Pwint Thit Sa Mobile Sale & Service

Pwint Thit Sa Mobile Sale & Service ပွင့်သစ်စ ဖုန်းပြုပြင်ရေးနှင့် second ဖုန်းရောင်းဝယ်ရေး

16/01/2024

#စာဖတ်နည်း

စာကို ဘာပြုလို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက်၊ ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။ ဆရာက ဖတ်၊ ကျက် ဆိုတာကို ဖတ်ရ ကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့ လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ် ဆိုတဲ့ အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ် ဆိုတာနဲ့ တွဲပြီး သိလို့၊ ဘယ်စာ ကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက၊ "ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်" ဆိုတဲ့စိတ် ဝင်လာသလား မသိပါ။ အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုး ဆိုရင် ကျက်လို့ ရတာ မဟုတ်။ အဓိပ်ပါယျလညျး မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက် ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။

အတန်းကျောင်းမှာ နေခဲ့ရတော့၊ တစ်နှစ် တစ်ခါ နှစ်ခါ ဆိုသလို စာမေးပွဲအောင်ဖို့ လိုတယ်လို့ အသိ ရှိလာတယ်။ အဲဒီ အခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲ စာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မစဉ်းစားမိပါ။ ကိုယ်နဲ့ တစ်တန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ၊ သိပ်စာတော်တဲ့လူ ပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ် စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တစ်မျိုးပြောရရင် ဒီလို မြေအနေအထား၊ ဒီလို ရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွား ချမ်းသာတယ်လို့ သိလာတယ်။ ဒါကြောင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊ သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။

တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။ ထောင့်သုံးရာပြည့်ခေတ်ဆိုတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်း
ကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတစ်အုပ်ကို တစ်လ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက လဝက် သီတင်းတစ်ပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ် Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။ H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာ တွေ ဖတ်ပြီး၊ Wells ရေးသမျှ အကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကို ဖတ်မိပြီး Hardy ရေး သမျှ အကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကို ဖတ်ဖို့ စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။ စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တစ်လ၊ တစ်သီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တစ်ထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ် ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။ မတ်တပ်ဖတ်နေတာ တစ်နာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို "ဖတ်ချင်ယူသွား။ နောက် ပြန် ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ" ဆိုတဲ့အနေနဲ့ ကူညီတယ်။ ကိုယ်ကလည်း အလိုက်သိစွာ မြန်မြန် ဖတ်ရတယ်။ စာကြည့်တိုက်က စာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင် ဖတ်ဆိုတဲ့ အလေ့ အကျင့်ရတယ်။

စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို ယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့အတ္ထုပ္ပတ္တိအကျဥ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းက ဓာတ်ပုံ၊ မြေပုံနဲ့ နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏ ဖတ်မယ်။ အသေးစိတ် ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ ရတယ်။ ဆုံးဖြတ်ချက် အတိုင်း လုပ်လာတယ်။ ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ၊ မရှိသလောက် ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာ တယ်။ နည်းသိလေ အဖတ်များလေ၊ ပညာတိုးလေ ဆိုတာတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါ။

အင်္ဂလိပ်စာအုပ် တစ်အုပ် ဖတ်လို့ ကောင်းရင်၊ မြန်မာလို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ မြန်မာစာအုပ် တစ်အုပ် ဖတ်လို့ ကြိုက်ရင်၊ အင်္ဂလိပ်လို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ အဲဒီမှာ ဘာအကျိုး ခံစားရသလဲလို့ မေးရင်၊ စာအုပ်တစ်အုပ်ကို ကိုယ်ဖတ်ပြီးရင် ခံစားရတဲ့ ကျေနပ်ချက်ကို ဝေငှချင်တဲ့သဘောလို့ ပြောရမယ်။ ဘုရားလောင်းစိတ် မဟုတ်ပါ နိဗ္ဗာန်ကူးတို့ မလုပ်ပါ။ ဟင် သူပြောတော့ အလွယ်သားပါလားလို့ ထင်မယ်။ လုပ်ကြည့်ပါ။ မလွယ်တာကို သိမယ်။

-ဒေါက်တာသန်းထွန်း
-ခေတ်ဆန်းဂျာနယ်၊
၁၆-၃၁၊ ဩဂုတ်၊ ၂ဝဝ၃၊ ၇-၉။

#မူရင်းတင်သူအားလေးစားစွာcreditပေးပါသည်ခင်ဗျား။

09/05/2023
03/05/2023
ဘဝအမောတွေဖြေမယ်---ဂီတအရသာကိုအမိအရခံစားမယ်---တရားဘာဝနာကိုအတိအကျပွားများမယ်---အထွေထွေဗဟုသုတတွေကိုလေ့လာလိုက်စားမယ်ဆို --- အ...
01/04/2023

ဘဝအမောတွေဖြေမယ်---
ဂီတအရသာကိုအမိအရခံစားမယ်---
တရားဘာဝနာကိုအတိအကျပွားများမယ်---
အထွေထွေဗဟုသုတတွေကိုလေ့လာလိုက်စားမယ်ဆို --- အောင်ပါ helperကလေးတွေကအကူညီပေးပါလိမ့်မယ်---

အားသွင်းမြန် တာရှည်ခံသောmicro (ရိုးရိိုး) /Type C  အားသွင်းကြိုးများ  ကို  ပစ္စည်းမှန် စျေးမှန်ဖြင့်ဝယ်ယူအားပေးနိုင်ပါသည...
30/03/2023

အားသွင်းမြန် တာရှည်ခံသော
micro (ရိုးရိိုး) /Type C အားသွင်းကြိုးများ ကို ပစ္စည်းမှန် စျေးမှန်ဖြင့်ဝယ်ယူအားပေးနိုင်ပါသည်။

အေး ချမ်းမှုသည် အပူဆုံးအချိန်မှာ စျေးအကြီးဆုံး အမြင့်ဆုံဖြစ်သည်။
29/03/2023

အေး ချမ်းမှုသည် အပူဆုံးအချိန်မှာ စျေးအကြီးဆုံး အမြင့်ဆုံဖြစ်သည်။

happy &peaceful carriers--
29/03/2023

happy &peaceful carriers--

right brand=right price=right choice!
29/03/2023

right brand=right price=right choice!

နေရာချင်း အနေအထားချင်းမတူတော့ တန်ဖိုးထားခံရခြင်းက ကွာသွာပီလေ။
24/03/2023

နေရာချင်း အနေအထားချင်းမတူတော့ တန်ဖိုးထားခံရခြင်းက ကွာသွာပီလေ။

you can buy --- following
22/03/2023

you can buy --- following

21/03/2023

Be safe &healthy!

Address

အုန်းနှဲဘူတာလမ်းဆုံ
Kawa

Telephone

+959773397847

Website

Alerts

Be the first to know and let us send you an email when Pwint Thit Sa Mobile Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share