13/07/2022
ဘယ်လောက်မြတ်နိုးတဲ့ ကမ္ဘာလေးဖြစ်ပါစေ
ကျောခိုင်းချင်လာတဲ့ထိ စိတ်ပင်ပန်းမှုမျိုးက တကယ်ရှိတယ်
ရလိုခြင်းမရှိ စေတနာသီးသန့်နဲ့ပေးဆပ်မှုတွေမှာတောင်
ခံနိုင်ရည်ကုန်ဆုံးသွားစေအောင် တချို့လူတွေကတတ်နိုင်စွမ်းတယ်
တုန့်ပြန်ဖို့မရေရာတဲ့ အခြေအနေမှာတောင်
မေတ္တာမပျက်ခဲ့တာ အ လို့မဟုတ်ဘဲ တန်ဖိုးထားလို့ဆိုတာသိဖို့ကောင်းတယ်
သည်းခံမှုနယ်ကို ကျော်လွန်လာတဲ့အခါ
အပြီးတိုင်ထွက်ခွာခြင်းဆိုတဲ့ ဥပေက္ခာကလွဲရင် ပေးစရာဘာရှိဦးမှာလဲ
မေတ္တာတရားဟာ ဘယ်လောက်ပင်နွေးထွေးပါစေ
ချစ်ခြင်းမေတ္တာကို စော်ကားသူတွေကို ဘယ်လောက်ကြာကြာထွေးနိုင်မှာမို့လဲ
ကျွန်တော်တို့ဟာ လူထဲကလူတွေပဲလေ
အရမ်းကြီး စိတ်ထိခိုက်ပါများလာတဲ့အခါ စိတ်ကုန်ခြင်းတွေရောက်လာတတ်တယ်
တစ်ခုပါပဲ...
ခင်ဗျားတို့ပေးခဲ့တဲ့အတိုင်း ပြန်ရတဲ့တစ်နေ့ ကျွန်တော့်အလွန် မဖြစ်ပါရစေနဲ့