P.K.L online shop

P.K.L online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from P.K.L online shop, Shopping & retail, Lashio.

ခုလို ​ရာသီဥတုနဲ့ဆိုအ​တော်​ပဲ😍😍
12/05/2023

ခုလို ​ရာသီဥတုနဲ့ဆိုအ​တော်​ပဲ😍😍

💛ရိုးသားမှုမရှိရင်​ စစ်​မှန်​တဲ့ဘဝမရှိဘူး။💛ရိုးသားမှုမရှိရင်​ စစ်​မှန်​တဲ့လွတ်​လပ်​မှုမရှိဘူး။💛ရိုးသားမှုမရှိရင်​ ဘာမှမရှိေ...
13/02/2022

💛ရိုးသားမှုမရှိရင်​ စစ်​မှန်​တဲ့ဘဝမရှိဘူး။

💛ရိုးသားမှုမရှိရင်​ စစ်​မှန်​တဲ့လွတ်​လပ်​မှုမရှိဘူး။

💛ရိုးသားမှုမရှိရင်​ ဘာမှမရှိ​တော့ဘူး။

💛ရိုးသားမှုမရှိတဲ့သူဟာ အသက်​ရှင်​လျှက်​နဲ့ဘဝ​သေ​နေတဲ့သူပဲဖြစ်​တယ်​။

ဆရာ​တော်​ဦး​ဇောတိကရဲ့စာအုပ်​မှ​ကောက်​နုတ်​ထားပါသည်​ #

ရောက်​တဲ့ပစ္စည်းတိုင်း​တွေက လိုင်း​ပေါ်မ​ရောက်​​သေးပဲကုန်​ကုန်​​နေ​တော့ 😍
18/12/2021

ရောက်​တဲ့ပစ္စည်းတိုင်း​တွေက လိုင်း​ပေါ်မ​ရောက်​​သေးပဲကုန်​ကုန်​​နေ​တော့ 😍

Ak 6 ​အ​ရောင်​ထွက်​မှန်​အသုံးခံ ​ပေးရတဲ့​ဈေးနဲ့စိတ်​​ကျေနပ်​မှုရ​စေတာအမှန်​ပါ​နော်​8500ks
23/11/2021

Ak 6 ​အ​ရောင်​ထွက်​မှန်
အသုံးခံ
ပေးရတဲ့​ဈေးနဲ့စိတ်​​ကျေနပ်​မှုရ​စေတာအမှန်​ပါ​နော်
8500ks

ဝယ်​ယူအား​ပေးမှုအတွက်​​ကျေးဇူးပါလို့😘😘😘
21/11/2021

ဝယ်​ယူအား​ပေးမှုအတွက်​​ကျေးဇူးပါလို့😘😘😘

ကျွန်းနက် သန်လျက် ဆိုတာက -ကျွန်းနက်စစ်စစ်ကို သန်လျက်ပုံစံ ထွင်းထားသော အသားဖြစ်ပါတယ်။◼️ တချို့ယောင်္ကျားလေးတွေက  ဒီကျွန်းနက...
19/11/2021

ကျွန်းနက် သန်လျက် ဆိုတာက -

ကျွန်းနက်စစ်စစ်ကို သန်လျက်ပုံစံ ထွင်းထားသော အသားဖြစ်ပါတယ်။

◼️ တချို့ယောင်္ကျားလေးတွေက ဒီကျွန်းနက်သန်လျက်ကို ပန်းထိမ်မှာ ရွှေနဲ့ကွပ်ပြီး ဆွဲသီးလုပ်ဝတ်ကြတယ်နော်

◼️ အမျိုးသမီးတွေလဲ ပိုက်ဆံအိတ်ထဲထည့်၍ အဆောင်အဖြစ်ဆောင်ထားပါက စီးပွားရေးတွင်အောင်မြင်ရုံသာမက ငွေလဲ အရမ်းဝင်တယ်နော် (အမျိုးသမီးများ လုံးဝလုံးဝ လည်မှာဆွဲလို့မရပါရှင့်)

◾ မိမိအာဏာတည်စေလိုသောအခါ
◾ မိမိစကားအောင်စေလိုသောအခါ
◾ မိမိရန်သူများဦးညွှတ်စေလိုသောအခါ
◾ ကျနေသောစန်းလာဘ်ဘုန်းကံကြီးစေလိုသောအခါ
◾ ဈေးရောင်းဈေးဝယ်တွင်အပွင့်သဘောဆောင်သည်ဖြစ်သောကြောင့်အရောင်းအဝယ်ကောင်းစေလိုသောအခါ
◾ ပယောဂအရာတွင်သူမတူအောင်အစွမ်းသိဒ္ဓိရှိသောအခါပယောဂနိုင်လိုသောအခါပယောဂကာလိုသောအခါ
◾ အစိုးရဝန်ထမ်းများရှေ့နေများရုံးပိုင်းဆိုင်ရာပုဂ္ဂိုလ်များ အထူးဆောင်ကြပါတယ်။

◾ တိုက်၊ အိမ်၊ ခြံ၊ မြေ၊ ကား၊ ဆိုင်ကယ်၊ အွန်လိုင်းဈေးရောင်း စတဲ့ အရောင်းအဝယ် တစ်ခုခုကို သင်လုပ်နေတယ်ဆိုရင် အောက်မှာပြောပြမယ့် အဆောင်လေးက သင့်အတွက် မဖြစ်မနေဆောင်ထားသင့်ပါတယ်။
(မူရင်းရေးသားခဲ့သောဆရာများအား Credit ပေးပါတယ်)
--------------------------------------------------------
ဈေးနှုန်း 10,800 Ks
____________________________________

09988631651

မနက်​ခင်းနိုးလာရင်​ ခံတွင်းနံဆိုးဆိုးနဲ့မနိုးချင်​ရင်​ 😷😷Haewon သွားတိုက်​​ဆေးနဲ့သွားတိုက်​ပြီး အိပ်​​နော်​သဲတို့😘Pric...
18/11/2021

မနက်​ခင်းနိုးလာရင်​ ခံတွင်းနံဆိုးဆိုးနဲ့မနိုးချင်​ရင်​ 😷😷

Haewon သွားတိုက်​​ဆေးနဲ့သွားတိုက်​ပြီး အိပ်​​နော်​သဲတို့😘

Price 16500ks

Freesize. lb 130ထိရ9000ks Bkk အသား​လေးcb / 09988631651
16/11/2021

Freesize. lb 130ထိရ
9000ks Bkk အသား​လေး
cb / 09988631651

📌 ရေနဲ့ထိရင် မဲသွားတယ်​ 📌 ဝါးမီးသွေးနဲ့လုပ်ထားတာကို မဲမှာပေါ့ မယုံကြည်သူတွေရဲ့စကားသံတွေပါ 😄(ရေနဲ့ထိရင်မဲတယ်မှန်ပါတယ် ဒါေ...
15/11/2021

📌 ရေနဲ့ထိရင် မဲသွားတယ်
📌 ဝါးမီးသွေးနဲ့လုပ်ထားတာကို မဲမှာပေါ့

မယုံကြည်သူတွေရဲ့စကားသံတွေပါ 😄
(ရေနဲ့ထိရင်မဲတယ်မှန်ပါတယ် ဒါပေမယ့် ​ကပ်ပြီး
အမဲရည်ထွက်တာနဲ့ လုံးဝမတူပါဘူး )

တစ်ခုလောက်ပြောပါရစေ Footpatch အမျိုးမျိုးရှိတယ်
နိုင်ငံခြားသားတွေလည်း သုံးကြတာတွေ့တယ်
တချို့က အဆီတွေကို footpatch ကပ်ပြီးချတယ်

ဒါတွေဟာ အမှန်တကယ်ထိရောက်မှုမရှိရင်
ဈေးကွက်ထဲ ဘယ်လိုရပ်တည်နိုင်မှာလဲနော် 😁

ဟန်နုမာန်ဆိုတာလည်း ယုံကြည်ပြီးသုံးစွဲသူအတွက်
တစ်စုံတစ်ခု ပေးစွမ်းနိုင်လို့
သုံးစွဲဖူးသူများ ပါးစပ်ဖျားမှာ "တကယ် ကောင်းတယ်"
ဆိုတဲ့စကားသံပဲ ကြားနေရပါတယ်

ကျမပြောတာကို မယုံပါနဲ့ 📌

ကိုယ်တိုင်စမ်းသပ်မှ တကယ်သိမှာပါ
အဲ့လို အမဲရည် အများကြီးထွက်ပြီးရင် ဘယ်လောက်ပေါ့ပါးသွားတယ်ဆိုတာ 😍


crd

ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါအားနေရင်ဈေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါခြင်းတောင်းအပြည့်ေ...
14/11/2021

ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

အားနေရင်ဈေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါ

ခြင်းတောင်းအပြည့်ဈေးဝယ်လာပြီး
လိုအပ်တာတွေရလာလို့စိတ်ပျော်ရွှင်ရပေမယ့်
တခါတလေ ငွေတွေအရမ်းကုန်သွားလို့
ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့အခါတွေလည်း
လူအားလုံးမှာရှိတတ်ကြပါတယ်
ခြင်းထဲကပစ္စည်းတွေကိုပြန်ကြည့်ပါ
တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ
ပါလာတတ်ပါတယ်
တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း
ဖြစ်နေတတ်ပါတယ်
လိုရမယ်ရဝယ်ထားလိုက်ပြီး
ဝယ်ပြီး၆လတစ်နှစ်အထိ
မသုံးရတဲ့ပစ္စည်းတွေလည်းဖြစ်နေတတ်ပါတယ်
ဒါ့ကြောင့် market placeတွေ
ပေါများလွန်းတဲ့ခေတ်မှာ
လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ
ခြင်းတောင်းတလုံးနဲ့ပတ်ကြည့်နေပြီး
ဝယ်ချင်တာကို ကောက်ထည့်ပြီး
မိမိစိတ်နောက်
ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ
သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို
သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့်
နောင်တချိန်မှာ ငွေမစုမိခဲ့လို့
ဆင်းရဲဒုက္ခရောက်နေချိန်မှာ
သင့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး

#ချက်ပြီးသားတွေရှိလျက်နဲ့အပြင်ထွက်စားခြင်းကိုတတ်နိုင်သမျှလျှော့ပါ

တခါတလေ အိမ်မှာဟင်းတွေအများအပြားချက်ထားပေမယ့်
မစားချင်တော့လို့အပြင်ထွက်စားကြတာမျိုး
ရှိတတ်ကြပါတယ်
အပြင်အစားအစာတွေဟာစားကောင်းတယ်
အနံ့အရသာအိမ်မှာနဲ့မတူဘူး
ဇိမ်ရှိရှိစားနိုင်တယ်
စားရတာပျော်စရာကောင်းတယ်
ဟုတ်ကဲ့
ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့
ဒါဟာ ပိုက်ဆံဖြုန်းတီးတာသက်သက်ဖြစ်သွားပါတယ်
အပြင်မှာစားမယ်အစီအစဉ်ရှိရင်
အိမ်မှာမချက်ပါနဲ့
နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ
ရေခဲသေတ္တာထဲကနေ date ကုန်လို့
အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ
ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ
ဒါ့ကြောင့်' ဥစ္စာပြို စားဖိုက'တဲ့
ရှေးစကားပုံတောင်ရှိပါတယ်

#အားမနာပါနဲ့

လူတချို့ကိုအားမနာပါနဲ့
မိမိကုန်သွားမယ့်ပိုက်ဆံတွေဟာ
တကယ့်မိတ်ဆွေတွေအတွက်
ကုန်သင့်လို့ကုန်တာလား
မကုန်သင့်တဲ့လူတွေကို
အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ
သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက်
တွေ့သမျှလူတွေ ကြုံသမျှကိစ္စ
မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာမလိုအပ်ပါဘူး
မိတ်ဆွေကောင်းတွေအတွက်
သာရေးနာရေးဟာ မသွားမဖြစ်ကူညီရပါမယ်
ဒါပေမယ့်
အားနေလို့ အလကားထထလုပ်နေတဲ့
မွေးနေ့ပွဲတွေ
တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ
ဘာမှန်းမသိတဲ့အလှူခံတွေ အတွက်
သင်ကူညီနေရမယ်ဆိုတော့
သင်ငွေစုမိမှာမဟုတ်ပါဘူး
နောက်.....ကတိမတည်တဲ့လူတွေရဲ့
အကြောင်းအမျိုးမျိုးတွေကြောင့်
အလွယ်တကူငွေချေးမိတာမျိုးကိုလည်း
မလုပ်သင့်ပါဘူး
ဒါကြောင့် အရာရာကိုသိပ်အားမနာပါနဲ့

#အရည်မရအဖက်မရအရာတွေအတွက်ငွေသိပ်မဖြုန်းပါနဲ့

နေ့စဉ် ၂ထောင် ၃ထောင်ဖိုးကွမ်းစားတာတွေ
နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ
အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်
နေ့တိုင်းကုန်နေတာတွေ
နေ့တိုင်း spa သွားနေတာတွေ စတဲ့
အသေးသုံးငွေတွေဟာ
သင်သာ ဘရိတ်မအုပ်တက်ရင်
အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ်
နေ့စဉ် ငွေအနည်းငယ်တွေဟာသိပ်မသိသာပေမယ့်
လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ
သိန်းဂဏန်းဖြစ်နေတာကိုတွေ့ရမှာပါ
ဒါ့ကြောင့် အသေးစားသုံးတာတွေကို
လျှော့ချကြည့်ပါ
ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ်
ငွေမသုံးရ မဖြုန်းရရင်
မနေနိုင်တဲ့လူတွေအများကြီးရှိပါတယ်
သင်သတိထားကြည့်ပါ
အထည်ကြီးပျက်တော်တော်များများဟာ
သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင်
ဖျက်ဆီးခဲ့တာများပါတယ်
သူတို့ကို သင်နမူနာယူပါ

#တိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

ဟုတ်ကဲ့
အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ
လကုန်ရင်ဒီလစာသာရမှာဖြစ်လို့
ဝင်ငွေတိုးမလာနိုင်တဲ့အခါ
ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှလျှော့ချကြည့်ပါ
လူတော်တော်များများဟာ
မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း
အသက်တွေကြီးလာတဲ့အခါ
စီးပွားရေးလည်းမလုပ်တက်
ရင်းနှီးမြှုပ်နှံမှုလည်းမရှိနဲ့
ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို
မြင်ဖူးကြမှာပါ
အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး
ငွေမဖြုန်းပါနဲ့တော့

တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး
တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ်
ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့
ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့
ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့မတွေးပါနဲ့
အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့
သင့်ထက်အများကြီးပင်ပန်းခံပြီး
ရှာဖွေနေရသူတွေအများကြီးရှိနေတယ်ဆိုတာ
သတိပြုပါ
ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက်
ငွေ တစ်သောင်း ငွေတစ်သိန်းဟာ
အလွန်တန်ဖိုးရှိတယ်ဆိုတာ သင်မမေ့ပါနဲ့

မိတ်ဆွေ
ငွေသုံးပါ
ငွေမဖြုန်းပါနဲ့...

Crd Original Uploader

မင်္ဂလာရှိတဲ့နံနက်​ခင်း​လေးပိုင်​ဆိုင်​နိုင်​ကြပါ​စေ😊
14/11/2021

မင်္ဂလာရှိတဲ့နံနက်​ခင်း​လေးပိုင်​ဆိုင်​နိုင်​ကြပါ​စေ😊

Address

Lashio

Website

Alerts

Be the first to know and let us send you an email when P.K.L online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share