Ba gyi naing

Ba gyi naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ba gyi naing, Shopping & retail, Ponekyun, Dawei.

14/02/2026
14/02/2026
❗❗ နှလုံး​​ရောဂါများ❗❗ အပေါ် အာနိသင်ရှိ၍ အစွမ်းထက် သဘာဝဆေးပင်များဖြင့် ဖော်စပ်ထားသော -" ရွှေကယန်း " အမှတ်တံဆိပ် " နှလုံး...
16/03/2024

❗❗ နှလုံး​​ရောဂါများ❗❗ အပေါ် အာနိသင်ရှိ၍ အစွမ်းထက် သဘာဝဆေးပင်များဖြင့် ဖော်စပ်ထားသော -

" ရွှေကယန်း " အမှတ်တံဆိပ် " နှလုံးသည်းခြေဆေး "

ဤဆေးသည် တိုင်းရင်းဆေး သမားတော်​ကြီး ကိုယ်တိုင် နစ်ပေါင်းများစွာ နှလုံးရောဂါရှိ လူနာများကို တိုက်ကျွေးကုသခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်း​စ​ေခဲ့သည်။ ဤဆေးကို နှလုံး သည်းခြေ ရောဂါ လက္ခဏာများ ဖြစ်သော -

••••••••••••••••••••••••••••••••••

🔯 စိတ်ဖိစီးမှူများပြီး အိပ်မပျော်ဖြစ်ခြင်း

🔯 ခံတွင်းပျက်၍ အစားအသောက် မစားလိုခြင်း

🔯 နှလုံးခုန်မြန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူမဝ
ခြင်း ၊ ရင်တုန်ခြင်း

🔯 နှလုံးအားနည်း၍ မူးဝေခြင်း ၊ မောပန်းခြင်း

🔯 နှလုံးကြီးခြင်း

🔯 သွေးအတွင်း အဆီများ၍ နှလုံးသွေးကြောကျဥ်းခြင်း

🔯 သွေးပေါင်ကျ၍ နှလုံးအားနည်းကာ မူးဝေခြင်း

🔯 သွေးအားနည်း၍ ခန္ဓာကိုယ် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း၊
မောနေတတ်ခြင်း

🔯 သွေးလည်ပတ်မှု.အားနည်း၍ ခန္ဓာကိုယ်
လေးလံထိုင်းမှိုင်းနေခြင်း

🔯 နှလုံး အားနည်း၍ ​ခြေဖျား လက်ဖျားများ အေးစက်ခြင်း

🔯 နှလုံးရောဂါ ကြောင့် အာရုံကြောများ အားနည်းခြင်း ၊
ထုံကျင်ခြင်း ၊ မူးဝေတတ်ခြင်း

🔯 သည်းခြေ အားနည်း၍ အရာရာကိုထိန့်လန့်နေတတ်ခြင်း
၊ အလိုလိုနေရင်း အားငယ်နေတတ်ခြင်း

🔯 အမျိုးသမီးများ လစဥ် ဓမ္မတာကြောင့်ဖြစ်တတ်သော
သွေးအားနည်းခြင်း ၊ ဓမ္မတာ မမှန်ခြင်း ၊ ဓမ္မတာ
လာနေစဥ်အတွင်း ထိတ်လန့်တတ်ခြင်း ၊ အားငယ်တတ်
ခြင်း

🔯 အိမ်ထောင်ရေး သုခ မပြည့်စုံကြသူများ ( ပန်းမလန်း
သူများ ၊ အချိန်မတန်မှီသုတ်လွှတ်မြန်သူများ) နှင်.

🔯 နှလုံးရောဂါ အမျိုးမျိုးအတွက်

✴ ပုံမှန် မှီဝဲသင့်သော အစွမ်းထက် ဆေးစွမ်းကောင်း
တစ်လက်ဖြစ်ပါသည်။

✴ တိုင်းရင်းဆေး တက္ကသိုလ်ဆင်း သမားတော် ကိုယ်တိုင်
ဖော်စပ်ထားသည်ဖြစ်၍ ယုံကြည် စိတ်ချစွာ သုံးစွဲ
နိုင်ပါသည် ။

👨‍🔬 မြန်မာ. တိုင်းရင်းဆေး သမားတော် ဦးကျော်သူရဟိန်း
တိုင်းရင်းဆေး ပညာဘွဲ. ( Bachelor Of Myanmar
Traditional Medicine { B.M.T.M } )
တဆ - { ၇၃၈၁ }

💊 ဆေးသုံးစွဲရန် အညွှန်း

လူကြီး တစ်နေ့ { ၃ } ကြိမ် - တစ်ခါသောက် (၅) လုံး

ကလေး အသက် ( ၅ ) နှစ်မှ (၁၂ ) နှစ် အထိ
တစ်နေ့ { ၂ } ကြိမ် - တစ်ခါသောက် (၃) လုံး

အစာစားပီး တိုင်း ရေနွေးဖြင့် သောက်သုံးနိုင်ပါသည် ။

💊 ဆေးတစ်ဗူးတွင် ဆေးအလုံး ( ၁၅၀) ပါပါသည် ။

➡ တစ်ခါသောက် ( ၅ ) လုံး တစ်နေ့ ( ၃ ) သောက်လျှင်
တစ်လစာ ဆေး ( ၃ ) ဗူး ပါရှင့် ။

➡ တစ်ခါသောက် ( ၅ ) လုံး တစ်နေ့ ( ၂ ) သောက်လျှင်
တစ်လစာ ဆေး ( ၂ ) ဗူး ပါရှင့် ။

💵 ဆေးတစ်ဗူး လျှင် ➡ ( ၅၅၀၀ )
👉ထားဝယ်မြို. - !
ထားဝယ်မြို. ကိုယ်စာလှယ် !
ကိုနိုင်လင်းထွန်း
Diamondeye(fashionshop)
♦️ဆန်းချီလမ်းဆုံ၊Deluxe hotel အနီး
Ph no = 09963303605
🙏🙏🙏 ရောဂါဝေဒနာများ ကင်းဝေး၍ သာယာအေးချမ်းသော ဘဝများ ပိုင်ဆိုင်ကြပါစေ 🙏🙏🙏

19/04/2022

ဆီးကျိတ်ကြီးတဲ့ရောဂါဟာ အသက်ကြီးတဲ့ အမျိုးသားတိုင်းမှာ ဖြစ်ပါသလား❓❓

အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာ ပိုများလေ ဖြစ်ပါတယ်။ ကြီးတဲ့နှုန်းသာ ကွာတာဖြစ်ပါတယ်။ မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေ ခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့သူကတော့ နောက်ကျမှ ခံစားရတာ ဖြစ်ပါတယ်။
လေ့လာချက်တွေအရ အသက် ၄၀ မတိုင်မီမှာ ၁၀% ၊ အသက် ၅၀ မှာ ၃၀% ၊ အသက် ၆၀ မှာ ၅၀% ၊ အသက် ၇၀ မှာ ၇၀% ၊ အသက် ၈၀ မှာ ၈၀% ၊ အသက် ၉၀ မှာ ၉၀% နဲ့ အသက် ၁၀၀ မှာ ၁၀၀% ဖြစ်ပါတယ်။

အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရင် ခါတိုင်းလို မဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ်ကြီးတာနဲ့ ဆိုင်ပါသလား❓❓

ဆိုင်နိုင်ပါတယ်။ ဆီးကျိတ်ကြီးလာရင် ဆီးကျိတ်ရဲ့ အလယ်ကနေ ဖြတ်သွားတဲ့ ဆီးသွားပြွန်ကို ဖိပါတယ်။ အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဓိက အုပ်စု (၂) ခုခွဲထားပါတယ်။

(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သော လက္ခဏာများ)
==================
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်
- စသွားရင်လည်း ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်
- ဆီးသွားလို့ပြီးသွားရင်လည်း ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်

(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သော လက္ခဏာများ)
===============
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲ သွားပါတယ်
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်

အဲ့ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးရောဂါ ဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်။

ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ဘယ်လိုလူမျိုးမှာ ပိုပြီး စောစောဖြစ်ပါသလဲ❓❓

ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ်။

🔺 မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်။

🔺 အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်။

🔺 ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်။

🔺 အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။

🔺 ဝမ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်။

🔺 အဆီအစိမ့်တွေ (Fatty diet) များများစားသူတွေမှာ ပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်။

🔺 လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ်ပါတယ်။

🔺 စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပြီးဖြစ်တယ်လို့ ပြောလိုပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

08/04/2022

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာများ-

၁။ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ LDL Cholesterol လျော့ချပေးတဲ့ အသီးအနှံတွေကတော့ ထောပတ်သီး၊စတော်ဘယ်ရီသီး၊သစ်တော်သီး၊ငှက်ပျောသီး၊ဘယ်ရီသီးများ၊ခရမ်းချဉ်သီး၊လိမ္မော်သီး၊ပန်းသီး၊ ဖရဲသီး၊နာနတ်သီး စတဲ့ သစ်သီးဝလံများကိုစားသုံးပေးသင့်ပါတယ်။

၂။ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီတွေလို မပြည့်ဝဆီများကို ပိုမိုစားသုံးပေးခြင်းဖြင့် သွေးကြောတွေထဲ အဆီခဲတွေ ဖြစ်တာတွေကိုလျှော့နည်းစေပါတယ်။

၃။ ငါးကြီးဆီ များများပါတဲ့ ငါး( ဥပမာ- တူနာ၊ ဆော်လမွန်နဲ့ ဆာဒင်းငါး)တွေကိုများများစားပေးခြင်းဖြင့် မကောင်းတဲ့ အဆီတွေကို လျှော့ချပေးပါတယ်။

၄။ အသီးအရွက်အနေဖြင့် ပန်းမုန်လာ၊ကညွှတ်၊ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ်ရွက်၊ကိုက်လန် စသော လတ်ဆတ်သောဟင်းရွက်များနှင့်ပဲ၊ပဲတောင့်ရှည်၊ကုလားပဲ၊ပဲစေ့နက်၊အခွံမာသီး၊အားလူး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဆန်ညို၊ဂျုံ၊မုယောစပါး၊ပြောင်းဖူးစသည့်အစားအစာများကိုစားသုံးပေးသင့်ပါတယ်။

၅။ ဒိန်ချဉ်၊ Green Tea၊အနက်ရောင်ချောကလက်၊နွားနို့၊ပဲနို့ တို့ကို သောက်သုံးပေးခြင့်ဖြင့်လည်း နှလုံးကို အထောက်အကူဖြစ်စေပါတယ်။

၆။ အသားဓာတ်အနေနဲ့ကတော့ အဆီနည်းတဲ့ ပရိုတင်း(ဥပမာ- ပဲ၊ အခွံမာသီး၊ ငါးနဲ့ ကြက်သား)တွေကိုအဓိကစားသုံးပေးသင့်ပါတယ်။

🍱အစားအစာ ကိုအချိန်မှန် စားသင့်ပြီး နေထိုင်စားသောက်မှုမှန်ကန်ခြင်းကလည်း နှလုံးရောဂါအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတာကိုလည်း ဖော်ပြပေးချင်ပါတယ်ခင်ဗျာ။
Credit to original writer

Good
08/04/2022

Good

အဖိုးတန် ဆေးဖက်ဝင် ရှားစောင်းလက်ပတ်ပင် အကြောင်း သိကောင်းစရာ

ရှားစောင်းလက်ပတ် အပင်မျိုးသည် အသုံးဝင်သည့် ရတနာ ဖြစ်ပေသည်။ ရောဂါတော်တော်များများကိုလည်း ကာကွယ် ကုသနိုင်ပေသည်။ရှားစောင်းလက်ပတ်ပင်ကို တင်းတိပ််၊ ဝက်ခြံများ ကုသရာတွင် အသုံးပြုကြပါသည်။ ထို့အပြင် အသားအရည် ဖြူဖွေးစေရန်အတွက်လည်း ထည့်သွင်းအသုံးပြုကြပါသည်။ အခြားလူသိနည်းနေသေးသော အကျိုးကျေးဇူး အများအပြား ရှားစောင်းလက်ပတ်တွင် ရှိနေပါသေးသည်။



ရှားစောင်းလက်ပတ်အပင်၏ အကျိုးကျေးဇူးများပုံ၊အဖိုးတန်ရတနာဖြစ်ပုံ တို့ကို အောက်ပါ အချက်အလက်များတွင် တွေ့မြင်နိုင်ပါသည်။

(၁) ပိုးများကိုသေစေခြင်း

ရှားစောင်းလက်ပတ်ပင်ဟာ လူကို ဒုက္ခပေးနိုင်သည့် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်ပိုးများကို သေစေနိုင်သည့် အစွမ်း သတ္တိ ရှိပါသည်။



(၂) ပဠိဇီဝဆေးအနေဖြင့် အသုံးပြုနိုင်ခြင်း

ရှားစောင်းလက်ပတ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဠိဇီဝဆေး အနေဖြင့် လည်းကောင်း၊ အရေပြား ရောင်ရမ်းလျှင် လည်းကောင်း၊ နာတာရှည် ရောဂါများ အတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။



(၃) အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း

ရှားစောင်းလက်ပတ်ပင်သည် ဗီတာမင်ဓာတ် ပြည့်ဝပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါသည်။ အသားအရေကိုလည်း စိုပြေလှပစေပါသည်။ ထို့ကြောင့် ဝက်ခြံပျောက်ဆေးများနှင့် ဘောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပတ် ကို အသုံးပြုကြပါသည်။ ထို့ပြင် ဆံကေသာကို ပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန် အထာက်အကူ ပြုပါသည်။



(၄) အစာအိမ်အတွက် အထောက်အကူပြုခြင်း

ရှားစောင်းလက်ပတ်ပင်သည် အစာအိမ်အနာများနှင့် အူလမ်းကြောင်း တလျှောက်ရှိ အနာများအတွက် အထူး ကောင်းမွန်ပေသည်။



(၅) နှလုံးအားကောင်းစေခြင်း

ကယ်ဆီယမ် ပါဝင်သော ရှားစောင်းလက်ပတ်ပင်သည် သွေးလည်ပတ်မှုက်ို ကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်း ခြင်း နှင့် နှလုံးကြီးခြင်းတို့ကို လျော့နည်းစေပါသည်။ နှလုံးခုန်နှုံးကိုလည်း တည်ငြိမ်စေပါသည်။



(၆) ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း

ရှားစောင်းလက်ပတ်ပင်သည် တုပ်ကွေး စသည့်ဗိုင်းရပ်ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးသည်။



(၇) ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်ခြင်း

ရှားစောင်းလက်ပတ်တွင် ပါဝင်သော ပစ္စည်းများသည် ကိုယ်ခံစွမ်းအားကို တိုးတက် ကောင်းမွန်စေခြင်းကြောင့် ခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားမှုကို ဟန့်တားစေနိုင်သည့် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိ ရှိပါသည်။



(၈) ကိုယ်ပူကျစေခြင်း

ရှားစောင်းလက်ပတ်ပင်သည် အခါးဓာတ်ရှိသဖြင့်ကိုယ်တွင်း အပူကို ကျစေပါသည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန် မဟုတ်သော ဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် ခန္ဓာကိုယ်မှ မလိုလားအပ်သော အရာများကို ဖယ်ရှားနိုင်ပါသည်။



(၉) အိုမင်းရင့်ရော်ခြင်းကို လျော့ချနိုင်ခြင်း

ပရိုတိန်းဓာတ် ပါဝင်သော ရှားစောင်းလက်ပတ်ပင်သည် အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေသည်။

နာတာရှည် ဓာတ်မတည့်သော ရောဂါများကိုလည်း သိသိသာသာ ပျောက်ကင်းစေနိုင်ပါသည်။



(၁၀) နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

သွားကိုက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။ လှုပ်ရှားမှုကြောင့် ဖြစ်သော ခေါင်းမူးဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါသည်။



(၁၁) နေရောင်ဒဏ် ကာကွယ်နိုင်ခြင်း

ရှားစောင်းလက်ပတ်ပင်သည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်သော စွမ်းအားရှိသောကြောင့်အသားအရေကို ဖြူဝင်း တောက်ပ စေသည်။ နေရောင်ဒဏ်ကိုလည်း ကာကွယ်နိုင်ပေသည်။ ထို့ပြင် မျက်နှာနီမြန်းခြင်း နှင့်တင်းတိပ် အစရှိသော အရေပြားနှင့် ပတ်သက်သည့် ရောဂါလက္ခဏာများကို ကာကွယ်ပေးပါသည်။



(၁၂) ခြင်ကိုက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

ပူအိုက်လွန်းသော ရာသီတွင် ခြင်ကိုက်မခံရအောင် ရှားစောင်းလက်ပတ် အရည်ကို ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းပေးနိုင်ပါသည်။ ရှားစောင်းလက်ပတ်ဖြင့် ထုတ်လုပ်ထားသော စက်ပရေး ဖျန်းထားသည့် နေရာတွင် ယင်ကောင်များ မဝင်ရောက်နိုင်ပေ။



(၁၃) အနံဆိုးများကို သက်သာစေခြင်း

ရှားစောင်းလက်ပတ် လိမ်းခြင်းဖြင့် ခံတွင်းနံ့ဆိုးခြင်း၊ ခြေထောက် အနံ့ဆိုးခြင်းနှင့် ဂျိုင်းအနံ့ဆိုးခြင်းများကို သက်သာစေနိုင်ပါသည်။

ဘာသာပြန် ပန်းမြတ်

မူရင်း jin zhi jia ren

Source from internet.....

06/04/2022

"ကင်ပွန်းချဉ်ရဲ့အံ့မခမ်း အစွမ်း ဒီလောက်စွမ်းမှန်း ခုသိရပြီ။

ကျောက်ကပ် နှလုံး အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါ။

ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။

ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။

ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။

ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင်
ဆူးရှိသည်။

အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း
ရှိသည်။

အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။

အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။

အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။

မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

ကင်ပွန်းချဉ်သည်အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။

ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။

အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်

အသည်းရောင်အသား ဝါရောဂါ၊

သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။

အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့်
နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက
ရောဂါ သက်သာသည်။

အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီးသကြားအနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)
ရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက်
လေနာမြစ်ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့
ဝမ်းမှန် စေသည်။

ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။

လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။

ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း
တည့်သည်။

ကိုယ်တွင်း အပူကို ငြိမ်းစေသည်။

ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။

ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။

သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့
အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။

နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်မှီဝဲ စေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။

ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ကြော်စားလျှင် ထမင်းမြိန်ပါသည်။

အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီးကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။

ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။

ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။

နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

#ကင်ပွန်းချဥ်
ကင်ပွန်းချဉ် ဟာလူတိုင်းစားသုံးသင့်တဲ့ အရွက်တစ်မျိုးပါ။ ကင်ပွန်းချဉ်ကို ဆေးဝါးအဖြစ်စားသုံးနိုင်ပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျန်းမာရေးမကောင်းသူတွေ ခံတွင်းမကောင်းသူတွေအိပ်မ ပျော်တဲ့သူတွေ အဓိကစားသုံးသင့်ပါတယ်နော်။

ကင်ပွန်းချဉ်ဟာနွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ ကင်ပွန်း ချဉ်ဟာ အသည်းအတွက် အသုံးဝင်ပါတယ်။

အရွက်နုကိုကြိတ်ပြီး အသည်းရောင်တဲ့နေရာမှာ လိမ်းပေးပါက လည်းရောဂါသက်သာနိုင်ပါတယ်။

ကင်ပွန်းချဉ်အရွက်နုကို ညက်အောင်ထောင်ပြီး သကြားအနည်းငယ်ဖြင့် ရေကျက်အေးနှင့် နေ့စဉ်သောက်ပေးပါက အဖျဉ်းရောဂါကိုသက်သာစေနိုင်ပါတယ်။

ကိုယ်ဖော ကိုယ်ရောင် ရောဂါတွေကိုလည်း ပျေက်ကင်းနိုင်ပါတယ်။

ကင်ပွန်းချဉ်ကို ရေနွေးအနည်းနဲ့ သောက်ပေးပါကလည်း ဝမ်းချုပ်ခြင်း၊လေချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းအပူကိုငြိမ်းစေပါတယ်။ ဆီးရွင်စေပါတယ်။ ဆီးပူဆီးအောင့်၊ ပန်းသေပန်းညိုး ကောင်းမွန်းစေပြီး ရုပ်ပျိုကာ အဆီက လှပစေပါတယ်။

အစာအိမ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားပေါ် အဖြူကွက်ထခြင်းများကို ကင်ပွန်းချဉ်စားခြင်းဖြင့် သက်သာပျေက်ကင်းစေပါတယ်။

နှလုံးရောဂါဝေဒနာခံစားနေရသူများ အနေဖြင့် ကင်ပွန်းချဉ် (၅)ကျပ်သား၊ ထန်းလျက် (၁၀) ကျပ်သား၊ ဆားအသင့်အတင့်ဖြင့်ရောကျိုးကာ နေ့စဉ်သောက်သုံးသင့်ပါတယ်။

အူရောင်ရောဂါခံစားနေရသူများ၊ အစာမကြေသူများ၊ အစာလမ်းမကောင်းတဲ့သူများ ကင်ပွန်းချဉ်ကအစွမ်းထက်တဲ့ ဆေးတစ်ခွက်ဆိုတာသိစေချင်ပါတယ်။

နောက်တစ်နည်းကတော့ ကင်ပွန်းချဉ်အရွက်ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်အောင်ထောင်းပြီး အရည်ကိုအဖတ်မပါအောင်ညစ်ယူပါ။ မျက်စိနာ၊ မျက်ရိုးကိုက် ဝေဒနာတွေကို သက်သာစေပါတယ်။
မျက်ရည်ပူ၊ အခိုးအငွေ့တွေထွက်စေသဖြင့် မျက်လုံးအမြင်ရှင်းစေပါတယ်။Crd
သမားတော်တိုင်းရင်းဆေး

ပြန်လည်မျှဝေပါသည်

မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

06/04/2022

အစားလည်းဆေး၊ဆေးလည်းအစာ(ကြွက်နားရွက်မှို)

လွတ်လပ်စွာမျှဝေနိုင်ပါသည်။

​ကြွက်နားရွက်မှို-စားသုံးသင့်သောရောဂါများ

ကြွက်နားရွက်မှိုသည် Return meridian- အစာအိမ် meridian၊အူမကြီး colon meridianတို့ကိုအကျိုးပြုသည်။

ထိရောက်မှု- အစာအိမ်အာဟာရကို ဖြည့်တင်းပေးကာ qi ကို ပြန်လည်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားကောင်းစေကာ သွေးကိုအာဟာရဖြစ်စေပြီး သွေးထွက်ခြင်းကိုလည်း ရပ်တန့်စေပါသည်။

အစားအသောက်- ပရိုတင်းများ၊ အဆီများ၊ သကြားနှင့် ပြာများ ပါဝင်သည်။ ပြာများတွင် ဖော့စဖရပ်စ်၊ သံ၊ ကယ်လ်စီယမ်၊ ကာရိုတင်း၊ သီမင်းမင်း၊ ရီဘိုဖလာဗင်၊ နီယာစင် စသည်ဖြင့်၊ သကြားဓာတ်တွင် မန်းနန်၊ မန်နို၊ ဂလူးကို့စ်၊ xylose၊ pentose နှင့် မီသိုင်းပင်တက်စ့်တို့ ပါဝင်သည်။

ကြွက်နားရွက်မှို သည်သွေးဝမ်းပါခြင်း၊လိပ်ခေါင်းသွေးပါခြင်း၊ သွေးထွက်သည့်လူနာများအတွက် သင့်လျော်သည်။ ဝမ်းထဲတွင်၊ ဆီးတွင်သွေးပါခြင်း၊ နှာရည်ယိုခြင်း၊ သွေးကြောပိတ်ခြင်း သို့မဟုတ် ဝမ်းသွားခြင်းစသည့် သွေးများကို စားသုံးနိုင်သည်၊ ကင်ဆာ၊ အဝလွန်ခြင်း၊ သကြားဓာတ် ဆီးရောဂါများ၊ သွေးအားနည်းရောဂါ၊ နှလုံးသွေးကြောနှင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ လူနာများ စားသုံးရန် သင့်လျော်ပါသည်။ကြွက်နားရွက်မှိုသည် ရောဂါအားလုံးနှင့်သင့်သည်။

Refer:Zhonghua Shiwu Biandian

Address

Ponekyun
Dawei
60101

Telephone

+959963303605

Website

Alerts

Be the first to know and let us send you an email when Ba gyi naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share