😉

သူငယ်ချင်းတို့ရော ..
ဘယ်အမျိုးစားထဲကလဲ 😬😬😬

📚📚📚

• စာအုပ်ထဲက ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရတာက ရုပ်ရှင်တစ်ကားကြည့်လိုက်တာထက်ပိုပြီး ကြာပါတယ် ..• စာလုံးတစ်လုံးချင်းကို အာရုံစိုက...
31/05/2019

• စာအုပ်ထဲက ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရတာက ရုပ်ရှင်တစ်ကားကြည့်လိုက်တာထက်ပိုပြီး ကြာပါတယ် ..

• စာလုံးတစ်လုံးချင်းကို အာရုံစိုက်ပြီး ဖတ်နေရတာကလည်း အလုပ်က ခပ်ရှုပ်ရှုပ်ပါ ..

• စာကြည့်များလို့ အခန့်မသင့်ရင် လေးလုံးတောင်ဖြစ်နိုင်ပါတယ် ..

• လွယ်ကူတဲ့ PDF file တွေကို ဒေါင်းလော့လုပ်ပြီးလည်း ဖတ်နိုင်သားပဲ ..

• လူရှိန်အောင် စာအုပ်ကြီးကိုင်နေတာပါကွာ လို့တောင် တခါတလေ ပြောခံရနိုင်ပါတယ် ..

ဒါဆို ...
လူတော်တော်များများ 'စာအုပ်' ကိုင်ပြီးဖတ်နေကြသေးတာလဲ ..
ဘာကြောင့် စာအုပ်ကို လက်ကမချနိုင်ဖြစ်နေတုန်းလဲ ..

သူများအမြင်တွေတော့ ကျမ မသိဘူး ...
ကျမကတော့ ...

📚 စာအုပ်ဖတ်ရင်း စာအုပ်နံ့လေးရှူရတာကြိုက်
လို့ပါ ..
📚 စာအုပ်ဖတ်ရင်း စာထဲက ဇာတ်ကောင်တွေရယ်
နေရာတွေရယ် ရှုခင်းတွေ ကို စိတ်ကူးနဲ့အမျိုး
မျိုးကိုယ့်စိတ်ကြိုက် ပုံဖော်ရတာ ကြိုက်လို့ပါ ..
📚 ဇာတ်ကားကြည့်သလို ဆူညံသံတွေမပါဘဲ
စာထဲက အသံတွေကို သံဇဉ်ဖော်ရတာ ကြိုက်
လို့ပါ ..
📚 စာတစ်ရွက်လှန်လိုက်တိုင်း ဘာဖြစ်မလဲ ဆိုတဲ့
ဇာတ်လမ်းကို ရင်ခုန်ပြီးကြိုတွေးရတာ ကြိုက်
လို့ပါ ..
📚 ဘာလျှပ်စစ်မှမလိုဘဲ ဘယ်ချိန်မှာပဲဖြစ်ဖြစ်
ဘယ်နေရာမှာပဲဖြစ်ဖြစ် စာအုပ်လေး ရှိနေရုံနဲ့
ခံစားချက်တွေ နှစ်မျောနေရတာ ကြိုက်လို့ပါ ..

အမှန်စင်စစ်တော့ ....
သူတို့ဘာသာဖြစ်တည်နေတဲ့ အသုံးဝင်တဲ့ ခံစားသက်ဝင်မှုပေးနိုင်တဲ့ ဂြိုလ်သားအရာဝတ္ထုဖြစ်တဲ့
"စာအုပ်" ဆိုတာကြီးကို အလိုလိုချစ်နေမိလို့ပါပဲ ..

Loikaw_Bookaholic 📚

စာအုပ်တစ်အုပ်ပါပဲ ... လူတွေကို ငြိမ်းချမ်းစေတယ် ... စာအုပ်တစ်အုပ်ပါပဲ ... လူတွေကို အပြင်လောကကြီးအကြောင်းမေ့သွားစေတယ် ......
29/05/2019

စာအုပ်တစ်အုပ်ပါပဲ ...
လူတွေကို ငြိမ်းချမ်းစေတယ် ...

စာအုပ်တစ်အုပ်ပါပဲ ...
လူတွေကို အပြင်လောကကြီးအကြောင်းမေ့သွားစေတယ် ...

စာအုပ်တစ်အုပ်ပါပဲ ...
လူတွေကို လဲကျရာက ငေါက်ကနဲ ထထိုင်စေတယ် ...

စာအုပ်တစ်အုပ်ပါပဲ ...
လူတွေကို ရင်ဖိုလှိုက်မောစေတယ် ...

စာအုပ်တစ်အုပ်ပါပဲ ...
လူတွေကို ဝမ်းနည်းဝမ်းသာ ခံစားစေတယ် ...

စာအုပ်တစ်အုပ်လေးပါပဲ ...
လူတွေရဲ့ ဘဝတစ်ခုလုံးကိုလည်း ပြောင်းစေတယ် ...

I’m Just A Book 📚
I have an eternal power which some people won’t notice 🎈

📚

ကျွန်မ နှင့် ဆရာမ နိုင်းနိုင်းစနေ 🍃🍃🍃 ကျမ ဆရာမရဲ့စာအုပ်တွေစဖတ်ဖြစ်တာ .. 'နှလုံးသားအဟာရ' ဆိုတဲ့စာအုပ်ပါ ... ... အဲ့ဒီအချိ...
25/04/2019

ကျွန်မ နှင့် ဆရာမ နိုင်းနိုင်းစနေ 🍃🍃🍃

ကျမ ဆရာမရဲ့စာအုပ်တွေစဖတ်ဖြစ်တာ ..
'နှလုံးသားအဟာရ' ဆိုတဲ့စာအုပ်ပါ ... ...
အဲ့ဒီအချိန် ... စိတ်ဓါတ်ကျပြီး ဘာလုပ်လို့ဘာ ကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ City Mart Book Centre ရဲ့ Best Seller တန်းမှာတွေ့မိလို့
ဝယ်ဖတ်ရင်း ကျမရဲ့ စိတ်အားငယ်မှုတွေ
ဘာဖြစ်နေမှန်းအဖြေရှာမရတဲ့ Empty Feeling တွေကို ဖြေဖျောက်နိုင်ခဲ့ပါတယ် ... 😃
အဲ့ဒီ အချိန်ကစပြီး ... ဆရာမရဲ့ထွက်ပြီးခဲ့တဲ့
စာအုပ်တွေရော .. အသစ်ထွက်တဲ့ စာအုပ်တွေရော လခထုတ်တိုင်း တစ်လတစ်အုပ် ဝယ်စုဖြစ်ခဲ့
တယ် ... ဆရာမရဲ့ စာအုပ်တော်တော်များများက .. တစ်ခါတည်း အပြီးဖတ်စရာမလိုပါဘူး ..
ကိုယ်ဘယ်လိုခံစားနေရလဲ အားငယ်နေလား အသည်းကွဲနေလား လမ်းပျောက်နေပြီလား စတဲ့ Feel အမျိုးမျိုးအလိုက် တစ်အုပ်ချင်းကို
မာတိကာလေးတွေ ရှာပြီး ဖတ်သွားလိုက်တယ် .. ပြဿနာကတော့ ချက်ချင်းမပြေလည်ပေမယ့် Brain Wash ဖြစ်ပြီး ခဏလေးတွင်း စိတ်သက်သာသွားတာတော့ အမှန်ပဲ ....
သူများတွေတော့ ဘယ်လိုတွေးလဲ မသိပေမယ့် .. ကျမကတော့ ဆရာမ စာအုပ်တွေဖတ်ရင်း
စိတ်ရော လူရော သက်တောင့်သက်သာ ဖြစ်နေ
တော့တာပါပဲ .... .... ....
ဒါတွေကတော့ ..
ဆရာမရဲ့စာအုပ်တွေထဲက တချို့တဝက်ပါ 📚

🐾 သတ္တိရှိတဲ့ပထမခြေလှမ်း 🐾
ကျမ ဒီစာအုပ်ကို ဝယ်ဖြစ်ခဲ့တဲ့အချိန်တုန်းက
တကယ်ပဲ ဘာလုပ်ရမှန်းမသိလှမ်းပျောက်နေခဲ့တာပါ .. ဒီစာအုပ်ထဲမှာ ဘာက ဘယ်လို စလုပ်ရမယ် ဆိုတဲ့ နည်းလမ်းမျိုးတော့ မရေးထားပေမယ့် .. သူပေးထားတဲ့ ဥပမာတွေကြောင့် အားတက်ခဲ့ရပါတယ် ......
လူ့ဘဝမှာ ဘယ်လိုရှင်သန်ရပ်တည်ရမယ်ဆိုတဲ့ Quote လေးတွေလည်း ရေးသားထားပါတယ် ..
ဆရာတော်တစ်ပါးပြောတာကြားဖူးတယ် ..
'ရေချိုးရင်တောင် ပထမဦးဆုံး ခန္ဓာကိုယ်ပေါ် လောင်းချလိုက်တဲ့ရေကသာ အအေးဆုံးပါတဲ့' .. .. ဟုတ်ပါတယ် .. .. ကျမတို့ရဲ့ စိတ်ကူးအိမ်မက်တွေ တကယ်ဖြစ်ဖို့ သတ္တိရှိရှိနဲ့ ပထမတစ်ကြိမ်
စွန့်စားဖို့သာလိုတာပါ ... နောက်ခြေလှမ်းတွေ
လျှောက်လှမ်းဖို့ လွယ်ကူသွားပါလိမ့်မယ် .... ☺️☺️

🔎 ဒေါက်တာ ဟင်နရီလီ 💊🔬🌡🧪
ဆရာမရဲ့ ဘာသာပြန်စာအုပ်တွေထဲက သီးခြားကွဲထွက်နေတဲ့ စုံထောက်မှုခင်းစာအုပ်မျိုးပါ ...
(ဒီစာအုပ်ကို ကြိုက်တယ်ဆိုရင် မြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုန်းစာအုပ် တွေနဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်)
ကျမက ရှားဟော့ဟုမ်း ပုရိတ်သတ်ဆိုတော့
ဒီစာအုပ်ကိုတော်တော် ကြိုက်ပါတယ် .. ခေတ်သစ် ရှားလော့ဟုမ်းလို့ တင်စားခံရတဲ့ ဒေါက်တာ
ဟင်နရီလီ ရဲ့ ခက်ခဲနက်နဲတဲ့အမှုလိုက်ပုံ / နှစ် ၃၀ ကျော်က အမှုတွေကို ပြန်ဖော်ပုံ/ အမှုလိုက်တဲ့အခါ ဘယ်လိုပစ္စည်းတွေသုံးတာရယ်
ဘယ်လိုအတွေးခေါ်တွေ ဘယ်လိုစဉ်းစားပုံတွေ ကို ရေးသားထားပါတယ် ...
အမှုကြီး ၅ ခု ဖော်ထုတ်ပုံတွေကို ရေးသားထားတာဆိုတော့ စိတ်ဝင်းစားဖို့အရမ်းကောင်းမှာ
အာမခံပါတယ် ... 😉😉😉

❣️အချစ်နှင့်စိတ်💋
အချစ် ဆိုတာတကယ်ကိုထူးဆန်းဖို့ကောင်းတဲ့ အရာ ..
စိတ် ဆိုတာလည်း ဘာထူးလဲ ခုတစ်မျိုး တော်ကြာတမျိုး ..
ဆရာမ က အချစ် နဲ့ စိတ် နှစ်ခုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ ကောင်းခြင်း ဆိုးခြင်း မမျှတခြင်း
ကံကောင်းခြင်း ကံဆိုးခြင်းတွေကို ရေးသားထားတဲ့ ထိုင်ဝမ်စာရေးဆရာမ Xiao Yubing ရဲ့ စာအုပ်ကို ဘာသာပြန်ဆိုထားတာပါ ... ...
ဒီစာအုပ်ထဲမှာ အမျိုးသမီးတွေ အမြဲကြုံတွေ့ရတဲ့ အချစ်နဲ့ ပါတ်သတ်တဲ့ စိတ်ပညာရှုထောင့်တွေကို ဖတ်ရမှာပါ .... တကယ့်အဖြစ်အပျက်တွေကို ရေးသားထားတာမို့ .. ကိုယ့်အဖြစ်နဲ့ တိုက်ဆိုင် သည်ဖြစ်စေ ကိုယ့်အသိမိတ်ဆွေတွေထဲက
တစ်ယောက်ယောက်ရဲ့ အဖြစ်နဲ့တိုက်ဆိုင်သည် ဖြစ်စေ သင်ခန်းစာယူပြီး ပြဿနာကို
ကျော်လွှားနိုင်အောင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ် ... 👀👀👀

👩🏻‍🦰 ကျွန်မဖတ်ဖို့ (၆) 👩‍🦰
(နံပါတ် ၃,၄,၅ က အရင် post မှာ Review ရေးထားပါတယ်)
ဒီစာအုပ်က အရင် ကျွန်မဖတ်ဖို့ စာအုပ်တွေနဲ့မတူဘဲ ဆရာမရဲ့ Blog မှာရေးသားထားတာတွေရော အသစ်တွေရော စုပြီးရေးသားထားတဲ့ Short Quote လေးတွေပါပါတယ် ...
စာအရှည်ကြီးတွေမဟုတ်လို့ စာပုဒ်အတိုလေးတွေနဲ့ ထိထိရောက်ရောက် နားလည်လွယ်ပါတယ် ... ကျွန်မဖတ်ဖို့ဆိုတဲ့အတိုင်း မိန်းကလေး
တစ်ယောက်သာမက လူတစ်ယောက်ရဲ့
စိတ်နေစိတ်ထား သွားလာနေထိုင်မှု တွေကို positive thinking ဘက်ကသတိပေး ရေးသားထားတာပါ ... ပေါ့ပေါ့ပါးပါးဖတ်ရင်း စိတ်ဓါတ် ခွန်အားတွေတိုးပါစေနော် ... 😚

အမှတ်တရရက်စွဲဟောင်းလေးများ 🍂🍂🍂
ဟိုတုန်းက .. အမှတ်တရ 🍁🍁🍁
ဒီစာအုပ်နှစ်အုပ်ကတော့ ဆရာမ နိုင်းနိုင်းရဲ့ ငယ်စဉ်ဘဝတစ်လျှောက်တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်း အဆိုးအကောင်းတွေကို
စိတ်ဝင်စားဖွယ် ရေးသားထားတာပါ ...
ဘာသာပြန်စာအုပ်မဟုတ်ဘဲ ...
တကယ့်ဘဝဇာတ်ကြောင်းတစ်ခုချင်းစီကို အပျင်းပြေသဘောမျိုး လိုက်နာသင့်တဲ့ပညာပေးသဘောမျိုးလေးတွေ ရေးထားတာဆိုတော့
ဖတ်ရင်းဖတ်ရင်း ကိုယ့်ငယ်ဘဝ အမှတ်တရတွေကို ပြန်အမှတ်ရစေမယ့် စာအုပ်မျိုးလေးပါ 🤗

🏜 ဆာဟာရရဲ့ပုံပြင် 🏜
ဒီစာအုပ်လေးက ကျမ ဖတ်ဖူးသမျှထဲ
အကြိုက်ဆုံး သဘောအကျဆုံး ဘာသာပြန် စာအုပ်လေးပါ .. 📚
'ဆမ်မောက်' ဆိုတဲ့ အမျိုးသမီးလေးရဲ့ ဘဝနေထိုင်နည်း / အခက်ခဲတွေကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ပုံ / အကြောက်မရွံ့ဘဲ နေရာတွေ တခုပြီးတခု သွားလာလည်ပါတ်ပုံ/ သဘာဝကို သူဘယ်လိုချစ်မြတ်နိုးတယ် ဆိုတာတွေကို ရေးသားထားတာပါ ....
အမှန်တော့ ... ဒီစာအုပ်က ဝထ္တုတစ်ပိုဒ် ပုံပြင်
တစ်ပိုဒ်ဆိုတာထက် ပိုပါတယ် ...
တကယ်တမ်းဖတ်ကြည့်တော့မှ သူ့ရဲ့
ပျော်ရွှင်ခြင်း ခက်ခဲခြင်း တွေကို မျှဝေခံစားမိတဲ့အခါ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေခဲ့မှာပါ ...

'' ကျွန်မရဲ့နက်ရှိုင်းတဲ့နှလုံးသားထဲမှာ
ကြောက်ရွံ့ခြင်းဆိုတာမရှိဘူး / ဝမ်းနည်းအား
ငယ်ခြင်းဆိုတာမရှိဘူး / ခွဲခြားခြင်းရဲ့ နှမြောတသမှုသာရှိတယ် ... ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့
ချစ်ခြင်းက လူသားတစ်ယောက်တိုင်းကို
ချစ်ခင်တတ်ဖို့ သင်ပေးခဲ့လို့ပါ ... မြက်တစ်ပင် သစ်တစ်ပင် သဲပွင့်လေးတစ်ပွင့်ကအစပေါ့ ''
ဆမ်မောက်
စာအုပ်တွေကတော့
ကျမရဲ့ စိတ်ခွန်းအားပါပဲ ... 💪💪💪
စာတစ်ရွက်လှန်တိုင်း နှာခေါင်းကရတဲ့
စာရွက်နံ့ကိုကြိုက်တယ် ... 📒📒📒
စာအုပ်ထဲ ဈာန်ဝင်သွားရင် လောကကြီးကို မေ့သွားတတ်တဲ့ အရသာကိုလည်းကြိုက်တယ် ... 🍹
စာအုပ်တွေ စုထားပြီး တစ်ယောက်ယောက်က ငှားပါလား လို့ပြောတဲ့အခါ အားတက်သရော ပေးငှားရတဲ့ feel ကိုလည်းကြိုက်တယ် .. ✨✨✨
စာအုပ်ဖတ်ပြီး သူငယ်ချင်း မိတ်ဆွေတွေနဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို sharing လုပ်ပြီး သူ့အမြင် ကိုယ့်အမြင် ငြင်းခုံရတာတွေကိုလည်း ကြိုက်တယ် ... 💥💥💥
လူသူတွေနဲ့ နေတဲ့အခါ သူတို့ဆန္ဒ သူတို့အကြိုက် လိုက်ပြီးနေရတာထက်စာရင် စာအုပ်ဖတ်ရင်း အေးအေးလူလူနေရတာကြိုက်တယ် ... ☃️☃️
တကယ်တမ်း ကမ္ဘာနှစ်ခြမ်းကွဲသွားရင်တောင် စာအုပ်တွေရှိတဲ့ဘက်ခြမ်းမှာပဲ ကျမနေပါရစေ 🥰

ဒီစာအုပ်တွေ ဖတ်ချင်တယ်ဆိုရင် Chat Box မှာ
မေးပြီး အခမဲ့လာရောက်ငှားရမ်းလို့ရပါတယ် .. 🤗

📚

World Book Night 🌛
23/04/2019

World Book Night 🌛


ဒီနေ့ညဟာ
ကမ္ဘာ့စာအုပ်ည ဖြစ်ပါတယ်။
စာအုပ်ဖတ်ပြီးမှ အိပ်ရာဝင်ပေးပါ။
ပြီးတော့ ဘာစာအုပ်ဖတ်မလဲဆိုတာကိုလည်း
အများသိအောင် ပြောပေးကြပါ

Hello 👋 Loikaw Bookaholic 📚 စာတွေလည်း မရေးဖြစ်တာ တော်တော်ကြာသွားပြီ ... ခု ဒီတခေါက်တော့ .. .. အပျင်းလည်းပြေ စိတ်ဝင်စားဖိ...
21/04/2019

Hello 👋
Loikaw Bookaholic 📚
စာတွေလည်း မရေးဖြစ်တာ တော်တော်ကြာသွားပြီ ...
ခု ဒီတခေါက်တော့ .. .. အပျင်းလည်းပြေ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ...
Author : Robert Bloch ရေးသားပြီး
Translator : မောင်မိုးသူ ဘာသာပြန်ထားတဲ့
Name : Psycho ( စိတ္တဇ ) ဆိုတဲ့ စာအုပ်လေးပါ ..
ကဲ .. Let’s try the taste of book 📚
Spoiler မမိစေရဘူး စိတ်ချ 😅😅😅

လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ တကယ်တော့ မဆန်းပါဘူး ... 🎭🎭🎭

ဆန်းတာက ...
ဝဝဖိန့်ဖိန့်လေးလေးပင်ပင်အူကြောင်ကြောင်လူကြီးတစ်ယောက် ..
ကြည့်ရဆိုးသည့်အထဲ မျက်မှန်ကိုင်းကရွှေရောင် ... အဲ့သည်မျက်မှန်ကိုင်းနောက်က
မှုန်သုန်သုန်မျက်လုံးတွေနဲ့ ..
ကလေးသာသာ အရည်ချင်းနဲ့ ငနဲ .. "မစ္စတာဗိတ် .. နော်မန်ဗိတ်" ... 🧔🧔🧔

သူတစ်ကိုယ်တည်းနေလို့လည်း ဘာပြဿနာမှ များများစားစားမရှိ ...

ရှိတာက ..
သူအမေလို့ ခေါ်ခေါ်နေတဲ့ အဘွားကြီး ... 👵🏼👵🏼
သူ့အပြောအရ ..
'အမေကကောင်းကောင်းကျန်းမာတာမဟုတ်ဘူးရယ် .. အမှန်တော့ ခန္ဓာကိုယ်မဟုတ်ဘဲ စိတ် စိတ် .. စိတ်မကျန်းမာတာလို့ပဲပြောရမလား' ...

သူနဲ့စိတ်ရောဂါသည်အဘွားကြီးနှစ်ယောက်တည်း ရှိလို့လည်း ဘယ်သူမှ စိတ်ဝင်တစားရှိပုံမပေါ် .. လူမလာသူမလာ လမ်းကြိုလမ်းကြားထဲ ဟော်တယ်ကလေး တစ်လုံးဖွင့်ပြီး စားသောက်နေတဲ့ သူတို့သားအမိကို ဘယ်သူကမှလည်း အဆက်ဆံမရှိ .. သူတို့ကလည်း ပတ်ဝန်းကျင်ကို အဖတ်မလုပ် .. ကြာလေတော့ နှစ်ယောက်တည်း တစ်ကမ္ဘာတည်နေကြတော့တာပါပဲ ...

မွှေတာက .. 'မေရီ' ဆိုတဲ့ခပ်လှလှမိန်းကလေး .. 👩🏻‍🦰👩🏻‍🦰👩🏻‍🦰
စင်စစ် 'မေရီ' ကြောင့်ရယ်လည်း မဟုတ်ပါဘူး
အဓိက မွှေတာက ဒေါ်လာလေးသောင်း ...
'မေရီ' တစ်ယောက် ဒေါ်လာလေးသောင်း လက်ထဲရောက်မှ စိတ်ဖောက်ပြီး ပြဿနာက စတော့တာပါပဲ ....

မေရီကရိန်းတစ်ယောက် ဒေါ်လာလေးသောင်းကို ကားပေါ်တင်ပြီး .. သူ့ချစ်သူ 'ဆမ်' ရှိတဲ့ ဖဲယားဗဲမြို့ကိုထွက်လာတဲ့အချိန် မိုးကလည်းသည်း မှောင်ကလည်းမှောင်နဲ့ တွေ့ကရာဟော်တယ်တစ်ခုမှာဝင်တည်း ... ဖြစ်ချင်တော့ တည်းတဲ့ဟော်တယ်က .. မစ္စဗိတ်ဆိုတဲ့ ခပ်ကြောင်ကြောင်လူကြီးရဲ့အပိုင် ...

ကောင်မလေးကို အခန်းတွေပေး .. ညစာတွေကျွေး .. အဲ့သည်အထိကတော့ ဇာတ်လမ်းက ပုံမှန်ပါပဲ .. ပုံမမှန်တဲ့ဇာတ်လမ်းက ခုမှစတာ ...
ကောင်မလေး .. စားပြီးသောက်ပြီးတော့ အခန်းထဲပြန် .. အဝတ်စားတွေချွတ်ပြီး ရေချိုးမယ်ဆိုတာ ဟိုလူကြီး နှာဘူးကြီး နော်မန် တပ်အပ်သိနေပြီကော ... သိမှာပေါ့ ..
ရုံးခန်းဘေးကပ်လျက်ခန်းကရှိနေသူက ကောင်မလေး မေရီ ...
ဒီဘက်ရုံးခန်းထဲက ရေချိုးခန်းကို လွန်ပူနဲ့ဖောက်ထားတဲ့ ချောင်းကြည့်ပေါက်က ခိုးချောင်းနေတာက နော်မန် ... ဘရန်ဒီလေးတစ်ခွက်ရယ် မြင်ကွင်းရှေ့က ဘလာကျင်းထားတဲ့ မိန်းကလေးရယ် .. နော်မန်တစ်ယောက် ဇိမ်ကျနေတုန်း ..
အဘွားကြီး .. ဟို စိတ်ရောဂါသည် အဘွားကြီး .. အဘွားကြီးတစ်ယောက်လုံးဘေးနားလာရပ်နေတာတောင် မသိတဲ့ နော်မန် .. လောကကြီးနဲ့ အဆက်သွယ်ပြတ်နေတဲ့နော်မန် ..
သတိဝင်ချိန်မရဘဲ အဘွားကြီးလက်စာမိပြီး မေ့မြောသွားတဲ့နော်မန် ...
ဘာမှမသိဘဲ ... အေးအေးဆေးဆေး ရေပန်းအောက်မှာ သာသာယာယာရေချိုးနေတဲ့ မေရီ တစ်ယောက် ...
ရေချိုးခန်းလိုက်ကာ ရုတ်တရက်ပွင့်သွား၏ ..
မေရီ မြင်ရသည်က မျက်နှာတစ်ခု ... မျက်နှာတစ်ခုဆိုသည်ကား .... မျက်နှာဖုံးတစ်ခုလိုလို .. ပဝါတစ်စက ဖွာရာနေသောဆံပင်များနှင့် .. ဖန်ရောင်လိုအေးစက်နေသော မျက်လုံးများက ပြူးပြူး .. မျက်နှာတစ်ခုလုံး ပေါင်ဒါက ဖွေးဖွေး .. ပါးစုန့်အပေါ်က အနီရောင်မှုန့်များက သန်းနေတဲ့ မျက်နှာကြီးတစ်ခု .. ရူးသွပ်နေသော မိန်းမကြီးတစ်ယောက်ရဲ့ မျက်နှာကြီး ...
မျက်နှာနှင့်တကွ .. သားလှီးဓားတစ်ချောင်းကိုင်ထားတဲ့ လက်တစ်ချောင်း ... 🔪🔪🔪
သည်ဓားသည်ပင် မေရီ ၏ အသံကုန်အော်ဟစ်နေခြင်းကို ဖြတ်ပစ်လိုက်သည် ..
အော်သံ နှင့်တကွ မေရီ ၏ ဦးခေါင်းလည်း ပါ၏ ...
အဖြစ်ပျက်များပြီးသည့်နောက် ... မေရီရဲ့ချစ်သူ ဆမ် နှင့် မေရီရဲ့ ညီမ လိုင်လာ တို့နှစ်ယောက် ကြုံတွေရမယ့် ထူးထူးဆန်းဆန်း အကြောင်းရာတွေကို ... သည် #စိတ္တဇ စာအုပ်ထဲ ရှာဖွေကြည့်လိုက်ကြတော့ ... 😅😅😅

လွိုင်ကော်က Bookaholic လေးတွေ ဖတ်ချင်တယ်ဆိုရင် chat book ကတစ်ဆင့်ဆက်သွယ်ပြီး (Free) လာရောက်ငှားရမ်းလို့ရပါတယ် 🍀🍀🍀


Address

သီတာလမ်း, ဈေးပိုင်းရပ်
Loikaw

Telephone

+9595601196

Website

Alerts

Be the first to know and let us send you an email when Loikaw Bookaholic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Loikaw Bookaholic:

Share

Category