Sam's Amateur Bookshop

Sam's Amateur Bookshop ဖတ်ပါ၊မှတ်ပါ၊ကျင့်ကြံပါ။

10/03/2026
10/03/2026

လက်ကျန်လရောင် နဲ့ပတ်သက်ပြီး စာဖတ်သူတွေကို ခွင့်တောင်းချင်တာလေးရှိပါတယ် ။

လက်ကျန်လရောင် ဝတ္ထုကို ရုပ်ရှင်မရိုက်ပါနဲ့လို့တားကြတဲ့စာဖတ်သူတွေရဲ့ဆန္ဒကိုအလေးထားတာကြောင့်ရော ကျွန်မကိုယ်တိုင်က ဆန္ဒမရှိသေးတာကြောင့်ပါ လက်ကျန်လရောင်ကို ၈နှစ်လုံးလုံး ရုပ်ရှင်ရိုက်ဖို့ မရောင်းဘဲ ထားခဲ့ပါတယ် ။ ဒီအတောအတွင်းမှာ ကျွန်မဝတ္ထုကို နှစ်သက်တန်ဖိုးထားစွာနဲ့ရုပ်ရှင်အဖြစ် ဖန်တီးချင်သူတွေကိုလည်း အားနာစရာကောင်းစွာ ငြင်းပယ်ခဲ့ရပါတယ် ။

ဒီနှစ်ပိုင်းမှာတော့ ပုဂံကပေးတဲ့ခွန်အားနဲ့အတူ ကျွန်မမှာဆန္ဒတစ်ခုရှိလာပါတယ် ။ အဲ့ဒါကတော့ ကျွန်မနဲ့ကျွန်မပရိသတ်တွေချစ်တဲ့ပုဂံမြေရဲ့ အလှအပတွေနဲ့အတူ သမိုင်းမှတ်တမ်းချန်ခဲ့နိုင်မယ့် ရုပ်ရှင်
တစ်ကားကို ကျွန်မကိုယ်တိုင်ထုတ်လုပ်ချင်တာပါ ။ လက်ကျန်လရောင် ချစ်မြတ်နိုးသူများအနေနဲ့လက်ကျန်လရောင်ကို ကျွန်မကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရိုက်ကူးမယ်ဆိုရင်တော့ ကြည်ဖြူနိုင်ကောင်းရဲ့လို့မျှော်လင့်မိပါတယ်။

လက်ကျန်လရောင်ကို စာအုပ်မဖတ်နိုင်သူတွေ ၊အသက်အရွယ်ကြီးရင့်သူတွေ ၊ကလေးတွေကအစ ကြည့်ရှုခံစားစေချင်တဲ့စိတ်မျိုး ကျွန်မမှာရှိသလို ကျွန်မပရိသတ်တွေမှာလည်းရှိလိမ့်မယ်လို့ထင်မိပါတယ် ။

ဒါ့ကြောင့် အရင်ဦးဆုံး စာဖတ်
ပရိသတ်များရဲ့ဆန္ဒကို တောင်းခံရခြင်းဖြစ်ပါတယ် ။

ကြည်ဖြူနိုင်လိမ့်မယ်လို့မျှော်လင့်လျက်..

#ပုညခင်
#လက်ကျန်လရောင်

10/03/2026

လူတစ်ယောက်ရဲ့ သမိုင်းကို
နှလုံးသားလှပခြင်းနဲ့ ရေးရတယ်။
ဒါမှ အဲဒီလူရဲ့သမိုင်းဟာ အမြဲတမ်း
ထင်ရှား လှပနေမှာ ဖြစ်ပါတယ်။

။မွေးဖွားခြင်းနဲ့သေဆုံးခြင်း။

မွေးဖွားခြင်းနဲ့သေဆုံးခြင်း
ကြားလာလဟာ လူတစ်ယောက်ရဲ့
ရှင်သန်ရခြင်း သမိုင်းပါပဲ။

အဲဒီ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
ကြားကာလကို ဘယ်လိုရှင်သန်မလဲ။
ဒါ...သိပ်ကိုအရေးကြီးပါတယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
ကြားကာလကို သမိုင်းလှဖို့အတွက်ဆိုရင်
နှလုံးသား လှဖို့တော့ လိုပါလိမ့်မယ်။

နှလုံးသားလှဖို့အတွက်က
တရားကိန်းမှ ဖြစ်ပါလိမ့်မယ်။

တရားကိန်းရင် နှလုံးသားက
အလိုလို လှပါတယ်။

နှလုံးသားတကယ်လှလာရင်
လူ့ဘဝအနာဂတ်နဲ့ သမိုင်းပါ
လှပသွားတာ အသေအချာပါပဲ။

ဒါကြောင့် လူ့ဘဝခဏ
ရှင်သန်ရတုန်းလေးအချိန်မှာ
တရားကိန်းအောင် ကြိုးစားပါ။

နှလုံးသားလှပသူတစ်ယောက်အဖြစ်နဲ့
ရှင်သန်ပါ။

အဲဒါမှ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
ကြားကာလ အသက်အပိုင်းအခြားလေးကို
သမိုင်းကောင်း ၊ မှတ်တမ်းကောင်းတွေ
ချန်ထားခဲ့နိုင်ပါလိမ့်မယ်။

#အလင်းမြတ်
#နှလုံးသားအလှတရား

11/12/2025

မြကျေးရုံတို့ပုဂံရွှေပြည် စာအုပ်သည် စာဖတ်သူများ၏ နှလုံးအိမ်တွင် ၈နှစ်တိုင်ထွန်းလင်းနေဆဲဖြစ်သည့် လက်ကျန်လရောင် ဝတ္ထုမှ မြကျေးရုံနှင့် ရန်ပြေအေး ( ဆူးပုပ်) ဟူသော ကြယ်ကလေးနှစ်ပွင့်နှင့် ပြန်လည်ဆုံတွေ့နိုင်သောစာအုပ်၊ ပုဂံမြေတစ်ခွင်ကို သူတို့နှစ်ယောက်နှင့်အတူ စာဖတ်သူပါအတူသွားရောက်နိုင်သောစာအုပ်ဟုဆိုနိုင်ပါသည် ။

ဤစာအုပ်၌ လက်ကျန်လရောင် ဝတ္ထုမှ ဇာတ်ကောင်များကိုပြန်လည်တွေ့ဆုံနိုင်မည်ဖြစ်သလို ပုဂံ၏သမိုင်းနှင့်ဒဏ္ဍာရီ ၊ ဗိသုကာ ၊ နံရံပန်းချီ ၊ လူမှုဘဝများ၊ ကျောက်စာများ၊ ပွဲတော်များ ၊ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် ယုံကြည်မှုများအကြောင်းကိုပါ သုတ ရသ ရောနှောလျက် စုံစုံလင်လင် ထည့်သွင်းရေးဖွဲ့ထားသောစာအုပ်လည်း ဖြစ်ပါသည် ။ လက်ကျန်လရောင်၏အဆက်ဟုမဆိုနိုင်သော်ငြား လက်ကျန်လရောင်၏ ဆင့်ပွါးစာအုပ်တစ်အုပ်အဖြစ် မြကျေးရုံနှင့်ရန်ပြေအေးတို့၏ ငယ်ဘဝ နေ့ရက်တချို့ဆီ ပြန်သွားနိုင်သော စာအုပ်၊ ပုဂံနှင့်ပတ်သက်သမျှကို စုံစုံလင်လင် သိမြင်ခံစားနိုင်သော စာအုပ်တစ်အုပ်ဖြစ်ပါသည် ။

( ယခုတင်ထားသောပုံသည် မျက်နှာဖုံးပုံမဟုတ်ပါ)

#ပုညခင်
#မြကျေးရုံကိုပုဂံရွှေပြည်
#လက်ကျန်လရောင်

ဆရာမ ပုညခင် ရဲ့ စာအုပ်သစ် " မြကျေးရုံတို ပုဂံရွှေပြည် " pre-order တင်ထားလို့ ရပါပြီ ခင်ဗျာ ၊ စာအုပ်ဖိုး ၃၆၀၀၀ ကျပ် နှင့်...
11/12/2025

ဆရာမ ပုညခင် ရဲ့ စာအုပ်သစ် " မြကျေးရုံတို ပုဂံရွှေပြည် " pre-order တင်ထားလို့ ရပါပြီ ခင်ဗျာ ၊ စာအုပ်ဖိုး ၃၆၀၀၀ ကျပ် နှင့်အတူ ခရီးအနီးအဝေးမူတည်ပြီး ပို့ခကျသင့်ပါမယ်ခင်ဗျ ❤️

“ရွှေစည်းခုံဘုရားက ကျန်စစ်မင်းကြီးရဲ့ကျောက်စာမှာ စစ်ကြောင့် မိသားစုနဲ့တကွဲတပြားဒုက္ခများခဲ့ရတဲ့ပြည်သူတွေကို မင်းကြီးက သနားကရုဏာနဲ့နှစ်သိမ့်ပေးခဲ့တယ်တဲ့ မောင်လေးရဲ့ ၊ ပုဂံရာဇဝင်မှာ ဘယ်မင်းကမှ ကျန်စစ်မင်းလို ပြည်သူကို သနားကရုဏာနဲ့ နှစ်သိမ့်မပေးခဲ့ဖူးဘူးတဲ့ “

(မြကျေးရုံ)

“ကျွန်တော့်ကိုလည်း ဘယ်သူကမှ မမလို သနားကရုဏာနဲ့နှစ်သိမ့်မပေးခဲ့ဖူးပါဘူး ။ ကျွန်တော့်အတွက်တော့ မမက ကျန်စစ်သားပါပဲ “

(ရန်ပြေအေး)

#ပုညခင်
#မြကျေးရုံတို့ပုဂံရွှေပြည်
#လက်ကျန်လရောင်
မျက်နှာဖုံးပန်းချီ - ဇေယျာအေး (Watercolor on paper)
မျက်နှာဖုံးဒီဇိုင်း-အံ့ဘွယ်ဇင်
အတွင်းပန်းချီများ- စနေ (ပုဂံ)
စာမျက်နှာ -၅၀၀
စာအုပ်ဆိုဒ်-၆”x၉”
စက္ကူ-creamy paper
တန်ဖိုး-၃၆၀၀၀ကျပ်
ခန့်မှန်းစာအုပ်ထွက်ရက်-ဒီဇင်ဘာလကုန်
သို့မဟုတ် ဇန်နဝါရီလဆန်း
လက်ဆောင်- ပုံနှိပ်ထားသော ဆရာမလက်မှတ်နှင့်လက်ရေးဆုတောင်းစာပါ ၂၀၂၆ခုနှစ် နှစ်သစ်ဆုတောင်းပို့စကတ်ရေဆေးပန်းချီ။ ❤️

04/12/2025

မြကျေးရုံတို့ပုဂံရွှေပြည် စာအုပ်ထုတ်ဝေဖို့ စီစဉ်နေချိန်မှာ လက်ကျန်လရောင် ဝတ္ထုထဲက ရန်ပြေအေး(ဆူးပုပ်) နဲ့ မြကျေးရုံတို့ရဲ့ ငယ်ဘဝက အာနန္ဒာဘုရားပွဲမှာ ဆုံတွေ့ခဲ့ကြပုံကို AI နဲ့ ပုံထုတ်ကြည့်ခဲ့တော့ နီးနီးစပ်စပ်ပုံလေးတွေ ရပါတယ်။ ကျွန်မကိုယ်တိုင် prompt ထုတ်တဲ့အခါ ဇာတ်ကောင်တွေရဲ့အသက်အရွယ်၊ ဆံပင်ပုံ၊ အဝတ်အစား၊ ခံစားမှု ၊ နောက်ခံအကြောင်းအရာ ၊ နေရာဒေသ စသဖြင့် အသေးစိပ်ပြောရပါတယ် ။ ထုတ်ပေးတဲ့ပုံထဲက မကြိုက်တာရှိရင် ( ဥပမာ အဝတ်အစား ၊ ဆံပင်ပုံ .. စသဖြင့်) အကြိမ်ကြိမ် ပြင်ခိုင်းရပါတယ် ။ နောက်ဆုံးတော့ ဒီလိုပုံလေး ရပါတယ် ။ သူ့မှာလည်း အကန့်အသတ်ရှိပါတယ် ။ ကွက်တိတော့မရပါဘူး။အာနန္ဒာဘုရားပွဲလာ လှည်းတန်းကြီး၊အာနန္ဒာဘုရား စတဲ့ပုံတွေဟာလည်း ဆင်တူပေမဲ့ ကွဲလွဲမှုတော့ရှိပါတယ် ။ နွားတွေလည်းမပါဘူးပေါ့။ ဒီလောက်ထုတ်ပေးနိုင်တာပဲ မဆိုးဘူးလို့ ဆိုရမယ်ထင်ပါတယ် ။ ကျွန်မအနေနဲ့ ကျွန်မရဲ့စိတ်ကူးဇာတ်ကောင်တချို့ကို AI အသုံးပြုပြီး စမ်းသပ်ထုတ်ကြည့်ခဲ့တာဖြစ်ပါတယ် ။ ဒီပုံလေးနဲ့ပတ်သက်ပြီး လက်ကျန်လရောင် စာဖတ်ပရိသတ်တွေရဲ့အမြင်ကိုလည်း သိချင်ပါတယ် ။

( စာတွေကတော့ ပုံရမှ ကိုယ့်ဘာသာဖြည့်စွက်ထားတာပါ။)

PS : ဒီပုံက စာအုပ်မျက်နှာဖုံးမဟုတ်ပါ။ စမ်းသပ်မှုတစ်ခုသာဖြစ်ပါတယ်။

#မြကျေးရုံတို့ပုဂံရွှေပြည်
#လက်ကျန်လရောင်
#ပုညခင်

04/12/2025
Suprise girt ပါဗျို့......."စာအုပ်ဖတ်ရတာအရမ်းကြိုက်တဲ့ တီတီနွေးအတွက်လက်ဆောင် အကူအညီလိုတဲ့အချိန်တိုင်း အမြဲအဆင်သင့်ရှိနေလ...
10/11/2025

Suprise girt ပါဗျို့.......

"စာအုပ်ဖတ်ရတာအရမ်းကြိုက်တဲ့
တီတီနွေးအတွက်လက်ဆောင်
အကူအညီလိုတဲ့အချိန်တိုင်း
အမြဲအဆင်သင့်ရှိနေလို့
ကျေးဇူးအများကြီးတင်ရပါတယ်"

ဆိုတဲ့ စာလွှာလေးနဲ့ အတူ အကောင့်ပိုင်ရှင်
လေး ဆီသို့ စာအုပ်လက်ဆောင်လေး ပို့ဆောင်
ခိုင်းထားပါတယ်ရှင့်....😍😍😍

သိတဲ့သူလေးတွေ Mentioned လေးခဲ့ပါအုံးနော့်😍

Address

Dawei

Telephone

+959457306340

Website

Alerts

Be the first to know and let us send you an email when Sam's Amateur Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sam's Amateur Bookshop:

Share

Category