Maric. Collections

  • Home
  • Maric. Collections

Maric. Collections Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maric. Collections, .

Permanently closed.
28/11/2021

မင်မင် page ခနရပ်ထားပါတယ် မှာရတာလဲ အဆင်မပြေသေးလို့ပါ 😁😁😘

17/04/2021

"ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်အောင် အဝတ်အစားဆင်မြန်းတတ်ဖို့ဆိုရင်"

မင်္ဂလာပါချစ်တို့ရေ။ မေသော့်ကို Inbox ကနေ ပိန်လို့ ဝလို့ အရပ်ပုလို့ ရှည်လို့ စသဖြင့် အမြဲမေးတတ်တဲ့ ပျိုမေတွေအတွက် ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ရှင်မျိုးလေးတွေ ရွေးချယ်ဝတ်ဆင်သင့်တယ်ဆိုတာ သေချာ သိရအောင်လို့ I am Fashion မှာ ရေးသားပေးခဲ့ဖူးတဲ့ စတိုရီလင့်ခ် လေးတွေ ပြန်စုပေးထားပါတယ်နော်။ ကိုယ်ဖတ်ချင်တဲ့ လင့်ခ်လေးနှိပ်ပြီး ဝင်ဖတ်နိုင်ပါပြီ။

🔸 အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတဲ့ Pear Body Shape သမားတွေ ဘယ်လိုတွဲဖက်ဝတ်ဆင့်သင့်သလဲ ဆိုတာ
https://m.facebook.com/story.php?story_fbid=2257370174383043&id=969717173148356

🔸ခါးတုတ်ပြီး ပခုံးကျယ်တဲ့ ပန်းသီးသဏ္ဍာန်လိုခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် သိထားရမယ့် ဖက်ရှင်ရေးရာများ https://m.facebook.com/story.php?story_fbid=2359901464129913&id=969717173148356

🔸 ခြေသလုံးတုတ်တဲ့ပျိုမေတွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာ အချက်များ
https://m.facebook.com/story.php?story_fbid=2929035337216520&id=969717173148356

🔸 ဗိုက်ပူပြီးဗိုက်ခေါက်ရှိတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်များ
https://m.facebook.com/story.php?story_fbid=1967517290035001&id=969717173148356

🔸လေးထောင့်ကျကျခန္ဓာကိုယ်ပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ရေးရာများ
https://m.facebook.com/story.php?story_fbid=3046160168837369&id=969717173148356

🔸 လူကောင်သေးတဲ့အပြင် ခြေတံတိုတဲ့ ပျိုမေ တွေ မဖြစ်မနေသိထားရမယ့်အရာ (၆) မျိုး
https://m.facebook.com/story.php?story_fbid=1971954706257926&id=969717173148356

🔸 ခြေထောက်ခွင်တဲ့ ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3402903859829663&id=969717173148356

🔸 တင်ဘေးချိုင့်တဲ့ အမျိုးသမီးတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3357416717711711&id=969717173148356

🔸 အရပ်ပုတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် (၁၀)ချက်
https://m.facebook.com/story.php?story_fbid=3332353856884664&id=969717173148356

🔸 Plus Size မို့ဆိုတဲ့ ဖက်ရှင်စည်းမျဉ်းတွေကိုမေ့ပြီး ဝတ်ချင်တာတွေကို အလိုက်ဖက်ဆုံး တွဲကြည့်နိုင်ဖို့
https://m.facebook.com/story.php?story_fbid=3223729631080421&id=969717173148356

🔸 အရပ်ရှည်တဲ့ပျိုမေတွေ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဘယ်လိုရွေးချယ်နိုင်မလဲ
https://m.facebook.com/story.php?story_fbid=3442772499176132&id=969717173148356

🔸 ခန္ဓာကိုယ်ပိန်သွယ်ပြီး ရင်သားသေးတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ
https://m.facebook.com/story.php?story_fbid=3491357490984299&id=969717173148356

🔸 ခါးလျားရှည်တဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ
https://m.facebook.com/story.php?story_fbid=3552371898216191&id=969717173148356

🔸"ခါးလျားတိုတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ"
https://www.facebook.com/100044307945526/posts/434016964751898/

🔸 တြိဂံဇောက်ထိုးခန္ဓာကိုယ်အချိုးအစားပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ"
https://m.facebook.com/story.php?story_fbid=3515769345209780&id=969717173148356

🔸အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အချိုးအစား ၁၂မျိုးထဲ ကိုယ်က ဘယ်အမျိုးအစားဖြစ်သလဲ"
https://m.facebook.com/story.php?story_fbid=595920495228210&id=100044307945526

အချစ်တွေနဲ့မေ =)





14/03/2021
14/03/2021

မင်္ဂလာပါရှင့်။ ဒီနေ့တော့ ဂျင်းဘောင်းဘီတွေ နဲ့ပတ်သက်ပြီး မေသော်ရေးသားခဲ့ဖူးတဲ့ စတိုရီလင့်ခ်လေးတွေ ပြန်စုစည်းပေးလိုက် ပါတယ်နော်။ ဂျင်းဘောင်းဘီအကြောင်း အပြင် ဂျင်းနဲ့ပတ်သက်တဲ့ အခြားတော့ ဂျင်းဂျက်ကတ် DIY လေးတွေပါ တစ်စုတစ် စည်းတည်း ဖတ်လို့ရအောင် ဖော်ပြပေးလိုက် ပါတယ် ချစ်တို့ရေ။ ကိုယ်နှစ်သက်တဲ့ ခေါင်းစဉ်အောက်က လင့်ခ်လေးတွေကို click ပေးပြီး ဝင်ဖတ်ပေးကြပါဦးဗျို့။

(၁) ဂျင်းဘောင်းဘီရွေးချယ်မှုအတွက် မဖြစ်မနေ သိထားသင့်တဲ့ ဂျင်းဘောင်းဘီ အမျိုးအစားတွေ
https://m.facebook.com/story.php?story_fbid=1827582770695121&id=969717173148356

(၂)ဂျင်းစကတ်တွေကို ဘယ်လိုအထာကျ အောင် ဝတ်ဆင်မလဲ
https://m.facebook.com/story.php?story_fbid=978561035597303&id=969717173148356

(၃) ခါးဆိုဒ်ပြသနာ အာရုံမနောက်ရလေ
အောင်
https://m.facebook.com/story.php?story_fbid=1142785372508201&id=969717173148356

(၄)ထသွားထလာဖက်ရှင်အတွက် Ripped Jeansတွေကို ဘယ်လိုဝတ်ဆင်မလဲ
https://m.facebook.com/story.php?story_fbid=1197114460408625&id=969717173148356

(၅)အရိုးဆုံးနဲ့အဆန်းဆုံး ဖက်ရှင်ဆိုတာ (outfits ideas)
https://m.facebook.com/story.php?story_fbid=1227976280655776&id=969717173148356

(၆) ဂျင်းဘောင်းဘီအဖြူကို ဘယ်လိုအထာကျ အောင် ဝတ်ဆင်နိုင်သလဲ
https://m.facebook.com/story.php?story_fbid=1241230202663717&id=969717173148356

(၇)ဂျင်းဘောင်းဘီအနက်တစ်ထည်တည်းနဲ့ စတိုင်အမျိုးမျိုးထွက်အောင် ဘယ်လိုဝတ်မလဲ
https://m.facebook.com/story.php?story_fbid=1339867942799942&id=969717173148356

(၈)ဂျင်းဘောင်းဘီရှည် အနားခေါက်နည်း
https://m.facebook.com/story.php?story_fbid=1673816549405078&id=969717173148356

(၉)ကိုယ့်ရဲ့ဂျင်းဘောင်းဘီ ၊စကတ်တွေကို Ripped Jeans အဖြစ် ကိုယ်တိုင်ပြောင်းလဲ ကြည့်ရအောင်
https://m.facebook.com/story.php?story_fbid=1680123578774375&id=969717173148356

(၁၀) Boyfriend Jeans တွေအကြောင်း
https://m.facebook.com/story.php?story_fbid=1705426229577443&id=969717173148356

(၁၁) Jean Jacket Outfits Ideas
https://m.facebook.com/story.php?story_fbid=1718525778267488&id=969717173148356

(၁၂) Oversize Jean Jacketတွေကို မေသော် နဲ့အတူ Crop လုပ်ကြည့်ရအောင်
https://m.facebook.com/story.php?story_fbid=1718931768226889&id=969717173148356

ကဲ လင့်ခ်လေးတွေ ဝင်ဖတ်ပြီး သဘောကျ တယ်ဆိုရင်၊ အသုံးဝင်မယ်ထင်ရင် ကိုယ်တိုင်အတွက်ရော သူငယ်ချင်းမိတ်ဆွေ တွေအတွက်ပါ share ပေးဖို့ ဒါမှမဟုတ် save post လုပ်ထားကြ ဖို့ မမေ့ကြနဲ့နော်။

14/03/2021

Boots တွေ ဝတ်တော့မယ်ဆိုရင်

2020 မှာတုန်းက ခေတ်စားလာတဲ့ fashion items တွေထဲမှာ boots တွေလည်း ပါတာပေါ့နော် လူတိုင်းလည်း တစ်ရံလောက်တော့ ဝယ်ပြီးပြီလို့ထင်ပါတယ် စျေးတွေကလည်းပေါတယ် အမျိုးအစားတွေကလည်း အမျိုးမျိုးရွေးလို့ရလာကြပြီလေ

ဒါပေမယ့် Boots မှာ အားသာချက် ရှိသလို အားနည်းချက်တွေလည်းရှိပါတယ်
Wang က ဒီနေ့မှာတော့ Boots တွေကို ဝတ်တဲ့အခါမှာ သူ့ရဲ့အားနည်းချက်တွေကို ကွေ့ပတ်ရှောင်သွားလို့ရမယ့် tips လေးတွေကို ပြောပြပေးပါမယ်

1. အရပ်ပုတဲ့သူတွေအတွက်

အရပ်ပုတဲ့သူတွေဆိုတာ ခြေထောက်အောက်ပိုင်းတိုကြတာပါ
Boots မှာလည်း အားနည်းချက်က ဘာလဲဆိုတော့ လည်ရှည်တာပါ
ဘယ်လောက်ဘဲ လည်တိုboots ဖြစ်ပါစေ သာမန် ဖိနပ်တွေထက် ပိုမြင့်နေတတ်ပါတယ်
ပြောရရင် ညို့သကြီး မမြင်ရဘူးပေါ့နော်
ညို့သကြီးမြင်ရရင်တော့ ခြေထောက်ပိုရှည်သလိုဖြစ်တယ်ပေါ့နော်
Boot တွေက မမြင်ရတော့ ဝတ်တဲ့အခါမှာ
ခြေထောက်ပိုတိုသွားစေပါတယ်

သူ့အားနည်းချက်ကို ဘယ်လိုရှောင်မလဲပေါ့နော်

အရပ်ပုတဲ့သူတွေအတွက်

Inner sole ခံစီးပါ တစ်ချို့ boots တွေက heel ပါပါတယ် ဒါပေမယ့် အရမ်းမမြင့်တဲ့ heel မျိုးဆိုရင်တော့ wang က inner sole ခံစီးပါတယ်
Inner sole ရဲ့ အားသာချက်က သူက ခြေထောက်အနောက်ပိုင်းကို ပိုမြင့်ပေးတဲ့ effect ရှိလို့ သာမန်ထက်ပိုပြီး ခြေထောက်ရှည်စေတဲ့ effect ရစေမှာပါ
Boot ဝယ်မယ်ဆိုရင် inner sole ခံမယ်ဆိုရင် တစ်ဆိုဒ်ကြီး သို့မဟုတ် ၂ ဆိုဒ်ကြီးဝယ်သင့်ပါတယ်

2. ခြေသလုံးတုတ်တဲ့သူတွေအတွက်

Boots စီးရင် ခြေသလုံးက သာမန်ထက်နည်းနည်း ပိုတုတ်သွားတာ သတိထားသင့်ပါတယ်
ဘာလို့လဲဆိုတော့
အရောင်ကြောင့်ပါ

Boots ဆိုရင် အမည်းတွေဘဲများတယ်ဟုတ်
Wang တို့တွေ အမည်းရဲ့ အားသာချက်ကို
ဂရုမစိုက်မိတာတွေ ရှိပါတယ်
အမည်းရဲ့ အားသာချက်က ရှိတာထက် ပိုသေးစေတာပါ
အကျီအမည်းဝတ်ရင် ပို ပိန်သွားသလိုပေါ့
ဒီသဘောအတိုင်းပါဘဲ
Boots အမည်းဝတ်ရင်ရော
ခြေထောက်ကို ပိုသေးသွားစေပါတယ်
ခြေထောက်ကို ပိုသေးသွားတာရဲ့ ဆန့်ကျင်ဘက်အချက်က ခြေသလုံးကို ပိုကြီးသွားစေပါတယ်
အဲဒါကြောင့် boots အမည်း ဝတ်ရင် ခြေသလုံးပိုပြီး တုတ်သွားသလို ခံစားရစေပါတယ်

အဲ့တော့ ဘယ်လိုဝတ်ရမလဲ

အခု ဒီ 2020 မှာ white boots တွေ cream boots တွေ ပေါ်လာပါတယ်
အဲ့အရောင်တွေကတော့ ဝတ်ရင် အသားနဲ့ ပိုတစ်ပြေးညီ ဖြစ်စေလို့ ခြေသလုံးအရမ်း မတုတ်တော့ဘူးပေါ့
နောက်တစ်ခု အမည်းဘဲ ဝတ်ချင်တယ် ခြေသလုံးလည်းမတုတ်ချင်ဘူးဆိုရသ်တော့ အပေါ်ကနည်းအတိုင်း inner sole ခံပြီး balance လုပ်ပါရှင်

3. Size

Boots ဝယ်ရင် ဘယ်လို ဆိုဒ်ရွေးရမလဲပေါ့
ပထမဦးဆုံး ကိုယ့် ခြေထောက်အခြေအနေကို အရင်ဆုံးသိရပါမယ်
ကိုယ်ဖိနပ်size ပေါ့
37 နဲ့ အရမ်းကွက်တိဖြစ်နေလား
ချောင်နေလားပေါ့

Boots ဝယ်မယ်ဆိုရင်တော့ wang က ဆိုဒ်ပိုကြီးတာကို ဝယ်စေချင်ပါတယ်
မဟုတ်ရင် စီးတာကြာလာရင် ခြေထောက်နာတယ် ဘာလို့လဲဆိုတော့ သူက ခြေထောက်ကို ထုပ်ထားတဲ့ ပုံစံဖြစ်နေတာကိုး

ခြေအိတ်ရော inner sole ရော ဝတ်မယ်ဆိုရင်တော့၂ ဆိုဒ်လောက်ကြီးတာဝယ်ပါ

ဒါပေမယ့် ကိုယ့်ခြေထောက်အခြေအနေကို သိရမယ်ပေါ့နော် ဥပမာ ကိုယ့်ခြေထောက်က ပုံမှန် ၃၇ စီးရင်နည်းနည်းချောင်နေတဲ့ ဆိုဒ်ဆိုရင်တော့ ခြေအိတ်+ inner sole ဆိုရင် ၃၈ လောက်ဆိုရပါပြီ

4. Socks

Boots ဝတ်ရင် ခြေအိတ်ဝတ်ကြဖို့ပါ
ဘာလို့လဲဆိုတော့ boots က ခြေထောက်ကို ထုပ်ထားတဲ့ ပုံစံဆ်ုတော့ ခြေထောက်တစ်ခုလုံးနဲ့ ဖိနပ်က leather တွေနဲ့ အထိတွေ့ရဆုံးဖိနပ်မျိုးပါ
ပြီးတော့ Leather အသားတွေပေါ်ရယ် ကိုယ်လမ်းလျှောက်တဲ့ပေါ်မူတည်ပြီး ပွန်းတိုက်တာတွေ ဖြစ်နိုင်ပါတယ်
အဲ့ကျ ခြေထောက်နာလာရော
ခြေထောက်နာတော့ ထော့နဲ့ထော့နဲ့နဲ့
ရှိုးပဲ့ပါတယ်
Boot စီးတာ မိုက်နေပြီလေ ထော့နဲ့ထော့နဲ့နဲ့ ရှိုးပဲ့လို့တော့ မဖြစ်ပါဘူး
အဲ့ဒါကြောင့် ခြေအိတ်စီးဖို့မမေ့ကျပါနဲ့လို့

5. အမြဲမလျှော်ပါနဲ့

Wang ကတော့ ဖိနပ်ကို အခုနောက်ပိုင်းမလျှော်တော့တာပါ အရင်ကတော့အမြဲလျှော်ပါတယ်
လျှော်ပါများတော့ ဘာဖြစ်လဲဆိူတော့ အောက်ခံsole နဲ့ ကော်ကပ်တဲ့နေရာတွေက အကွာမြန်ပါတယ်
လျှော်ပြီးတဲ့ဖိနပ်ဆိုရင် အကြာကြီး မခံပါဘူး
ကော်တွေ ကွာကွာကုန်တာနဲ့ပြတ်တာမြန်ပါတယ်
ဘယ်လို သန့်ရှင်းရေးလုပ်လည်းဆိုတော့ leather တွေကို အခြောက်လျှော်နဲ့ပြန်လျှော်ပါတယ်
ပေတဲ့နေရာလေးရှိရင်လည်း wet tissue လေးနဲ့ပွတ်ပါတယ်
ပြီးရင်တော့ Wang က ပလတ်စတစ်အိတ်အကြီးကြီးတွေထဲ အလုံပိတ်ထည့်ထားပါတယ် ဖုန်တက်မှာစိုးလို့ပါ

ကဲ အားလုံး သတိထားသင့်တဲ့ အချက်လေးတွေ သိပြီး 2021 မှာ boots လေးတွေ ဝတ်ပြီး ရှိုးအပြည့်နဲ့ လှနိုင်မယ်လို့ ယုံကြည်ပါတယ်
ဒါဆ်ု နောက် blog တွေမှာ ပြန်တွေ့ပါမယ်
Bye Bye !!!

အော် မေ့လို့ စာများအား copy လုပ် ပေး၍ ကူးယူခြင်းသည်းခံပါ
ရင်တွင်းဖြစ်တွေဆိုတော့ သဘောကျရင် အားရပါးရ လွတ်လပ်စွာ original post ကို မျှဝေနိုင်ပါတယ်ရှင့်






14/03/2021

ကိုယ်ပိုင် Style ရှိအောင် ဘာလုပ်သင့်လဲ❓❓❓

တကယ်တော့ Fashion နဲ့ Style ဆိုတာဟာ မတူညီတဲ့အရာနှစ်ခုပါ။ ဒါပေမယ့် တချို့နေရာတွေမှာတော့ တူညီနေတာတွေရှိပါတယ်။

Fashion ဆိုတာက အချိန်အပိုင်းခြားတခုအတွင်းမှာ ခေတ်စားနေတဲ့ Trendy ဖြစ်နေတဲ့ပုံစံမျိုးမို့ Fashion က ပိုပြီး ယေဘုယျကျတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။
Style ဆိုတာကတော့ လူတဦးချင်းစီရဲ့ကိုယ်ပိုင်တသီးတသန့်ဖြစ်တဲ့ပုံစံကိုအဝတ်အစား၊ အသွင်အပြင်ကနေတဆင့် ကိုယ်ပိုင်ဟန်ဖြစ်ပေါ်နေတာကို ဆိုတာပါ။ ပိုပြီးလက်တွေ့ဆန်ပြီး Out of date ဖြစ်သွားတာမျိုးမရှိပါဘူး။

ကိုယ်ပိုင် Personal Style တခုဖြစ်နေဖို့ဆိုတာက ခက်ခဲပါတယ်။ အကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီးအမှားအယွင်းတွေ တွေ့နိုင်ပါတယ်။ ကိုယ်ပိုင် Style အဝတ်အစားပုံစံ တခုရဖို့လူတိုင်းရနိုင်ဖို့မလွယ်ကူဘူးဆိုပေမယ့် လုံးဝကြီး ခက်ခဲနေတာမျိုးတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် ကိုယ်ပိုင် Style တခုရလာဖို့ နည်းလမ်းအချို့ကို လမ်းညွှန်ပေးချင်ပါတယ်။
- ပထမဆုံးအနေနဲ့ အဝတ်အစားရွေးချယ်ဝတ်ဆင်တော့မယ်ဆိုရင် အရမ်းကြီးစဉ်းစားမနေပါနဲ့။ ကိုယ့် စိတ်ထဲမှာလှတယ်လို့ထင်တာကို ဝတ်လိုက်ပါ။ ကိုယ့်စိတ်ထဲမှာ မလှဘူး၊ မလိုက်ဘူးလို့ထင်ရင် အပြင်မှာလည်းတကယ်လှမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်နဲ့လက်တွေ့နဲ့ကိုက်ညီမှ ဝတ်ပါ။

- ကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီး အသွင်အပြင်အမျိုးမျိုးပြောင်းလဲဝတ်ဆင်လိုက်ပါ။ မိန်းကလေးဆန်ဆန်သိမ်သိမ်မွေ့မွေ့ပုံစံဝတ်တာမျိုး၊ Lipstick အနီရဲရဲဆိုး Leggings အရောင်တောက်တောက်ဝတ်ပြီး Sexy ဖြစ်သွားအောင်ဝတ်တာမျိုးပါ။

- ဒါမှမဟုတ်လည်း လတ်တလောရေပန်းစားလူကြိုက်များနေတဲ့ Fashion ထဲက ကိုယ်နှစ်သက်တာမျိုးတွေပဲ ရွေးချယ်ဝတ်ဆင်လိုက်ပါ။

အရေးကြီးဆုံးအချက်ကတော့ ကိုယ့်ကိုကိုယ် Style မကျဘူးထင်ပြီးလက်မလျှော့လိုက်ပါနဲ့။ လက်လျှော့လိုက်ရင်တော့ လူတိုင်းထက် ထင်ပေါ်တဲ့ style မျိုး ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

Fashion နဲ့ Style အကြောင်းတွေ ဖတ်ချင်ရင်တော့ page လေးကို like & follow ထားပေးနော်။ 🖤🖤




👗 𝐆𝐞𝐭 𝐮𝐩 & 𝐃𝐫𝐞𝐬𝐬 𝐮𝐩 𝐛𝐲 𝐌𝐞𝐠𝐚𝐧 👗

Address


Telephone

+959756151671

Website

Alerts

Be the first to know and let us send you an email when Maric. Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share