Lu Lu Lay online Store

Lu Lu Lay online Store online shopping

08/09/2021
ဇစ်ဆွဲခြင်ထောင် (နှစ်ယောက်အိပ်)28000 Ksနှစ်ယောက်အိပ် ၆ ပေ ၆ ပေခွဲ ဆိုဒ်မို့ မိသားစုတွေကျယ်ကျယ် ဝန်းဝန်းအိပ်နိုင်ပါတယ်ကလေ...
17/08/2021

ဇစ်ဆွဲခြင်ထောင် (နှစ်ယောက်အိပ်)

28000 Ks

နှစ်ယောက်အိပ် ၆ ပေ ၆ ပေခွဲ ဆိုဒ်မို့ မိသားစုတွေကျယ်ကျယ် ဝန်းဝန်းအိပ်နိုင်ပါတယ်

ကလေးလေးတွေ ဆော့ကစားရင်လည်း ခြင်မကိုက်ရအောင် ထောင်ပေးထါးလို့ရတယ်နော်

မှာယူလိုပါက cb နော်

SD Biosensor ကုမ္ပဏီရဲ့ Standard Q အမှတ်တံဆိပ် Antigen test kit လေးမှာလို့ရပါပြီKorea နိုင်ငံမှ ထုတ်လုပ်ပြီး နိုင်ငံပေါင...
10/08/2021

SD Biosensor ကုမ္ပဏီရဲ့
Standard Q အမှတ်တံဆိပ်
Antigen test kit လေးမှာလို့ရပါပြီ

Korea နိုင်ငံမှ ထုတ်လုပ်ပြီး နိုင်ငံပေါင်း 126 နိုင်ငံထိ ဖြန့်ဝေနေပါတယ်။
WHO ကအသိအမှတ်ပြုထောက်ခံထားပြီ
Korea, Canada, USA, India စတဲ့
နိုင်ငံတွေရဲ့ FDA တွေပါရရှိထားပါတယ်။

အခု SD Biosensor Standard Q ကေတာ့
India ကနေ တိုက်ရိုက်သွင်းထားပြီး
India ရဲ့ ဆေးဝါးထောက်ခံချက်များဖြစ်တဲ့

ICMR နှင့် AIIMS များပါ ရရှိထားတာမို့ အရည်အသွေးကို အထူးအာမခံပါတယ်။

✌️99% ကျော် မှန်ကန်တဲ့အတွက်
Home Test Kit အဖြစ်
WHO မှ ဖြန့်ဝေခွင့်ပြုခဲ့ပါတယ်။
Sensitivity = > 84%
Specificity = > 99%

👍စစ်ဆေးပြီး 15 မိနစ် - 30 မိနစ်အတွင်း ရလဒ်ကို လျင်မြန်စွာ သိရှိနိင်ပါတယ်။
တစ်ခါသုံး Test Kit ဖြစ်ပြီး နှာခေါင်းမှ တို့ဖတ် ယူရတာပဲဖြစ်ပါတယ်။


😊 1set - 5500Ks ပါ
10 set - 5000

Instock✌️✌️
19 antigen test kit #

02/08/2021

🏥ပန်းလှိုင်ဆေးရုံမှ COVID လူနာများအတွက် Fever Clinic

🦠Covid လူနာများနှင့် ဖျားနာနေသောသူများ ဆေးခန်းလာရောက်ပြသနိုင်ရန်အတွက် ပန်းလှိုင် ဆေးရုံ (လှိုင်သာယာ) ၏အရေးပေါ်ဌာနတွင် August လ (၃) ရက်နေ့မှစတင်ကာ Fever Clinic ဖွင့်လှစ်၍ နေ့စဉ်ကြည့်ရှုပေးသွားပါမည်။

📣လူဦးရေအကန့်အသတ်ရှိပါသဖြင့် ကြိုတင်ဖုန်းဆက်၍ Appointment ရယူပြီးမှ လာရောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📱စာရင်းပေးသွင်းရန်
ဖုန်း - 09424230800

Finger tip pulse oximeter instockသွေး‌တွင်း အောက်ဆီဂျင်တိုင်းစက် instock ရပါပြီတစ်နှစ်အာမခံပါပါတယ်ရှင့်အခုလို covid outb...
27/07/2021

Finger tip pulse oximeter instock
သွေး‌တွင်း အောက်ဆီဂျင်တိုင်းစက် instock ရပါပြီ
တစ်နှစ်အာမခံပါပါတယ်ရှင့်
အခုလို covid outbreak အချိန်မျိုးမှာ အိမ်တိုင်းဆောင်ထားသင့်ပါတယ်
ရန်ကုန်မြို့တွင်း အိမ်အရောက် ငွေချေရပါတယ်
နယ်မြို့များ ငွေလွှဲဝင်ပြီး 24 hr အတွင်းပို့ပေးပါတယ်
Price - 20000 K ပါ
မှာယူလိုပါက CB 🙂

ငှက်သိုက်ကို ဘယ်ချိန်မှာစားသင့်သလဲ?ဘယ်လောက် စားရမလဲ?- - - - - ၁။  ငှက်သိုက်ပေါင်းစားသုံးရန် အကောင်းဆုံးအချိန်အာဟာရပညာရှင...
24/07/2021

ငှက်သိုက်ကို ဘယ်ချိန်မှာစားသင့်သလဲ?
ဘယ်လောက် စားရမလဲ?

- - - - -

၁။ ငှက်သိုက်ပေါင်းစားသုံးရန် အကောင်းဆုံးအချိန်

အာဟာရပညာရှင်များက အစာအိမ်ထဲအစာမရှိတဲ့အချိန်တွင် ငှက်သိုက်ပေါင်းကို စားသုံးရန်အကြံပြုသည်။ အများအားဖြင့် အိပ်ရာထချိန် နှင့် ည အိပ်ရာ၀င်ချိန် တွင် စားသုံးနိုင်သည်၊၊

၂။ တစ်နေ့တွင် ငှက်သိုက်စားသုံးရန် ပမာဏ

လူ့ခန္ဓာကိုယ်သည် သတ်မှတ်ထားသောအချိန်၌ စုပ်ယူနိုင်သည့်အာဟာရ ပမာဏကို ကန့်သတ်ထားသည်။ ပိုလျှံသည့်အာဟာရဓာတ်များကို ခန္ဓာကိုယ်မှအစာခြေလမ်းကြောင်းမှတဆင့် မစင်အဖြစ် စွန့်ထုတ်သည်။
ကျွမ်းကျင်သူများက အသက် ၁ နှစ်မှ ၁၂ နှစ်အကြားကလေးငယ်များအတွက်အသိုက် ၃ ဂရမ်ခန့် (စားသုံးမှုမတိုင်မီစနစ်တကျချက်ပြုတ်ရန်သတိရပါ။ ) နှင့်ဆယ်ကျော်သက်များနှင့်လူကြီးများအတွက် ၅-၁၀ ဂရမ်ခန့်နေ့စဉ်သုံးရန်အကြံပြုသည်။ ငှက်သိုက်ပေါင်းကို အခြားအစားအစာများနှင့်ရောထွေးစားသုံးခြင်းမပြုပါနှင့်။ ဥပမာ...ထမင်း စားပြီး ငှက်သိုက် အချိုတည်းခြင်း။
ခန္ဓာကိုယ်က မစုပ်ယူနိုင်တာကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပစ်မယ်ဆိုတာသတိရပါ။ သို့ကြောင့်ငှက်သိုက်တွင် ပါရှိသောအာဟာရဓာတ်များကိုအလဟသ ဖြစ်စေသည်။

1ကျပ်သား = 16 g

စွမ်းအားပြည့် မြိတ်ငှက်သိုက်များ အားပေးဝယ်ယူမှုများလွန်း၍ instock အနည်းငယ်သာကျန်ရှိပါတော့တယ်ရှင်အားပေးသူ တစ်ယောက်ချင်းစီ...
23/07/2021

စွမ်းအားပြည့် မြိတ်ငှက်သိုက်များ အားပေးဝယ်ယူမှုများလွန်း၍ instock အနည်းငယ်သာကျန်ရှိပါတော့တယ်ရှင်
အားပေးသူ တစ်ယောက်ချင်းစီတိုင်း စွမ်းအားများ
ပြည့်ဝပြီး ကျန်းမာကြပါစေ ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်
ဝယ်ယူအားပေးမှုအတွက် Lu Lu Lay Online Store မှ ကျေးဇူးအထူးတင်ပါတယ်ရှင်🙏🙏🙏

မြိတ်သဘာဝငှက်သိုက်ရည်စစ်စစ်75 ml ဘူး 5500 ksခုလိုအချိန်မှာ ကိုယ်ခံအား အမြန်ဆုံး ပြန်လည် ကောင်းမွန်စေဖို့ ရောဂါမျိုးစုံ က...
23/07/2021

မြိတ်သဘာဝငှက်သိုက်ရည်စစ်စစ်

75 ml ဘူး 5500 ks

ခုလိုအချိန်မှာ ကိုယ်ခံအား အမြန်ဆုံး ပြန်လည် ကောင်းမွန်စေဖို့ ရောဂါမျိုးစုံ ကာကွယ်နိုင်ဖို့
မြိတ်ငှက်သိုက်စစ်စစ်ကို သောက်ပါနော်

သန့်ရှင်းလတ်ဆတ်ပီး တာရှည်ခံပစ္စည်းမပါဝင်သည့်အတွက် အကျိုးအာနိသင်ပိုမို ရရှိစေပါတယ်ရှင်

မြိတ်မြို့မှ ဇီဝစိုးငှက်သိုက်ပေါင်းရည် စစ်စစ် ဖြစ်ပါတယ်ရှင်

ဌက်သိုက် စားသုံးသူလူကြီးမင်းများအတွက်
ငှက်သိုက်၏အကျိုးအာနိသင်များကတော့🍵🍵🍵🍵

★ ငှက်သိုက်သည် အသက်အရွယ်ကျား/မ မရွေး စားသုံးသူများအတွက် အကောင်းမွန်ဆုံးအာဟာရဖြစ်သည်။
★ ငှက်သိုက်သည် အစာအိမ်အနာ တီဘီရောဂါ အဆုတ်ရောဂါ ကောင်းစေသည်။ဓာတ်မှန် X-Ray အကြောင်းမျိုးစုံဖြင့် ဆုံးရှုံးသွားသောဆဲလ်များပြုပြင်ပေးသည်။လိုအပ်သောဆဲလ်အသက်များထုတ်ပေးသည်။အသားအရေစိုပြည်စေသည်။
★အသက်ကြီးသူများပုံမှန်စားသုံးလျှင် ကိုယ်ခံအားကောင်းမွန်စေသည်။
★ကလေးများအတွက် နှာစေးချောင်းဆိုး ရင်ကြပ်မဖြစ်ပါ။ဥာဏ်ရည်ထက်မြက်စေသည်။
★ကိုယ်ဝန်ဆောင်မိခင်သောက်သုံးလျှင် ကလေးနှင့်မိခင်လိုအပ်သောဓာတ်များဖြည့်ဆည်းပေးသည်။မွေးဖွားပြီ နလန်ထစသောက်သုံးလျှင် ကိုယ်ခံအားအထူးကောင်းမွန်စေသည်။ကလေးများအတွက် ဝမ်းလျော ဝမ်းချုပ် အစာမကြေ ခံတွင်းပျက်လျှင် မိခင်နို့နှင့်ရောတိုက်ပါ။
★အမျိုးသမီးများအတွက်အသားအရေလှပ ဖြူဝင်းစိုပြည်စေသည်။အဆုတ် နှလုံးကောင်းမွန်ပြီး အရွယ်တင်နုပျိုစေပါသည်။

✔100%သန့်စင်ပြီးသောငှက်သိုက်အသင့်ပေါင်းရည်

ဘီကိုဇင့်အားဆေးက ဝယ်လို့တောင်မရတော့ဘူးဆို? ဇင့်ဓာတ်တွေအများကြီးပါတဲ့ ပြောင်းဖူးကိုပဲ ဈေးထဲကနေ လွယ်လွယ်ကူကူဝယ်စားကြစို့  ...
21/07/2021

ဘီကိုဇင့်အားဆေးက ဝယ်လို့တောင်မရတော့ဘူးဆို? ဇင့်ဓာတ်တွေအများကြီးပါတဲ့ ပြောင်းဖူးကိုပဲ ဈေးထဲကနေ လွယ်လွယ်ကူကူဝယ်စားကြစို့ 😃👍

အရိုးရှင်းဆုံးအရာတွေဟာ တခါတလေမှာ အကောင်းဆုံးအရာတွေဖြစ်နေတတ်ပါတယ် ..

🌽ဒီအချိန်ဈေးထဲမှာပြောင်းဖူးတွေအရမ်းပေါပါတယ် ..
🌽အခုတွေ့ရတဲ့ပြောင်းဖူးအဆံကြီးကြီးတွေဟာတစ်ဖူးမှ ၂၀၀ကျပ်ထဲပါ .. များများယူရင် ၃ဖူး၅၀၀ကျပ်နဲ့တောင်ရပါတယ် .. ချိုမှချိုပါ .. အိမ်မှာပြုတ်စားတော့ သန့်သန့်ရှင်းရှင်းပူပူနွေးနွေးလေးလည်းစားရတယ် .. ဝဝလင်လင်လည်းစားရပါတယ် ..
🌽ပြောင်းဖူးအမွှေးလေးတွေနဲ့ဆော့ကစားစေရင်း
Sensory Diet လည်းဖြစ်စေပါတယ် ..
🌽ပြောင်းဖူးစေ့ကလေးတွေကို သားသားမီးမီးတို့ကိုယ်တိုင် လက်ကလေးနဲ့ခြွေစေပြီးမှ စားစေခြင်းဖြင့် Fine Motor Skills အတွက်လည်း အလွန်ကောင်းစေပါတယ် ..
ပြောင်းဖူးမှာပါဝင်သောအကျိုးကျေးဇူးများ
==================
၁) ကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များဖြစ်ကြတဲ့ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်နှင့် သံဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။
၂) ဖော့စဖရပ်စ်ဓာတ်ဟာ ကယ်စီယမ်ဓာတ်ထက်ပို၍ အရိုးကိုကျန်းမာစေပါတယ်။
၃)ပိုတက်စီယမ်ဓာတ်ဟာလည်း သွေးနီဥအတွင်းရှိ ဓာတ်ပစ္စည်းများပြုလုပ်ရန်အတွက် ဆိုဒီယမ်နဲ့သံဓာတ်တို့ထက်ပို၍ကောင်းမွန်ကြောင်းသိရှိရပါတယ်။
၄) အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့ အင်တီအောက်ဆီဒင့် လည်းဖြစ်ပါတယ်။
၅) အဝါရောင် ပြောင်းဖူးစေ့ဟာ အမြင်အာရုံအတွက်လည်း အလွန်ကောင်းစေပါတယ်။





20/07/2021

#အနံ့ပျောက်လို့စစ်လိုက်တာ_covid_Positive_ဖြစ်သွားတယ်
#အိမ်ကလဲကျဉ်းတော့_အခန်းကဘယ်လိုမှခွဲလို့မရတဲ့အတွက်
#ဘယ်လိုနေထိုင်ရမလဲ



ကျွန်တော်တို့ ရန်ကုန်ရွှေမြို့တော်ကြီးရဲ့ ပြည်သူအများစု ကြုံနေရတဲ့ ပြဿနာဖြစ်ပါတယ်။
၁၂ ပေခွဲ ပေ ၅၀ အခန်းလေးမှာ မိသားစု စုနေရတော့ မိသားစုဝင်တစ်ယောက် Covid Positive ဖြစ်တဲ့အခါ ကျန်မိသားစုဝင်တွေ အကုန် ကူးစက်ခံရတဲ့ အန္တရာယ်အဖြစ်ရှိနေပါတယ်။

အခန်း သီးသန့်စီစဉ်နိုင်က စီစဉ်ပေးပါ (သီးသန့် 👉 အိပ်ခန်း၊ အိမ်သာ၊ရေချိုးခန်း)
ပန်းကန်၊ ခွက် သီးသန့်
___________
အခန်းသီးခြားမစီစဉ်နိုင်ပါက

👉 လူနာနှင့် အနည်းဆုံး (၆) ပေခွာပြီး နေကြပါ
👉 လူနာ နေရာကို ခန်းစီး/လိုက်ကာ ကာပေးထားနိုင်ရင် ပိုကောင်းပါတယ်
👉 အလုံပိတ်ပြီး Air con မသုံးပါနဲ့၊ တံခါးတွေ ဖွင့်ထားပါ လေဝင် လေထွက် ကောင်းပါစေ။
👉 အတူနေတဲ့လူတွေ ရော လူနာပါ Mask တပ်ထားပါ
👉 အသုံးအဆောင် သတ်သတ်စီ သုံးပါ
👉 အရက်ပျံ ခဏခဏ ဖြန်းပါ
👉 အိမ်သားတိုင်း လက်ခဏ ခဏ ဆေးပါ
👉 လူနာမှ ရေချိုးခန်း၊ အိမ်သာသုံးပြီး တိုင်း ပိုးသတ်ဆေး(Dettol) / အရက်ပြန် သေသေချာချာဖြန်းခဲ့ပါ။
👉 အိမ်သားတွေ ထမင်းတူတူမစားကြပါနဲ့၊စကားတူတူ စု မပြောကြပါနဲ့

( #အရေးကြီးတာ က လက္ခဏာစပြတဲ့ သူဟာ တခြားသူတွေ ကို ပိုးဖြန့်တဲ့သူဆိုပြီး ပြစ်တင်ခြင်း လုံးဝမလုပ်သင့်ပါဘူး *ကိုယ်ခံအားမတူကြတဲ့အတွက် ဘယ်သူ့ဆီကနေ ဘယ်သူ ကူးတယ်ဆိုတာ မသေချာလို့ပါ)

👉 အိမ်ကို ဧည့်သည် လက်မခံရပါဘူး။
👉 အပြင်ကိုလည်း စျေးထွက်ဝယ်တာ၊ ဆေးထွက်ဝယ်တာ မလုပ်သင့်ပါဘူး
(မိသားစုဝင်တွေ အတွက် ဆေးထွက်ဝယ်ရတာ
Oxygen ထွက် တန်းစီ နေရတာတွေက Chain of Infection ကူးစက်မှုသံသရာ ကြီးမပြတ် ရတာပါ)
😰 Delivery နဲ့ ဆေးလာပို့တဲ့၊ မုန့်လာပို့တဲ့ Service ရှိပေမယ့် နေရာတိုင်းသုံးမရသလို၊ အဲ့လောက် အဆင်ပြေတဲ့ မိသားစုအရေအတွက်က နည်းပါတယ်။
မိသားစုရဲ့ သေရေးရှင်ရေး အတွက် ဆေးထွက်ဝယ်ရတယ်၊ အောက်ဆီဂျင်ထွက် တန်းစီရတာဟာ လူနာနဲ့တိုက်ရိုက် ထိတွေ့နေရတဲ့ Primary Contact တွေ မလုပ်သင့်ပေမယ့်
(သူတို့မလုပ်ရင် #လုပ်ပေးမယ့်သူမှမရှိတဲ့အတွက်) ရှောင်လွှဲလို့ မရပဲ ထွက်နေကြရပါတယ်။

မဖြစ်မနေ ထွက်နေရတဲ့ လူနာမိသားစု တွေအနေနဲ့ Mask, Face Shield, Gloves ဝတ်ဆင်ပါ။
ကျွန်တော်တို့ လူမျိုးက ဘဝတူတွေ တွေ့ရင် ရင်ဖွင့်တတ်ကြတော့ တန်းစီကြရင်း စကားဖောင်ဖွဲ့မနေသင့်ပါ
လူအများကြား Mask ချွတ်ပြီး မုန့်စား၊ ဆေးလိပ်သောက် မလုပ်သင့်ပါ။
___________
Online Shopping တွေကနေပြီး RDT Testkit တွေ အလွယ်ဝယ်ယူ စစ်ဆေးလို့ရနေတဲ့အတွက်
တစ်အိမ်သားလုံး စစ်ပြီးတဲ့အခါ တချို့က Positive တချို့က Negative ထွက်ကြပါတယ်။
ပြဿနာရှုပ်ပါတယ်။ Negative ထွက်တဲ့သူတွေဟာ တကယ်ပိုး မဝင်တာဖြစ်နိုင်သလို (Test kit ရဲ့ Quality မကောင်းခြင်း၊ Swab ယူပုံယူနည်း မမှန်ခြင်း၊ အစရှိတဲ့ အချက်များကြောင့် False Negative လည်းဖြစ်နိုင်ပါတယ်)

Negative ထွက်တဲ့ အိမ်သားများဟာ Positive သမားများ နဲ့ အိမ်ခွဲနေဖို့ လုပ်ကြပါတယ်။
ဘယ်သူမှ မနေတဲ့ အိမ် ရှိရင် ခွဲနေကြပါ ကောင်းပါတယ်။
ဒါပေမယ့် တခြား မိသားစုတွေ ရှိတဲ့ အိမ်ကို လုံးဝ (လုံးဝ) မပြောင်းကြပါနဲ့၊
(( Positive လူနာ နဲ့ Contact ရှိတဲ့ အိမ်သားတွေဟာ #နောက်ဆုံးတွေ့တဲ့_နေ့ကနေပြီး_၁၄_တိတိ တခြားလူတွေ နဲ့မတွေ့ရပါဘူး ))
ဘာလို့လဲ ဆိုတော့ လက္ခဏာမပြသေးပေမယ့် (RDT - Negative ပေမယ့်) ကိုယ်ထဲမှာ Virus က ရှိနေနိုင်လို့ပါ။
Swab Test စစ်ပြီး ဟိုအိမ်ပြောင်းနေ ဒီအိမ်ပြောင်း နေကြခြင်းဟာ တစ်မျိုးလုံးတစ်ဆွေလုံး ကူးစက်ရတဲ့ အကြောင်းရင်းပါပဲ

ဒီစာဖတ်ပြီးရင် ကျွန်တော်ကို နားလည်မှုလွဲကြပါဦးမယ်၊
- ကိုယ်ထွက်မဝယ်လို့ အစားစားဖို့ ဘယ်သူကလုပ်ပေးမှာလဲ
- Oxygen တန်းမစီလို့ အိမ်အရောက် ပို့ပေးမှာလား
ဟုတ်ပါတယ်။
တကယ်က လူနာကို သီးခြား Isolate လုပ်ရပါမယ်။ အခြေအနေဆိုးလာရင် ဆေးရုံတင်ကုသမှုပေးရပါမယ်။
အိမ်သားတွေကို Quarantine ထားရပါမယ်
Guideline အတိုင်း Swab ယူပြီး၊ ရက်ပြည့်အောင် Quarantine နေရပါမယ်
(စားစရာ၊ သောက်စရာ စီစဉ်ပေးရပါမယ်)
အဲ့လိုမရပါဘူး တရားခံကတော့ အားလုံးသိတဲ့အတိုင်းပါပဲ 😰

မဖြစ်နိုင်တဲ့ အခြေအနေမှာ လူတိုင်းလူတိုင်းဟာ မိမိတို့တာဝန် ကို မိမိတို့ ကျေပြွန်အောင်လုပ်ပြီး လူ လူအချင်းချင်း စောင့်ရှောက်ကြဖို့ အကြံပြုရတာပါ
🙏🙏🙏

Covid ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
11:20 pm/ 19.07.2021

ဇီဝစိုးငှက်သိုက်ပေါင်း၏အကျိုးအာနိသင်များ1)အိပ်ရေးပျက်ခြင်း2)မောပန်းခြင်း3)နှလုံးအားနည်းခြင်း4)သွေးပေါင်ကျခြင်5)အာရုံကြော...
19/07/2021

ဇီဝစိုးငှက်သိုက်ပေါင်း၏အကျိုးအာနိသင်များ
1)အိပ်ရေးပျက်ခြင်း
2)မောပန်းခြင်း
3)နှလုံးအားနည်းခြင်း
4)သွေးပေါင်ကျခြင်
5)အာရုံကြောအားနည်းခြင်း
6)အစားပျက်ခြင်း
7)အိပ်မပျော်ခြင်း
8)ကိုယ်ခံအားနည်းခြင်း
9)ခေါင်းကိုက်ခြင်း
10)မှတ်ဉာဏ်အားနည်းခြင်း
စသည့်ဝေဒနါ များကို အထူးသက်သာကောင်းမွန် စေပါသည်

Address

Dagon
11421

Website

Alerts

Be the first to know and let us send you an email when Lu Lu Lay online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share