New To You

New To You Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New To You, Shopping centre, Dawei.

တန်တန်လေးတွေလာပါဘီနော်Onesetလေးတွေကိုမှ10000မကျော်တဲ့ဈေးတွေနဲ့ရမယ်နော်အသဲလေးတို့ ဲကဲ
18/12/2022

တန်တန်လေးတွေလာပါဘီနော်
Onesetလေးတွေကိုမှ10000မကျော်တဲ့
ဈေးတွေနဲ့ရမယ်နော်အသဲလေးတို့
ဲကဲ

လာပါဘီနော် အသဲလေးတို့ရေ5500ကနေ စရမယ်နော်အသဲလေးတို့ ရေbrand လေးလဲပါတာမို့ လက်မနှေးဖို့တော့လိုမယ်နော် ချစ်တို့ရေလက်လီသမားတ...
11/12/2022

လာပါဘီနော် အသဲလေးတို့ရေ
5500ကနေ စရမယ်နော်အသဲလေးတို့ ရေ
brand လေးလဲပါတာမို့ လက်မနှေးဖို့တော့လိုမယ်နော် ချစ်တို့ရေ
လက်လီသမားတွေ😍 အတွက် သီးသန့်လေးနော်
#ပုံအောက်မှာစျေးလေးတွေပါပါတယ်နော်
ဲကဲ

 #မနက်ဖြန် စရောင်းဘီနော်မင်မင်ရတဲ့ brand လေးတွေတစ်ချက်ရှိူးလိုက်တော့ စောင့်ရကျိူးနပ်သွား​ကြဘီ ​​မလားအသဲလေးတို့ရေမင်မင်ဆီ...
10/12/2022

#မနက်ဖြန် စရောင်းဘီနော်
မင်မင်ရတဲ့ brand လေးတွေတစ်ချက်ရှိူးလိုက်တော့ စောင့်ရကျိူးနပ်သွား​ကြဘီ ​​မလားအသဲလေးတို့ရေ

မင်မင်ဆီက စိတ်ချလက်ချအား​ပေးတဲ့နယ်က လက်ကားသမားလေးတွေတော့ရှယ်ဘဲရှင်
ဲကဲ

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့) ဘေထုပ်အကြောင်း တစေ့တစောင်းVintage clothing (သို့) ဘေထုပ် (Bale)Vintage Cloth...
05/12/2022

(ဘေဆိုတာနဲ့ အပေါစားလို့ထင်နေတဲ့သူတွေသိဖို့)
ဘေထုပ်အကြောင်း တစေ့တစောင်း

Vintage clothing (သို့) ဘေထုပ် (Bale)

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်

ဝယ်သူတိုင်းကြိုက်တဲ့ တစ်ထည် 3500 တန် jeans အောက်ကား Special item လေးကို Order ထပ်တင်လို့ရပါပီ 🫶🏻❤️❤️jeans အောက်ကားထဲမှာမ...
01/12/2022

ဝယ်သူတိုင်းကြိုက်တဲ့ တစ်ထည် 3500 တန် jeans အောက်ကား Special item လေးကို Order ထပ်တင်လို့ရပါပီ 🫶🏻❤️❤️
jeans အောက်ကားထဲမှာမှ ဈေးအမြင့်ဆုံးရှယ်အထုပ်ကို ဖောက်ပေးပီး ဂေါင်ထည်သီးသန့်ပဲပေးပါတယ်

ဘောင်းဘီမို့ ခါးဆိုဒ်စိတ်ပူတဲ့သူလေးတွေ ⬇️⬇️⬇️

ဂျင်း အောက်ကားလေးတွေက ခါးဆိုဒ်လေးတွေက 25 to 29 ပတ်ချာလည် အဝတ်များတာလေးတွေပဲပါတာမို့ စိတ်ပူစရာမလိုဘူးနော် ❤️
မင်တို့ အသစ်ဝယ်တောင် ခါးဆိုဒ်ပြန်သီရတာဘာညာကရှိတက်တာမို့
ဒါလေးက thrift ဆိုတော့ မင်မင်တို့ခါးဆိုဒ်အတိအကျကွက်တိမဟုတ်တာလေးပါလာခဲ့ရင်တောင်
ဆိုဒ်လုံးဝကြီးပီး ဝတ်မရတာမျိုးတွေပါလာမှာမပူပါနဲ့နော် မင်တို့မထည့်ပေးပါဘူးရှင့် 💯❤️

jeans အောက်ကား
5 ထည် - 17500
10 ထည် - 35000 ယူမဲ့ အရေအတွက်လေး
ရယ် လိပ်စာ ဖုန်းပေးပီး order တင်လို့ရပါပီ ❤️

လက်ကျန်လေးတေ တဖြတ် 😉စျေးလေးတေပုံအောက်မာရေးပေးထားပါတယ်နော်လိုတာလေးတွေရှိရင် page messenger or cb မှာလာပြောလို့ရပါတယ်ရှင့်...
01/12/2022

လက်ကျန်လေးတေ တဖြတ် 😉
စျေးလေးတေပုံအောက်မာရေးပေးထားပါတယ်နော်
လိုတာလေးတွေရှိရင် page messenger or cb မှာလာပြောလို့ရပါတယ်ရှင့် 😍

ဘေထုပ်အကြောင်း တစေ့တစောင်း"Vintage clothing (သို့) ဘေထုပ် (Bale)"Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသ...
01/12/2022

ဘေထုပ်အကြောင်း တစေ့တစောင်း

"Vintage clothing (သို့) ဘေထုပ် (Bale)"

Vintage Clothings ဆိုတာ မြန်မာပြည် အခေါ် ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တနည်းအားဖြင့် တပတ်ရစ် အဝတ်အစားတွေပေါ့ (၂ ပတ် ၃ ပတ် မကလည်း ရစ်နိုင်ပါတယ်)
Bale ဆိုတာ English လို အစီး
ကြီး အထုပ်ကြီးလို့ ခေါ်ပါတယ်။
အဲဒီ အဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီး အစည်းကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...
ဒီ Bale အထုပ်တွေထဲမှာ Brand စုံ အရောင်စုံ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံ အစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးးအစား အစုံပါပါတယ်... ပစ္စည်း အ
သန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store
ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...
နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...
Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ
အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်...
Vintage ဝတ်ရတာ...ရှာရတာ
ကြိုက်တဲ့ နိုင်ငြံခားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး..
(.မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေး
ကွက် ရှိနေတယ်ထင်နေမှာ စိုးလို့..)
ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်...
ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......
၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ....

၂ အချက် စျေးနှုန်း.....တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့ဗျာ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ အယားပြေ ဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့
တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး...

၄ အချက်...ဘေထုပ်နှိုက်ခြင်း အနုပညာ..
ဘေထုပ်နှိုက်တဲ့ အခါမှာ ပညာသားပါပါတယ်...မျက်စိလျင်ရမယ်... Fashion ရေစီးကြောင်း ကို သိရမယ် brand နာမည်တွေ made in ဘာညာတွေ သိရမယ် ကိုယ်ပြောခဲ့သလို ဘေထုပ်ဟာ အလန်းတွေ အကောင်းတွေ အဟောင်းတွေ အစုတ်တွေ ရောသဗွန်း ပါတာမို့.... ရွေးတတ်မှ ရမယ် အချိန်ပေးမှ ရမယ်...အိမ်ရောက်လို့ ပြန်ကြည့် brand တော့မိုက်ပါရဲ့..
မရွေးတတ်တဲ့သူတွေ အတွက် ဘေထုပ်တန်းဟာ အဟောင်း အစုတ်တွေပေါ့ ... ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့.....ပိုက်ဆံရှိရင် ရွှေဆိုင်မှာ ရွှေကို အချိန်မရွေးသွားဝယ်လို့ ရပေမယ့် ဘေဆိုင်မှာတော့ အဲလိုမရပါဘူး.... ကိုယ်ကြွေတဲ့ Brand Design ရှာမတွေခဲ့ရင် ခြေတို အချိန်ကုန် တပ်ခေါက်ပြန်လာရမှာပါ....
ဒီလို အချိန်မပေးနိုင် ဘေထုပ်နှိုက်ခြင်း အနုပညာ မတတ်တဲ့သူတွေအတွက် Admin တို့လို ဘေသရဲ၊ ဘေခရေဇီ တွေက သေချာ ဂေါင်ထည်အသန့် ရွေးချယ်ပြီး ပြန်လည်ရောင်းပေးနေတဲ့ page တွေ group တွေရှိပါတယ်....စျေးကတော့ အပုံစျေးနဲ့တော့ မယှဉ်နဲ့ပေါ့ဗျာ.... ပညာရှင်ကြေးတော့ ပေးရတာပါ့...
ကဲ.... ဒီလောက်ဆို ဘေထုပ်ဆိုတာ ဘာ... ဘယ်လို...ဘယ်သူတွေ... ဘာကြောင့်ဝတ်လဲဆိုတာ တစေ့တစောင်း သိလိုက်ပြီမို့ အမြန်ဝယ်လိုက်တော့နော်။

Thrift Fashion တွေ ဘာ့ကြောင့် ခေတ်စားလာတာလဲ?ခုနောက်ပိုင်းလူငယ်တွေကြားမှာ Thrift Clothing တွေ ရေပန်းစားလာတာ သတိထားမိကြမယ်...
29/11/2022

Thrift Fashion တွေ ဘာ့ကြောင့် ခေတ်စားလာတာလဲ?

ခုနောက်ပိုင်းလူငယ်တွေကြားမှာ Thrift Clothing တွေ ရေပန်းစားလာတာ သတိထားမိကြမယ်ထင်ပါတယ်။ Thrift Clothing ဆိုတာ တစ်ပတ်ရစ် အဝတ်အထည်တွေကို ခေါ်တာပါ။ တစ်နည်းအားဖြင့် နိုင်ငံခြားဖြစ် Second Hand Clothing တွေပါပဲ….
Second Hand ပေမယ့် Quality ကောင်းတဲ့ Brand တွေ Design ခပ်မိုက်မိုက်တွေကို ဈေးသက်သက်သာသာနဲ့ ဝတ်နိုင်တဲ့အတွက် အများစုသဘောကျ ဝတ်ဆင်လာကြတာဖြစ်ပါတယ်။ ဒီ Post လေးမှာတော့ Thrift Fashion တွေဘာကြောင့် ခေတ်စားလာတာလဲဆိုတဲ့အကြောင်းရင်းတွေကို ပြောပြပေးသွားပါမယ်နော်….

(၁) ဈေးသက်သာတယ်

Thrift Clothes တွေက ဈေးနှုန်းအတော်လေး သင့်တဲ့အထဲမှာ ပါပါတယ်။ ပေးရတဲ့ဈေးနဲ့ တန်တဲ့ Quality ကိရြတဲ့အတွက် ဝတ်ပျော်တယ်လို့ပြောရမှာပါ။ တစ်ချို့အထည်တွေမှာ Error လေးတွေပါတတ်ပေမယ့် သေချာရွေးဝယ်မယ်ဆိုရင်တော့ တော်တော်ကောင်းတဲ့ နာမည်ကြီး Brand တွေတောင်မှ ရနိုင်ပါတယ်။

(၂) Quality ကောင်းတယ်

အားလုံးသိတဲ့အတိုင်း နာမည်ကြီး Branded တွေက ဈေးနှုန်းအားဖြင့် လူတိုင်းဝယ်ဝတ်နိုင်ဖို့ မလွယ်ကူလှပါဘူး။ Quality ကောင်းသလို ဈေးကလည်း ကောင်းပါတယ်။ Thrift အထည်တွေဟာ နိုင်ငံခြားဖြစ် အဝတ်အထည်ျွေဖြစ်တဲ့အတွက် ဈေးနှုန်းသင့်တင့်ပြီး Quality ကောင်းကောင်းရနိုင်ပါတယ်။ ရွေးရင်ရွေးန်ုင်သလို နာမည်ကြီး Brand အထည်တွေကို သက်သက်သာသာနဲ့ ဝတ်နိုင်မှာပါ။

(၃) Fashion အဆင့်မြှင့်နိုင်တယ်

Thrift အထည်တွေဟာ ရွေးချယ်စရာများတဲ့အတွက် ဖန်တီးမှုကောင်းရင်ကောင်းသလို ကိုယ့်ရဲ့ဖက်ရှင်ကို အဆင့်မြှင့်သွားလို့ ရပါတယ်။ DIY လုပ်ရတာ ဝါသနာပါသူတွေအနေနဲ့လည်း ဈေးသက်သက်သာသာနဲ့ ရလာတဲ့ Thrift အထည်တွေနဲ့ နှစ်သက်ရာ DIY ပုံစံသစ်လေးတွေ စမ်းသပ်ပြီး မတူတဲ့ Fashion အသွင်ကို ဖန်တီးလို့ရနိုင်ပါတယ်။ နောက်ပြီး ဈေးကြီးတဲ့ ဂျတ်ကတ်တွေ Hoodie တွေကိုလည်း သင့်တင့်တဲ့ဈေးနဲ့ ဖက်ရှင်ထပ်မနေအောင် ထည်လဲဝတ်ဆင်နိုင်ပါတယ်။

(၄) အသုံးစရိတ် လျှော့ချနိုင်တယ်

Thrift အထည်တွေက ဈေးနှုန်းတော်တော်သင့်တဲ့အတွက်ကြောင့်မို့ အဝတ်အထည်တွေဝယ်ဖို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့တစ်လတာ Budget ကို ချွေတာနိုင်ပြီးတော့ ဈေးအသင့်နဲ့ အထည်များများဝယ်နိုင်မှာ သေချာပါတယ်။ Thrift အထည်တွေကို ဝယ်ခြင်းအားဖြင့် အသုံးစရိတ်လျှော့ချနိုင်ပြီးတော့ အပိုငွေလဲ ရလာနိုင်ပါတယ်။

 #ဒုတိယ တစ်သုတ်လေးလာပါပြီရှင်..ထုံးစံအတိုင်း ပုံအောက်မာစျေးလေးတွေရေးပေးထားပါတယ်ရှင်..❤လက်သွက်မှရမယ်နော်သဲတို့ရေ❤😚       ...
28/11/2022

#ဒုတိယ တစ်သုတ်လေးလာပါပြီရှင်..
ထုံးစံအတိုင်း ပုံအောက်မာစျေးလေးတွေရေးပေးထားပါတယ်ရှင်..❤
လက်သွက်မှရမယ်နော်သဲတို့ရေ❤😚

ကဲကဲ တချိူ့ဟာတေ sold out ကုန်ပီနော် လက်မြန်မှကိုယ့်တွက်ကျန်မာနော်❤📌ကဲ....အလန်းလေးတွေလာပြီနော် နောက်ကျသွားလို့ sorry ပါရှ...
28/11/2022

ကဲကဲ တချိူ့ဟာတေ sold out ကုန်ပီနော် လက်မြန်မှကိုယ့်တွက်ကျန်မာနော်❤📌
ကဲ....အလန်းလေးတွေလာပြီနော် နောက်ကျသွားလို့ sorry ပါရှင့်
ပုံအောက်မှာစျေးနှုန်းလေးတေရေးပေးထားပါတယ်နော်
#နောက်ကျတဲ့ခြေထောက်သစ္စာဖောက် ဘဲနော် သဲတို့ရေ

ကဲ....အလန်းလေး​တွေလာပြီနော် နောက်ကျသွားလို့ sorry ပါရှင့်ပုံအောက်မှာစျေးနှုန်းလေးတေရေးပေးထားပါတယ်နော် #နောက်ကျတဲ့ခြေထောက...
27/11/2022

ကဲ....အလန်းလေး​တွေလာပြီနော် နောက်ကျသွားလို့ sorry ပါရှင့်
ပုံအောက်မှာစျေးနှုန်းလေးတေရေးပေးထားပါတယ်နော်
#နောက်ကျတဲ့ခြေထောက်သစ္စာဖောက် ဘဲနော် သဲတို့ရေ

 #ကြော်ငြာ post Tshirt& croptop  လက်ရှည် ဥထားတာလေးလာပါပီ 🥳🌚ဒါလေးက ပုံမှန် S M L ဝတ်သူလေးတွေပဲယူပါနော် ❤️လုံးဝ trend ဖစ်န...
26/11/2022

#ကြော်ငြာ post
Tshirt& croptop လက်ရှည် ဥထားတာလေးလာပါပီ 🥳🌚

ဒါလေးက ပုံမှန် S M L ဝတ်သူလေးတွေပဲယူပါနော် ❤️
လုံးဝ trend ဖစ်နေတာလေးတွေကို တစ်ထည် 3500/4000 ဝန်းကျင်လေးတေနဲ့ရောင်းပေးမှာပါနော် သဲတို့ရယ် ဒီလိုလေးတွေက အချိန်တိုင်းမရလို့ 💯
ခုလိုမပူမအေးရာသီနဲ့လဲ ကွက်တိ 😎

အထည်ရေနဲတာမို့မြန်မြန်လေးယူထားကြနော် ဦးရာသူရနော် 😍
တံဆိပ်မဖြုတ်ရသေးတဲ့အသစ်စက်စက်ကလေးတေလည်းပါတယ်ရှင့်❤

ပုံလေးတွေက​တော့နေ့လည်မှ မင်မင်တင်ပေးပါမယ်နော် 🤩

ps . တစ်ထည်မကျန်အကုန်အလှတွေချည်းမို့ စိတ်ကြိုက်ရွေးလို့ရတယ်နော် မင့်ကိုယုံပါ အလှတွေချည်းအကုန်လုံးရစေရမယ်နော် 🥰❤️

Address

Dawei

Website

Alerts

Be the first to know and let us send you an email when New To You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share