Jelly Mask for Pimples

Jelly Mask for Pimples shopping

ဝက်ခြံ​တွေအတွက်​တော့စိတ်ပူစရာမလိုဘူးJelly Mask​လေးညတိုင်းလိမ်းအိပ်ရုံနဲ့ဝက်ခြံ​တွေသိသိသာသာ​လျော့လာ​စေမယ်​နော်☺
15/09/2021

ဝက်ခြံ​တွေအတွက်​တော့စိတ်ပူစရာမလိုဘူး
Jelly Mask​လေးညတိုင်းလိမ်းအိပ်ရုံနဲ့ဝက်ခြံ​တွေသိသိသာသာ​လျော့လာ​စေမယ်​နော်☺

ဒီကာလ ဒီရက်ပိုင်းတွေမှာ မိသားစုဝင်အိမ်သားအချင်းချင်းစကားပြောဆိုတဲ့အခါ လေယူလေသိမ်း ညင်သာပျော့ပျောင်းကြပါစကားလုံးအသုံးအနှု...
28/08/2021

ဒီကာလ ဒီရက်ပိုင်းတွေမှာ
မိသားစုဝင်အိမ်သားအချင်းချင်းစကားပြောဆိုတဲ့အခါ လေယူလေသိမ်း
ညင်သာပျော့ပျောင်းကြပါစကားလုံးအသုံးအနှုန်းကိုပိုပြီးဆင်ခြင်ကြပါ

လူတွေကအားငယ်ဝမ်းနည်းနေကြသလို
ဟိုး...မသိစိတ်အတွင်းထဲမှာ
ဒေါသတွေကအမြဲရှိနေကြတယ် .....

နည်းနည်းလေး စိတ်အခန့်မသင့်လိုက်တာနဲ့ အော်ဟစ်ပေါက်ကွဲပစ်ချင်လာရော

Stress ကလဲအလိုလိုကိုတက်နေတာ
သက်ပြင်းတွေလဲ ခဏခဏချမိနေတယ်

အရင်ထက်ပိုပြီး စည်းလုံးနေကြသလို
အရင်ထက်လည်းပိုပြီးစိတ်ဆတ်နေကြတယ်စကားများကြပြီဆို အရင်လို သည်းမခံနိုင်ဘဲပွင့်ထွက်ပေါက်ကွဲကုန်ရော .....

ပြီးတော့ အလိုလိုလည်း လန့်နေကြတယ်
ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက်
မေးထူးခေါ်ပြော လုပ်တဲ့နေရာမှာ
ဘယ်လောက် အရေးကြီးတဲ့ကိစ္စကိုပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ လေသံမျိုးနဲ့ပဲ communicate လုပ်ဖို့ ညှိထားရတယ်..

အလန့်တကြား အော်ကြီးဟစ်ကျယ်မလုပ်ဖို့voice tone ကို နှိမ့်ထားဖို့ပေါ့
မလိုအပ်ဘဲ စိုးရိမ်ကြောင့်ကျမှု အပိုတွေ မရချင် မပေးချင်ဘူး

Credit original uploader

ဒီကာလ ဒီရက်ပိုင်းတွေမှာ မိသားစုဝင်အိမ်သားအချင်းချင်းစကားပြောဆိုတဲ့အခါ လေယူလေသိမ်း ညင်သာပျော့ပျောင်းကြပါစကားလုံးအသုံးအနှု...
27/08/2021

ဒီကာလ ဒီရက်ပိုင်းတွေမှာ
မိသားစုဝင်အိမ်သားအချင်းချင်းစကားပြောဆိုတဲ့အခါ လေယူလေသိမ်း
ညင်သာပျော့ပျောင်းကြပါစကားလုံးအသုံးအနှုန်းကိုပိုပြီးဆင်ခြင်ကြပါ

လူတွေကအားငယ်ဝမ်းနည်းနေကြသလို
ဟိုး...မသိစိတ်အတွင်းထဲမှာ
ဒေါသတွေကအမြဲရှိနေကြတယ် .....

နည်းနည်းလေး စိတ်အခန့်မသင့်လိုက်တာနဲ့ အော်ဟစ်ပေါက်ကွဲပစ်ချင်လာရော

Stress ကလဲအလိုလိုကိုတက်နေတာ
သက်ပြင်းတွေလဲ ခဏခဏချမိနေတယ်

အရင်ထက်ပိုပြီး စည်းလုံးနေကြသလို
အရင်ထက်လည်းပိုပြီးစိတ်ဆတ်နေကြတယ်စကားများကြပြီဆို အရင်လို သည်းမခံနိုင်ဘဲပွင့်ထွက်ပေါက်ကွဲကုန်ရော .....

ပြီးတော့ အလိုလိုလည်း လန့်နေကြတယ်
ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက်
မေးထူးခေါ်ပြော လုပ်တဲ့နေရာမှာ
ဘယ်လောက် အရေးကြီးတဲ့ကိစ္စကိုပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ လေသံမျိုးနဲ့ပဲ communicate လုပ်ဖို့ ညှိထားရတယ်..

အလန့်တကြား အော်ကြီးဟစ်ကျယ်မလုပ်ဖို့voice tone ကို နှိမ့်ထားဖို့ပေါ့
မလိုအပ်ဘဲ စိုးရိမ်ကြောင့်ကျမှု အပိုတွေ မရချင် မပေးချင်ဘူး

Credit original uploader

တောင်ကိုးရီးယားလူမျိုးတွေဟာ        ထမင်းစားရင် ဘာလို့ ထမင်းကို        ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ      ထည့်စားပါသလဲ......
20/08/2021

တောင်ကိုးရီးယားလူမျိုးတွေဟာ
ထမင်းစားရင် ဘာလို့ ထမင်းကို
ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ
ထည့်စားပါသလဲ...?

>< ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း
တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။

>< ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။ အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။

>< တောင်ကိုးရီးယား နိုင်ငံသားတွေဟာ
ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို
မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။ မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက် စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။

>< ကိုးရီးယားနိုင်ငံသားတွေ ထမင်းကို
တန်ဖိုးထားရတဲ့ အကြောင်းအရင်းကိုပြောပါမယ် ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်က ဂျပန်လက်အောက်က လွတ်လပ် ရေးရခဲ့တာပါ။ ဂျပန်လက်အောက် မှာ အဖိနှိပ်ခံ ဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ်။ ထမင်းအစား ပြောင်းဆန်များကို ပြုတ်ပြီး စားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။ ကိုးရီးယားနိုင်ငံဟာ ၁၅ ရက် ၈လ ၁၉၄၅ ခုနှစ်က ဂျပန် တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထက် ၂ နှစ်ကျော် စောပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် တိုင်းပြည်ဟာ
လုံး၀မငြိမ်းချမ်းခဲ့ပါဘူး။ တောင်နဲ့မြောက် သဘောထား ကွဲလွဲမှုတွေ
ဖြစ်လာပြီး လွတ်လပ်ရေး ရပြီး ၅ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့
တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃ နှစ်ဆက်တိုက် စစ်တွေအပြန်အလှန် တိုက်လိုက်ကြတာ နဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့
ကြားက နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှ မစိုက်ပျိုးရဲ စိုက်ပျိုးမြေလည်း နည်းပါးတဲ့ နိုင်ငံမှာ လူတွေအကုန်လုံး မြက်ခြောက်စားရတော့မယ့် ဘဝကို ရောက်လာပါတော့တယ်။

>< ဒါတွေကို မကြည့်ရက်တော့လို့ နိုင်ငံတစ်ကာက
ဆန်စပါးတွေ ထောက်ပံ့တာကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စပါး
တင်း သိန်းပေါင်းများစွာ အကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့တွေမှာ အလံတွေ စိုက်ထူရင် မြန်မာနိုင်ငံ အလံလည်း ကျေးဇူးရှင် နိုင်ငံအဖြစ် အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ ရှိပါတယ်။

>< ဒီလို တိုင်းပြည်တစ်ခုလုံး အငတ်ဘဝကို ကျရောက်ခဲ့ဖူးတော့
ထမင်းတစ်လုံး ထမင်းတစ်လုပ်ရဲ့တန်ဖိုးကို ကိုးရီးယားနိုင်ငံသားတွေက ပိုပြီးတန်ဖိုး သိတတ်ကြတာပါ။ အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့ အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားအထိ ဆန်တွေတင်ပို့ နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေဟာ ထမင်းတစ်လုပ်
ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။
အလဟသတ် မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။ ဒါတွေဟာ အတုယူစရာပါ။

>< ကိုးရီးယား တစ်ယောက်က ပြောဖူးတာကတော့ ...
ဒီထမင်းပန်ကန်လုံး သေးသေးလေးတွေကိုမြင်တိုင်း
ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာ
တယ်တဲ့ ။ ဗဟုသုတ အနေနဲ့ ကြားဖူးနားဝ ရှိသလောက် တင်ပြတာပါ ကောင်းတဲ့ အယူအဆဆို အတုယူနိုင်ကြပါစေ...။

#헨리 🌼🇰🇷💗
#크레딧 🖤

20/08/2021

""Antibody ထွက်ပြီးသားလဲ ပြန်ဖြစ်တယ်တဲ့ ""
ကျမသမီးသူငယ်ချင်း ဆွေမျိုးတဦး အသက်(၂၆)နှစ်နဲ့ ဆုံးပါးသွားတယ် မကြောက်တတ်ဒါရယ်၊ ဂရုမစိုက်ဒါရယ်၊ မထင်မိဒါရယ်၊ အချိန်မမှီဒါကြောင့် နှာမျှောမိပါတယ်

🦠ဆေးခန်းလေးပြန်ဖွင့်တာမှ ၃ ရက်ပဲရှိသေးတယ် လာတဲ့အထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က covid ဖြစ်ပြီးလို့ ကောင်းသွားတာတောင် ၁ ပတ်လောက်ရှိပြီဆိုသူတွေ ၊ လွန်ခဲ့တဲ့ ၁ လကျော်က. covid ဖြစ်ပြီးလို့ Antibody G တောင် ထွက်ပြီးပါပြီဆိုတဲ့ လူတွေ ၊ တော်တော်များများရောက်လာကြတယ်။ သူတို့ကျတော့ covid မဟုတ်လို့ လက်ခံတာလားဆိုတော့ ပြောရတာဂွကျသွားပြန်ရော post covid တွေ ကူးစက်နိုင်မှု မရှိသလောက်နီးနီးနည်းသွားပြီလို့ ယူဆရတဲ့သူတွေလို့ပြောလို့ရတယ်။ ဒါပေမယ့် Antibody G ပေါ်ထားတဲ့သူက. ၃ လအတွင်း covid ပြန်မကူးစက်နိုင်ဘူးဆိုတဲ့ ယျေဘူယျသုံးသပ်ချက်ကြီးကို မနေ့က လူနာတစ်ယောက်က ရိုက်ချိုးသွားပြီ ။ အသက် ၂၉ နှစ် ကောင်လေး လွန်ခဲ့တဲ့ ၂ လနီးနီးက covid ဖြစ်ခဲ့တယ် လက္ခဏာသိပ်မပြင်းထန်ခဲ့ဘူး၊ covid ဖြစ်ပြီး ၃ ပတ်ကျော်မှာ antibody G လဲထွက်ထားပြီးပြီ ။
အခု ၄ရက်အတွင်း မောတယ်၊ နှလုံးခုန်မြန်တယ်၊ ရင်တုန်တယ်၊ မဖျားဘူး၊ ချောင်းမဆိုးဘူး၊ ရင်ဘက်ထဲက အသက်ပြင်းပြင်းရှူရင် အောင့်တယ် SPO 2 တိုင်းတယ် ၉၂၊ PR. 125၊ အဆုတ်ရောဂါအခံမရှိဘူးတဲ့ လူငယ်တစ်ယောက် SPO2 92 ဆိုတော့ ကျတယ်လို့ယူဆရတယ်၊ဒါနဲ့ မသင်္ကာလို့ Covid antigen ပြန်စစ်လိုက်တယ် ၊positive ထွက်နေတယ်၊ 😢 ဘယ်လောက်ကြောက့်စရာကောင်းတဲ့ covid လဲ ပထမတစ်ကြိမ် မပြင်းထန်ခဲ့တဲ့၊ လူနာက အခုဒုတိယအကြိမ် ပြန်ကူးစက်မှုမှာ ၄ ရက်ထဲနဲ့ Oxygen ပြုတ်ကျနေပြီ၊ 😞 မပေါ့ပါနဲ့ သတိအမြဲရှိကြပါနော်၊ Antibody ပေါ်နေပြီ ငါ့ကို ၃ လအတွင်း covid ပြန်မကူးနိုင်သေးဘူး ဟေ့ဆိုပြီး ဖလန်းဖလန်းမထကြပါနဲ့နော်၊ ပြန်ကူးတတ်ပါသေးတယ်၊ နောက်တစ်ခါပြန်ကူးရင် ပိုပြင်းထန်တဲ့သဘောရှိတယ်၊ ဖြစ်ပြီးသားလူအားလုံးဂရုစိုက်ကြပါလို့

🦠အသက် ၅၂ နှစ် ဦးလေးတစ်ယောက်က ရင်ဘက်ထဲမှာတော်တော်အောင့်လို့ဆိုပြီးလာပြတယ်၊
covid စစ်ပြီးပြီလားမေးတော့ covid ဖြစ်ပြီးလို့ ဆေးရုံတက်ပြီးလို့တောင် ကောင်းသွားလို့ပြန်ဆင်းလာခဲ့တာ၁လရှိတော့မယ်တဲ့၊ ဟုတ်ပြီ လတ်တလောcovid လူနာမဟုတ်တော့ ကူးစက်နိုင်နှုန်းနည်းတယ်ဆိုပြီး ဆေးခန်းမှာစမ်းသပ်ကြည့်ရှု လိုက်တာပေါ့လေ၊ သေချာမေးကြည့်တော့ မနေ့က ရုတ်တရက်ချောင်းအရမ်းဆိုးပြီး၊ အချွဲလိုလိုဟာတွေနဲ့သွေးတွေရော ထွက်လာတယ်၊ အသက်ရှူရင် လေက ရင်ဘတ်တစ်ဝက်ထိပဲဝင်တယ်၊ အရမ်းအောင့်တယ် ( ဟိုက် သူ့စကားနားထောင်ပြီး ကိုယ့်မှာ ခေါင်းနှစ်ဆကြီးသွားသလိုပဲ ကိုယ်တွေးလိုက်မိတာကြီးမဟုတ်ပါစေနဲ့ ဟုတ်ခဲ့ရင်တောင် အရေးပေါ် သွေးကြောခွဲစိတ်ရတဲ့အဆင့်မျိုးမဟုတ်ပဲ ထိုးဆေး သောက်ဆေးနဲ့တင်ကောင်းပါစေလို့ ဆုတောင်းမိတယ် ) ဒါနဲ့ oxygen. တိုင်းလိုက်တော့ SP O2. 56. PR. 130. ဒါနဲ့ပဲ ECG CXR လိုအပ်တဲ့၊ သွေးစစ်ဆေးမှုတွေလုပ်ပြီး၊ အရေးပေါ်ထိုးရမယ့်ဆေးတွေရှာခိုင်းထားလိုက်တယ်၊
အဲ့ဒီတော့ပြောချင်တာက. Covid ဖြစ်ပြီးသား လူနာတစ်ယောက်ဟာ ၃ လလောက်အထိ ဂရုစိုက်ရပါမယ်။ ၁ လမှ ၃ လအတွင်း covid ရဲ့နောက်ဆက်တွဲတွေ ဝင်တတ်ပါတယ် ။ အချိန်မှီသိဖို့ အချိန်မှီ ဆေးကုသဖို့လိုအပ်တယ်။ ၆ လကျော်မှ စိတ်ချရမယ်၊ ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုဂရုတစိုက် နေထိုင်ရမလဲဆိုတဲ့။ အကြောင်းတွေရေးထားတဲ့ ၊ ကျန်းမာရေး post တွေရှာဖတ်ကြပါ။ covid ဖြစ်ဖူးတဲ့သူတိုင်း မဖြစ်မနေဖတ်ကြပါ။ ကျမရဲ့ ထူးစေတနာမွန် ဆေးခန်း page မှာလဲ covid နဲ့ပက်သတ်တာတွေ စုံအောင်တင်ထားပေးပါတယ်၊ အချိန်အားလျှင် ဖတ်ပါ၊ ဘယ်လိုအခြေအနေက အိမ်မှ ာ ကုလို့ရသလို ဘယ်လိုအခြေအနေကတော့ အသက်အန္တရယ်ရှိလို့ အချိန်မှီ ဆေးရုံဆေးခန်းပြေးရမယ်ဆိုတာတွေ ပါပါတယ်
🦠အခု ဒီလူနာဦးလေးက. သွေးခဲသွားတာပါ၊ သွေးခဲပိတ်တဲ့နောက်ဆက်တွဲက. အသက်သေနိုင်ပါတယ်၊ ထိုးဆေးကို လုံလောက်အောင်ထိုးပေးရပါတယ်။ တချို့လူနာတွေက ထိုးဆေးလောက်နဲ့မရပါဘူး အရေးပေါ်ခွဲစိတ်ကုသတဲ့အဆင့်ထိလိုပါတယ်၊ ကုသမှုအချိန်မှီဖို့လဲ လိုအပ်ပါတယ်၊ ချက်ချင်းသေနိုင်တဲ့အခြေအနေပါ၊ ကံကောင်းစွာနဲ့ ထိုဦးလေးကတော့ ဒီကနေ့မှာ oxygen 95. on 10 L. ဖြစ်နေပါပြီ

အဲ့ဒီတော့ အသိပေးချင်တာက၊ အခုကျမတို့လို GP တွေ ရင်ဆိုင်နေရတာက covid လက်ရှိဖြစ်နေတဲ့လူနာကိုတင် အာရုံစိုက်နေရတာမဟုတ်တော့ပဲ post covid တွေကပါ စိုးရိမ်ဖွယ်အဆင့်တွေနဲ့ရောက်လာကြလို့ လူထုတစ်ရပ်လုံးကလဲ post covid care နဲ့ covid နောက်ဆက်တွဲဆိုင်ရာကျန်းမာရေးအသိနဲ့ အသိသတိယှဉ်ပြီး၊ နေထိုင်ကြဖို့ ပြောကြားရင်း

18.8.21
Dr Cherry
ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း
စီတာပူ
မြစ်ကြီးနား

နာနတ်သီးစားကြပါ # # # # # # # # # # # # # #အဆုတ်အတွက် နာနတ်သီးကအရမ်းကောင်းပါတယ်နာနတ်သီးမှာပါတဲ့ Bromelainက နာကျင်မှုနဲ့ရ...
19/08/2021

နာနတ်သီးစားကြပါ
# # # # # # # # # # # # # #

အဆုတ်အတွက် နာနတ်သီးကအရမ်းကောင်းပါတယ်

နာနတ်သီးမှာပါတဲ့ Bromelainက နာကျင်မှုနဲ့ရောင်ရမ်းမှုကိုသက်သာစေပါတယ်၊ အဆုတ်ရဲ့လေအိတ်လေးတွေကိုလဲ အားကောင်းစေပါတယ်။ အကျိတ်ဆဲလ်တွေကိုလဲ ဟန့်တားပေးပါတယ်၊ နောက်အရေးကြီးဆုံးက blood clotဖြစ်စေမှုကိုလျော့ချပေးပါတယ်၊

ကိုဗစ်ပြီးနောက်ဆက်တွဲကြောက်ရတာ blood clotပါ၊ ကိုဗစ်ဖြစ်ပြီးသက်သာလာပြီးမှ ရုတ်တရက်သေဆုံးသွားရတဲ့ CODမှာ သွေးခဲကြောင့်ပါ၀င်ပါတယ်၊ ရေရှည်အိပ်ယာမှာနေရတာရယ်၊ လှုပ်ရှားမှုနည်းတာရယ်၊ အဆုတ်ရောင်ထားတဲ့အရှိန်ရယ်ကြောင့် blood clottဖြစ်ဖို့ အရမ်းများပါတယ်၊ နာနတ်သီးမှာပါတဲ့ Bromelainက သွေးခဲဖြစ်စေမှုကို လျော့လျပေးပါတယ်။

အရေးကြီးဆုံးက နာနတ်သီးရဲ့အလယ်အူတိုင်ကိုပါစားပေးရပါမယ်၊ အဲ့မှာ Bromelainက အများဆုံးပါပါတယ်။

ခုချိန်က ရာသီစာ‌ဖြစ်လို့အလွယ်တကူလဲရ၊ ပေါလဲပေါများလို့ပါ။

နာနတ်သီးစားကြပါ

မူရင်းပိုစ့်ပိုင်ရှင်ကို Credit ပေးပါတယ်

ဝက်ခြံအကြောင်း သိကောင်းစရာ========================၁။ဝက်ခြံဆိုသည်မှာ.......*အရေပြားရှိ အဆီကျိတ်လမ်းကြောင်းလေးများနှင့် မွ...
19/08/2021

ဝက်ခြံအကြောင်း သိကောင်းစရာ
========================

၁။ဝက်ခြံဆိုသည်မှာ.......
*အရေပြားရှိ အဆီကျိတ်လမ်းကြောင်းလေးများနှင့်
မွေးညှင်းပေါက်လေးများ၏ ပိတ်ဆို့ရောင်ရမ်းခြင်း
ဖြစ်ပါသည်။

၂။ဝက်ခြံဖြစ်သော နေရာ........
*မျက်နှာ၊လည်ပင်း၊ပုခုံး၊လက်မောင်းအပေါ်ပိုင်း၊
ရင်ဘတ်၊ကျော နှင့် တင်ပါးတို့ဖြစ်ပါသည်။

၃။ဝက်ခြံအထွက်များချိန်........
*အရွယ်ရောက်ချိန် ဖြစ်ပါသည်။
*အသက် ၁၈နှစ်မျှတွင် ဝက်ခြံအထွက်များဆုံးဖြစ်ပါသည်။

၄။ဝကျခွံ၏ လက်ခဏာ..........
*ဝက်ခြံဖုလေးများသည် နာတတ်ပါသည်။
*Comedonesဟုခေါ်သည့် အဖြူဆံ အမည်းဆံများပါ
သော အဖုလေးများဖြစ်ပါသည်။
*အနီဖုလေးများ၊ပြည်ဖုလေးများအနေနှင့်
တွေ့ရတတ်ပါသည်။
*ပြည်တည်နာလည်း တွေ့ရတတ်ပါသည်။
*ဝက်ခြံဖုလေးများဆက်ကာ လမ်းကြောင်းလေးများ
ဖြစ်လာ တတ်ပါသည်။

၅။ဝက်ခြံဖြစ်ရခြင်း အကြောင်းရင်း..........
*အရွယ်ရောက်ချိန်တွင် အင်ဒရိုဂျင် ဟော်မုန်း
အထွက်များလာ ပြီး မျက်နှာပေါ်မှ အဆီကျိတ်လေးများကို အဆီပိုထွက်လာစေ ပါသည်။
*အဆီကျိတ်နှင့် ဆက်နေသော မွေးညှင်းပေါက်လေးများ ပိတ် ဆို့သွားစေပါသည်။
*ဘတ်တီးရီးယားပိုး ဝင်ရောက်လာပါသည်။
*ထို့ကြောင့် အရေပြားရောင်ရမ်းလာပြီး ဝက်ခြံထွက်
လာခြင်း ဖြစ်ပါသည်။

၆။ဝက်ခြံ၏ ဆိုးကျိုးများ........
*အနီရောင်၊အမည်းရောင် အကွက်များဖြစ် ကျန်ခဲ့ခြင်း။
*ပြည်တည်နာကြီးများ ဖြစ်ခြင်း။
*မျက်နှာတစ်ခုလုံး ရောင်ရမ်းလာခြင်း။
*ဖျားလာခြင်း၊အဆစ်နာလာတတ်ခြင်း၊ကြွက်သားများ
နာလာတတ်ခြင်း။
*တစ်ကိုယ်လုံး ပိုးဝင်ခြင်း။
*အချိုင့် အနာရွတ်၊ အဖု အနာရွတ် များဖြစ်ခြင်း။
*စိတ်ဓာတ်ကျခြင်းများ ဖြစ်ပါသည်။

၇။ဝက်ခြံကုသနည်း........
(အနာရွတ် မကျန်ချင်လျှင်စောစော ကုသသင့်ပါသည်)
*လိမ်းဆေး၊စားဆေးများဖြင့် ကုသခြင်း၊
*အရောင်ကျဆေးထိုးခြင်း၊
*ပြည်တည်နာကြီးပါက ခွဲစိတ်ခြင်း၊
*laserဖြင့် ကုသခြင်း၊
*ပြန်မဖြစ်အောင် အရေပြားကိုပုံမှန် ထိန်းသိမ်းခြင်းတို့
ဖြစ်ပါ သည်။

၈။ဝက်ခြံ၏ သက်တမ်း........
*စနစ်တကျ ကုသလျှင်ပင် လချီကြာတတ်ပါသည်။
*ဝက်ခြံသည် အသက်၂၀ခန့်မှာ သူ့အလိုလို
ပျောက်ကင်းတတ် ပါသည်။
*သို့သော် အချို့လူများသည် အသက်၄၀ခန့်အထိ ဝက်ခြံ
ပေါက်တတ်ပါသည်။

၉။ဝက်ခြံကို ပိုဆိုးစေသော အရာများ.........
#ဟော်မုန်းပြောင်းလဲခြင်း၊
(၁၀ကျော်သက် အရွယ်ရောက်ချိန်၊ဓမ္မတာလာခါနီးအချိန်များမှာ ဝက်ခြံပိုဆိုးတတ်ပါသည်၊၊
အချို့ကလေးတားဆေးများသည် ဝက်ခြံကို
ပိုဆိုးစေပါသည်။)

#မျိုးရိုးဗီဇ။
မိဘမှာ ဝက်ခြံများများထွက်ခဲ့ရင် သားသမီးမှာ
ဝက်ခြံပိုထွက်နိုင်ပါသည်။

#ပူပြင်းသောရာသီဥတု။
(ရာသီဥတုပူသောအခါ ဆံပင်ဖုံးထားသော
အရေပြားနေရာမှာ ဝက်ခြံပိုဆိုးတတ်ပါသည်။
အဝတ်ထူထူကြပ်ကြပ် ဝတ်မိသောအခါ ကျောမှာ
ဝက်ခြံထွက်တတ်ပါသည်။)

#ဖိအား။
(မျက်မှန်ကိုင်းကြပ်ခြင်း၊ တယ်လီဖုန်းကြာကြာပြော
ခြင်း၊ ဦးထုပ်ကြပ်ကြပ်ဆောင်းခြင်းများ ပြုလုပ်သောအခါ အပူချိန်နှင့် ပွတ်တိုက်သော ဖိအားတို့ကြောင့်
ဝက်ခြံပိုဆိုးစေ ပါသည်။

#အဆီများသောအလှပြင်ပစ္စည်း။
(အဆီများသည် မွေးညှင်းပေါက်ကို ပိတ်ဆို့ပြီး
ဝက်ခြံကိုပိုဆိုးစေပါသည်။

#အလုပ်အကိုင်။
(အဆီနှင့် ထိတွေ့နေရသူများတွင် ဝက်ခြံပိုဆိုး
တတ်ပါသည်။

#ဆေးများ။
(ဥပမာ-တီဘီဆေး၊စတီးရွက် ဆေးများသည်
ဝက်ခြံကို ပိုဆိုးစေပါသည်။)

#စိတ်ဖိစီးမူများခြင်း။
(စိတ်ဖိစီးမူများသောအခါ ဓာတုပစ္စည်းတွေ ထွက်လာပြီး ဝက်ခြံထွက်လာစေပါသည်။)

#မျက်နှာအရေပြားအားထိခိုက်စေခြင်း။
(ဝက်ခြံကို ညစ်ခြင်း၊ ကုတ်ဖဲ့ခြင်း၊ မကြာခဏ
ကိုင်တွယ်ခြင်းများ၊ ပြုလုပ်ပါက အရေပြားထိခိုက်ပြီး
ဝက်ခြံပိုဆိုးလာပါသည်။ မျက်နှာကို ပွတ်တိုက်ပြီး
မကြာခဏသစ်လျှင် အရေပြားအပေါ်ယံလွှာ
ပျက်စီးသောကြောင့် ဝက်ခြံပိုဆိုးစေပါသည်။

#အစား။
(ချောကလက်နှင့်အချို၊ အဆီများသော အစားများသည်
ဝက်ခြံကိုပိုဆိုးစေသည်ဟု သက်သေစာတမ်း ပြုစုထား
ခြင်းကို မတွေ့ရသေးပါ။ သို့သော် ဝက်ခြံထွက်သူများ
သည် အဆီ၊ အချိုနှင့် ပင်လယ်စာကို လျှော့စားသင့်ပါသည်။)

၁၀။ဝက်ခြံထွက်သူများ လိုက်နာရန်

#အာဟာရ-ကျန်းမာစေမည့် အာဟာရ စားရပါမည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွတ်၊ သစ်သီးများ စားရပါမည်။ လိုအပ်သော ဗိုက်တာမင်များ စားရပါမည်။

#အရက်နှင့်ဆေးလိပ်- ရှောင်သင့်ပါသည်။

#လေ့ကျင့်ခန်း-ပုံမှန်ပြုလုပ်သင့်ပါသည်။

#သန့်ရှင်းမူ-တစ်ကိုယ်ရည်နှင့် အရေပြားကိုဂရုစိုက်ရပါမည်။

#စိတ်-ဖိစီးမူကို ရှောင်သင့်ပါသည်။လုံလောက်သော အိပ်စက်အနားယူရပါမည်။

#ပုံမှန် အရေပြားထိန်းသိမ်းရပါမည်။

#စနစ်တကျ ဆေးကုသရပါမည်။

ကျေးဇူးတင်ပါသည်....အစအဆုံးဖတ်ဖြစ်သော ချစ်မိတ်ဆွေများ။
ခံစားချက်များကိုလည်း ပြန်လည် reaction ပေးရန်
မျှော်လင့်လျက်။
...........အားလုံးကိုယ်စီ ကျန်းမာလှပ ကြပါစေ။

Credit ......လေးစားစွာဖြင့်

Address

Kyonpyaw

Telephone

+959440172301

Website

Alerts

Be the first to know and let us send you an email when Jelly Mask for Pimples posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share