15/12/2021
" Selena Gomez က ဟိုနားဒီနား စျေးဝယ်ထွက်လျှောက်ကြည့်တုန်း ချမ်းလာတာနဲ့ LV ဆိုင်ထဲဝင် LV Coat တစ်ထည် ချက်ချင်းဝယ် ဝတ်ပြီး ပြန်ထွက်သွားတယ် " တဲ့။
ဘာများထူးဆန်းလို့လဲလို့ မေးစရာရှိမယ်။ ထူးဆန်းတာပေါ့။ 😌
ကျွန်တော်တို့ သာမန်လူတွေ အင်္ကျီဝင်ဝယ်သလို လူတိုင်းကောက်ဝယ်လို့ရတဲ့ ပမာဏ မဟုတ်ဘူး။ LV Long Coat Price ဟာ $6000 မြန်မာငွေ 7,800,000 သိန်းကျော်လောက် ရှိတယ်။
သူဟာ မိဘတွေကိုလည်း မပူဆာဘူး။ ရည်းစားကိုလည်း ပူဆာပြီး ဝယ်ခိုင်းတာ မဟုတ်ဘူး။ သူ ရှာထားတဲ့ သူ့ကိုယ်ပိုင်ငွေနဲ့ ဘယ်သူ့ကိုမှမငဲ့ ၊ ဘယ်သူ့ကိုမှ ဖားယားနေစရာ မလိုဘဲ ဝယ်လိုက်တာ။
Luxury Brand အနေနဲ့ ရှိုးထုပ်ဖို့ ဝယ်လိုက်တာ မဟုတ်ဘူး။ အေးလာလို့ ၊ ချမ်းလာလို့ လိုအပ်တဲ့ ရိုးရိုးတန်းတန်း အသုံးအဆောင် အနွေးထည်အနေနဲ့ ကောက်ဝယ်ပစ်လိုက်တာကို သဘောကျတာ။
အလုပ်တွေသေအောင်ကြိုးစားပါ။ စျေးကြီးတဲ့အရာတွေဟာ ကိုယ့်အတွက် စျေးပေါလာတယ်လို့ မြင်သွားတဲ့ အထိပေါ့။
ဘယ်သူ့ Fan မှမဟုတ်ဘူး။
ဒါပေမဲ့ ကိုယ်တို့တွေ အကုန် Selena လိုဖြစ်ဖို့ ကြိုးစားရမယ်။
ငွေရှာပါ မိန်းကလေးရေ
မိဘက ဘယ်လောက် ချမ်းသာချမ်းသာ ၊
ယောကျာ်းက ဘယ်လောက်ပေးပေး ၊
ကိုယ်ပိုင်ငွေ ရှိနေပါစေ ၊ ကိုယ်ပိုင်အလုပ် ရှိနေပါစေ
တစ်နေ့ ကိုယ်တို့တွေ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာမလိုဘဲ ကိုယ်လိုချင်တဲ့ ပစ္စည်းကို စျေးမကြည့်ဘဲ ကြိုက်တဲ့အချိန် ကောက်ဝယ်နိုင်ဖို့ အစွမ်းအစ ရှိကိုရှိကြရမယ်။
Credit to me