STG Trading 2019

STG Trading 2019 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STG Trading 2019, Shopping & retail, ည/၇၃ ၊ ညောင်ဖြူစခန်းရပ်ကွက် ၊နယ်မြေ(၁) ၊ ရွှေသစ္စာလမ်း ၊ တောင်ကြီးမြို့။, Loikaw.

ဘားကတ်တာလေးတွေရောက်ပြီနော်
24/09/2019

ဘားကတ်တာလေးတွေရောက်ပြီနော်

24/09/2019

တောင်းပန်တယ် အမေ...🙏

ပြောပြီးသားစကားကို အမေမကြားလို့ နောက်တစ်ခါ
ထပ်မေးလာတဲ့အခါ စိတ်မရှည်ခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

ထမင်းစားနေရင်းတန်းလန်း ပန်းကန်ထဲကို
ဟိုဟင်းတွေ ထည့်ပေး၊ ဒီဟင်းတွေ ထည့်ပေး
အမေလုပ်တဲ့အခါ စိတ်ရှုပ်ခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

နောက်ဆုံးပေါ်နည်းပညာတွေကို အမေမသိလို့
မေးလာတဲ့အခါ မပြောချင်သလို၊ ပြောချင်သလို
အိုက်တင်ခံခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

အပြင်ရောက်နေလို့ တော်တော်နဲ့ အိမ်ပြန်မလာရင်
စိတ်ပူပြီး ဖုန်းဆက်တာကို ခပ်ပြတ်ပြတ်ပြောပြီး
ဖုန်းချခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

အပြင်သွားခါနီးတိုင်း အစစအရာရာ သတိဝီရိယထားဖို့
တတွတ်တွတ်မှာနေတာကို အရေးမပါသလို
ထင်ခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

နေထိုင်မကောင်းဖြစ်တုန်း ဆေးသောက်ဖို့၊
ဆေးလိမ်းဖို့ အမေပြောလာတဲ့အခါ
မလိုပါဘူးထင်ပြီး ငြင်းခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

တခါတလေ အမေ အထီးကျန်နေမှန်းသိလျက်နဲ့
အဖော်လုပ်ပေးဖို့ ပျက်ကွက်ခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

အပြင်မှာ စားသောက်ပြီး ပြန်လာတဲ့အခါ
အုပ်ဆောင်း အောက်က အမေ့ဟင်းတွေကို
သတိမေ့နေခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

တစ်ခုခုကို အမေခိုင်းတဲ့အခါ ဆောင့်ကြီးအောင့်ကြီးနဲ့
မျက်နှာရှစ်ခေါက်ချိုးလုပ်ခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

တချို့ကိစ္စတွေမှာ အမေတစ်ယောက်ရဲ့ခံစားချက်ကို
ကိုယ်ချင်းစာပြီး နားလည်ပေးဖို့ သတိမေ့နေခဲ့မိလို့...

တောင်းပန်တယ် အမေ...🙏

နောင်နှစ် အမေများနေ့တွေ ရောက်လာတဲ့အခါတိုင်း
အခုလို တောင်းပန်ရတာတွေ နည်းနည်းသွားစေဖို့
ပိုသိတတ်ပြီး ကြိုးစားပါဦးမယ် အမေ...။ ᠌᠌᠌

မေမေ ကျန်းမာ အသက်ရှည်ပြီး စိတ်ချမ်းသာပါစေ ။ ။

©®Sai Min Thant

23/09/2019

လက်ကားအရောင်းသမားတွေ
လမ်းပေါ်ထွက် ဈေးရောင်းရပြီဆိုရင်
သေချာတယ် ……

အဲဒါဟာ
ဝယ်လိုအား အသက်ရှူကြပ်ချိန် မို့ပါ။

တနည်းအားဖြင့်
ဝယ်ယူသုံးစွဲသူတွေလက်ထဲမှာ
ငွေကြေးစီးဆင်းမှု နည်းနေပါပြီ..။

ဒါကြောင့် မဝယ်နိုင်ကြတော့တာပါ..။
မဝယ်ချင်လို့ မဟုတ်ပါဘူး။

ဒီလို ဘာကြောင့်ဖြစ်ရပါသလဲ..။

ကုန်ပစ္စည်းတွေ ဈေးကြီးလွန်းလို့လား။
ဒါလဲ မဟုတ်ပါဘူး။
ဝယ်စရာ ပိုက်ဆံကို မရှိတာပါ။
ဝယ်ချင်ပါတယ်..။
ဝယ်ဖို့လဲ လိုနေပါတယ်။
ဒါပေမယ့်လက်ထဲမှာ ပိုက်ဆံမရှိဘူးလေ။
ဘာနဲ့ ဝယ်မှာတုန်း။

အရောင်းအဝယ်ရဲ့ သဘောက
ပစ္စည်းထုတ်သူက လက်ကားသမားကို
အားကိုးပြီးထုတ်တာ။

လက်ကားသမားကမှ သူထုတ်သမျှကို
ဒိုင်ခံဝယ်နိုင်တာလေ။

ဒါမှ မဟုတ် လက်ကားသမားက
သူရောင်းကောင်းမယ့် ပစ္စည်းကို အမှာပေးပြီး
ထုတ်ခိုင်းတာလေ။

ဒါမှသာ သူ့စက်ရုံလည်ပတ်နိုင်မှာပေါ့။

အခုတော့ လက်ကားသမားတွေ ခမျာမှာလဲ
ပစ္စည်း ထပ်မမှာနိုင်။

မှာဖို့နေနေသာသာ အရင်က မှာထားပြီးသား
ကုန်စည်တွေတောင်
အများကြီးကျန်နေသေးတယ်..။

လက်ကားသမားကလဲ နယ်ပေါင်းစုံက
လက်လီသမားတွေကို အားကိုးရတာ။

သူတို့ကို ဝယ်ချင်လာအောင်
စည်းရုံးဖြောင်းဖျ ရတာ။

လက်လီသမားက ဆယ်ခုမှာရင်
"လိုလိုမယ်မယ်” ဆိုပြီး ၁၅ ခု
ထည့်ပေးတာမျိုး ..
ငွေရှင်းရမယ့် ရက်ကို
နောက်ဆုတ်ပေးရတာမျိုး..။

ရှေးတုန်းက အရောင်းအဝယ်လုပ်ရင်
"သာတမ်း” ဆိုပြီးထည့်ပေးရတဲ့
ဆယ်ခုဝယ် နှစ်ခုပိုထည့်ပေး ဆိုတာမျိုး ..။

တစ်ခါ ကော်မရှင်က ဘယ်နှစ်ရာခိုင်နှုန်းဆိုပြီး
သူရောင်းကုန်နိုင်တဲ့ ပမာဏ အပေါ်မှာ
မက်လုံးပေးရတာမျိုး။
တတ်သမျှ မှတ်သမျှ နဲ့
သာသာထိုးထိုး ရောင်းရတယ်။

အဲဒီမှာ လက်လီ သမားက သူ့လက်ထဲကနေ
နောက်ဆုံး အဆင့် ဝယ်သုံးမယ့်သူကို
ရှာရပြန်ရော..။

သူကတော့ ဆက်ဆံရေး နယ်ပယ်
ကျယ်ဝန်းရတယ်..
ဈေးမှန်ရတယ်.. ပစ္စည်းမှန်ရတယ်..
အာမခံရတယ်..
ဝယ်ချင်အောင် ဆွဲဆွဲဆောင်ဆောင်
ပြောတတ်ရတယ်.. ။

တွန်းတွန်းထိုးထိုးလဲ ရောင်းတတ်ရတယ်..။

အဲဒီလိုနဲ့ ကုန်စည်တွေရဲ့ သံသရာဟာ
နောက်ဆုံး သုံးသူ ဆီမှာ ပြတ်ပါလေရော။

အခု အဲဒီ နောက်ဆုံး သုံးစွဲမယ့်သူတွေက
လက်ထဲမှာ ငွေမရှိတဲ့ အခါ
ဘာနဲ့ ဝယ်ကြမလဲ..။

စပါးပေး.. ပဲပေး.. ငါးပေး.. ပုဇွန်ပေး နဲ့
ဝယ်ကြ မှာလား.။

သူတို့ဒေသက ထွက်ကုန်တွေ ယူလာပြီး
တန်ဖိုးသင့်ပြီးလဲယူကြမှာလား။
အသက်ရှူချောင်အောင်
အခြေအနေတစ်ခုတော့ လိုနေပါပြီ။

အဖြေရှာကြည့်တဲ့ အခါ မှာ
ပထမ ဆုံးတွေ့တာက ငွေကြေးလဲလှယ်နှုန်း..

ဒုတိယ တွေ့တာက ပြည်ပ တိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှု..

တတိယ တွေ့တာက ကုန်ထုတ်စွမ်းအားစု..

စတုတ္ထတွေ့တာက
ဈေးကွက်ရှာနိုင်တဲ့ အရည်အချင်း..

ပဉ္စမတွေ့တာက
ကုန်စည် ပို့ဆောင်စီးဆင်းနိုင်စွမ်း

ဆဋ္ဌမတွေ့တာက ဘဏ်လုပ်ငန်းရဲ့
ငွေကြေးလည်ပတ်ပုံ မချောမွေ့မှု ..

ဒါတွေအားလုံးကို
ဘယ်အရာက ထိန်းချုပ်ထားတာလဲ
ကြည့်လိုက်တော့ ဥပဒေ လုပ်ထုံးလုပ်နည်း နဲ့
အခွန်အခတွေ.. ဟူးးးးးးးးးးးးးးးးးးးးး။

လုပ်ငန်းရှင်တွေကို သနားမိတယ်.။

ကိုယ်ထူကိုယ်ထ ကိုယ့်ဖာသာကိုယ်
ကြိုးစားပြီး
ထူမတ်လာခဲ့ကြတဲ့ လုပ်ငန်းရှင်တွေ
ညည်းတွားကုန်ကြပြီ..။

သူတို့ကို မှီခိုနေကြတဲ့ လုပ်အားရှင်တွေ
မျက်နှာငယ်ကုန် ကြပြီ။

တစ်နွယ်ငင်ရာကနေ တစ်စင်လုံး
ယိုင်ပြီးပါလာပြီ။ ဘယ်လိုလုပ်ကြမလဲ။

ပြေးလမ်းပေါ်မှာ ဆက်ပြေးမလား
ရပ်ကျန်နေခဲ့မလား။

ရပ်နေခဲ့မယ် ဆိုရင်တော့ သဘောပါ။
မနေဘူး ဆက်ပြေးမှာ ဆိုရင်
ဒါတွေ လုပ်ရပါမယ်။

နည်းလမ်း ၁။ ။Diversify လုပ်ရပါမယ်..။

ခွဲခြမ်းစိတ်ဖြာ အသေးစိတ်လိုက်ရပါမယ်..။

ဘာကို ခွဲခြမ်းစိတ်ဖြာရမှာလဲ?
ပြောပါမယ်လေ..။

ကိုယ့်ရဲ့ ဖေါက်သည်တွေကိုပါ။

ကိုယ့်ဆီက ဘယ်သူတွေ ဝယ်နေကျဆိုတာ
ရောင်းသူတိုင်း သိကြပါတယ်..။

အဲဒီ လောက်နဲ့ပဲ ကြေနပ်မနေပါနဲ့ ..။

သူတို့ မဝယ်တော့ရင်
ကိုယ့်မှာ ရောင်းစရာ တွေ ပုံနေတော့မယ် ..

ရောင်းမကုန်တော့ဘူး ဆိုတာ
အလိုလို သိနေရပါမယ်..။

ဒါကြောင့် ဝယ်မယ့်သူတွေဆီကို
အရောက်သွားဖို့ ခြေလှမ်းပြင်ပါ.။

မိုးလင်း ဆိုင်ဖွင့် ဝယ်သူမျှော် ဆိုတဲ့
အခြေအနေနဲ့ ဆို မကြာခင်
အဲဒီလုပ်ငန်း ပိတ်သိမ်းရတော့မှာ..။

ဒါကြောင့် “ဝယ်သူအသစ်ရှာ ခြေဆန့်ပါ”
(အသစ်ရှာတဲ့ အခါ ဘာတွေလုပ်ရမယ်
ဆိုတာ သီးသန့်မေးပါ..။ )

နည်းလမ်း ၂။ ။နည်းလမ်း ၁ ရဲ့ အဆက်ဖြစ်ပြီး
အလွန်သတိထားရမယ့် ကိစ္စဖြစ်ပါတယ်..။

ဝယ်သူအသစ် ရှာနေတုန်း ခြေဆန့်နေတုန်းမှာ
ဝယ်သူဟောင်း မိတ်ဟောင်းတွေကို
ပိုဂရုစိုက်ပါ..။ မလျှော့လိုက်ပါနဲ့ ..။

သူတို့ဆီကို ကိုယ်တိုင်ရောက်အောင်သွားပါ။
သတင်းမေးပါ။
မိတ်ဖက်ကို ခိုင်မာအောင်လုပ်ပါ။

သူတို့ ဘယ်သူ့ဆီက ဘာဝယ်ရမှန်း မသိပဲ
ဇဝေဇဝါ ဖြစ်နေချိန်မှာ
ကိုယ့်ဖက်က အကောင်းဆုံး ပေးဆပ်ပြီး
ချဉ်းကပ်ပြီးနဂိုထက် ပိုရင်းနှီးအောင် လုပ်ယူပါ။

(နည်းလမ်းကို သီးခြား ဆွေးနွေးမေးမြန်းနိုင်ပါတယ်)

နည်းလမ်း ၃။ ။ ခြေလှမ်းသွက်သွက်လှမ်းပါ။

ဒါလဲ နည်းလမ်း ၁ ရဲ့ အဆက်ပါပဲ။ မပျင်းပါနဲ့။
အချိန်မဆွဲပါနဲ့ ။ မတွေဝေပါနဲ့။

ဟုတ်မှ ဟုတ်ပါ့မလား ဆိုပြီး
ဇဝေဇဝါ ဖြစ်မနေပါနဲ့..။

နောက်ဆုံး တစ်ချက်က ကုန်ကျစရိတ်ကို
ပေသီးခေါက်ပြီးတွက်ကပ်မနေပါနဲ့။

ဘယ်ကုန်စည် ဘယ်ပစ္စည်းမှ သူ့အလိုလို
ရောင်းထွက်ပြီး ပိုက်ဆံရလာမှာ
မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။

အထူးသဖြင့် အရောင်းပါးတဲ့ ကာလ
ကြာရှည်လာပြီ ဆိုရင် ခါတိုင်းထက် သွက်သွက်
လှုပ်ရှားပါ…။

"ထိုင်စောင့်နေရင် ငတ်ဖို့ပြင်”။
(ဈေးကွက်ဗျူဟာကောင်းကောင်း ကို
စဉ်းစားထားပါ။ ပေသီးမခေါက်ပါနဲ့)

နည်းလမ်း ၄။ ။ ဝေးဝေးကို လှမ်းကြည့်ထားပါ။

ဦးဆောင်သူတွေ အပြင်ထွက်ပါ။
နေပူထဲကို ရောက်အောင် ပြန်ထွက်ပါ။

နေ့တဓူဝ အလုပ်တွေကို ရေဘဝဲတစ်ကောင်လို
နေရာတကာ ဝင်ပါနေရာကနေ (ယာယီဖြစ်ဖြစ်)
ရုန်းထွက်လိုက်ပါ။

ဝေးဝေးကို မျှော်ပါ။
ပင်လယ်ကြီး သမုဒ္ဒရာကြီးကို မြင်အောင်ကြည့်ပါ..။
ဝမ်းတစ်ထွာ စာကို ထားခဲ့လိုက်ပါ။

"သမုဒ္ဒရာဝမ်းတစ်ထွာ” ကို အဓိပ္ပါယ် အသစ် ဖွင့်ပါ။

ကိုယ့်ကို ဒီနေရာ ရောက်အောင် ပို့လိုက်တဲ့
ကိုယ့်ရဲ့ အဓိက အားသာချက်တွေက ဘာလဲ
ဆိုတာကို နက်နက်နဲနဲ စဉ်းစားလိုက်ပါ။

မြင်ပြီဆိုရင် အဲဒါကို ဆုပ်ကိုင်ပြီး
အပြင်မြန်မြန်ထွက်ပါတော့။

နည်းလမ်း ၅။ ။လက်ရွေးစင်တွေ
စိစစ်ရွေးထုတ်ပါ။

ဒီတိုက်ပွဲကို ရေရှည်တိုက်ရမှာ..။
Crd

Address

ည/၇၃ ၊ ညောင်ဖြူစခန်းရပ်ကွက် ၊နယ်မြေ(၁) ၊ ရွှေသစ္စာလမ်း ၊ တောင်ကြီးမြို့။
Loikaw
081

Telephone

+959428331192

Website

Alerts

Be the first to know and let us send you an email when STG Trading 2019 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STG Trading 2019:

Share