Myat Tharki - Bookstore

Myat Tharki - Bookstore မိမိရဲ့အနာဂါတ်ကို စကားလုံးသုံးခုတည်းနဲ့ ဖော်ပြနိုင်ပါတယ်...
📖"စာ ဖတ် ပါ"📖

🌱ယနေ့အတွက် စာဖတ်ညွှန်း🌱မရှိမဖြစ်မိုး - ဂျူးဂျူးရဲ့စာအုပ်တွေကို ဖတ်လေ့ရှိတဲ့လူတိုင်းသိကြမှာပါ ဂျူးရဲ့စာအုပ်တွေထဲက အမျိုးသ...
19/05/2023

🌱ယနေ့အတွက် စာဖတ်ညွှန်း🌱

မရှိမဖြစ်မိုး - ဂျူး

ဂျူးရဲ့စာအုပ်တွေကို ဖတ်လေ့ရှိတဲ့လူတိုင်းသိကြမှာပါ

ဂျူးရဲ့စာအုပ်တွေထဲက အမျိုးသမီးဇာတ်ကောင်အများစုက တော်ရုံယောက်ျားတွေကို အထင်မကြီးတတ်ပါဘူး
အဲ့ဒီလို ဇာတ်ကောင်တွေထဲမှာမှ ဒီစာအုပ်ထဲမှာပါတဲ့ မခင်မိုးမြင့်ဆိုတဲ့ ဇာတ်ကောင်က ပိုဆိုးတယ်လို့ ကျွန်တော်မြင်ပါတယ်
ဒီစာအုပ်ကိုဖတ်နေရင်းနဲ့ မခင်မိုးမြင်ရဲ့အချစ်ကို ရဖို့ကြိုးစားနေတဲ့ ဦးမင်းထင်ကို ကျွန်တော့်မှာ သနားလည်းသနား၊ သူ့အစားခံပြင်းမှုတွေလည်း ဖြစ်ခဲ့ရပါတယ်
ဦးမင်းထင်ခင်ဗျာမှာ မခင်မိုးမြင့်ရဲ့ အချစ်ကိုရဖို့မပြောနဲ့ သူ့ရဲ့ကြိုးစားမှုတွေကို အသိအမှတ်မပြုတဲ့အပြင် စကားလုံးကြမ်းတွေနဲ့ တုန့်ပြန်ခံရတဲ့အခါ သူ့မှာ ဒီမိန်းမအပေါ် နာကျင်ခံပြင်းမှုတွေဖြစ်ခဲ့ပေမယ့် ဒီမိန်းမကို မေ့ပစ်လိုက်ဖို့ဆိုတာကလည်း သူမှာမတတ်နိုင်ခဲ့ပါဘူး
ပြီးတော့မခင်မိုးမြင့်ဆိုတဲ့ အမျိုးသမီးဟာလည်း သူမကျင်လည်နေတဲ့ပတ်၀န်းကျင်၊ သူမလုပ်နေတဲ့အလုပ်၊ ဘယ်နေမှာပဲဖြစ်ဖြစ် သူမဟာ အမြဲတမ်း အဆင်ရှယ်ဖြစ်နေရမယ်ဆိုတဲ့ ခံယူထားတဲ့အမျိုးသမီးတယောက်ပါ

ဒီစာအုပ်လေးဟာ ကိုယ်ချစ်တဲ့အမျိုးသမီးရဲ့ မသိကျေးကျွန်ပြုမှုတွေ ခေါင်းငုံ့ခံပြီး သူမရဲ့အချစ်ကို ရလာအောင်ကြိုးစားနေတဲ့ ဦးမင်းထင်နဲ့ ဘယ်ယောက်ျားကိုမှအထင်မကြီး ရောက်ရာအရပ်မှာ ကိုယ်ဟာ သူများထက်သာနေရမယ်ဆိုတဲ့ ခံယူချက်မျိုးရှိတဲ့ မခင်မျိုးမြင့်။

နောက်ဆုံးဦးမင်းထင်ကပဲ လက်လျှော့သွားမလား ဒါမှမဟုတ် မခင်မိုးမြင့်ကပဲ ဦးမင်းထင်ရဲ့ ကြိုးစားမှုတွေကိုအသိမှတ်ပြုလာနိုင်မလားဆိုတာ စာဖတ်သူ‌တို့ကို သိချင်စိတ်ပြင်းပြစွာနဲ့ ဇာတ်သိမ်းရောက်သည်ထိ လက်ကမချချင်အောင် ဆွဲဆောင်နိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်‌မှာပါ

Ref: လူငယ်တွေစာအုပ်အကြောင်းပြောကြတဲ့အခါ

🌱ယနေ့အတွက် စာဖတ်ညွှန်း🌱ပြိုမှာလေလားမိုးရဲ့စာရေးဆရာ - အောင်ပြည့်တန်ဖိုး - ၆၅၀၀ ကျပ်ထုတ်ဝေ - နှစ်ကာလများစာအုပ်တိုက်*ပြိုမှ...
19/05/2023

🌱ယနေ့အတွက် စာဖတ်ညွှန်း🌱

ပြိုမှာလေလားမိုးရဲ့

စာရေးဆရာ - အောင်ပြည့်
တန်ဖိုး - ၆၅၀၀ ကျပ်
ထုတ်ဝေ - နှစ်ကာလများစာအုပ်တိုက်

*ပြိုမှာလေလားမိုးရဲ့* တဲ့။ ကျွန်တော်တကယ်ပြိုခဲ့ရပါတယ်။မိုးလည်း တကယ်ပြိုခဲ့မယ်ထင်ပါရဲ့။ ဒီစာအုပ်ဟာ ၆၂မျိုးဆက် ဆရာအောင်ပြည့်ရေးတဲ့ တက္ကသိုလ်နောက်ခံ၀တ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းဆိုပေမဲ့ ၇၊၇၊၆၂ အရေးအခင်းကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေချိန်မှာ ၀တ္ထုစာအုပ်တွေကို စီစစ်ရေးမရှိသေးတဲ့အတွက် ထုတ်ဝေခွင့်ရခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ဒီစာအုပ်ပြန်လိုက်သိမ်းခဲ့ပါတယ်။

ဒီဇာတ်လမ်းက ကိုခင်ညိုရဲ့ဘ၀ကို‌အဓိကထားရေးသားထားတာဖြစ်ပါတယ်။ ပြွန်တန်ဆာမြို့ အထက်တန်းကျောင်းက လူစွာ၊ စာတော်တဲ့ကောင်လေးတစ်ယောက်။ မက်ထရစ်စာမေးပွဲအောင်ပြီး တက္ကသိုလ်ဘ၀ကိုခုံမင်နေသူ။ တက်ခွင့်ရတဲ့အခါ.........

ဘယ်မိန်းကလေးမှ မချစ်ဖူးတဲ့အညိုဟာ မိန်းကလေးတစ်ယောက်ကို အချစ်ကြီးချစ်မိတဲ့အခါ။ သူချစ်တဲ့မိန်းကလေးကကော.........

သူ့ဘ၀နဲ့ရင်းပြီး ချစ်တဲ့သူနဲ့ သူနဲ့ပတ်သတ်မှုအတိုင်းအတာနဲ့ အဆုံးသတ်မှာတော့.........

အချစ်၀တ္ထုသဘောမျိုးဖြစ်ပေမယ့် တကသအဆောက်အဦးကြီး အပေါ်ထပ်က အစည်းအဝေးခန်းမပုံစံတွေ၊ အောက်ထပ်က အဘဦးကံသိန်းဆံပင်ညှပ်ဆိုင်၊ခင်ညို့ဆရာ ဦးနန်းဝေ ပန်းချီပြခန်းနဲ့ လက်ဖက်ရည်ဆိုင်တွေရယ် ကျောင်းသားဘ၀မှာ ကံကော်ပန်းတွေတက်ခူးကြပြီး အင်းလျားဆောင်၊ သီရိဆောင်က အမျိုးသမီးတွေကို ပိုးပန်းခဲ့ကြပုံတွေကိုဖော်ပြထားတာဟာ တက္ကသိုလ်ရဲ့ ရနံ့တွေရလို့။ ၆၂အရေးအခင်းကြီးရယ် တကသအဆောက်အဦး မိုင်းခွဲဖျက်စီးခံရတာကို ဖတ်ရတော့လည်း ဒေါသထွက်ရပြန်တာပေါ့။ ဒီသမိုင်းပုံရိပ်တွေနဲ့ ခင်ညိုနဲ့ ဖြူတို့ရဲ့ဇာတ်လမ်းတို့ ဆွေးဖွယ်ဖတ်ရမှာပါ။

ဖြူတဲ့။ ဖြူဆိုတဲ့အတိုင်း ဖြူဖြူညက်ညက်နဲ့ သိပ်ကိုလှတဲ့ကောင်မလေး။ ခင်ညိုအရမ်းချစ်ရတဲ့သူလေး။ ဖြူ့မျက်၀န်းတွေကသိပ်လှတာပဲတဲ့။ ဒါတောင်မှ အပေါ်ကမျက်မှန်လေးကာထားပေသေးလို့။ မျက်မှန်များသာမတပ်ထားရင် ခင်ညိုဒီထက်ပိုရူးရ‌ချည်ရဲ့။
*ဘယ်လိုလဲကွယ့်*ဆိုတဲ့ အသံနွဲ့နွဲ့လေးနဲ့တင်ကို ခင်ညိုအကြိမ်ကြိမ်ရှုံးရပြန်ပါပြီ။
အဆုံးသတ်က လှ‌ရောလှပါ့မလား။
*ပြိုမှာမလို့ညို့နေတာလားဖြူရယ်*တဲ့။
တကယ်ပြိုခဲ့ပါသည်။ ခင်ညိုလည်းခဲ့ပါသည်။ ဖြူလည်းပြိုခဲ့ပါသည်။ ကျွန်တော်လည်း ပြိုရပါသည်။

ဒီစာအုပ်ဖတ်ပြီးတော့ မဆီမဆိုင်ပါပဲ။ ကျွန်တော်ထူးအိမ်သင်ရဲ့ ချစ်တိုင်းလည်းမညား သီချင်းကိုအကြိမ်ကြိမ်နားထောင်မိနေတော့တာပါပဲ။

(ဤအညွှန်းအား Yarthan အကောင့်ဆီမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

19/05/2023

Wifiလိုင်းတွေ ကိုယ်စီရလာကြပြီမို့
စာအုပ်လေးတွေ onlineကနေ
ပြန်ရောင်းပါတော့မယ်နော် 🙏🤍

09989519851ကို ဖုန်းဆက်ပြီးဖြစ်စေ
WhatsApp Number 0967297500ကို
Messageပို့ပြီးဖြစ်စေ မှာယူနိုင်ပါပြီ။

စတာပါဗျာ 🥲ဆိုင်ခန်းဆောက်ပြီးရင်ပြောမယ်နော်
26/03/2023

စတာပါဗျာ 🥲
ဆိုင်ခန်းဆောက်ပြီးရင်ပြောမယ်နော်

တက္ကသိုလ်ဘုန်းနိုင် // နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်☘️အခုလို မိုးရိပ်မိုးသားလေးကလည်း မကင်းနိုင်သေး၊ မြောက်လေအေးကလည်း ...
09/01/2023

တက္ကသိုလ်ဘုန်းနိုင် // နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်

☘️အခုလို မိုးရိပ်မိုးသားလေးကလည်း မကင်းနိုင်သေး၊ မြောက်လေအေးကလည်း တိုးဝင်လာ၊ ဒီလိုအချိန်မျိုးမှာ သတိရမိသော ဝတ္ထုတစ်အုပ်မှာ ဆရာဘုန်းနိုင်ရဲ့ “နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်”ပဲဖြစ်ပါတယ်။

☘️ဆောင်းကြွင်းစ နွေဦးကာလ နဲ့ နွေအကုန် မိုးအကူး ကာလ တော်တော်များများကို စာဆိုတော်တော်များများ ဖွဲ့ခဲ့ကြဖူးပါပြီ။
မိုးရာသီကြွင်းလု ဆောင်းဘက်သို့လည်းယိုင်စပြုတဲ့ ဤကာလကို ‌စာဆိုတွေ အဖွဲ့နည်းခဲ့ကြပါတယ်။

☘️လူ့ဘဝဆိုတာ အဆိုးအကောင်း ၊ အမှန်အမှားကို လွယ်လွယ်လေး ပိုင်းခြားလို့ရနေမယ်ဆိုရင် အားလုံးအဆင်ပြေချော့မွေနေမည်မှာ အမှန်ပင်။ သို့ရာတွင် ဘဝဆိုသည်မှာ ထိုကဲ့သို့မဟုတ် မိုးဖွဲဖွဲလေးများနှင့် နှင်းမြူမှုန်များကြားထဲ လမ်းလျှောက်နေရသလိုပင် ဖြစ်သည်။

☘️အမျိုးသားစာပေဆုရရှ်ိခဲ့သော ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဤဝတ္ထုတွင် အဓိကအ‌ခြေခံဇာတ်ကွက်မှာ စိတ်ပညာအခြေခံပင်ဖြစ်ကြောင်း ဆရာ့စာဖတ်သူတွေ သိရှ်ိနေပြီးသားပင် ဖြစ်ပါတယ်။

☘️ရုပ်ရည်‌ကလေးကလည်းလှ ၊ မျက်လုံးလေးတွေကလည်း ပြာပြာလဲ့လဲ့ ၊ ငွေငန်းဖြူလည်တိုင်ကလေးနှင့် ဘာမှလိုလေသေးမရှိအောင် ပြည့်စုံနေသလောက် ညာဘက်လက်တခြမ်းလှုပ်မရသည့် ဒုက္ခိတမလေး မွန်မွန်။
မွန်မွန့်ဘဝသည် နှင်းမြူမှုန်မှုန် မိုးဖွဲဖွဲကြား မသဲမကွဲလျှောက်‌လှမ်းနေရသလိုပင်။

☘️ဤမွန်မွန်ဆိုသော ကလေးမနှင့် စိတ္တဗေဒဌာနမှ ကထိက ဒေါက်တာဦးမြင့်နွယ် နဲ့ တွေ့လိုက်မိသောအခါ...။
ဆရာဘုန်းနိုင်၏ ဝတ္ထုများသည် ပစ္စုပ္ပန် မှ အတိတ် ၊ အတိတ် မှ ပစ္စုပ္ပန် ထိုမှတဆင့် စာဖတ်သူတို့ကို အနာဂတ်သို့ ‌ဆွဲခေါ်ပြီး ကောင်းခြင်းအတွက် မျှော်လင့်ချက်များပေးတတ်သည်။

🍀“လူကိုမပြောနှင့် မူကိုပြော” အဆိုအတိုင်း “လူငယ်ပြဿနာ၏ အ‌ခြေခံအစပျိုးမှုကိုရှာလျှင် မိဘတို့ စီမံဖန်တီးပေးသော ပတ်ဝန်းကျင်ကို လက်ညှိုးတည့်တည့် ထိုးရပေမည်”ဆိုသည့်အချက်ကို ဆရာက ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ပြခဲ့သည်။ အမျိုးသားယဉ်ကျေးမှုနှင့် ခေတ်သဟဇာတမဖြစ်၍ အကျိုးယုတ်ရပုံကို ပြထားသေးသည်။ တ‌စ်ခေတ်တချိန်က ဘက်မညီ တစ်ဖက်စောင်းနင်းဖြစ်ခဲ့သော ယဉ်ကျေးမှုကို တစ်ထောင့်တစ်နေရာမှ ဝင်ထိန်းပေးခဲ့သော စာအုပ်များထဲမှာ ဆရာ့ရဲ့ “နှင်းငွေတစ်‌ထောင့် မိုးတစ်မှောင့်”လည်း ပါဝင်ခဲ့မည်ဟု ယုံကြည်ပါသည်။

🍀ရှင်မဟာရဌသာရ တို့ ၊ ရှင်တေဇာသာရ တို့ ရဲ့ကဗျာလေးတွေ ရတုလေးတွေကိုလည်း ဆရာက ဇာတ်လမ်းနှင့်လိုက်အောင် ဖော်ပြပေးတတ်ပါတယ်။

🍀ဆရာ့စာအုပ်များကို အချစ်ဝတ္ထုရယ်လို့ ဆိုရမှာထက် လေးနက်တဲ့မေတ္တာတရားတွေကို အကွက်ကျကျဖွဲ့ပြထားတဲ့ မေတ္တာဘွဲ့ ဝတ္ထုလို့ပဲ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ပြောချင်ပါတယ်ခင်ဗျာ။
မိဘ နဲ့ သားသမီး ၊ ဆရာ နဲ့ တပည့် ၊ ယောက်ျား နဲ့ မိန်းမ စတဲ့ အပြန်အလှန် ထားရှိအပ်တဲ့ မေတ္တာသဘောတရားတွေကို ရသမြောက်မြောက်ရေးဖွဲ့ထားတာတွေကို ဆရာစာအုပ်တွေမှာပဲ တွေ့ရတာမဟုတ်ပါလား။

☘️“နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်” မှ ဦးမြင့်နွယ် နဲ့ မွန်မွန် ဟာ ဆရာ့ရဲ့ လက်ရာကောင်းတွေထဲမှ အပါအဝင်ဖြစ်သည့် “သာ၍ဝေးရာဆီကိုပါ” ပြန်ပါလာပါတယ်။အလျဉ်းသင့်လျှင် မိတ်ဆက်ပေးပါအုံးမယ်။

☘️ရသစာပေကောင်းကောင်းရှားပါးလာတဲ့ခေတ်တစ်ခုမှာ ဆရာဘုန်းနိုင်၏ “နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်” ဝတ္ထုကို ခံစားကြည့်ကြပါအုံးဗျာ။

Price- 5000ကျပ်


အမှတ်၁၃၂၊ အောင်မေတ္တာရပ်ကွက်၊ လောကမာရဇိန်ဘုရားအနီး၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
ဖုန်း-09 9895 19851, 09 7768 77668

ဒေါက်တာဖြိုးသီဟ // ပျော်ရွှင်ပါစေ" ပြောချင်တာက အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးတယ်လို့ ထင်နေတဲ့ကိစ္စတွေ ၊ ပြဿနာတ...
09/01/2023

ဒေါက်တာဖြိုးသီဟ // ပျော်ရွှင်ပါစေ

" ပြောချင်တာက အခုအချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးတယ်လို့ ထင်နေတဲ့ကိစ္စတွေ ၊ ပြဿနာတွေ၊ အငြင်းပွားမှုတွေဟာ သေမယ်ဆိုတာ သိသွားတဲ့အခါကျ (သေခြင်းတရားနဲ့ နှိုင်းယှဥ်လိုက်တဲ့အခါကျ) ဘာမှမဟုတ်တော့ဘူး ဆိုတာပဲ "

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်တည်ဆောက်ယူရတာ ဖြစ်တယ်ဆိုတာကို သိမြင်လာစေတဲ့စာအုပ်လေး တစ်အုပ်ဖြစ်ပြီး၊ လက်ရှိအခြေအနေ စိတ်ညစ်မှု၊ လမ်းပျောက်နေခြင်းတွေအတွက် သိပ်ကိုဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

အတိတ်ကို ထမ်းပိုးထားခြင်းကနေ လွတ်ချချင်တယ်ဆိုရင်...၊
အသည်းကွဲခြင်းတွေကို ဘယ်လိုကုစားရမလဲဆိုတာ သိချင်တယ်ဆိုရင်၊
ကျန်းမာပြီး စမတ်ကျတဲ့ လူငယ်တစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ချင်တယ်ဆိုရင်
ဒီစာအုပ်လေးကို ဖတ်ကြည့်ပါ။

မနက်စောစောထဖို့၊ အလုပ်တစ်ခုခုကိုစတင်လုပ်ကိုင်ဖို့၊ ပညာရပ်တစ်ခုခုကို စတင်သင်ကြားဖို့ ပျင်းနေတယ်ဆိုရင် ၊ Jobဆိုတာဘာလဲ၊ Career ဆိုတာဘာလဲ သေချာရှင်းလင်းသိမြင်ချင်ရင် ၊ ဘဝကိုအရှုံးသမားတစ်ယောက်အဖြစ် မရှင်သန်ချင်ဘူးဆိုရင် ဒီစာအုပ်လေးကိုမဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဖတ်ရုံပဲမဟုတ်ပဲ...ကိုယ်လုပ်နိုင်တဲ့အရာလေးတွေကို လက်တွေ့လုပ်ကိုင်ကြည့်မှသာလျှင် ဤစာအုပ်ကသင့်အတွက် အကျိုးရှိလိမ့်မယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကျမကိုရသစာပေဖတ်ဖြစ်အောင် တိုက်တွန်းပေးခဲ့တဲ့ သုတစာပေစာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။
လူတိုင်းဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါလို့ ပြောပြချင်မိတယ်။

"စာဖတ်ခြင်းသည် သင်၏အနာဂတ်ကို တိုးတတ်ပြောင်းလဲစေသည်"

(Review by - Myar)

Price-6500ကျပ်


အမှတ်၁၃၂၊ အောင်မေတ္တာရပ်ကွက်၊ လောကမာရဇိန်ဘုရားအနီး၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
ဖုန်း-09 9895 19851, 09 7768 77668

မစန္ဒာ // ကွက်လပ်ကလေးဖြည့်ပေးပါဒီစာအုပ်လေးကတော့ ကိုယ့်ကိုငိုအောင်လုပ်နိုင်တဲ့ဒုတိယမြောက်စာအုပ်လေးပါပဲ။ မိဘတွေကိုယ်တိုင်လ...
07/01/2023

မစန္ဒာ // ကွက်လပ်ကလေးဖြည့်ပေးပါ

ဒီစာအုပ်လေးကတော့ ကိုယ့်ကိုငိုအောင်လုပ်နိုင်တဲ့ဒုတိယမြောက်စာအုပ်လေးပါပဲ။ မိဘတွေကိုယ်တိုင်လည်း ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးပါ။ ပုံမှန်အားဖြင့် မိဘတွေက အကြီးဆုံးနဲ့အငယ်ဆုံးကို အချစ်ပိုတတ်တာ သဘာ၀တစ်ခုမို့ အလတ်တွေရဲ့ခံစားချက်ကို သိရှိစေပါတယ်။

မိဘတွေရဲ့ စိတ်ထဲကမပါတဲ့ အပြောအဆိုတွေကလည်း ကလေးရဲ့နုနယ်တဲ့စိတ်ကို ထိခိုက်နိုင်ကြောင်း သေ‌ချာရေးပြထားတယ်။ ပြီးတော့ ဆူ၊ ရိုက်တဲ့ ဆုံးမပုံနဲ့ နား၀င်အောင်ဆုံးမပေးတဲ့ မိဘနှစ်မျိုးရဲ့ပုံစံကို တချိန်တည်းမှာပြထားတဲ့ပုံကလည်း အရမ်းဗဟုသုတရစေပါတယ်။

အကယ်၍ မင်းကမိသားစုမှာ လျစ်လျူရှုခံရတဲ့အလတ်လေးဖြစ်တဲ့အခါ ဒီစာအုပ်လေးကို မင်းမိဘတွေကို ဖတ်ခိုင်းလို့ရမယ်ဆို တိုက်တွန်းပြီးဖတ်ခိုင်းကြည့်ပါ။ မရတဲ့အခါလည်း မင်းဖတ်ကြည့်ပါ။ မိဘတွေက လျစ်လျူရှုမိတိုင်း၊ ဆူတိုင်း စိတ်ထဲကပါလို့မဟုတ်တဲ့အကြောင်း၊ အကြီးနဲ့အငယ်‌ဆုံးလောက် အလေးမထားမိပေမဲ့ ၀မ်းနဲ့လွဲ‌မွေးထားတဲ့မင်းကို သိပ်ချစ်တဲ့အကြောင်းကို သိရစေပါတယ်။

မင်းမိဘတွေမပြောပြတဲ့ မင်းကိုလည်း သူတို့သိပ်ချစ်တဲ့အကြောင်းပေါ့။ အကယ်၍ မင်းကအကြီးဆုံး ဒါမှမဟုတ် အငယ်ဆုံးဖြစ်တဲ့အခါလည်း ဖတ်ကြည့်ပါ။ ကိုယ့်ရဲ့မောင်နှမကြားထဲက အလတ်လေးတွေကို ပိုဂရုစိုက်ပေးတတ်လာပါလိမ့်မယ်။

အလတ်လေးတွေဆီမှဖြစ်တဲ့ စိတ်ကွက်လပ်လေးတွေကလေ မိဘတွေမှ ဖြည့်လို့ရတာမဟုတ်ဘူး။ အစ်မကလည်းဖြည့်ပေးလို့ရတယ်။ အစ်ကိုက‌လည်းဖြည့်ပေးလို့ရတယ်။ ညီမလေးရော၊ ညီလေးရော အကုန်လုံးကဖြည့်ပေးလို့ရတယ်။ မင်းမိသားစုက အလတ်လေးတွေရဲ့ စိတ်ကွက်လပ်လေးကို ဖြည့်ဖြစ်အောင်ဖြည့်ပေးပါ။

စူးမာနဲ့ကိုတူးခံစားရတဲ့ ခံစားချက်မျိုးကို ဘယ်အလတ်မှထပ်မခံစားရဖို့ တောင်းဆုပြုမိရင်း..။

(Hannaရဲ့ Reviewပါ)

Price-3000ကျပ်


အမှတ်၁၃၂၊ အောင်မေတ္တာရပ်ကွက်၊ လောကမာရဇိန်ဘုရားအနီး၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
ဖုန်း-09 9895 19851, 09 7768 77668

ဆရာချစ်ဦးညိုရဲ့ လက်ကမချချင်အောင် ဆွဲဆောင်မှုရှိတဲ့ဝတ္ထုစာအုပ်ခပ်ထူထူ‌(၃)အုပ်နှင်းကေသရာချစ်တဲ့သူရဲကောင်း- 12000ကျပ်လင်္ကာ...
05/01/2023

ဆရာချစ်ဦးညိုရဲ့
လက်ကမချချင်အောင် ဆွဲဆောင်မှုရှိတဲ့
ဝတ္ထုစာအုပ်ခပ်ထူထူ‌(၃)အုပ်

နှင်းကေသရာချစ်တဲ့သူရဲကောင်း- 12000ကျပ်
လင်္ကာဒီပချစ်သူ- 10000ကျပ်
လက်ရွေးစင်ဝတ္ထုများ- 10000ကျပ်

မင်းလူ//ချစ်သောပန်းကလေးသတိရတယ်ဆိုတာမျိုးက   ငှက်ကလေးတွေအော်မှ၊ လကလေးကသာမှ  သစ်ရွက်ကလေးတွေကြွေမှ၊ ရှုခင်းကလေးက  လွမ်းစရာက...
05/01/2023

မင်းလူ//ချစ်သောပန်းကလေး

သတိရတယ်ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ၊ လကလေးကသာမှ
သစ်ရွက်ကလေးတွေကြွေမှ၊ ရှုခင်းကလေးက
လွမ်းစရာကောင်းမှ သတိရတာ မဟုတ်ပါဘူးကွာ၊
သတိရချင်တဲ့အခါ ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။


အမှတ်၁၃၂၊ အောင်မေတ္တာရပ်ကွက်၊ လောကမာရဇိန်ဘုရားအနီး၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
ဖုန်း-09 9895 19851, 09 7768 77668

မင်းလူ//ငှက်ကလေးမိဘချင်းအဆင်မပြေတဲ့ မိသားစုထဲက "ကိုယ်"လို့ နာမ်စားသုံးတတ်တဲ့ "ညီညီ"ဆိုတဲ့ကောင်လေးရဲ့ စိတ်ခံစားမှုတွေအကြေ...
05/01/2023

မင်းလူ//ငှက်ကလေး

မိဘချင်းအဆင်မပြေတဲ့ မိသားစုထဲက
"ကိုယ်"လို့ နာမ်စားသုံးတတ်တဲ့ "ညီညီ"ဆိုတဲ့ကောင်လေးရဲ့ စိတ်ခံစားမှုတွေအကြောင်း စာအုပ်ကောင်းတစ်အုပ်ပါ

ဒီစာအုပ်က ဆရာမင်းလူရဲ့ငယ်ဘဝတစ်စိတ်တစ်ပိုင်းလို့ ကြားမိပါရဲ့

ဘယ်လိုပဲပြောပြော ကိုယ်ကတော့ ဒီစာအုပ်က ညီညီ့နေရာကိုဝင်ခံစားရင်း မျက်ရည်စက်လက်နဲ့ဖတ်လိုက်ရတာပါပဲ။
သိတတ်စအရွယ်တည်းက အဖေနဲ့အမေဟာတစ်အိမ်ထဲမှာ မျက်နှာချင်းမဆိုင်ကြ။
ကျောင်းက သူငယ်ချင်းတွေနဲ့ဆို ပျော်ရွှင်တတ်ပြီး
အိမ်ရောက်ရင် အထီးကျန်နေရတဲ့ ညီညီလေးဟာ
သူ့သူငယ်ချင်းမိဘတွေ ချစ်ခင်ကြတာမြင်ရင်
ဖြစ်သွားတဲ့ခံစားချက်ကို ရေးဖွဲ့မထားပေမယ့်
နက်နက်ရှိုင်းရှိုင်း ရင်ထဲထိရောက်သွားတာက ဆရာမင်းလူရဲ့အရေးသားကြောင့်မို့ ထင်ပါတယ်။

ညီညီက သူငယ်ချင်းတင်အောင်ခိုင်ကို မေးပုံက
"မင်းအဖေနဲ့အမေတို့ ရန်ဖြစ်ဖူးသလားကွ"
"ဒီလိုလေကွာ၊ ရန်ဖြစ်ပြီး နောက်တော့ စိတ်ဆိုးပြေသွားတဲ့အခါ စကားတွေဘာတွေ ပြန်ပြောကြသလားလို့"

လူကြီးတွေက ညီညီဘာမှမသိတဲ့ ကလေးသာသာအရွယ်ဆိုပြီး ခံစားချက်တွေ လျစ်လျူရှုနေကြပေမဲ့ တကယ်တမ်း ညီညီကိုယ်တိုင်က မိဘရဲ့အဆင်မပြေမှုတွေကိုအမြဲသိချင်နေပြီး အဖြေတစ်ခုကိုရချင်နေလို့ တွေးရင်းငေးရင်း နေနေမိတာကို ဘယ်လူကြီးမှ သတိမထားမိတာပါပဲ။
"ဖေဖေက လူ့ခွစာတဲ့ ဖေဖေခွကျလို့ဘဲ မေမေနဲ့စကားမပြောတာလား‌
ဖေဖေ ခွမကျရင်ရော ကိုယ်တို့အိမ်က ဘွားမေသိန်းတို့အိမ်လို ပျော်စရာကောင်းမှာလား "

"ဖေဖေနဲ့မေမေ ရန်ဖြစ်ထားကြသလား။ ရန်ဖြစ်တာဆိုလျှင်လည်း ခုလောက်ကြာအောင် ပြန်မခေါ်ကြဘဲ ဘာလို့နေကြတာလဲ"

"မိဘမေတ္တာဆိုတာ အဖေရယ်၊ အမေရယ် တစ်ယောက်စီမှာ သပ်သပ်စီရှိနေတာလား။
နှစ်ယောက်ပေါင်းပြီးမှ ရှိရတာလား။ ကိုယ်မသိ"

တကယ်ပဲ မိသားစုပြဿနာကြား ကြီးပြင်းလာသူတွေဟာ ကိုယ်တိုင်ဖန်တီးရတဲ့ မိသားစုမှာလည်း
ချစ်ခင်နွေးထွေးမှုကို မဖန်တီးပေးနိုင်ကြဘူးလားလို့ ကိုယ်တိုင်သိချင်မိလာတယ်။

ညီညီ့အဖေ ဖေအောင်ဟာ ကလေးဘဝတည်းက မိဘနှစ်ပါးရဲ့မေတ္တာမရတဲ့အပြင် အရွယ်နဲ့မမျှတဲ့ ဒုက္ခတွေကို
ခံစားခဲ့ရသူ၊
ဒါပေမဲ့ ညီညီ့အမေကတော့ မိဘစောင့်ရှောက်မှုကိုအပြည့်အဝရတဲ့အပြင် ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသူ၊
သူတို့နှစ်ဦးရဲ့ဘဝအစက သာယာပျော်ရွှင်ဖွယ်ဖြစ်ပေမယ့်
ဘဝနာခဲ့ရတဲ့ဖေအောင်အတွက် ပျော်ရွှင်မှုဆိုတာအလုပ်လုပ်ခြင်းဖြစ်သလို ငယ်ငယ်က ချစ်ခင်ယုယမှုတွေမရဖူးခဲ့တဲ့အတွက် ဒါတွေဟာ လိုအပ်တယ်လို့မထင်ဘူး ငွေရှာပေးနိုင်ရင် အဆင်ပြေပြီလို့ထင်နေတာက ညီညီ့အမေလို အမြဲပြည့်စုံစိတ်ချမ်းသာစွာ နေလာရတဲ့သူအတွက် စိတ်အလိုမကျစရာ ဖြစ်လာတာပါပဲ။ ဒီကနေစပြီး သူတို့နှစ်ဦးရဲ့ နားလည်မှုဟာ ညှိနှိုင်းမရဖြစ်လာရင်း ညီညီအရွယ်ရောက်လာတဲ့အထိပါပဲ။

"မင်းအဖေက မင်းအမေကိုရော မင်းကို မချစ်ဘူးလို့မထင်နဲ့၊ သိပ်ချစ်တယ်။ ဒါပေမဲ့ ချစ်တယ်ဆိုတာ ဘာလဲလို့ သူ့ဟာသူတောင် မသိရှာပါဘူးကွာ"

ကိုယ်ကြောင့် လူ့ဘဝထဲရောက်လာရတဲ့ ဘာမှမသိနားမလည်တဲ့ လူမမယ် ကလေးတွေကို ကိုယ်ရခဲ့ဖူးတဲ့စိတ်ဒဏ်ရာတိုင်း ပြန်ရစေချင်တဲ့ မိဘတွေရှိလို့လား၊
မသိလို့မှားမိနေကြတာတွေကိုရော အသိသတိလေးကပ်ပြီးပြင်ရင်ရော မရနိုင်ဘူးလား၊
ငါ့အလှည့်တုန်းကလို ငါ့သားသမီးကိုအဖြစ်မခံနိုင်ဘူးဆိုတဲ့အတွေးမျိုးတွေ ရှိကြရဲ့သားနဲ့ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေကို မလွန်ဆန်နိုင်ကြတာမျိုးလားဆိုတာ တွေး‌တောနေမိရင်း...

စာဖတ်သူ Pyaeရဲ့ Reviewလေးဖြစ်ပါတယ်

Price-5000ကျပ်


အမှတ်၁၃၂၊ အောင်မေတ္တာရပ်ကွက်၊ လောကမာရဇိန်ဘုရားအနီး၊ အင်းတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
ဖုန်း-09 9895 19851, 09 7768 77668

05/01/2023

ဒီနေ့ ပြာသိုလပြည့် အမေများနေ့ပါ

အမေ့ပိုက်ဆံဘတ်ပြီး စာအုပ်များများဝယ်နိုင်ကြပါစေနော် 😝

03/01/2023

မနက်ဖြန်တစ်ရက်အတွက် ဆိုင်ပိတ်ပါတယ်

ဝန်ဆောင်မှုအတွက် အနည်းငယ်ပိုမို ကြန့်ကြာသွားနိုင်လို့
ကျွန်တော်တို့Admin Teamမှ တောင်းပန်အပ်ပါတယ်

Orderများကို ဆက်ပြီး လက်ခံပေးနေပါတယ် 💙

Address

No-132, Aung Myittar Qt, Near The Lawkamarazein Pagoda, Sagaing Region
Indaw
02141

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 16:30
Sunday 08:00 - 16:30

Alerts

Be the first to know and let us send you an email when Myat Tharki - Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category