My Bookshelf

My Bookshelf Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Bookshelf, Book shop, Kanyutkwin.

အချစ်ရဆုံးထံသို့...
05/02/2023

အချစ်ရဆုံးထံသို့...

ဆရာမကြီး ခင်ခင်ထူးရဲ့"စျေးခြင်းတောင်း"ဝတ္ထုတို
20/01/2023

ဆရာမကြီး ခင်ခင်ထူးရဲ့"စျေးခြင်းတောင်း"ဝတ္ထုတို

ဈေးခြင်းတောင်း // ခင်ခင်ထူး

---

ကျွန်မတို့မိသားစုသည် ရပ်ကွက်ကလေးဆီကို ပြောင်းရွှေ့လာခဲ့တာ သိပ်မကြာသေးပါ။ နှစ်လလောက်သာ ရှိပါဦးမည်။ မန္တလေးမြို့သစ်က ရပ်ကွက်တခုမှာ ကျွန်မတို့ နေထိုင်ရမှာဆိုတော့ ပြောင်းမလာခင်ကတည်းက ဘုန်းကြီးကျောင်းတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ကျန်းမာရေး အတွက် ဆေးခန်းတွေကို အရင်စနည်းနာထားခဲ့ရသည်။ ကံကောင်းသည်မှာ အလွန်စည်ကားသော ဈေးကြီးတဈေးနှင့် သိပ်မဝေးခြင်းဖြစ်ပါသည်။ ဈေးဆိုတာကလည်း ကျွန်မတို့ အိမ်ရှင်မများအဖို့တော့ အဓိကကျသော အကြောင်းရင်းတခုလို့ပင် ဆိုချင်ပါသည်။ နိစ္စဓူဝ စာရေးနေရေးဝတ်ရေး ကိစ္စတွေမှာ ဈေးကလည်း အရေးပါသည်။ အထူးသဖြင့် ဈေးနှင့်နီးတော့ သွားရလာရ လွယ်ကူသလို ကိုယ်တိုင်လည်း ဈေးသွားဖြစ်သည်။ နေ့စဉ်နှင့်အမျှ မနက်မိုးလင်းသည်နှင့် ပြည့်စုံတာ မပြည့်စုံတာထား မိသားစု စားရေးသောက်တာကို စီမံချက်ပြုတ်ရခြင်း အလုပ်သည်ပင် လွယ်မယောင် နှင့် ခက်သည့်ကိစ္စဖြစ်သည်။ မိသားစုဝင် တဦးချင်းစီ၏ အကြိုက်ဖြစ်ဖို့၊ မိသားစုအားလုံး တပြေးညီဖြစ်ဖို့၊ ချိုချိုချောင်ချောင် ပေါပေါလောလော ဆိုသော်လည်း အစပ်အဟပ်တည့်ဖို့ စဉ်းစားရတာ၊ ထမင်းမြိန်အောင် ဟင်းစပ်ကလေး အဟပ်ညီအောင် စဉ်းစားရတာ လွယ်တာတော့မဟုတ်။

ရှိတာလေးနှင့် လှအောင်ဝတ်၊ ရတာလေးနှင့် လောက်အောင်စားဆိုသည့်စကားက စကားလေးလှသလောက် တကယ်တမ်းကျတော့ တွေးရတာကပင် ခေါင်းစားလှပါသည်။ မနက် ဘာဝယ်ရမလဲ၊ ဘာချက်ရမလဲ ဆိုတာကို မနက်မိုးလင်းလင်းချင်း မေတ္တာသုတ်မှ မရွတ်ရခင် (တခါတရံ ညအိပ်ရာထဲမှာပင်) စိတ်လက်မအား တွေးတောဆင်ခြင်နေရပါသည်ဟု ဆိုလျှင် လွန်သည်ဟု မထင်စေချင်ပါ။ တကယ်လက်တွေ့ ဈေးနှင့် မျက်နှာချင်းဆိုင်ရတာ၊ ဝယ်ရ ခြမ်းရတာ ကျွန်မတို့ အိမ်ရှင်မများ မဟုတ်လား။ အိမ်ဦးနတ်၏ ကျေးဇူးလည်းကြီးပါ၏။ ကျွန်မတို့ မိန်းမသားတွေကလည်း သက်သာလှတာတော့ မဟုတ်ပါ။

ကျွန်မတို့နေထိုင်မည့် မြို့သစ်က ဈေးနှင့်နီးသည့်အတွက် မနက်ခင်း ဗာဟီရကလေးတွေပြီးလျှင် ဈေးခြင်းတောင်းကလေးဆွဲ ဈေးသွားရင်း လမ်းလျှောက်ဖြစ်မည်။ ကိုယ်တိုင်မျက်မြင် ဝယ်ရတာဆိုတော့ စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်ကလေး စားရမည်။ အနည်းဆုံး ဈေးသွားဆိုက်ကားခ သက်သာမည် စသည့် အတွေးများဖြင့် မြို့သစ်ကို မပြောင်းခင်ကတည်းက ကြိုတင်ပျော်ထားနှင့်နေပြီ။ သည်ပြောင်းမလာခင် ကျွန်မတို့နေခဲ့သော မြစ်ဆိပ်ကမ်းနားက တဆယ့်သုံးလုံးတန်း ဧရာထွန်းရပ်ကွက်တိုက်တန်း ကြီးတွေက ဈေးနှစ်ဈေးကြားမှာ ရှိသည်ဆိုသော်လည်း လေးထပ်တိုက် အပေါ်ဆုံးအလွှာမှာနေသော ကျွန်မအဖို့ ဈေးကို ချက်ချင်း ထသွားဖို့ရာက မလွယ်ကူလှပါ။ ဈေးနှစ်ဈေးကြားဆိုသော်လည်း ကျွန်မတို့နေခဲ့သော တိုက်နံပါတ် (၁၂) ကတော့ တောင်ဈေး၊ မြောက်ဈေး နှစ်ဈေးစလုံးနှင့်မဆိုသလောက်ဝေးတာလည်းပါသလို ကျွန်မကိုယ်တိုင်က လေးထပ်တိုက် လှေကားထစ်ငါးဆယ်လောက်ကို တက်ဟယ် ဆင်းဟယ်လုပ်ဖို့ ဝန်လေးတာလည်း ပါပါလိမ့်မည်။

တောင်ဘက် ရာထွန်းဈေးသွားလိုလျှင် တိုက်တန်းရှည်ကြီး ခုနစ်တိုက်ကို ကျော်ဖြတ်ရသည်။ မြောက်ဘက် မိုးကောင်းဈေးကို သွားချင် လျှင်တော့ တာပေါင်ရိုးလမ်းပေါ်ကတဆင့် ဈေးအရောက် နာရီဝက်စာလောက် တဆန့်တလျား လျှောက်ရသည်။ ဈေးခြင်းတောင်းကြီးဆွဲပြီး အသွားကြော့ကြော့သွားနိုင်သည်ဆိုဦးတော့ ဈေးဝယ်အပြန်မှာ သည်ခရီးကို ခြေလျှင်မလျှောက်နိုင်တော့ ထိပ်က ဆိုက်ကားတစီးမငှားမဖြစ် ငှားရသည်။ ဆိုက်ကားခက နှစ်ရာ။ အသွားရော အပြန်ရောဆိုလျှင် လေးရာ။ ဈေးပြန်စီးလို့ကုန်သည့် ငွေနှစ်ရာဆိုလျှင် ကြက်ဥ လေးလုံးရ သည်။ ဘုရားပန်း ဝေဝေဆာဆာ ထိုးနိုင်သည်။ ဟင်းသီးဟင်းရွက် ဖောဖောသီသီကြီး ဝယ်နိုင်သည်။ ဆိုက်ကားစီးရတာ နှမြောစရာ။ သည်တော့လည်း တတ်နိုင်သမျှ ကျွန်မကိုယ်တိုင် ဈေးမသွားဖြစ်တော့ဘဲ အခန်းနီးနားချင်းတွေ ဈေးအသွားမှာ ဈေးဖိုးပေး၍ လိုချင်တာမှာရသည်။

ဈေးကို ကိုယ်တိုင်မရောက်နိုင်တော့လည်း မြင်ကာမတ်တပ် စိတ်ကူး တည့်ရာ ထွေထွေရာရာကလေးတွေ မဝယ်ဖြစ်၊ မစားဖြစ်။ ဈေးထဲမှာ ဘာတွေပေါနေမှန်းမသိ၊ ဘာတွေဝယ်ချင်စရာရှိမှန်းမသိ။ လူကြုံနှင့် ဈေးမှာ လိုက်သည့် ဟင်းချက်စရာကိုသာ ကောင်းကောင်း မကောင်း ကောင်း ချက်စားရုံသာ။ ဈေးထဲမှာ ဘာတွေပေါ်နေပြီလဲ။ ဘာတွေ လှိုင်နေပြီလဲ။ ဘာတွေ ဈေးတက်လို့၊ ဘာတွေဈေးချိုသလဲ။ ဘာကလေးတော့ ဖွယ်ဖွယ် ရာရာ စားလို့သင့်တော်မလဲ။ မနက်ခင်း မီးဖိုချောင်စိတ်ကူး ကျွန်မမှာ မရတော့။ အိမ်နီးချင်းကို မှာရတာဆိုတော့ ကိုယ်မှာတာပဲပါတာမဟုတ်လား။ တကယ်တော့ ဈေးဝယ်ရမည့် အလုပ်ဆိုတာ ပျော်စရာလည်းကောင်း၊ ဉာဏ်ကစားခွင့်လည်းရသည့်အလုပ်ဟု ကျွန်မ တခါတခါ တွေးမိပါ၏။ ကိုယ်မှ လက်ထိလက်ရောက်မသွားနိုင်တော့ သည်အခွင့် အရေးကို ကျွန်မ ဆုံးရှုံးခဲ့ရတာ တိုက်တန်းမှာ နေထိုင်ခဲ့သည့် သုံးနှစ်ကျော် လေးနှစ်နီးပါးကြာခဲ့သည်။ လုံးဝမရောက်တော့တာမဟုတ်။ ဖြိုးဖြိုး ဖျောက်ဖျက် မလွှဲမကင်းသာ ရောက်ရတာရှိသော်လည်း အရောက်ကျဲ သည်။ သည်တော့ ဈေးနှင့် ကျွန်မ ဝေးနေရသည်ဆိုပါစို့။

အခုတော့ ဈေးနှင့်နီးသော မြို့သစ်မှာ မဖြစ်မနေကို ကျွန်မ ဈေးသွား ခွင့်ကလေးရှိရကြုံရတော့မည်။ ကြိုတင်တွေးတော စိတ်ကူးယဉ်တာလေးတွေ တလှေကြီးဖြင့် ကျွန်မ ပျော်နေမိသည်။ မြို့သစ်ရပ်ကွက်ကလေးကို ရောက်လာရပြီဆိုတော့ ဈေးခြင်းတောင်းကလေးဆွဲကာ ကိုယ်တိုင်ဈေးဝယ် ခွင့်ကလေးရဖို့သာ ကျွန်မ စိတ်စောနေမိပါ၏။

---

ထိုနေ့မနက်က ကျွန်မတို့ သားအမိသားအဖသုံးယောက် ဈေးသို့ ထွက်လာခဲ့ကြသည်။ ကျွန်မ ခင်ပွန်းသည်က ကလေးချီရင်း ဈေးမုန့်ကလေး စားရင်း ဈေးကလေးကို လိုက်ကြည့်ချင်သတဲ့။ မိသားစု တပျော်တပါး ဈေးသွားရတာ ကြည်နူးစရာတော့ အကောင်းသား၊ ကျွန်မကတော့ ကျွန်မ လက်များဖြင့် ဝေးနေခဲ့သည့် ဈေးခြင်းတောင်းကလေးဆွဲကာ ဝယ်လိုက် ခြမ်းလိုက်မဟဲ့ဆိုသည့်စိတ်ဖြင့် ခြေလှမ်းတွေ သွက်နေခဲ့သည်။ ဈေးခြင်းတောင်းကလေးကို လက်ကဆွဲရင်း ကျွန်မငယ်ငယ် ရွာမှာနေခဲ့ ရစဉ်က ကလေးသဘာဝ ထမင်းအိုးတမ်း ဟင်းအိုးတမ်း ကစားခဲ့ရပုံကို ဖျတ်ခနဲ သတိရလိုက်မိ၏။

သည်လိုပါပဲ။ ကလေးကစားစရာ ဝါးခြင်းတောင်း ခါးသိမ်ကလေး ကိုဆွဲပြီး ကျွန်မငယ်ငယ်က ဈေးဝယ်ထွက်တမ်းကစားခဲ့ဖူးသည်။ သည်တုန်းက ရွာမှ ဆွေမျိုး သားချင်း အဖော်မတွေနှင့် ရွာခရိုး တောစပ်ကို ကျွန်မတို့ ဈေးဝယ်ထွက်ကြခြင်း ဖြစ်သည်။ ရွာခရိုးစပ်မှာ အလေ့ကျပေါက် နေတတ်သည့် အရွက်အသီးကလေးတွေကိုဆွတ်ပြီး ဈေးခြင်းတောင်းထဲ ထည့်သည်။ ပါးစပ်ကလည်း လူကြီးလူကျယ်လုပ်ပြီး ဈေးစကား နာစကား စကားကြီးစကားကျယ်တွေ ပြောရတာကိုက အရသာတမျိုးပင်။ အမေ ကြီးတို့၊ ကြီးတော်တို့ ဈေးသွားရင် ပြောကြတာမျိုး၊ ဈေးဝယ်ကြာတာမျိုး၊ ဈေးဆစ်ကြတာမျိုး၊ ဈေးဝယ်ပန်းလို့ ညည်းတာမျိုးတွေ လိုက်တုပြောကြခြင်း ဖြစ်၏။ ကိုယ့်ကိုကိုယ် လူကြီးလုပ်တမ်းကစားရတာကိုပင် ခုံမင် နှစ်သက်စရာ အောင်းမေ့ခဲ့မိသည်ကော။ ‘အသက်တွေ မြန်မြန်ကြီးချင်လှပြီ။ ဈေးသွားချင်လှပြီ။ ဈေးခြင်းတောင်းဆွဲကာ စုံစီနဖာဝယ်ချင်လှပြီ။ ဈေးသွားတာများ ဘာညည်းစရာ ရှိလို့လဲ။ အမေတို့များ ညည်းလိုက်တာ။ ဈေးခြင်းတောင်းဆွဲရတာကိုပဲ မနိုင်ဝန်ထမ်းလာရတာကျလို့။’ ကျွန်မငယ်ငယ်က အမေ့ဈေးပြန်ခံစားမှုကိုပင် အားမလိုအားမရ ဖြစ်ခဲ့ရသည်။

အိမ်ခေါင်းရင်း မန်ကျည်းပင်ရိပ်မှာ မနက်ခင်းဆိုလျှင် ကျွန်မတို့ ကလေးတွေစုကြပြီ။ ထမင်းအိုးတမ်း ဟင်းအိုးတမ်း စကားဖို့ ပြင်ကြပြီ။

“အစ်မကြီးရေ ဈေးသွားရအောင်လေ၊ အိမ်မှာ ချက်စရာကုန်နေပြီ၊ ဒီနေ့တော့ ကြက်သားလည်းဝယ်မယ်၊ ခရမ်းချဉ်သီးရော၊ အာလူးရော၊ ငါးခြောက်ရော အများကြီး ဝယ်ကြမယ်နော်”

“အေးအေး... သွားမယ်လေ၊ ရော့... ညီမလေးက ခြင်းတခြင်း ဆွဲခဲ့၊ ဟိုအစ်မကြီးတွေရော ဈေးလိုက်မှာမို့လား၊ အတူသွားအောင်လေ”

ကျွန်မနှင့် ကျွန်မကစားဖော် မြပုကတတွဲ၊ မိဆွဲနှင့်
မယ်ပုံကတတွဲ၊ ဘုတ်မနှင့် သေးတာက တတွဲ။ ဈေးခြင်းတောင်ကလေးတွေကို ကိုယ်စီဆွဲရင်း ရွာခရိုးစပ် အလေ့ကျပင်တွေ ပေါက်ရာဈေးကို ဈေးဝယ် ထွက်ကြရတာ အမော။ ရွာခရိုးစပ်ရောက်တော့ ကိုယ် စိတ်ကူးရရာ လူကြီးလူကျယ်စကားတွေ ပြောကြရင်း အလေ့ကျပင်တွေက အသီးတွေ အရွက်တွေ တပျော်တပါး ခူးကြသည်။ ။

“ဟောဒီမှာ ဘောက်သီးတွေပေါ့၊ ဘောက်သီးတွေက ခရမ်းချဉ်သီး ပေါ့ဟယ်၊ ခရမ်းချဉ်သီး တပိဿာ
ဝယ်မယ်နော်၊ များများရအောင်ခူးကြ”

“ခရမ်းချဉ်သီးက တပိဿာ ဘယ်လောက်တုန်းဟ”

“တရာ့နှစ်ဆယ် တရာပဲထားလိုက်ပါ ပိဿာလုံးယူမှာနော်”

သည်တုန်းက ကျွန်မ မှတ်မိသလောက် ကျွန်မတို့ရွာမှာ ခရမ်းချဉ်သီးတပိဿာမှ ပေးရမှ တကျပ်၊
လျှော့လျှင် ပြားရှစ်ဆယ်လောက်ပဲ ရှိမည်ထင်ပါသည်။ သို့သော် ဈေးဝယ်တမ်းကစားကြတာဆိုတော့ ကျွန်မ တို့က ကိုယ့်ပါးစပ်ထဲရှိတာ ပြောချင်ရာပြောနေကြခြင်းသာ ဖြစ်၏။ ကျွန်မတို့ ခြင်းတောင်းကလေးတွေထဲ ဘောက်သီးတွေမောက်နေအောင် ခူးထည့်ကြသည်။ ပိုက်ဆံအဖြစ် အိမ်ခေါင်းရင်းက အလှစိုက် ပုဏ္ဏရိပ်ပင် အရွက်တွေကို သုံးကြသည်။ ပုဏ္ဏရိပ်ရွက်တရွက်ကို ငွေတဆယ်သတ် မှတ်ကာ ငွေစက္ကူတွေလို ဟန်ပါပါရေတွက်ပြီး ဘောက်ချုံတွေပေါ် တင်ခဲ့ကြသည်။ ဘောက်သီးများကိုမှ မဟုတ်ပါ။ ကျွန်မတို့ ဈေးခြင်းတောင်းထဲမှာ မိုးနှံရွက်၊ တဇောင်းဖူး၊ ကျီးအာသီး၊ ကြက်ဖောင်းရွက် တရုတ်မန်ကျည်းသီးခွေ စသဖြင့် အညာကျေးလက်ဒေသတွေမှာ လွယ်လင့်တကူ တွေ့ရနိုင်သော အသီးအရွက်တွေ ခြင်းတောင်းနှင့်အပြည့်အသိပ် ခူးကြဆွတ်ကြသည်။ ဒါတွေကလည်း ဟင်းချက်စရာ အမယ်များသာဖြစ်သည်။ လက်ထဲမှာ ဆုပ်ယူလာခဲ့သည့် အိမ်စိုက်ပုဏ္ဏရိပ်ရွက်တွေ လည်းကုန်၊ ဈေးခြင်းတောင်းကလေးလည်း ပြည့်ပြီဆိုလျှင်တော့ အိမ်ပြန်ခဲ့ကြပြီး မြေအိုးပုတ်ကလေးတွေနှင့် ထမင်းဟင်းချက်တမ်း ကစားကြသည်။

“ဈေးသွားရတာ မောလိုက်တာ အစ်မကြီးရယ်၊ ကျုပ်ကတော့ လက်ထဲပါတဲ့ပိုက်ဆံ ကုန်တာပါပဲတော်၊ ဆန်ဝယ်သွားတဲ့လူတွေ မလာ ကြသေးဘူးလား၊ သူတို့ကလဲ ကြာလိုက်တာ”

“ဈေးဝက ကြီးတော်မြဆိုင် သွားကြတာကိုအေရဲ့”

ကျွန်မနှင့် မောင်နှမဝမ်းကွဲ ဖိုးထောင်တို့ ညွန့်လွင်တို့ကို ရွာတောင်ပိုင်းက ဘကြီးမြ လွှစက်ရှေ့မှာပုံထားတဲ့ လွှစာမှုန့်တွေ သွားကျုံးခိုင်းပြီး ဆန်အဖြစ် ကျွန်မတို့ ထမင်းချက်တမ်း ကစားခဲ့ကြသည်။ လွှစာမှုန့် ကို ရေနဲ့ဆေး။ မီးမပါသော မီးခိုခွင် ခဲသုံးလုံးပေါ်တင်ကာ ထမင်းချက် ကြသည်။ ခူးလာသည့် သစ်သီး သစ်ရွက်တွေကို သင်ဖျင်ပြီး စဉ့်ငရုတ်ဆုံ ကလေးထဲထည့်ထောင်းပြီး ဟင်းချက်ကြသည်။ ပခန်းနယ်ထွက်သည့် မြေထည် မီးဖိုချောင်သုံး ကစားစရာကလေးတွေကလည်း ပေါသည်ကိုး။

“မွှေးလိုက်တာနော် ထမင်းတောင် ဆာလာပြီ၊ ဒေါ်မိဆွဲတို့အိမ်က ဘာများချက်ကြတာတုန်းတော့်”

“ဝက်သားနဲ့ သရက်သီးခြောက်နဲ့ ချက်တာလေ၊ အစ်မကြီးတို့ကော ဘာချက်တုန်း”

“ကျုပ်တို့က အမဲသားတတွဲရလိုက်လို့ ဗူးသီးနဲ့ သွမ်းချက်မလို့၊ ငပိရည်လည်း ဖျော်ဦးမှာ၊ တို့စရာတွေလည်း အစုံပဲ၊ ဆွမ်းလောင်းဖို့တောင်နောက်ကျနေပြီလား မသိပါဘူး မြန်မြန်ချက်မှ”

“ဟောတော်... ဟင်းချက်မယ်လုပ်မှ ဆီကုန်နေပြီ၊ ဆီကလေး တမှုတ်လောက် ချေးပါဦး အစ်မကြီးရဲ့”

ဆီကလည်း မခက်ပါ။ နှမ်းရွက်တွေကို ကြိတ်လိုက်လျှင် ထွက်လာ သည့် ပျစ်ချွဲချွဲအရည်များက ကျွန်မတို့အတွက် ဆီဖြစ်သည်။

“ဆီဈေးက ခေါင်ခိုက်နေတာ ဒေါ်မယ်ပုံရဲ့၊ ချေးကတော့ မချေးနိုင်ဘူး၊ သုံးဖို့လောက်ဝယ်ချင်ရင်တော့ နည်းနည်းပါးပါး ရောင်းမှာပေါ့”

“တပိဿာ ဘယ်လောက်တုန်းတော့်”

“တထောင်ပေါ့ရှင် ဆီကြိတ်ရတာ လွယ်တာမဟုတ်ဘူး၊ ဒီမှာဖြင့် လက်မောင်းကိုအောင့်လို့လေ”

ကျွန်မတို့ဘာသာ လူကြီးလူကျယ်ပြောပြီး ကျွန်မတို့ ဘာသာပင် ရယ်ကြမောကြရသေးသည်။ နှမ်းရွက်တွေကို ဒိုင်ခံကြိတ်နေရသော မြပုက လက်မောင်းကို ဆန့်ထုတ်ပြရင်း အညောင်းပြပုံကိုကြည့်ပြီး ကျွန်မတို့ ရယ်ကြခြင်းဖြစ်၏။ သို့သော် ကျွန်မတို့ ရယ်သံများကို ရေနွေးကြမ်းသောက်ရာက လှမ်းဟောက်လိုက်သော အဘ၏ အသံက လွှမ်းမိုးသွားပါသည်။

“ဟဲ့ ... ကလေးတွေ မဦးမချွတ်ဗျာ၊ ကတည်း ဘာမဟုတ်က ဟုတ်ကတွေ ပြောဆော့နေကြတာလဲ၊ ငါ ထရိုက်လိုက်ရ၊ ဟင်း... ဘာများမှတ်လို့တုန်းဗျ၊ သဘင်သည်စကား ကလေးစကား၊ အရူးစကားတဲ့၊ အတိတ်တဲ့ နိမိတ်တဲ့ အကောင်းမှတ်လို့၊ ရိုးရိုးဆော့ကြ”

ရိုးရိုးဆော့ကြဆိုသည့် အဘ၏စကားအဓိပ္ပာယ်ကို ကလေးဘဝတုန်း ကတော့ ကျွန်မ နားမလည်တတ်ခဲ့ပါ။ ကျွန်မတို့ ကလေးများ ထမင်းဟင်း ချက်တမ်းကစားရာမှာ ဘာများ မရိုးသားတာပါပါလိမ့်။ သည်တုန်းက ဆီတပိဿာမှ တဆယ်၊ ဆယ့်ငါးကျပ်လောက်ပဲ ရှိမည်။ ကျွန်မတို့ကတော့ ပုဏ္ဏရိပ်ရွက်ပိုက်ဆံတွေဆိုတော့ ကိုယ့်ပါးစပ်ထဲရှိရာ ဈေးလုပ်ပြောခဲ့ကြခြင်းသာ ဖြစ်၏။ များတာ နည်းတာမသိ။ အတိတ် နိမိတ်တွေနားမလည်။ ရွာမှာ ပုဏ္ဏရိပ်ပင်တွေ အိမ်တိုင်းလိုလိုရှိကြတာဆိုတော့ ခူးပါလေ့။ ခူးနိုင်မျှ ပိုက်ဆံ။ များများခူးနိုင်လျှင် များများ ချမ်းသာ၊ များများဝယ်နိုင်ခြမ်းနိုင်။ ဒါကို အဘ‌ ငေါက်တော့ ကျွန်မတို့ ခေါင်းကလေးတွေ ပုနေရတော့သည်။ ကျွန်မငယ်ငယ်ကအကြောင်းတွေကို ဈေးသွားရင်း ခင်ပွန်းသည်အား ပြောပြတော့ ရယ်ပါသည်။ သူတို့ငယ်ငယ်ကတော့ ကြွေပန်းကန်ကွဲ၊ အခြမ်းကွဲ၊ ကျောက်သင်ပုန်းကွဲတွေကို ပိုက်ဆံအကြွေလုပ်ကြသတဲ့။

“ရှေးလူကြီးတွေက အတိတ်၊ နိမိတ်၊ တဘောင် စနည်းတွေ သိပ်ယုံကြည်ကြတာ။ မြောက်တဘောင် တောင်နိမိတ်ဆိုတာကို သိပ်ပြောတတ်ကြတယ်။ ရိုးရိုးသားသား အပတ်တကုတ် နေထိုင်စားသောက်တတ်ကြ သူတွေဆိုတော့ ကလေးစကားကို အဓိပ္ပာယ်ကောက်တဲ့အခါ မင်္ဂလာ မရှိဘူးလို့ တွက်ကြတာပေါ့”

ကျွန်မငယ်ငယ်က အကြောင်းအရာ အဖြစ်အပျက်အပေါ်မှာ ခင်ပွန်းသည်က သူ့သဘောထားကိုပေးသည်။ ကျွန်မတို့ပြောင်းလာခဲ့သည့် မြို့သစ်အိမ်ကနေ အရှေ့လမ်းအတိုင်း ထွက်လိုက်လျှင် ဘုန်းကြီးကျောင်းဝင်းကြီး ရှိသည်။ တဖန် ထိုဘုန်းကြီးကျောင်းဝင်းကြီးကို ဖြတ်ထွက်လိုက်လျှင် ဈေးကြီး၏ အဆွယ်ဈေးတန်း ကလေးကို ဘွားခနဲ တွေ့ရမြဲ ဖြစ်သည်။ ဈေးအနောက်ထိပ် ကျောက် လမ်းရှည်ကြီးတလျှောက် ပျံကျဘန်းခင်ရောင်းကြသော “တောသည်” ခေါ်ကြသည့် အသီးအရွက်သည်တွေ တပုံတပင် ဝယ်ချင်စရာကောင်း လောက်အောင် ပြည့်နှက်လို့နေသည်။ ရာသီစာ သရက်သီးသည်တွေက တော့ မျက်စိတဆုံး။ ဈေးပေါက်ဝကို ရောက်တော့ မြို့သစ်ပတ်ဝန်းကျင် ရပ်ကွက်တွေက ဈေးဝယ်တွေကို မနည်းတိုးရတော့၏။

“မြို့သစ်ဈေးကြီးက အစည်သားဟ”

“ဟုတ်ပနော် စုံနေတာပဲ”

ဈေးကြီးက ကျွန်မတို့စိတ်ကူးနှင့် ထင်ထားသည်ထက် ပိုပြီး စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလွန်းလှသည်။ အသားငါးရုံကြီး တွေဆိုတာများ ဇာတ်ရုံကြီး နှစ်ရုံစာမကပါ။ ပေါလိုက်သည့် ငါးတွေဆို တာလည်း များလည်းများ၊ စုံလည်းစုံ၊ ငါးအုံတုံ၊ ငါးဘတ်၊ ငါးခူ၊ ငါးမြင်း၊ ငါးကြင်း၊ တီလားဗီးယား ပြီးတော့ ပုစွန်ကျော့ကြီးတွေ၊ ပုစွန်ထုပ်ကြီးတွေ။ တကယ့်ကို ဝယ်ချင်စရာ။ ပိုက်ဆံပေါပေါနဲ့ ဝယ်လိုက်ရလို့ တော့လား။ ကြက်သားတွေကရော မြန်မာကြက် ယူမလား၊ စီပီကြက် ခေါ်သည့် မွေးမြူရေးကြက် ယူမလား။ သည်ဘက်မှာ မရနိုင်လောက်ဘူး ထင်သည့် မြစ်ငါးကလေးတွေတောင် ရှိသေး။ မြစ်ငယ်မြစ်ဘက်က လာတာတဲ့။

ဈေးတန်းကြားဈေးဝယ်လမ်းကျဉ်းကလေးထဲ ကြိတ်ကြိတ်တိုး နေသည့် ဈေးဝယ်တွေကိုက တိုးမပေါက်။ ကျွန်မမှာ ကလေးတဖက်နှင့်မို့ ဈေးဆိုင်တကာ စုံအောင်ပင် မကြည့်နိုင်ပါ။ မျက်စိထဲတွေ့ရာကို ကပျာကသီ ဝယ်ရသည်။ အသီးအရွက်တွေကလည်း လတ်လတ်ဆတ်ဆတ် လန်းလို့ ကော့လို့။ ဈေးမပေါလှသော်လည်း အမျိုးတူ ရောင်းသူတွေများတော့ ကောင်းတာရွေးနိုင်သည်။ ပစ္စည်းကလည်း လိုချင်တာ အကုန်စုံအောင် ရနိုင်သည်မို့ တရုတ်ဟင်း ချက်စားချင်သလား။ ကုလားဟင်းချက်စား ချင်သလား၊ ရှမ်းဟင်းချက်စားချင်သလား။ ဒေသစာတွေလည်း ရှိသည်။

ကျွန်မ မမောနိုင် မပမ်းနိုင် လောဘတကြီး ဈေးဝယ်တာကိုကြည့်ပြီး ခင်ပွန်းသည်က ဘာတွေတွေးနေသည် မသိ။ ပြုံးယောင်သမ်းနေသော သူ့မျက်နှာကို ကျွန်မ လှမ်းအကဲခတ်လိုက်မိပါသည်။ စုံလောက်အောင် ဝယ်ခြမ်းအပြီး ဈေးခြင်းတောင်း ပြည့်လုပြည့်ခင်ဖြစ်သွားတော့မှ ဈေးဝယ် ရပ်ကာ ဈေးမုန့်တန်းမှာ မုန့်စားကြသည်။

မုန့်သည်တွေကလည်း များမှများ။ ဈေးရုံထဲမှာ ထမင်းဆိုင်ရှိသည်။ လက်ဖက်ရည်ဆိုင်ရှိသည်။ ခေါင်းဆွဲသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ရွှေရင် အေးဆိုင်တွေကတော့ ရှောင်လို့ပင် မလွတ်ချင်၊ ဆနွင်းမကင်း၊ ကျောက် ကျောရောင်းသည့်ဆိုင်တွေလည်း ရှိသည်။ ကျွန်မတို့နှစ်ယောက် ခေါက်ဆွဲ သုပ်စားနေစဉ်မှာ သမီးက အိပ်ချင်စိတ်ဖြင့် ခေါင်းထိုးကာ ဂျီကျလေတော့သည်။ ခေါက်ဆွဲဖိုးရှင်းပြီး အိမ်ပြန်ဖို့ ပြင်ရပြီ။

“ပြန်ကြစို့လား”

“ပြန်ရုံပဲ ရှိတော့တာပဲကွာ၊ မင်းခြင်းတောင်းထဲလည်း နောက်ထပ် ထည့်စရာမှ မကျန်တော့တဲ့ဟာ”

ဈေးကအပြန် လမ်းတလျှောက်လုံး ဈေးအကြောင်းတွေချည်းပြောပြီး ပြန်ခဲ့သည်။ ဈေးဝယ်ကောင်းတဲ့အကြောင်း၊ လိုချင်တာတွေ အကုန် ရနိုင်ကြောင်း၊ သားငါးကအစ ဟင်းသီးဟင်းရွက်အဆုံး ပေါပေါများများလတ်လတ်ဆတ်ဆတ်ရှိသည့်အကြောင်း၊ ဈေးချိုဈေး၊ မြို့ထဲဈေးတွေ ထက်ပင် ဈေးသင့်တော်တဲ့အကြောင်း။ တော်ရုံတန်ရုံပစ္စည်း မြို့ထဲသွား ဝယ်စရာ မလိုတဲ့အကြောင်း။

အိမ်ရောက်တော့ ကျွန်မဝသီအတိုင်း ဈေးဖိုးတွက်ချက်ကြည့်မိသည်။ ဒါကလည်း ကျွန်မအကျင့်၊ ဘယ်လောက်ပဲဝယ်ဝယ် စာရင်းတို့တာ စာရင်း မှတ်တာ ဝါသနာပါသည်။ ကျွန်မ ဈေးခြင်းတောင်းကလေးက ဘာမှသာ မဟုတ်ဘူးထင်ရတာ တထောင်တန်ငါးရွက်လောက် ထွက်ခဲ့ပါပကော။ ဆီတပိဿာကိုက တထောင့်ရှစ်ရာ။ ကြက်သားချိုးကလေးတချိုးတောင်မှ တထောင့်နှစ်ရာဆိုတော့ သည်နှစ်မျိုးပေါင်း သုံးထောင်။ ဈေးဖိုးကို အပြန်ပြန် အလှန်လှန်တိုက်ရင်း ကျွန်မ ဈေးခြင်းတောင်းကလေးကိုသာ ငေးမောကြည့်နေမိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင်ကိုယ်ကျ ဈေးသွားပြီး ဝယ်ခွင့်ရတာကိုပဲ ကျွန်မ ပျော်ရပါသည်။ ကိုယ်လိုချင်တာ ကိုယ်ဝယ်နိုင်ခွင့်ရဖို့ကိုသာ မျှော်လင့်မိပါ၏။

မနေ့တနေ့ ကတော့ မြစ်ဆိပ်ကမ်းနားဘက်မှာနေသော ကျွန်မ တူမကလေးနှစ်ယောက်ကို ကျွန်မမောင်က ဆိုင်ကယ်နှင့် လာပို့သည်။

ကျောင်းမဖွင့်ခင် ညအိပ်ညနေလာလည်ကြခြင်း ဖြစ်သည်။ ကလေးများပီပီ ရောက်သည့်ဆိုကတည်းက ဆော့လိုက်ကြတာ ဒေါင်းတောက်လို့။ ကျွန်မတို့ အနောက်ဘက်အိမ်နီးနားချင်းအိမ်က ရွယ်တူမိန်းကလေးနှစ်ယောက်နှင့် ပေါင်းမိတော့ လေးဦးသား မိုးပျံကုန်ကြတော့၏။ မနက်စောစော အိမ်ရှေ့ ကွက်လပ်မှာ ဘောလုံးပုတ်တမ်း ကစားကြသည်။ နေ့လည် နေပူချိန်ရောက်တော့ အိမ်ရိပ်ခိုကာ ဈေးရောင်းတမ်း ကစားကြလေသည်။ ဈေးရောင်းတမ်း ဆိုသည့်ကစားနည်းက ခေတ်အဆက်ဆက် တိမ်ကောမသွားပါလား။ ကျွန်မ အိမ်ထဲမှာ စာဖတ်နေတာမို့ သူတို့ ကစားကြတာတွေကို မမြင်ရ
သော်လည်း ကြားနေရသည်။ အင်းလေ ဈေးရောင်းနဲ့ ဈေးဝယ်ဆိုတာကလည်း လူတွေရှိနေသ၍ ရှိနေမှာပဲ မဟုတ်လား။

“အန်တီရေ ကျွန်မတို့က အသုပ်စုံရောင်းတာနော်၊ ဝယ်လှည့်ဦး”

“ဟုတ်လား ဘာအသုပ်တွေများ ရောင်းတာတုန်း အစ်မကြီးရဲ့”

“လက်ဖက်သုပ်၊ ဂျင်းသုပ်လည်းရတယ်၊ ရှောက်သီးသုပ်တို့၊ မြင်းခွာ ရွက်သုပ်တို့လည်း ရတယ်၊ ဟင်းခါးပါ ပေးတာပါရှင်”

“တပွဲဘယ်လောက်လဲရှင့်"

“တပွဲ တထောင်လေ”

“ဈေးကြီးလိုက်တာ၊ ကဲပါလေ ရှောက်သီးသုပ်တပွဲ ပေးပါ။ ရော့... ရော့ ပိုက်ဆံ”

“ဈေးမကြီးပါဘူးရှင် ရှောက်သီးကတော်တော် ပုစွန်ခြောက်က ထည့်ရသေးတာကို အစ်မကြီးရဲ့”

ကျွန်မတို့ငယ်ငယ်တုန်းကလိုပဲ သူတို့လည်း ဆော့ကြတာပဲလား။ မိန်းကလေးတွေဆိုတော့လည်း အိုးပုတ်ကလေးတွေ ခွက်တိုခွက်စကလေးတွေနှင့် ဈေးရောင်းဈေးဝယ် ထမင်းအိုးတမ်း ဟင်းအိုးတမ်း ကစားတာ ဝါသနာပါကြပုံရသည်။

“ဟောသည်က ဈေးသည်လေ”

“လာပါဦးရှင့် ဘာတွေရောင်းတာလဲ”

“တီဗီရောင်းတာ”

အလို ဘယ့်နှယ်ဟာပါလိမ့်။ တီဗီကို ခေါင်းရွက်ဗျပ်ထိုး ဈေးအော် ရောင်းကြတာတဲ့။ သူတို့ခေတ်နဲ့ သူတို့ပစ္စည်း ဟုတ်တော့လည်းဟုတ်သား။ ကျွန်မတို့ငယ်ငယ်ကနဲ့တော့ ဘယ်တူနိုင်ပါလိမ့်မလဲလို့လည်း တွေးနေ မိသည်။

“တီဗီက ဘယ်လိုရောင်းတာလဲရှင်”

“တလုံးကို ငါးသိန်းထားပေးမယ်လေ၊ ဟောဒါက ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်၊ ဂြိုဟ်တုစလောင်းဖမ်းစက်လည်း ပါတယ်”

“ကဲ... ကဲ... တီဗီတလုံးပေး၊ ရေခဲသေတ္တာတလုံးလည်းပေး၊ ရော့... ပိုက်ဆံ”

သည်နေရာမှာပင် သူတို့ ပြဿနာတက်တော့သည်။ ပါးစပ်က ပိုက်ဆံတွေရေတွက်ရင်း ငြင်းကြခုန်ကြ ဆူပွက်လို့နေသည်။ ကျွန်မကိုယ်တိုင်က သူတို့ကစားရာ အိမ်ရိပ်ကို ထွက်လာခဲ့သည်။ ခြင်ဆေးခွေစက္ကူဗူးခွံတွေက တီဗီတဲ့။ သူတို့ကမှဟုတ် ဟုတ်သေးတော့ ရှေ့မှာလည်း ပိတောက်ရွက်တွေ ရေကြတွက်ကြလို့။

“တရွက်ကို တထောင်ဆိုတော့ ဆယ်ရွက်ကိုတသောင်း၊ ရော့ ဒီမှာ ငါးသိန်း ရေကြည့်ဦး။”

အိမ်ရှေ့ ပိတောက်ပင်မှာတော့ လက်လှမ်းမီသမျှကိုင်းတွေ ပြောင်တလင်း ခါကုန်တော့၏။ သူတို့ကစားပြီးတော့ ကျွန်မမှာ လှဲလိုက်ကျင်း လိုက်ရတဲ့ ပိတောက်ရွက်တွေ။ အမှိုက်ခြင်းတောင်းတလုံးအပြည့်။ သူတို့ ဈေးခြင်းတောင်းလုပ်ကစားကြသည့် ကြွပ်ကြွပ်အိတ်တွေဆိုတာကလည်း မြင်ရာမကောင်း။

“မင်း ဈေးမသွားပြန်ဘူးလား”

သည်ရပ်ကွက်ကလေးမှာသုံးလလောက် နေသားရလာတော့ ကျွန်မ ဈေးသိပ်မသွားဖြစ်တော့ပါ။ ဈေးတခါသွားလျှင် လေးငါးခြောက်ရက်စာ ဝယ်ပြီး ရေခဲသေတ္တာထဲမှာပဲ ထည့်ထားဖြစ်တော့သည်။ တခါတရံ အိမ်နားနီးချင်းတွေ ဈေးသွားချိန်မှာ လိုတာလေးလှမ်းမှာတာမျိုးတော့ ရှိသည်။ ခင်ပွန်းသည်၏ ခပ်ထေ့ထေ့အမေးကို ကျွန်မကဘာမှပြန်မဖြေ ဘဲနေလိုက်သည်။ သူ ဘာသိတာမှတ်လို့။ ချက်ပြီးရင် စားဖို့ပဲသိတာ။ ကျွန်မကိုယ်တိုင် လက်ထိလက်ရောက် ဈေးဝယ်ဖို့ စိတ်ကူးယဉ်ခဲ့သော မြို့သစ်ဈေးကို မရောက်ဖြစ်တော့လည်း ကျွန်မ ဈေးခြင်းတောင်း ကလေးသည်လည်း မီးဖိုချောင်သံချိတ်မှာ ငုတ်တုပ်ငိုက်နေရတာ ကြာပြီ။ ကျွန်မကတော့ အိမ်ရှေ့ ပိတောက်ပင်ကလေးကိုပဲ ငေးနေလိုက်မိပါသည်။

---

#ခင်ခင်ထူး
#ဈေးခြင်းတောင်း


2023 ဇန်နဝါရီလမှာထွက်ရှိထားတဲ့ စာအုပ်လေးတစ်ချို့ပါရှင့်
19/01/2023

2023 ဇန်နဝါရီလမှာထွက်ရှိထားတဲ့
စာအုပ်လေးတစ်ချို့ပါရှင့်

မင်္ဂလာရှိသော နံနက်ခင်းလေးပါနော်✨❤သာယာပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်လေးဖြစ်ပါစေ❤ဒီနေ့က မနေ့ကထက် ပိုတော်စေဖို့ စာဖတ်ကြမယ်...
04/01/2023

မင်္ဂလာရှိသော နံနက်ခင်းလေးပါနော်✨❤
သာယာပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်လေး
ဖြစ်ပါစေ❤

ဒီနေ့က မနေ့ကထက် ပိုတော်စေဖို့ စာဖတ်ကြမယ်နော်💪

ဆရာမကြီးခင်ခင်ထူးရဲ့ "မအိမ်ကံ"စာအုပ်ကို ebookနဲ့ဖတ်ချင်တဲ့သူများအတွက် shareပေးလိုက်ပါတယ်နော်📖
03/01/2023

ဆရာမကြီးခင်ခင်ထူးရဲ့ "မအိမ်ကံ"စာအုပ်ကို ebookနဲ့
ဖတ်ချင်တဲ့သူများအတွက် shareပေးလိုက်ပါတယ်နော်📖

မအိမ်ကံ (အစ/အဆုံး) // ခင်ခင်ထူး

---

မအိမ်ကံ (စာရေးသူ၏အမှာစာ) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/143810528108317/

မအိမ်ကံ (အခန်း ၁+၂) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/143909501431753/

မအိမ်ကံ (အခန်း ၃) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/144177074738329/

မအိမ်ကံ (အခန်း ၄) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/144448321377871/

မအိမ်ကံ (အခန်း ၅) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/144709781351725/

မအိမ်ကံ (အခန်း ၅ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/144709938018376/

မအိမ်ကံ (အခန်း ၆) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145062024649834/

မအိမ်ကံ (အခန်း ၆ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145065384649498/

မအိမ်ကံ (အခန်း ၇) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145313044624732/

မအိမ်ကံ (အခန်း ၇ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145319697957400/

မအိမ်ကံ (အခန်း ၈) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145571694598867/

မအိမ်ကံ (အခန်း ၈ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145578641264839/

မအိမ်ကံ (အခန်း ၉) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/145811657908204/

မအိမ်ကံ (အခန်း ၁၀) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/146093247880045/

မအိမ်ကံ (အခန်း ၁၁) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/146352961187407/

မအိမ်ကံ (အခန်း ၁၁ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/146353074520729/

မအိမ်ကံ (အခန်း ၁၂) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/146614471161256/

မအိမ်ကံ (အခန်း ၁၂ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/146614604494576/

မအိမ်ကံ (အခန်း ၁၃) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147049741117729/

မအိမ်ကံ (အခန်း ၁၃ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147049827784387/

မအိမ်ကံ (အခန်း ၁၄) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147297194426317/

မအိမ်ကံ (အခန်း ၁၄ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147298017759568/

မအိမ်ကံ (အခန်း ၁၅) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147586184397418/

မအိမ်ကံ (အခန်း ၁၅ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147586367730733/

မအိမ်ကံ (အခန်း ၁၆) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147837911038912/

မအိမ်ကံ (အခန်း ၁၆ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/147837984372238/

မအိမ်ကံ (အခန်း ၁၇) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148119087677461/

မအိမ်ကံ (အခန်း ၁၇ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148119204344116/

မအိမ်ကံ (အခန်း ၁၈) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148351104320926/

မအိမ်ကံ (အခန်း ၁၈ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148351177654252/

မအိမ်ကံ (အခန်း ၁၉) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148598640962839/

မအိမ်ကံ (အခန်း ၁၉ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148598754296161/

မအိမ်ကံ (အခန်း ၂၀) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148874414268595/

မအိမ်ကံ (အခန်း ၂၀ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/148874544268582/

မအိမ်ကံ (အခန်း ၂၁) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149189237570446/

မအိမ်ကံ (အခန်း ၂၁ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149189410903762/

မအိမ်ကံ (အခန်း ၂၂) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149388414217195/

မအိမ်ကံ (အခန်း ၂၂ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149388510883852/

မအိမ်ကံ (အခန်း ၂၃) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149900217499348/

မအိမ်ကံ (အခန်း ၂၃ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/149900350832668/

မအိမ်ကံ (အခန်း ၂၄) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150174680805235/

မအိမ်ကံ (အခန်း ၂၄ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150174760805227/

မအိမ်ကံ (အခန်း ၂၅) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150452017444168/

မအိမ်ကံ (အခန်း ၂၅ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150452104110826/

မအိမ်ကံ (အခန်း ၂၆) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150693527420017/

မအိမ်ကံ (အခန်း ၂၆ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150693617420008/

မအိမ်ကံ (အခန်း ၂၇) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150948647394505/

မအိမ်ကံ (အခန်း ၂၇ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/150948717394498/

မအိမ်ကံ (အခန်း ၂၈) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151187774037259/

မအိမ်ကံ (အခန်း ၂၈ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151187877370582/

မအိမ်ကံ (အခန်း ၂၉) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151434347345935/

မအိမ်ကံ (အခန်း ၂၉ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151434440679259/

မအိမ်ကံ (အခန်း ၃၀) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151675327321837/

မအိမ်ကံ (အခန်း ၃၀ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151675423988494/

မအိမ်ကံ (အခန်း ၃၁) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151893243966712/

မအိမ်ကံ (အခန်း ၃၁ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/151893360633367/

မအိမ်ကံ (အခန်း ၃၂) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152166153939421/

မအိမ်ကံ (အခန်း ၃၂ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152166300606073/

မအိမ်ကံ (အခန်း ၃၃) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152390157250354/

မအိမ်ကံ (အခန်း ၃၃ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152390283917008/

မအိမ်ကံ (အခန်း ၃၄) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152857197203650/

မအိမ်ကံ (အခန်း ၃၄ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/152857307203639/

မအိမ်ကံ (အခန်း ၃၅) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/153105180512185/

မအိမ်ကံ (အခန်း ၃၅ အဆက်) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/153105293845507/

မအိမ်ကံ (အခန်း ၃၆) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/153105433845493/

မအိမ်ကံ (အခန်း ၃၆ အဆက် ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး

https://www.facebook.com/112558141233556/posts/153105503845486/

---

#ခင်ခင်ထူး
#မအိမ်ကံ




---

တင်ခဲ့ပြီးသမျှ လုံးချင်းဝတ္ထုရှည်များကို အောက်က link များမှတဆင့် ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/112558141233556/posts/131263329363037/

ပထမံဆရာသိန်းရွှေဥဒေါင်းတန်ဖိုး-၇၀၀၀ကျပ်စာမျက်နှာ-၂၅၆အဌမအကြိမ် ဒီဇင်ဘာလ
03/01/2023

ပထမံဆရာသိန်း
ရွှေဥဒေါင်း
တန်ဖိုး-၇၀၀၀ကျပ်
စာမျက်နှာ-၂၅၆
အဌမအကြိမ် ဒီဇင်ဘာလ

🌻အဝါရောင်နေကြာပန်းတွေပွင့်နေတဲ့ဂါဝန်🌻ဂျွန်ပါးထောတန်ဖိုး-၅၀၀၀ကျပ်စာမျက်နှာ-၁၇၄
03/01/2023

🌻အဝါရောင်နေကြာပန်းတွေပွင့်နေတဲ့ဂါဝန်🌻
ဂျွန်ပါးထော
တန်ဖိုး-၅၀၀၀ကျပ်
စာမျက်နှာ-၁၇၄

စာရေးဆရာ မွန်းသည်းအိမ် ၏"ဖြေသိမ့်ခွင့်"တန်ဖိုး-၉၀၀၀ကျပ်စာမျက်နှာ-၄၆၁
03/01/2023

စာရေးဆရာ မွန်းသည်းအိမ် ၏
"ဖြေသိမ့်ခွင့်"
တန်ဖိုး-၉၀၀၀ကျပ်
စာမျက်နှာ-၄၆၁

အချစ်ခံရဖူးလား။အချစ်ခံရတာဟာ သိပ်ကောင်းတာနော်။မိဘက ချစ်တာ၊မောင်နှမတွေက ချစ်တာ၊ဆွေမျိုးက ချစ်တာ၊အပေါင်းအသင်းက ချစ်တာ၊သူငယ်...
03/01/2023

အချစ်ခံရဖူးလား။
အချစ်ခံရတာဟာ သိပ်ကောင်းတာနော်။
မိဘက ချစ်တာ၊
မောင်နှမတွေက ချစ်တာ၊
ဆွေမျိုးက ချစ်တာ၊
အပေါင်းအသင်းက ချစ်တာ၊
သူငယ်ချင်းက ချစ်တာ စသဖြင့်
အချစ်ခံရတာ
သိပ်ကြည်နူးစရာ ကောင်းတာပဲ။
ကိုယ်က အချစ်ခံရပြီးတဲ့အခါ
အဲဒီ ခံစားချက်ကို လက်ဆင့်ကမ်းနိုင်ဖို့
ပြန်ချစ်ပေးရမယ်။
အချစ်ခံရသူ ဖြစ်သလို
ချစ်ပေးနိုင်သူဖြစ်ဖို့လည်း ကြိုးစားရမယ်။

သက်ထားခင်(THK)
#ဒဏ်ရာများဖြင့် အလှဆင်ထား၏

မင်းက ကန္တာရပင်တွေလိုပဲခက်ခဲတဲ့နေရာတွေမှာတောင် ဝေဝေဆာဆာရှင်သန်နိုင်တယ်ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ကန္တာရဆူးလိုတော့ တခြားသူတွ...
01/01/2023

မင်းက ကန္တာရပင်တွေလိုပဲ
ခက်ခဲတဲ့နေရာတွေမှာတောင် ဝေဝေဆာဆာရှင်သန်နိုင်တယ်
ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ကန္တာရဆူးလိုတော့
တခြားသူတွေကို ထိခိုက်နာကျင်စေတဲ့အထိ အဆိပ်မပြင်းစေနဲ့...
(မြကျေးရုံ)

ကျွန်တော် ရှင်သန်ဖို့ခက်ခဲတဲ့နေရာဆိုလို့ တစ်နေရာပဲရှိပါတယ်..
ခြောက်သွေ့လွန်းလို့တော့ မဟုတ်ဘူး
အမြစ်စွဲ ကုပ်တွယ်လို့ မရနိုင်လောက်အောင် နူးညံ့လွန်းလို့..
(ရန်ပြေအေး)

ဒီနေ့ စာဖတ်သူတွေအားလုံးအတွက်အဆင်ပြေတဲ့apkလေးတစ်ခုအကြောင်းကို sharingလုပ်ပေးပါမယ်နော်📚Shwe Mee Eainဆိုတဲ့ apkလေးပဲဖြစ်ပါတ...
01/01/2023

ဒီနေ့ စာဖတ်သူတွေအားလုံးအတွက်အဆင်ပြေတဲ့apkလေးတစ်ခုအကြောင်းကို sharingလုပ်ပေးပါမယ်နော်📚

Shwe Mee Eainဆိုတဲ့ apkလေးပဲဖြစ်ပါတယ်

စာအုပ်ဝယ်ဖတ်ဖို့အဆင်မပြေတဲ့သူ ebookနဲ့မှဖတ်တတ်တဲ့သူတွေအတွက်ဆို တော်တော်လေးကို အဆင်ပြေတဲ့apkလေးပါ
စာအုပ်တော်တော်များများလည်းရှိပြီး တစ်ခါ free downloadထားတာနဲ့ အချိန်မရွေးဝင်ဖတ်ရုံပါပဲ
mb sizeကလည်းသိပ်မများတော့ အဆင်ပြေတယ်ပေါ့နော်

phရှိရုံနဲ့ ဘယ်နေရာ ဘယ်အချိန်မဆိုဖတ်နိုင်တဲ့apkလေးဖြစ်လို့ အကုန်လုံးကို sharingလုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်ရှင့်

downloadဆွဲချင်တဲ့သူတွေအတွက်လည်း linkလေး
ချပေးထားပါတယ်နော်
https://play.google.com/store/apps/details?id=com.myanmardev.myanmarebook

စိမ်းနေဦးမည့် ကျွန်တော့်မြေတက္ကသိုလ်ဘုန်းနိုင်တန်ဖိုး-၉၀၀၀ကျပ်စာမျက်နှာ-၃၀၅အဌမအကြိမ် ဒီဇင်ဘာလ
28/12/2022

စိမ်းနေဦးမည့် ကျွန်တော့်မြေ
တက္ကသိုလ်ဘုန်းနိုင်
တန်ဖိုး-၉၀၀၀ကျပ်
စာမျက်နှာ-၃၀၅
အဌမအကြိမ် ဒီဇင်ဘာလ

Address

Kanyutkwin

Telephone

+959794176397

Website

Alerts

Be the first to know and let us send you an email when My Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category