19/12/2021
ဒါလေးတွေ အစုံ instock ရပါမယ်နော် ဝ🌚🌚
[ Wash-off masks : Review ]
ဒီနေ့မှာ အားလုံးကိုပြောပြဖို့အတွက် ၂ပါတ်လောက် try ထားတဲ့ wash-off mask reviewလေးပြောပေးမယ်နော်။ ဒီ Huppies ကထုတ်တဲ့ ဒီအထုပ်လေးတွေကို သိမယ်ထင်ပါတယ်။ TikTokက skincare videoတွေမှာ ခနခန တွေ့ဖူးကြမှာပါ။ ဟုတ်ပါတယ် Katieလည်းအဲ့က စတွေ့ရင်း လိုက်ရှာဖြစ်သွားတယ်။ ဒီမှာ ရောင်းတာလည်းတော်တော်ရှားတော့ မနည်းရှာလိုက်ရတယ် ။ Honest review ပါ ကိုယ်တိုင်စမ်းရင်း ကြိုက်လို့ sharing ပြန်လုပ်ပေးပါတယ် ။
ပထမဆုံး Huppiesလေးက ထူးထူးခြားခြား Indonesia ကနေထုတ်ပါတယ် ။ သူရဲ့ wash-off mask series တွေထဲကအကုန် vitamin e ပါတယ် ။ vit e ပါတော့ သိတဲ့အတိုင်း moisturizing (အစိုဓာတ်ထိန်းပေးမယ်) ၊ anti aging အတွက်ကောင်းတယ် ၊ အမဲစက်တွေသက်သာတယ် ၊ hydrating ပေးတယ်။ ဆိုတော့ vit e ပါတော့ skin အတွက် အရမ်းကောင်းတယ် ။ ပြီးတော့ သူက တခြား wash-off mask တွေလို ပျစ်ပျစ်လေးမဟုတ်ဘူး ။ အမှုန့်ပုံစံလေးလာတယ် ။ ဒါလေးကတော့ထူးခြားတာပေါ့နော်။
Wash-off maskဖြစ်တဲ့အတွက် သုံးပြီးရင် ရေပြန်ဆေးချပေးရမယ် ။ အရင်ဆုံး အမှုန့်လေးတွေကို လက်ဖက်စားဇွန်း 1ဇွန်းစာ ယူလိုက်မယ်။ ပြီးရင် ရေ (သို့) ကိုယ်နှစ်သက်ရာ milk , rose water , essence ကိုရောပြီး မွှေပေးရပါမယ် ။ Katieကတော့ ရေကိုသုံးပါတယ် ။ ကိုယ်က မထူမပျစ်လေးကြိုက်တာမလို့ ရေကို လက်ဖက်စားဇွန်း တစ်ဇွန်းခွဲထည့်ပါတယ်။ ဒါလေးကို မွှေပြီးရင်တော့ မျက်နှာမှာ နံ့အောင်လိမ်းပြီး 15-20 mins လောက်ကြာရင်ရေဆေးချလို့ရပါပြီ။
📌 Huppies mask လေးတွေကို ဘာလို့ကြိုက်လဲဆိုတာပြောပြမယ်နော် ။ သူက သုံးပြီးရင် အခြား wash-off maskတွေလို ခြောက်ခြောက်ကြီး မခံစားရဘူး ။ စိုစိုအိအိလေးကျန်ခဲ့တယ် ။ ဒီအချက်တင်တော်တော်ကြိုက်တာပါ ။ လုံးဝ clean and clear ဖြစ်သွားတယ်ဆိုတာ ပေးတယ် ။ ပုံမှန်လေးသုံးပေးရင် သိသိသာသာ glow look ဖက်လေး ပေးတယ် ။
1. Green tea latte mask 💚🌿
သူလေးကလေ first expressionတင်အရမ်းသဘောကျတယ် ။ အနံ့လေးကသင်းသင်းလေးနဲ့ မွှေးတယ်။ macha အနံ့လေး ရတယ် အမှုန့်လေးက စိမ်းနုရောင် နုနုလေးတွေ။ မျက်နှာပေါ်တင်ရင်လည်း နုနုလေး ခံစားရတယ် ။ သူ့သုံးပြီးရင် အဆီပြန်တာ သက်သာတယ် ။ ဆားဝက်ခြံအတွက်လို့ မပြောထားပေမဲ့ ကိုယ်ကတော့ ဆားဝက်ခြံပါ သိသိသာသာ လျော့သွားတယ် ။ moisturizer လိမ်းလိုက်ရင် အရမ်း စိတ်ချမ်းသာတဲ့ healthy look လေးရပါတယ် ။ ( အကြိုက်ဆုံးကတော့ ဒီ green teaလေးပါပဲ ) ။
ဘယ်သူတွေသုံးသင့်လဲဆို - အဆီအရမ်းပြန်တတ်သူတွေ ၊ ဝက်ခြံသမားတွေ ၊ အဆီဖုသမားတွေ သုံးဖို့ အဆင်ပြေပါတယ် ။
2.Mud Charcoal 🤎
သူလေးက Katieအတွက် အနံ့သိပ်မရဘူး ။ အနံ့လေးတော့ရှိတယ် green teaလောက်တော့ မမွှေးဘူး ။ charcoal ပါတဲ့အတွက် skin barrierအတွင်းပိုင်းထိ cleansing ပေးနိုင်တယ် ။ oil control လည်းဖြစ်လို့ အဆီပြန်တဲ့သူတွေ သုံးပေးနိုင်တယ် ။ သူကသုံးပြီးရင် မျက်နှာက ဝင်းသွားတယ် ။ ဒီအချက်လေးသိသာတယ် ။ ဒါသုံးပြီးရင် moisturizerသုံးပေးဖို့လိုမယ်နော် ။
အဆီပြန်တဲ့သူတွေ ၊ white head သမားတွေ ၊ deep cleansing လိုချင်တဲ့သူတွေ သုံးပေးန်ုင်တယ် ။ All skin type သုံးပေးလို့ရတယ် ။
3.Coffee Bean Scrub 🤎☕
သူက exfoliate scrubကိုမှ wash-off mask လုပ်ထားတာ ။ အနံ့သိပ်မရဘူး သေချာနမ်းရင်တော့ ကော်ဖီနံ့လေးသင်းသင်းလေးရတယ် ။ သူကအမှုန့်လေးက မဆိုသလောက်လေး ကြမ်းတယ် exfoliate ဖြစ်တော့။ ရေဆေးချတဲ့ အချိန်မှာ သာသာလေး scrub တိုက်သလို လေး ပွတ်ချပြီး ဆေးပေးရုံပဲ။ သူက သုံးပြီးရင် အသားက အထိမခံဘူး physical exfoliate လုပ်ထားတယ်ဆိုတော့ ညဖက်ကိုသုံးပေးပါ ။ moisturizerများများလိမ်းပါ ။ အသားအရည် သိသိသာသာကြည်ပြီး လင်းလာပါတယ် ။
All skin typesသုံးလို့ရတယ် ။ ဆားဝက်ခြံသမားတွေ ၊ အဆီပြန်တဲ့သူတွေ ၊ physical exfoliate လုပ်ချင်တဲ့သူတွေ ၊ အသားအရေ နေလောင်လို့ skin tone မညီတဲ့သူတွေ သုံးပေးနိုင်ပါတယ် ။
☁️ Wash-off mask ဖြစ်တာကြောင့် ရေပြန်ဆေးရပါမယ် ။ moisturizer သုံးကိုသံုးပေးရပါမယ် ။ exfoliate ပါတာသုံးမိရင် acid ပါတာတွေ ၊ AHA BHA သုံးတာတွေရှောင်ရပါမယ် ။ ညဖက်မှာ သုံးပေးဖို့ recommend ပါတယ် ။
ဈေးနှုန်းအနေနဲ့ 2500ပတ်ချာလည်ရှိတယ် ။ တစ်ထုပ်ကို 4ခါလောက်သုံးလို့ရတယ် ။ တစ်ပါတ်ကို 1-2 ခါလောက်ပဲ သုံးစေချင်တယ် ။ နေ့တိုင်း သုံးလို့မရပါဘူး ။
Wash-off mask ဝယ်ဖို့စဉ်းစားနေတယ် ၊ သုံးပြီး အသားခြောက်သွားတာမျိုးမကြိုက်ဘူး ၊ budget save ဖြစ်တာမျိုးရှာနေရင် ဒါလေးကို try ကြည့်ဖို့ recommendပေးပါတယ် ။ သူ့ရဲ့ wash-off mask series မှာ အခြားအနေနဲ့ beet root , chocolate , glowing gold , strawberry , ice minty , egg oval ဆိုပြီး အခြားဟာတွေေကာ ရှိပါသေးတယ်။ အနံ့လေးတွေလည်းကောင်းတယ် ။
Where to buy - Shop with nge
အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ။ take care and stay safe ပါရှင် ❤️🌼