PHYU

PHYU Welcome to a little world of mine🫶🏻

နောက်ပိုင်း လူတွေဆီက သိလိုက်ရတာက….ဒီလူ ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာ လူပုံအလယ်မှာ လူအများနဲ့ဆက်ဆံတဲ့ပုံကိုကြည့်ပြီး အမှန်ယ...
19/05/2026

နောက်ပိုင်း လူတွေဆီက သိလိုက်ရတာက….

ဒီလူ ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာ
လူပုံအလယ်မှာ လူအများနဲ့ဆက်ဆံတဲ့ပုံကိုကြည့်ပြီး အမှန်ယူရတာမဟုတ်ဘူး…
သူ့မိဘ သူ့မိသားစု သူ့ရဲ့ချစ်သူခင်သူတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာနဲ့ ကြည့်ရတာ…

ဒီလူ နူးညံ့သိမ်မွေ့တယ် သို့မဟုတ် ရုန့်ရင်းကြမ်းတမ်းတာကို
လူအများနဲ့ဆက်ဆံတဲ့ပုံကိုကြည့်ပြီး မသိနိုင်ဘူး…
သူ့ရဲ့ မိသားစု အသိုက်အဝန်း သူ့ရပ်ဝန်းကလူတွေအပေါ်
ဘယ်လိုဆက်ဆံလဲဆိုတာက သူ့ပုံစံအမှန်ပဲ…

သဘောက တကယ့်လူကောင်းဆိုတာ သူ့မိသားစု သူ့ရဲ့ချစ်သူခင်သူတွေအပေါ်မှာ အရင် ကောင်းနိုင်တဲ့သူပဲ…

တကယ့်ပုံရိပ်စစ်ဟာ ရပ်ဝန်းအစစ်အမှန်တွေကြားပဲ သရုပ်မှန်သည် ထင်ထင်ရှားရှားပေါ်တာ…

လူတစ်ယောက် တကယ်ချစ်တဲ့အခါ အသိသာဆုံးအချက်က effort ထုတ်တာပဲ။ပေးဆပ်တယ်လို့လည်း ပြောချင်တယ်။စေတနာရှိခြင်းလို့လည်း တင်စား ချင...
19/05/2026

လူတစ်ယောက် တကယ်ချစ်တဲ့အခါ အသိသာဆုံးအချက်က
effort ထုတ်တာပဲ။ပေးဆပ်တယ်လို့လည်း ပြောချင်တယ်။
စေတနာရှိခြင်းလို့လည်း တင်စား ချင််တယ်။

လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် သူ့အပေါ် စေတနာဆိုတာ
အတိုင်းအဆမရှိအောင် ကျယ်ပြန့်ပါတယ်။သူ့အတွက်နဲ့ အားထုတ်ချင်လာတယ်။လက်ဆောင် ဝယ်ပေးချင််တယ်။စားကောင်းတာ တွေ့ရင် ကျွေးချင််တယ်။လမ်းသွားလှမ်းလာ သွားရင်း သူနဲ့ လိုက်တာ တွေ့ရင် ဝယ်ပေးချင်တယ်။အနာဂတ် plan တိုင်းမှာ သူ့ကို ထည့်ဖြစ်လာတယ်။သူနဲ့အတူဆိုတဲ့ အိပ်မက်တွေ အများကြီးပါပဲ။

ပေးဆပ်တယ်ဆိုတဲ့နေရာမှ ပိုက်ဆံရှိမရှိနဲ့ သိပ်မဆိုင်ပါ။ပိုက်ဆံ မရှိရင်လည်း မရမက တစ်နည်းနည်းနဲ့
ရအောင် ရှာပြီး ဖြည့်ဆည်းပေးလိမ့်မယ်။လုံးလုံး ဘယ်လိုမှ မရှိရင်
မင်းအတွက် အရသာရှိတဲ့ထမင်းတစ်နပ်ချက်ကျွေးလို့လည်း ရတာပဲ။
အိမ်ရှေ့က အမေစိုက်ထားတဲ့နှင်းဆီပန်း တစ်ပွင့် ခူးပေးလည်း ရတာပါပဲ။အဓိက ချစ််တယ်ဆိုတာကို
ပါးစပ်ဖျားပေါ်မှာ မတည်ရှိဘဲ လက်တွေ့မှာလည်း အကောင်အထည်ဖော်ဖို့ လိုပါတယ်။

တကယ်ချစ်ရင် ဒီတိုင်း မနေတတ်ဘူး။တစ်နည်းနည်းနဲ့ သူ့အချစ်ကို ပုံဖော်လိမ့်မယ်။ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချစ်မိသွားရင် ကိုယ့်ချစ်သူအတွက်
effort ထုတ်ချင်တယ်။ပေးဆပ် ချင်တယ်။
အချစ်နဲ့စေတနာ၊အချစ်နဲ့effort ဒီနှစ်ခုက အမြဲဒွန်တွဲနေပါတယ်။

လူတစ်ယောက် မင်းကို ဘာပြောခဲ့လဲဆိုတာထက် မင်းအတွက်နဲ့ ဘာလုပ်ခဲ့လဲဆိုတာကို ပိုကြည့်ပါ။
ကိုယ့်အပေါ် စေတနာရှိတဲ့သူကိုပဲ
ချစ်သင့်ပါတယ်။

နူးနူးအောင်

ဒီလောကမှာ ကိုယ်နဲ့ တကယ်သက်ဆိုင်တဲ့အရာ နှစ်ခုပဲရှိတယ်တဲ့ ...။တစ်ခုက ပျော်ရွှင်မှုနဲ့ ကျန်တစ်ခုက ကျန်းမာရေးဖြစ်တယ် ... ။ဒီ...
12/01/2026

ဒီလောကမှာ ကိုယ်နဲ့ တကယ်သက်ဆိုင်တဲ့အရာ
နှစ်ခုပဲရှိတယ်တဲ့ ...။

တစ်ခုက ပျော်ရွှင်မှုနဲ့
ကျန်တစ်ခုက ကျန်းမာရေးဖြစ်တယ် ... ။

ဒီနှစ်ခုကို ကိုယ်ဆုံးရှုံးရင်
ဘဝက အခြေခံအားဖြင့် ဘာမှ မပိုင်တော့ပါဘူး ...။

ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊
ဘယ်လောက်ပဲ ကြီးမားတဲ့
အတားအဆီးနဲ့ ရင်ဆိုင်ရပါစေ ...၊
ဘယ်လောက်ပဲ လွှတ်မချနိုင်ဖြစ်ပါစေ...
သူ့ဟာနဲ့သူ အလိုအလျောက် ဖြစ်ပျက်ပါစေ ...။

ကိုယ်လုပ်ရမယ့် အရေးကြီးဆုံးတာဝန်က ပျော်ရွှင်ဖို့နဲ့ ကျန်းမာဖို့ကို တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဖို့ပါပဲ ...။

နားခိုစရာလို့ထင်ထားတဲ့ အကိုင်းအခက်တစ်ခုကတစ်ခါတစ်လေ ကိုယ့်အတွက်နာကျင်မှုတွေ ပေးသွားတတ်တယ်ပျော်ရွှင်မှုရလိမ့်မယ့်လို့ ထင်ထ...
12/01/2026

နားခိုစရာလို့
ထင်ထားတဲ့ အကိုင်းအခက်တစ်ခုက
တစ်ခါတစ်လေ ကိုယ့်အတွက်
နာကျင်မှုတွေ ပေးသွားတတ်တယ်

ပျော်ရွှင်မှုရလိမ့်မယ့်လို့
ထင်ထားတဲ့ သူတစ်ယောက်ဆီက
တစ်ခါတစ်လေ ကိုယ့်အတွက်
ဝေဒနာတွေ ပေးသွားတတ်တယ်

ပိုင်ဆိုင်ပြီလို့
ထင်ထားတဲ့ အရာတွေက
တစ်ခါတစ်လေ
ကိုယ်ကပဲ ပေးဆပ်လိုက်ရတတ်တယ်

တကယ်တော့
မျှော်လင့်ချက်ဆိုတာ
အကောင်းဆုံး အရှုံးသမားပါပဲ

ဒါ့ကြောင့်
ဘယ်အရာကိုမှ အရမ်းကြီး မမျှော်လင့်ပါနဲ့။

Address

Kengtung
06234

Website

Alerts

Be the first to know and let us send you an email when PHYU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share