Eaindra Book Review

Eaindra Book Review �book diary �

ကျတော်တို့ ပြန်စဉ်းစားကြည့်မိဖူးလား!အခက်ခဲဆုံး ဆိုတဲ့အရာတွေ‌ကို ပြန်ပြောင်းပြောဆိုတဲ့အခါရယ်သံတွေပါနေတယ်ဆိုတာကို သတိထားမိ...
27/10/2024

ကျတော်တို့ ပြန်စဉ်းစားကြည့်မိဖူးလား!
အခက်ခဲဆုံး ဆိုတဲ့အရာတွေ‌ကို ပြန်ပြောင်းပြောဆိုတဲ့အခါ
ရယ်သံတွေပါနေတယ်ဆိုတာကို သတိထားမိကြလား?

တကယ်တော့ ကျနော်တို့ ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့
အချိန်တစ်ခုရောက်ရင် အဲ့အခက်အခဲတွေက ကျနော်တို့အတွက် ပြဇာတ်တစ်ပုဒ်လို...
ဟာသတစ်ခုလို....
အမှတ်တရ တစ်ခုသာသာ ပဲရှိခဲ့ကြတာမို့...

အခက်ခဲတွေ အဆင်မပြေမှုတွေဟာ ကျ‌နော်တို့ဘ၀အတွက်
နောင်တစ်ချိန်ပျော်ရွှင်ရယ်မောစွာ ပြောပြနိုင်မယ့်
ဟာသတစ်ခုပါ။

#အားလုံး အခက်ခဲတွေကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ကြပါစေ💪💪
🤎အိန္ဒြာ🤎

ကျနော့်ကို စာအုပ်လေးတွေ ဆက်ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်လေး🤎📚 #2017 #
13/10/2024

ကျနော့်ကို စာအုပ်လေးတွေ ဆက်ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်လေး🤎📚
#2017 #

ဆရာမ ပုညခင်ရဲ့ "အိပ်မက်ဆက်ကြိုး"စာအုပ်လေးအကြောင်း ကျနော် Examပြီးတာနဲ့ တင်ဖို့ရှိပါတယ်🤎လောလောဆယ်တော့ Examတစ်ဖက် နဲ့မို့ ...
13/10/2024

ဆရာမ ပုညခင်ရဲ့ "အိပ်မက်ဆက်ကြိုး"စာအုပ်လေးအကြောင်း ကျနော် Examပြီးတာနဲ့ တင်ဖို့ရှိပါတယ်🤎
လောလောဆယ်တော့ Examတစ်ဖက် နဲ့မို့ မတင်နိုင်သေးတာ တောင်းပန်ပါတယ်🤎

"အချစ်ကား  ည၊  မေတ္တာကား  နေ့" အတိတ်သညာ၊ အဝိဇ္ဇာတည်း၊ အနာဂတ်မူ၊ တဏှာဟူ၏၊ ကြည်ဖြူစွဲသန်၊ ပစ္စုပ္ပန်ကား၊ ကံသဘာဝ သမ္မသန၊ ဓမ...
27/11/2021

"အချစ်ကား ည၊ မေတ္တာကား နေ့"

အတိတ်သညာ၊ အဝိဇ္ဇာတည်း၊ အနာဂတ်မူ၊ တဏှာဟူ၏၊ ကြည်ဖြူစွဲသန်၊ ပစ္စုပ္ပန်ကား၊ ကံသဘာဝ သမ္မသန၊ ဓမ္မသတိ၊ မရှိစိတ်ထံ၊ ဝိပ္ပလ္လာသ၊ သူ စိုးရသည့်၊ လွမ်းညသာမော၊ တစ်ခုသော၌၊
လှသောချစ်သူ၊ ချစ်သူအလှ၊ အလှနှင့်သူ၊ သူနှင့် အလှ၊ ခွဲမရပြီ၊
အလှသည်ပင်၊ ဘဝမြင်သည်
ညစဥ် လနှင့်......ပိတောက်နှင့်.....

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်
တက္ကသိုလ်ဘုန်းနိုင်

"တောတိုင်းမှာလေ စန္ဒကူးမရှိ"အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိမျှော်လင့်ချက်မှာ သက်တမ်း မရှိအနာဂတ်မှာ ကွက်လပ် မရှိလွတ်လပ်မှုမ...
21/11/2021

"တောတိုင်းမှာလေ စန္ဒကူးမရှိ"

အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိ
မျှော်လင့်ချက်မှာ သက်တမ်း မရှိ
အနာဂတ်မှာ ကွက်လပ် မရှိ
လွတ်လပ်မှုမှာ နှောင်ကြိုး မရှိ
ငြိမ်းချမ်းရေးမှာ ဒေသစွဲ မရှိ
အမှန်တရားမှာ ပုဂ္ဂိုလ်စွဲ မရှိ ။

ကိုယ့်မှာ . . .
တဏှာကို သတ်ဖို့ နေနေသာသာ
ဆေးလိပ်တောင် မဖြတ်နိုင်ပါဘူးကွယ်။

ငွေစက္ကူတွေမှာ တန်ဖိုး မရှိ
လူသားတွေမှာ တန်ဖိုး မရှိ
ကိလေသာမှာ ထွက်ပေါက် မရှိ ( မဟုတ်သေးဘူး )
သံသရာမှာ ဖြတ်လမ်း မရှိ ( မဟုတ်သေးဘူး )
ဘဝမှာ နောင်တ မရှိ။

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ကိုယ် ခံချင်တဲ့ ငရဲ
ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီပဲ
ဝမ်းနည်းစရာ မရှိ
ကြေကွဲစရာ မရှိ ။


-လှသန်း

📖📖
18/11/2021

📖📖

အလွမ်းညတွေ လွန်မြောက်စေ...မနက်ပိုင်းမျှော်နေကျ စာတိုလေး မတွေ့ရတော့ လွမ်းတယ်ကြားနေကျဖုန်းအသံလေး ရုတ်တရက် ပျောက်ကွယ်နေပြန်...
16/11/2021

အလွမ်းညတွေ လွန်မြောက်စေ...

မနက်ပိုင်းမျှော်နေကျ စာတိုလေး မတွေ့ရတော့ လွမ်းတယ်
ကြားနေကျဖုန်းအသံလေး ရုတ်တရက် ပျောက်ကွယ်နေပြန်တော့လည်း လွမ်းတယ်
အလုပ်လုပ်ရင်း မင်းအကြောင်းလေး သဲ့သဲ့တွေးမိတိုင်းလဲ လွမ်းတယ်..

မှီနေကျ ပုခုံးစွန်းလေးတစ်ခု...
ခုံလှုံရာ ရင်ခွင်ကျယ်လေးတစ်ခု..
အတူတူရှေ့ဆက်မယ့် ခွန်အားတွေနဲ့ လက်အစုံလေး တစ်ခု..
အမြဲငေးမောကြည့်နေမိတဲ့ မျက်ဝန်းညိုညိုလေး..
ဟူး...

လွမ်းတယ်...
မင်းရှိမယ့်အရပ်ကို မျှော်ငေးရင်း...
ခပ်ပါပါး တိုက်ခတ်လာတဲ့ လေပြေလေညှင်းလေးမှာလဲ
အလွမ်းတွေနဲ့ပေါ့ အချစ်ရယ်
အရာရာဟာလွမ်းစရာပါ။

မယ်ခွာ

''ချစ်ပါတယ်ခိုင်ရယ် ခိုင့်ကိုမောင်သိပ်ချစ်ပါတယ်''ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့မောင်မပြောပါရစေနဲ့တော့မငိုရတဲ...
15/11/2021

''ချစ်ပါတယ်ခိုင်ရယ် ခိုင့်ကိုမောင်သိပ်ချစ်ပါတယ်''
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့
ချစ်ပါတယ်လို့မောင်မပြောပါရစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်းအချစ်နဲ့ပဲ မောင်ချစ်လိုက်ပါရစေ
သံသရာ အဆက်ဆက် ပြန်ဆုံတွေ့ရတဲ့အထိ
ခိုင့်ကိုသူငယ်ချင်းအဖြစ်နဲ့ပဲ ...
မောင်..ဆက်ချစ်ပါရစေ...ခိုင်

📖သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည် ခိုင်

တက္ကသိုလ်ဘုန်းနိုင်

''မောင်ကလိုက်ခဲ့ဟု ခေါ်တုန်းကလည်းမောင့်ဘေးမှာ ကျွန်မပါသည်။မောင်ကနေရစ်ခဲ့ဟု ဆိုပြန်တော့လဲမောင်စိတ်အနှောက်အယှက်ဖြစ်မည့်စာတ...
14/11/2021

''မောင်ကလိုက်ခဲ့ဟု ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည်။
မောင်ကနေရစ်ခဲ့ဟု ဆိုပြန်တော့လဲ
မောင်စိတ်အနှောက်အယှက်ဖြစ်မည့်
စာတစ်စောင်၊ စကားတစ်ခွန်း မကြားရစေဘဲ
ကျွန်မ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ...။
အဲ့သည်အထိ ကျွန်မ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် မောင်....''

ဒီစာအုပ်လေးက တကယ့်ကိုအနှစ်သာရရှိတဲ့ စာအုပ်လေးတစ်အုပ်ပါ။

စာအုပ် ရဲ့အတွင်းမျက်နှာ​ပြင်လေးမှာကိုက
ကြည့်လိုက်တာနဲ့တင် ဖတ်ချင်စိတ်ကို တစ်ဖွားဖွား ဖြစ်ပေါ်လာရတဲ့ အဓိကဆွဲဆောင်စေတဲ့အရာလေးက

''အိမ်မက်ကလေး
လှပခဲ့တဲ့အတွက်
မောင့်ကို
ကျွန်မအမြဲ..
ကျေးဇူးတင်နေတော့မှာပါ
မောင်.....''တဲ့လေ😊

အလွမ်းတေ၊ နာကျင်မှုတွေ၊ ချစ်မြတ်နိုး တန်ဖိုးထားမှုတွေ
သည်းခံမှုတွေ နောက်ဆုံး ကို့ကိုထားခဲ့ရင်တောင် သူ့အပေါ် အပြစ်မမြင်ပဲ ဆက်ချစ်နေခဲ့တဲ့ ကောင်မလေးရဲ့ အနစ်နာခံပြီး ချစ်ပေးခဲ့တာတွေ ကိုဖတ်ရင်း
နဲ့ကို ရင်ထဲ စို့နစ်နေအောင် ခံစားလာရသည်အထိ
ဆရာမဂျူးရဲ့ အရေးအသားပြောင်မြောက် မှုတွေကိုခံစားရမှာပါ။

ကျွန်တော်ကတော့ ဒါနဲ့ဆျု ၄ကြိမ်မြောက် ဖတ်ပြီးခြင်းပါ
ဖတ်ပြီးတိုင်းလဲ ခံစားချက်တွေက တစ်စက်ကလေးမှ လျော့မသွားပဲ ဘယ်ချိန်ထဖတ်ဖတ် ရင်ထဲ နင့်နေအောင်ခံစားနေရတာတော့အမှန်ပါ😊
ကျွန်တော်ကတော့ မဖတ်ရ​သေးတဲ့ ဆရာမရဲ့ပရိတ်သတ်တွေရော ဖတ်ကြည့်ချင်တဲ့သူတွေရော အကုန်လုံးကို ဖတ်ကြည့်စေချင်ပါတယ်
တကယ်ကောင်းတဲ့စာအုပ်လေးပါ📖

ဂျူး
အမှတ်တရ...
တန်ဖိုး-၂၀၀၀ ကျွန်တော်ဝယ်ခဲ့တုန်းက​စျေးနှုန်းလေးပါ
Yangon Book Plaza မှာလဲ ဝယ်ယူလို့ရပါတယ်😊
ကျွန်တော်ကတော့ စာအုပ်ဝယ်ချင်ပြီဆိုရင်
Yangon Book Plazaပဲ သွားဝယ်ဖြစ်တယ်😁

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when Eaindra Book Review posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eaindra Book Review:

Share

Category