05/01/2021
ဘာတွေကွာခြားကြသလဲ?
================
■ကျွန်တော်တို့ အနေနဲ့
အရသာသုံးမျိုးထုတ်လုပ်ထားပါတယ်။
1.classic version
2.classic plus
3.brown version
ဒီသုံးမျိုးကွာခြားချက်ကို အနည်းငယ်ရှင်းပြချင်ပါတယ်။
■classic ဟာ ကော်ဖီသီးနဲ့ပတ်သက်ရင်
အဓိကအားဖြင့် washed process ကရတဲ့
အသီးတစ်မျိုး တည်းကိုပဲ
အခြေခံထုတ်လုပ်ပါတယ်။
washed process 100% ။
လှော်တဲ့အခါမှာလည်း medium လည်းမက၊
medium dark လည်း မကျတဲ့
အနေအထားမျိုးကိုလှော်ပါတယ်။
အဲဒီ roast profile အားလုံးကို
classic အနေနဲ့ အသုံးပြုပါတယ်။
သကြားပါဝင်မှု အနေအထားတစ်ခုရှိတာကြောင့်
အချိုဘက်ကိုအနည်းငယ်ရောက်ပါတယ်။
sweet and smooth။
မြန်မာအများစုလက်ခံမယ့်
အရသာမျိုးကို
ဉီးတည်ထုတ်လုပ်ထားပါတယ်။
■classic plus အနေနဲ့ကတော့
roast profile အားဖြင့်
classic နဲ့ အတူတူပါပဲ။
အဲဒီ roast profile ကို
အမှီပြုပြီး အရသာသစ်တစ်ခုကို
ထုတ်လုပ်ထားတဲ့ အတွက်ကြောင့်
classic plus လို့အမည်ပေးထားပါတယ်။
သူ့မှာထူးခြားတာကော်ဖီသီးပါ။
washed process တင်မဟုတ်တော့ပါဘူး။
တောင်သူအခေါ် လုံးခြောက်လို့ခေါ်တဲ့
အသီးလိုက်နေလှမ်းထားတဲ့
natural sun dry process
ကော်ဖီသီး ၂၀ ရာခိုင်နုန်းပါပါတယ်။
တနည်းအားဖြင့်
washed process 80% +
natural sun dry process 20% ။
natural sun dry process ကို
ထည့်ရတဲ့ ရည်ရွယ်ချက်က
နေလှမ်း လုံးခြောက်သီးရဲ့
သဘာဝဆန်တဲ့ မွှေးတဲ့အနံ့ကို
ပါစေချင်လို့ပါ။
သူမွှေးပုံ မွှေးနည်းက အင်မတန်ချိုပါတယ်။
အင်မတန်အီပါတယ်။
နောက်တစ်ခုက သကြားပမာဏပါ။
classic Plus ကို ဖန်တီးတဲ့အခါမှာ
အချိုဓါတ်ကို
အနည်းဆုံးလိုအပ်ချက်အရ
(အနည်းဆုံးဖြစ်အောင်)
Low sugar ပဲထည့်ထားပါတယ်။
သူ့အရသာကို balance and smooth လို့
မှတ်တမ်းသွင်းပါတယ်။
မွှေးမယ်၊ အချိုပါးလွန်းမယ်။
အချို မကြိုက်တဲ့သူတွေ၊ diet Plan အရ
အချိုလျှော့ ချင်တဲ့သူတွေအတွက်
ဉီးတည်ထုတ်လုပ်ပါတယ်။
အမှန်တော့
ဒီစိတ်ကူးဟာ ၂၀၁၉ နိုဝင်ဘာတုန်းက
ထိုင်းနိုင်ငံ ကုန်စည်ပြပွဲမှာ ၊
ထိုင်းဈေးကွက်ရဲ့ လိုလားချက်ကို
ဆွေးနွေးခဲ့စဉ်က စဉ်းစားခဲ့တဲ့
ဖန်တီးမှုပုံစံလည်း ဖြစ်ပါတယ်။
■brown မှာတော့ ကော်ဖီသီးအားဖြင့်
washed process တစ်မျိုးတည်းကိုပဲ
၁၀၀ရာခိုင်နုန်းသုံးပါတယ်။
လှော်တဲ့ပုံစံက သီးခြား roast profile ပါ။
medium dark နဲ့ dark
အကြားရောက်အောင်လှော်ပါတယ်။
အခါးဓါတ်ကို ထိန်းညှိနိုင်ဖို့အတွက်
အချိုကို လိုသလောက်ဖြည့်စွက်ရပါတယ်။
ခါးသက်သက်ဖက်ရောက်အောင်
ဖန်တီးထားတဲ့အတွက်
ကော်ဖီခါးခါးကြိုက်သူတွေ
ခပ်ပြင်းပြင်းသောက်ချင်သူတွေ
လူငယ်လူလတ်ပိုင်းအတွက်
သင့်တော်တဲ့ အရသာမျိုးဖြစ်ပါတယ်။
သူ့အရသာကို bitterness and smooth လို့
ကျွန်တော်တို့ မှတ်တမ်းသွင်းပါတယ်။
■ဘယ်လို product ကိုပဲ ဖန်တီးသည်ဖြစ်စေ၊
အခြေခံထားတာက အတတ်နိုင်ဆုံးသဘာ၀ ဆန်ဖို့ပါပဲ။
----------------------------------------------------
■Classic version is based on mainly
the washed process 100%.
When roasting, the profile is
between a medium and medium dark.
All of these roast profiles are used as a classic.
Due to its sugar content, it is slightly sweet.
We note that it tastes sweet and smooth.
It focuses on the taste
that most Myanmar people will accept.
■The classic plus is the same as
the classic roast profile.
Based on this roast profile,
a new item is created and
named the classic plus.
It is not only just washed
processed coffee bean.
It contains 20% of natural
sun dry process coffee beans,
which is coffee farmers called “lone chouk”.
In other words, washed process 80% +
natural sun dry process 20%.
The purpose of using natural sun dry process is to add the natural aroma of "lone chouk”.
Its fragrance is very sweet.
When creating the classic Plus,
keep sugar to a minimum.
■In brown, only 100% of the washed process of coffee beans is used. The roasting profile is a different roast profile,
not same as above two.
It is roasted between medium dark and dark.
It is suitable for young and middle-aged people who like bitter coffee and want to drink hard.
We record it as bitterness and smooth.
■No matter what product we create,
It is based on being as natural as possible.