01/02/2021
မင်္ဂလာပါ
မြန်မာနိုင်ငံဘဏ်များအသင်းမှ ထပ်မံပေးပို့လာသော လမ်းညွှန်ချက်စာအရ နှင့် ဆက်သွယ်ရေးကွန်ယက်များ ပြန်လည်ချိတ်ဆက်လာနိုင်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများကို ၂.၂.၂၀၂၁ (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဘဏ်ခွဲများကို ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်သော နံနက် ၉ နာရီခွဲမှ နေ့လည် ၃ နာရီအထိ ပုံမှန်ဖွင့်လှစ်ပြီး customer များ၏ နေ့စဉ်ဘဏ်လုပ်ငန်းဆောင်တာများ အဆင်ပြေမှုရှိစေရေးအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သွား မည်ဖြစ်ပါ သည်။ ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖြစ်သော KBZPay၊ iBanking နှင့် mBanking များမှတဆင့်လည်း ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရယူနိုင်ပြီဖြစ်ပါသည်။
လေးစားစွာဖြင့်
KBZ Bank
Mingalarbar.
In accordance with the letter of guidance from Myanmar Banks Associations, and the restoration of connectivity and systems at our branches, all KBZ Bank branches will reopen from tomorrow, 2 February 2021, Tuesday.
Branches will be operating during regular banking hours 9:30AM to 3:00PM, and all digital banking services; KBZPay, iBanking and mBanking will be fully operational.
With Best Regards,
KBZ Bank