07/03/2026
ချစ်ကာကာလေးရှာခိုင်းထားတဲ့ မီးအားသက်သာ ရေနွေးငွေ့မီးကြွေလေး😍
မင်မင်တို့ လားရှိုးမြို့က မီးမရသေးတော့ လျှပ်စစ်မီးအတွက် ဆိုလာတွေ၊ မီးစက်တွေ အဓိက အားကိုးနေရတာ😔
ကိုယ်နိုင်တဲ့ငွေအားနဲ့ လျှပ်စစ်မီးပြဿနာဖြေရှင်းနေကြရတာဆိုတော့ တချို့တွေက ဝပ်အားများများမသုံးနိုင်ကြဘူးလေ။(မင်မင်တို့အပါအဝင်ပေါ့😔)။ အဲ့တော့ ဝပ်အားအသုံးနည်းတဲ့ လျှပ်စစ်ပစ္စည်းတွေ ဝယ်သုံးနေရတာ။😔
မီးပူတွေတော်တော်များများက ဝပ် ၁၀၀၀အထက်မှာတွေချည့်ပဲ။,😔
အခုမင်မင်ရှာထားပေးတဲ့ ရေနွေးငွေ့ မီးပူလေးက ဝပ်အား 800W ပဲသုံးတယ်ရှင်။ ဘတ်ဂျက်ကြောင့် ဆိုလာ 1.5kwလောက်ပဲ တပ်ထားတဲ့သူတွေအတွက် ဒါလေးဆို အဆင်ပြေမယ်နော်။😍
အဝတ်တွေကို ရေနွေးငွေ့နဲ့တိုက်လို့ရသလို အခြောက်လဲတိုက်လို့ရပါတယ်ရှင်။ ပြားလိုက်တိုက်လို့ရသလို အင်္ကျီချိတ်မှာ ချိတ်ပြီး ထောင်လိုက်တိုက်လို့လဲ ရတယ်ရှင်။
အရွယ်အစားကလဲ သေးပြီး 434g ပဲလေးတော့ ခရီးဘာညာသွားလဲ ယူသွားရအဆင်ပြေတာပေါ့ရှင်။
Price - 60000kyats
Preorder
Waiting time 2-3weeks