Eain Shin Ma seafood

Eain Shin Ma seafood Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eain Shin Ma seafood, Shopping Service, Dawei.

16/12/2023
12/04/2022

ထိုင်းမုန့်ဟင်းခါးချက်နည်း🤤🤤

ငါး ၃၀သား
စပါးလင် ၂ချောင်း
အုန်းနို့ ၁ဗူးခွဲ
ကြက်သွန်နီ ၁၅ကျပ်သား
ကြက်သွန်ဖြူ ၃လုံး
ဆိတ်ဖူးဥ ၅ကျပ်သားခန့်
ခရမ်းချဉ်သီး ၃လုံး

ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ငါးတို့ကို ဆနွင်းမှုန့် စိမ်းစားငါးပိ စပါးလင် နဲ့ ဆားအနည်ငယ် ထည့်၍ ၁၅မိနစ်ခန့်ပြုတ်ပါ။
ရရင် ငါးကိုအရိုးနွင်ပြီး ငါးအသားများကို ညှက် အောင် ထောင်းထားပါ။
ကြက်သွန်နီ ကြက်သွန်ဖြူ ဆိတ်ဖူးဥတို့ကို ငရုပ်သီးခြောက်အနီတောင့်နှင့် ညှက်အောင် ထောင်းပြီး ဆီသပ်ပါ။ပီးမှ အုန်းနို့ ထည့်ချက်ပါ။
မီးဖြည်းဖြည့်ဖြင့် ၅ မိနစ်ခန့် ပေးဆူ ပြီးမှ ငါးပြုတ် ရေ ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ထောင်းထားသေားငါးအသားများ လှီးထား

တဲ့ခရမ်းချဉ်သီး readymade ငါးဖယ်လုံး ပဲသွေးတုံး သို့ ကြက်သွေးတုံးများထည့်ပါ ပျစ်နေမှာစိုးလို့ ရေအနည်းငယ် ရော ၍ ၁၅မိနစ်ခန့်ဆူအောင် ဆက်တည်ပါ။
အိုးချခါနီး ဆား အရသာမှုန့် ငံပြာရည်တို့ဖြင့် အရသာ အပေါ့အငန် စိတ်ကြိုက်ပြင်ဆင်ပါ။

တစ်ပွဲစာပြင်ဆင်ပုံက မုန့်ဖတ် ဟင်းရည် ပဲသီး ဂေါ်ဖီ ငရုတ်သီးမှုန့် ကြက်သွန်ကြော် ကြက်သွန်မြိတ် နံနံပင် ဝက်ခေါက်ကြော် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit မူရင်း #ထိုင်းမုန့်ဟင်းခါးချက်နည်း

ကြက်ဆီထမင်းအရသာအမှန်ဆုံးနည်း! ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင် 😍😍😍 အားလပ်ရက် တနင်္ဂနွေနေ့မှာ မိသားစုဆုံတုန်းလေး ကြက်ဆီထ...
04/09/2021

ကြက်ဆီထမင်း

အရသာအမှန်ဆုံးနည်း!
ကြက်ဆီထမင်း အိမ်မှာ လုပ်စားကြရအောင် 😍😍😍 အားလပ်ရက် တနင်္ဂနွေနေ့မှာ မိသားစုဆုံတုန်းလေး ကြက်ဆီထမင်း လုပ်စားကြမယ်လေ👨‍👩‍👦‍👦🆗
ကြက်ဆီထမင်းဆိုရင် တော်တော်များများ နှစ်သက်ကြသလို စားတဲ့အခါ အရသာရှိလွန်းလို့ ကလေး၊ လူကြီးအကုန် စားလို့အဆင်ပြေပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကုန်ကြေးကျလည်းသက်သာ၊ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့ ကြက်ဆီထမင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပျော်ရွှင်တဲ့ တနင်္ဂနွေဖြစ်ပါစေ 🙏🙏🙏

ပါဝင်ပစ္စည်းများ
👇👇👇👇👇👇
ကြက်သားအတွက် - ကြက်တစ်ကောင်လုံး ၈၀ ကျပ်သားခန့်
ဆား လဘက်ရည်ဇွန်း ၃ ဇွန်း
ဂျင်း လက်တစ်ဆစ် (အပြားလိုက်လှီးထားပါ)
ရေ (ကြက်သားမြုပ်အောင်ထည့်ပါ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
ထမင်းအတွက် - ဆန် ၂ ခွက်
နှမ်းဆီ ထမင်းစားဇွန်း ၁ဇွန်းခွဲ
ဂျင်း ၁ ပြား (ညက်အောင်ထောင်းထားပါ)
ကြက်သွန်နီ ဥသေး ၂ ဥ (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ အကြီး ၂ မွှာ (ထောင်းထားပါ)
ရေ (ဆန် ၂ ခွက်အတွက် ပေါင်းအိုးမှာ ချက်ရန် လိုအပ်သော ပမာဏ)
သကြား လဘက်ရည်ဇွန်း ၁ ဇွန်း
ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
ဘိတ်ချဉ်အတွက် - ကြက်သွန်ဖြူ ၂ ဥ (အခွံခွာထောင်းထားပါ)
ငရုတ်သီးစိမ်း ၄ တောင့် (ညှပ်ထားပါ)
ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ဆော့စ်အချိုအတွက် - ကြက်ပြုတ်ရည် ၁ ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
သကြား ထမင်းစားဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက် ၁ခွက်ရဲ့ သုံးပုံတစ်ပုံ (၇၈ မီလီလီတာ)
တွဲဖက်စားစရာ - သခွားသီး ၂ လုံး
နံနံပင် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ကြက်အရေခွံ‌တွေကို ကြက်သားမပြုတ်ခင် ကြက်ဆီလုပ်ဖို့ သက်သက်ခွာထားပါမယ်။ ခွာပြီးရင် ကြက်တကိုယ်လုံး အတွင်းရော အပြင်ပါ မကျန် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အကျိအချွဲပြောင်အောင် ပွတ်ပေးပါ။
၂။ ပြီးရင်တော့ ဒန်အိုးထဲမှာ ကြက်သားကိုထည့်၊ ဆား ၂ ဇွန်းနဲ့ လှီးထားတဲ့ ဂျင်းပြားလေးတွေထည့်၊ ရေကို ကြက်သားမြုပ်အောင်ထည့်ပြီး မိနစ် ၃၀ လောက်တည်ထားပေးရပါမယ်။
၃။ ဖယ်ထားတဲ့ ကြက်အရေခွံတွေကို အပူပေးထားတဲ့ အိုးထဲမှာ နှမ်းဆီထည့်ပြီး ဆီထွက်လာအောင် လှိမ့်ပေးပါ၊ ဆီထွက်လာရင် အရေခွံတွေကို ဖယ်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာရင် ရေဆေးထားတဲ့ ဆန်ထည့်ပြီး လှိမ့်ပေးပါ။
၎။ ပြီးရင်တော့ ပေါင်းအိုးထဲ လှော်ထားတဲ့ဆန်ကို ထည့်၊ သတ်မှတ်ထားသော ရေချိန်အတိုင်း ကြက်ပြုတ်ရည်ကို ထည့်၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ထမင်းချက်သလို ချက်ပေးပါ။
၅။ ကြက်သားကို အိုးထဲက ဆယ်ပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး နောက်ထပ်အိုးသစ်တစ်ခုထဲ ၁၅ မိနစ်လောက် တည်ပေးပါ။ ပြီးရင်တော့ အနေတော်လေးလှီးပြီး ထမင်းနဲ့ အတူ သခွားသီး၊နံနံပင်တို့နဲ့ တည်ခင်းပေးပါ။
၆။ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှာလကာရည်၊ငံပြာရည်၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ဘိတ်ချဉ်ဖျော်၊ ကြက်ဖဆော့စ် ဒါမှမဟုတ်လည်း ကြက်ပြုတ်ရည်၊ သကြားနဲ့ ပဲငံပြာရည်အနောက်ကို ဒယ်အိုးထဲ အပူပေးပြီး ရောမွှေထားတဲ့ ဆော့စ်အချိုနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါပြီ။

💗💗💗 ကြက်ဆီထမင်းလုပ်စားနည်းက စာရှည်သွား‌တော့လုပ်ရတာခက်မယ်၊ ရှုပ်မယ်ထင်ကြပေမဲ့ တကယ်တန်းလုပ်ကြည့်ရင် လွယ်ပါတယ်။ မိသားစုများတဲ့ အိမ်တွေဆိုရင် တစ်ယောက်နည်းနည်းနဲ့ ဝိုင်းလုပ်ကြရင် ပျော်စရာလည်းကောင်းသလို စားလို့လည်း တကယ့်ကို ခံတွင်းမြိန်စေပါတယ်။

❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
Credit

#ကြက်ဆီထမင်းချက်နည်း

17/07/2021

ကြက်ဥ ၁၅၀ ကျော်ရင် မစားကြပါနဲ့
လုံးဝကိုမဝယ်ပါနဲ့
ဘယ်ကြက်မဖင်ကိုမှ စို့ထားလို့မရပါဘူး
ကြာကြာထားရင်ပုတ်တက်တာမျိုးမို့
အဝယ်ရပ်လိုက်ရင်ဈေးတင်ရောင်းတဲ့ဟာတွေတောင့်မခံနိုင်ပါဘူး
ဈေးတင်ရောင်းတဲ့ ဆိုင်တွေလည်းမှတ်ထားပါ
နောက်မဝယ်ပါနဲ့
လူညီရင် ပြန်ကျမှာပါ💪💪💪

Crd

အရှက်ရှိကြအုံး!
ဆင်းရဲသားတွေက သေပေးဖို့မွေးလာတာမဟုတ်ဘူး!

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲဈေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံရေခဲသေတ္တာထဲခံအောင် ကြာကြာထားလို့ရတ...
24/03/2021

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲ

ဈေးခဏခဏမသွားနိုင်တဲ့ကာလမှာ
အသားငါး အသီးအရွက်အစုံ
ရေခဲသေတ္တာထဲခံအောင်
ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့
ပြုလုပ်လေ့ရှိတဲ့
နည်းလမ်းလေးတွေပါ 🍐🍎🍏🍐🍉🥭🍑🍒🍓🍇

အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤

ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်😇

မီးဖိုချောင်အတွက်ပြည့်ပြည့်စုံစုံရေးထားလို့ မူရင်းရေးသူကို credit ပေးပါတယ်နော်။
Credit to Original Writer

ဝက်သားတုတ်ထိုး လုပ်နည်း━━━━━━━━━━━ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား....
16/12/2020

ဝက်သားတုတ်ထိုး လုပ်နည်း
━━━━━━━━━━━
ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါ.

အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။ ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့်ထပ်ပါ။ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်. အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။

★အူပြုတ်နည်း★

အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။ငြုပ်ကောင်းမှူန့်အနည်းငယ်နဲ့လေးညှင်း၂ပွင့် နာနတ်၁ပွင့်တို့ ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာဖြစ်ပါတယ်။ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါနံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။

★အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်း★

ရေနွေးဆူအောင်တည်ပြီးဆား...သကြားထမင်းစားဇွန်းဝက်..နာနတ်၁ပွင့်..ပဲငံပြာရည်..ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာမီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီးဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ကြက်ဥပြုတ်ကြိုက်ပါက ၅လုံးခန့်ပြုတ်ပြီ..ထည့်ပြုတ်နိုင်ပါတယ်ရှင့်။

★အချဉ်ရည်ပြုလုပ်နည်း★

မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်။

Credit
Credit '' Photos

 #ကြေးအိုးချက်နည်းကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။တထပ်တည်းမကျရင်တောင် ...
07/12/2020

#ကြေးအိုးချက်နည်း

ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်း
အတိုင်းသာ ချက်ပါ။

တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။
အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့
ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ကြေးအိုး ချက်နည်း
**************
ပါဝင်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ၀ကျရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ-

အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိ
သလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့်
ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

ါရှင့်

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)-------------------------------------------မိသားစုနဲ့ အတူ လုပ်စားဖြစ်တဲ့ ရန်ကုန်မုန့်ဟင်းခ...
05/12/2020

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
-------------------------------------------
မိသားစုနဲ့ အတူ လုပ်စားဖြစ်တဲ့ ရန်ကုန်မုန့်ဟင်းခါးပါ ချစ်စစ်တို့၊ bro တို့ ။ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ဖော်ပြထားပေးလိုက်ပါတယ်…
-------------------------------------------
ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်

၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)

၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)

မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။

၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)

၅။ ပဲကြော်

၆။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)

ရ။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
-------------------------------------------

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)

၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)

၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)

၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)

၅။ ဆီ – ၁၀ကျပ်သား

၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)

ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
-------------------------------------------
ပြင်ဆင်နည်း

၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
-------------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။

၎။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။
-------------------------------------------
မုန့်ဟင်းခါး စချက်ပါတော့မည်

၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။

ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။

၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တဝက်) ဖြူးပေးပါ။

၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။

၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….

Crd.wutyee.

"ကြာဇံချက်" ချက်နည်းကြာဇံချက်  ချက် တဲ့ ပုံစံတွေ အများကြီးရှိသည့်အနက်မှ ဒီနေ့ချက်ဖြစ်တဲ့ ချက်နည်းကို အကြိုက်ဆုံးပါ...ကို...
04/12/2020

"ကြာဇံချက်" ချက်နည်း

ကြာဇံချက် ချက် တဲ့ ပုံစံတွေ အများကြီးရှိသည့်အနက်မှ ဒီနေ့ချက်ဖြစ်တဲ့ ချက်နည်းကို အကြိုက်ဆုံးပါ...ကိုယ်တိုင်ကို
က ကြာဇံချက်က ကိုယ့်ရဲ့ အကြိုက်ဆုံးအစားအစာ တွေထဲ
မှာ တစ်ခုလို့တောင် ပြောလို့ရပါတယ် ....ဒါကြောင့် ရောက်လေရာအရပ်တိုင်းမှာ ကြာဇံချက်နဲ့ ပက်သက်တဲ့ ချက်နည်းပေါင်းများစွာကို လေ့လာခဲ့တယ် သင်ယူခဲ့တယ်
ခုထိလည်းလေ့လာဆဲ သင်ယူဆဲပါ.... ..ကြာဇံချက်မှာ အဓိကက ကြက်သားဆီသတ်တာ အရေးကြီးပါတယ် ဆီသတ်တဲ့ အနံ့ ကောင်းဖို့ရယ် ကြက်ပြုတ်ရည် ငံပြာရည်
ကောင်းဖို့ရယ်က အဓိကကျပါတယ် ..ဆီသတ်တဲ့ အနံ့ကောင်းကောင်းရဖို့ ကိုယ်တိုင် ပုံစံအမျိုးမျိုးနဲ့လက်တည့်စမ်း
ပြီးချက်ခဲ့ဖူးတယ် ကြက်သားကို ကြက်သွန်နီ/ဖြူ ထောင်းပီး
ဆီသတ်လိုက်လို့ထွက်လာတဲ့အနံ ..ကြက်နီ/ဖြူ /ဂျင်းသုံးမျိုး
ပေါင်းပီးဆီသတ်လို့ထွက်လာတဲ့ အနံ့ ကြက်နီ တမျိုးထဲထည့်
ပြီးထွက်လာတဲ့အနံ့. ဘာမှမထည့်ပဲ ဆီပူပူမှာ ဆနွင်းအရောင်တင်ပဲ ထည့်ပီး ထွက်လာတဲ့အနံ့ ကြက်သွန်ဖြူတစ်ၿမိဳးထဲပဲေထာင်းပီး ဆီသတ်လိုက်လို့ထွက်
လာတဲ့ အနံ့. မျိုးစုံပေါ့

နောက် ဘာမှဆီမသတ်ပဲ ကြက်ပြုတ်အိုးထဲ အကုန်ပစ်ထည့်ပီးတော့လည်း ချက်ဖူးတယ် ...အားလုံးထဲမှာ မှ ကိုယ်အကြိုက်ဆုံးနဲ့ ကြာဇံချက်ရဲ့ ဟင်းပွဲနဲ့အလိုက်ဖက်ဆုံးကတော့ အခု ချက်ပြမဲ့ ကြက်သွန်ဖြူ တစ်ၿမိဳးထဲေထာင်းပြီးဆီသတ်ပြီး ခ်က္တဲ့ ပုံစံကို အႀကိဳက္ဆုံးပါ အနံ့ရော အရသာပါ တကယ်ကောင်းပါတယ်......နောက်တချို့ က ကြက်သားကို အစိမ်းလိုက်သေးသေးလေးတွေတုံးပြီးချက်တယ် အခုချက်မဲ့ ပုံစံက ကြက်သားကို အရင်ပြုတ်ပီးမှ ချက်မှာဖြစ်ပါတယ်
ဘာပဲဖစ်ဖြစ် စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေအတွက် နည်းပေါင်းစုံ ရှိတဲ့ ချက်နည်းထဲက ပုံစံတစ်မျိုးပေါ့နော်
ကိုယ့်အိမ်မှာ က အိမ်သားကနည်းတော အိုးအသေးလေး အချိုးပေါ့နော် ဒီအချိုးအတိုင်းပဲ ချက်နည်းကို ရေးပြီးတင်ပေးလိုက်ပါ့မယ်.....

ပါဝင်ပစ္စည်းများ

ယိုးဒယား ကြာဇံ တစ်ဆယ်သား (ဘာလို့ယိုးဒယားကြာဇံကို
ရွေးပီးချက်သလဲဆိုတော့ ဒီကြာဇံက ချက်လိုက်ရင် အချောင်းလေးတွေက ကြည်ကြည်လေးနဲ့ပွလာပြီး စားလိုက်ရင်လည်းထွေးထွေးလေးနဲ့ ပိုစားကောင်းလို့ပါ )
ကြက်သား ၁၅ကျပ်သား
ကြက်သွန်နီ ခြောက်လုံး
ကြက်သွန်ဖြူ ဥကြီး တစ်လုံး
ငံပြာရည် (ငံပြာရည်ကို သုံးရင် အရမ်းအနံ့မဆိုးတဲ့ ငါးငံပြာရည် အချိုရည်ကိုသုံးပါ)
ဆား ကြက်သားမူန့်. အချိုမူန့်.သကြားအနည်းငယ်
ဆနွင်း အရောင်တင်မူန့် ငရုတ်ကောင်းမူန့်. အနည်းငယ်
ကြက်ဥ နှစ်လုံး (ဘဲဥ/ငုံးဥ) ကိုယ်နှစ်သက်ရာ
မိုခြောက် ပန်းခြောက် ပဲပြားလိပ်.နှစ်ရာတန် တစ်ထုပ်ဆီ နံနံပင် ကြက်သွန်မိတ် သံပုရာသီး ငရုတ်သီးလှော်မူန့်
ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်
ငါးဖယ်ကိုပြုတ်ပီးအတုံးသေးသေးလေးတွေတုံးပြီးထည့်ချင်လည်းရပါတယ်

ချက်နည်း.....

အရင်ဆုံး ကြက်သားကို ဆားကြက်သားမူန့်လေးအနည်းငယ်ထည့်ပီးပြုတ်ထားပါ
ကြက်သွန်ဖြူကို အခွံနွှာပြီး မညက်တညှက်ထောင်းထားပါ
ကြက်သွန်နီ ကို အလုံးလိုက်ခွှာထားပါ..မိုခြောက်ပန်းခြောက်ကို ရေစိမ်ထားပါ
ကြာဇံကို ရေစိမ်ထားပါ မိုခြောက်များကို ရေစိမ်လို့ပွလာပီဆိုလျှင်သဲများကို ပြောင်အောင်ဆေး၍ အနေတော် လေးညှပ်ထားပေးပါ ..ပန်းခြောက်များကို အလယ် ကအရိုးလေးတွေထုတ်ပီးထုံးထားပေးပါ
ကြက်ပြုတ်အိုးထဲကကြက်သားနူးပီဆိုလျှင်ဆယ်ယူ၍.အသားများကို အမျှင်ခပ်ကြီးကြီးလေးနွှာပေးထားပါ....အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ဟင်းအိုးဆီသတ်လို့ရပါပီ....
ပထမဆုံး အိုးဆီပူလျှင် ပဲပြားလိပ်တွေကို အရင်ကြော်လိုက်ပါ နည်းနည်းလေးကြွပ်လာပြီဆိုလျှင် ပြန်ဆယ်ထားပါ ပြီးလျှင် ထောင်းထားသော ကြက်သွန်ဖြ
ူကို ဆီိသတျပါ မတူးပါစေနှင့် အနံမွှေးလာလျှင် ဆနွင်းအရောင်တင် အနည်းငယ်ထည့်ပါ ပြီးလျှင် ကြက်သား
များကို ထည့်ပါ.မွေပါ ရေအနည်းငယ်ထည့်ပါ ..ရေခမ်းလျှင်
မို ပန်းခြောက်. ကြက်သွန်နီ.ကြက်သားမူန့် ငရုတ်ကောင်းမူန့်
ထည့်ပါ ရေနည်းနည်းစီထည့်ပီး မိုအနည်းငယ်နူးလာသည်ထိ
စိတ်ရှည်ရှည်ဆိသတ်ပေးပါ ...
အားလုံးအနံ့ပြည်စုံလျှင့်ကြက်သားဆီသတ်တာပြီးပါပြီ ..
အဲ့ချိန်မှာ တစ်ဖက်က ကြက်ပြုတ်ရည်အိုးကို ရေအနည်းငယ်ထပ်ထည့်ပြီးပွက်ပါစေ ပွက်လာလျှင် ကွကျသားဆီသတျထားတာတှကျေို ကြက်ပြုတ်ရည်အိုးထဲသို့
ထည့်ပြီးထပ်ပြီးအပွက်ဆူအောင်တည်ထားပေးပါ...ဟင်းရည်အိုးပွက်ပွက်ဆူမှရေစိမ်ထားတဲ့ ကြာဇံကို အနေတော်လေးတွေဖြတ်၍ထည့်ပေးပါ ကြော်ထားသောပဲပြားလိပ်တွေကိုထည်ပါ.ပြုတ်ထားတဲ့ကြက်ဥကို ပါးပါးလှီးပီးထည့်ပေးပါ ...အရသာအတွက် ငံပြာရည်ကို ဟင်းရည်အိုးပွက်ပွက်ဆူမှထည့်ပါ အဲ့ဒါမှ ငံပြာရည်အနံ့မနံ
မှာပါ ဆားကြက်သားမူန့် အချိုမူန့် သကြား အားလုံးကို မိမိစိတ်ကြိုက် အရသာကို ထိန်းပြီးထည့်ပါ ....အရေးကြီးပါတယ် ..အရသာငန်လွန်းရင်လည်းမကောင်း
ပေါ့ရင်လည်းမကောင်း အချိုမူန့်တွေအရမ်းများရင်လည်း
မကောင်းပါဘူး....အားလုံးပြီးရင်ငရုတ်ကာင်းမုန့်အနည်းငယ်ထပ်ထည့်ပါ....ကြာဇံလည်းပွလာပြီ ဟင်းရည်လည်းအရည်ကျလာပြီဆိုလျှင် အရမ်းအရသာရှိတဲ့ ကြာဇံချက်တစ်ခွက်ရပါပီရှင် ....နံနံပင် ကြက်သွန်မိတ် ကြက်သွန်နီ ပါးပါးလှီးထားတာလေးကိုထည့်၍သုံးဆောင်ပါ
ငရုတ်သီးမူန့် သံပုရာသီး အရည်ညှစ်ပီးလည်းသုံးဆောင့်ကြည်ပါ ...အရမ်းကောင်းပြီး
အရသာရှိပါတယ်ရှင်.....

အားလုံးကို ကျေးဇူးတင်ပါတယ်

Credit: si thu hein👩🏻‍🍳

Homemade Hotpotချက်နည်း🥗🥗🥗🥗🥗🥗🥗🥗🥗🥗ဟင်းရည်ချက်နည်း===========ကြက်ရိုး ၅၀သားခန့်ကို ရေသန့် ၄လီတာကို ဆူအောင်တည်ပြီးပြုတ်ပါ။အ...
01/12/2020

Homemade Hotpotချက်နည်း
🥗🥗🥗🥗🥗🥗🥗🥗🥗🥗

ဟင်းရည်ချက်နည်း
===========
ကြက်ရိုး ၅၀သားခန့်ကို ရေသန့် ၄လီတာကို ဆူအောင်တည်ပြီး
ပြုတ်ပါ။
အရသာ အဖြစ် ဆား နဲ့ ကြက်သားမှုန့် ကို ထမင်းစားဇွန်း ၁ဇွန်းခွဲ၊
ကြက်သွန်ဖြူ - ၅ မွှာ
ဂျင်း -လက်မခန့် တစ်တုံး
စသည်တို့ကို ထည့်ပြီး ကြက်ရိုးနူးသည်ထိ ပြုတ်ပြီး ရရှိလာသော
အချိုရည်ကို မိမိနှစ်သက်ရာ- ကြာဇံ ၊အသား၊ ငါးများနှင့် အသီး
အရွက်များ ထည့်ပြုတ်ပြီး သုံးဆောင်နိုင်ပါသည်။
ချဉ်စပ်အရသာ ကြိုက်ပါက တုန်ယမ်းအနှစ်ပုလင်းကို သုံးပြီး
ထမင်းစားဇွန်း ၂ဇွန်းခန့် ထည့်ပြီး ချက်စားလို့ရပါတယ်။

အချဉ်ရည်လုပ်နည်း
============
ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ရောကြိတ်ပြီး သကြား၊နှမ်းဆီ
အနည်းငယ်၊ ငံပြာရည်၊ သံပုရာရည်တို့ဖြင့် ရောဖျော်ပြီး နံနံပင်
အနည်းငယ် ညှပ်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Credit-Thida Lay Lay
Photo-credit

ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း-------...
01/12/2020

ရခိုင်မုန့်တီသုပ် စပ်စပ်လေးလုပ်စားကြရအောင် 😍

ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
-----------------------------------------------------
ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။

ရလာသော ငရုပ်သီးအနှစ် ၊ ငပိ ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။

ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီ။

တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်။

နောက်ထပ် ပြင်ဆင်ထားရန်များ
-------------------------------------
ဆီချက်သတ်ပေးပါ။
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
နံနံပင် လှီးထားပေးပါ။
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတွက်သာ)
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀က်ဆီဖတ် တမျိုးမျိုး ပြင်ဆင်
ထားပါ။
အထက်ပါ လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီရှင်။

ရခိုင်မုန့်တီသုပ်နည်း
-----------------------
ကိုယ်စားနိုင်မယ် ထင်သလောက် မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ။

ချက်ထားတဲ့ငရုပ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ။

မကျည်းသီးအနှစ်ဖျော်ရည် နည်းနည်းထည့်ပေးပါ။

ဆားလိုသလောက် ထည့်ပေးပါ။

ဆီချက်ကို ကြိုက်သူတွေလည်း ထည့်စားတတ်ကြပြီး မထည့်ပဲ စားတတ်တဲ့ သူတွေလည်း ရှိပါတယ်။

ရခိုင်မုန့်တီသုပ်မှာ ငရုပ်သီးအနှစ်ချက်က အဓိက ကျပါတယ်။

ကျမကတော့ မုန့်တီသုပ်ဆိုရင် မကျည်းနှစ်ဖျော်ရည်ဖြင့် သုပ္စားရတာ ကြိုက်ပြီး တစ်ချို့တွေလည်းသံပုရာသီး အနည်းငယ်ညှစ်ထည့်ကာ ကြက်သွန်စိမ်းပါးပါးလေး လှီးထည့်ကာ စားကြပြန်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်ရာ အကြော်တစ်မျိုးကို ညှပ်ထည့်က ရောသုပ်လိုက်ပါ။

သုပ်ပြီးပြီးဆိုရင်တော့ အပေါ်ကနေ နံနံပင်ညှပ်ထားတာလည်းကို ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကျမတို့အကြိုက် ရခိုင်မုန့်တီသုပ်တစ်ခွက် ရရှိ
လာမှာ ဖြစ်ပါတယ်ရှင်။

Credit : မူရင်းပိုင်ရှင်အား လေးစားလျက်
Credit : Photo

Address

Dawei

Telephone

+959898528811

Website

Alerts

Be the first to know and let us send you an email when Eain Shin Ma seafood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share