Naing Online Shop

  • Home
  • Naing Online Shop

Naing Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naing Online Shop, Shopping & retail, North Dagon, .

Stock ပြတ်သွားလို့ မရလိုက်တဲ့ ဘေဘီလေးတွေ အတွက်အသစ် ထပ်ဝင်ထားတယ်နော်ဘေးစင်း လက်တိုဘီရှည်လေးတွေ လှမှလှ 👕👖 😍 T-Rex Cotton -...
23/06/2022

Stock ပြတ်သွားလို့ မရလိုက်တဲ့ ဘေဘီလေးတွေ အတွက်
အသစ် ထပ်ဝင်ထားတယ်နော်

ဘေးစင်း လက်တိုဘီရှည်လေးတွေ လှမှလှ 👕👖 😍

T-Rex Cotton - 32 (Made in Thailand)

Small / Medium / Large / XL / 2XL / Free
အသက် ၂ နှစ်မှ ၁၂/၁၃ ထိရပါတယ်

📢 📢 📢
S to XL
တစ်စုံ - 8,200
တစ်စုံ - 7,500 (3စုံ စျေး)
တစ်စုံ - 7,200 (5စုံ စျေး)

XXL
တစ်စုံ - 8,500
တစ်စုံ - 7,800 (3စုံ စျေး)
တစ်စုံ - 7,500 (5စုံ စျေး)

Free Size
တစ်စုံ - 8,700
တစ်စုံ - 8,000 (3စုံ စျေး)
တစ်စုံ - 7,700 (5စုံ စျေး)

📌 Size Chart 📌 (လက်မ)
S Size - ရင်အကျယ် - 24” / ဘီရှည် - 22”
M Size - ရင်အကျယ် - 26” / ဘီရှည် - 23.5”
L Size - ရင်အကျယ် - 28” / ဘီရှည် - 25”
XL Size - ရင်အကျယ် - 30” / ဘီရှည် - 28”
2XL Size - ရင်အကျယ် - 32.5” / ဘီရှည် - 31”
Free Size - ရင်အကျယ် - 34.5” / ဘီရှည် - 33”

👉 3စုံနှင့် အထက် အရောင်အနုအရင့် တွဲယူပေးပါရှင်။

💌 ရန်ကုန် ၊ မန္တလေး ၊နေပြည်တော် နှင့် အခြားမြို့ပေါင်း (90)ကျော်ကို အိမ်အရောက် ငွေချေ စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ရှင် 💌

မှာယူရန်
Chat Box Messenger (or) 09-266 366 267
လက္ကားစျေး Messenger ကနေ မေးပေးပါနော်။

🙏ဝယ်ယူအားပေးကြသော မိတ်ဟောင်း မိတ်သစ် Customer များ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင့် 🙏

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်...
22/03/2022

၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ

အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ

မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ

🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)

*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*

🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏

We all with you, Ayeyarwady

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk

Credit

ကျောင်းလခက တလ ၅ သိန်းနေစားစရိတ်က တလ ၁၂ သိန်းaverage တလ သိန်း၂၀ လောက်ကုန်မယ်-------------------------------------ထိုင်း T...
19/03/2022

ကျောင်းလခက တလ ၅ သိန်း
နေစားစရိတ်က တလ ၁၂ သိန်း
average တလ သိန်း၂၀ လောက်ကုန်မယ်

-------------------------------------

ထိုင်း Thailand ကို မိသားစုလိုက်ရွေ့ပြီးကျောင်းပြောင်းထားချင်တဲ့မိဘတွေအတွက် အချက်အလက်အချို့ပါ

မြန်မာပြည်က မိဘတွေသိချင်တဲ့
ထိုင်းမှာကျောင်းပြောင်းထားရင်ဘယ်လိုဆိုတာလေး အတိုချုံ ့ရေးထားပါတယ်

ဘယ်လောက်ကုန်မှာလဲ?
တစ်နှစ်ကို သိန်း 60 ပတ်လည်က စပါတယ်
နှစ်ခါခွဲပေးရပါတယ်

ထိုင်းစကားမတတ်ဘူး ရလား?
ရပါတယ် international School မှာ Bilingual တွေရှိပါတယ်။Eng လိုပြောတတ်ဖို့တော့လိုပါတယ်။

ဘယ်လိုကျောင်းအပ်ရမလဲ?
ဒီကိုလာ Placement Test ဖြေ
ပြီးရင် ရတဲ့အတန်းဝင်တက်ပါ

Placement Test က ခက်လား?
ကလေးကိုစာလိုက်နိုင်ဖို့ စမ်းသပ်တာမို့
သူ့အဆင့်အတန်းနဲ့သူရှိပါတယ်။
Result အတိုင်း ပေးတဲ့အတန်းဝင်တက်ပါ။

မြန်မာပြည်ကအတန်းအတိုင်းရမှာလား?
ကလေးပေါ်မူတည်ပါတယ်။

မြန်မာကျောင်းကနေပြောင်းလို့ရလား?
ဘယ်ကျောင်းကပြောင်းပြောင်းရပါတယ်
placement test ဖြေရပါမယ်။

Guardian Visa ရမှာလား?
မိဘတစ်ယောက်ရပါတယ်

Guardian Visa က အလုပ်လုပ်လို့ရလား?
Workpermit ထုတ်မရပါ
Freelance အလုပ်လုပ်လို့ရပါတယ်

နေစရိတ်ဘယ်လောက်ရှိလဲ?
သုံးယောက်ပါတဲ့မိသားတစ်စုဟာ
ကိုယ်တိုင်လည်းချက်စားမယ်
တစ်ခါတစ်လေမှ ထွက်စားမယ်ဆိုရင်
အိမ်ဖိုးရေဖိုးမီးဖိုး စားစရိတ်အပါ
တစ်လ ဘတ်နှစ်သောင်းပါ။
ဒီထက်ခြွေတာလို့လည်းရနိုင်ပါတယ်
ဒါကတော့ပေါ့ပေါ့ပါးပါးနေမှုထိုင်မှု
အိမ်အသင့်အတင့် ကွန်ဒိုအသင့်အတင့်ပါ။

စာမလိုက်နိုင်တာမျိုးရှိနိုင်လား?
international school တွေကကျောင်းသားတွေအတွက် ဘာမှ သိပ်မခက်လှပါဘူး
နည်းနည်းပိုမြင့်သွားတယ် activities ပိုများလာတယ် ပေးရတဲ့ပိုက်ဆံနဲ့ထိုက်တန်တဲ့ Service ပြန်ရပါတယ် စာပိုလုပ်ရပါတယ်။

မြန်မာကျောင်းက ကလေးတွေအတွက်တော့
Language Barrier ရှိနိုင်ပါတယ်
ကလေးက အဂ်လိပ်လို လည်လည်ဝယ်ဝယ်ပြောနိုင်ရင်ရပါတယ်

နှိမ်တာမပေါင်းတာ အနိုင်ကျင့်တာမျိုးရှိနိုင်လား?
မရှိပါဘူး။ရှိရင်တိုင်လို့ရပါတယ်။
ဆရာတွေတော်တော်များများက အပြည့်အဝဂရုစိုက်ကြပါတယ်။

ပထမ Private တွေ international တွေထားပြီး နောက်ပိုင်းမှာ စရိတ်ချုံ ့ချင်လို့ Public ပြောင်းထားလို့ရနိုင်လား?

ရနိုင်ပါတယ်
မိဘ Work Permit လိုပါတယ်
ကလေးက ထိုင်းလိုကောင်းကောင်းနားလည်သွားတဲ့အခါ ကျောင်းပြောင်းလို့ရပါတယ်
Process နည်းနည်းရှိပါတယ်။

ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲ?
public ကျောင်းတွေရဲ့ကုန်ကျစရိတ်က တော်တော်လေးနည်းပါတယ်
မပြောပလောက်အောင်ပါပဲ

ကလေးအတွက်ဘာအခက်အခဲရှိမလဲ?

နဂိုကတည်းက ကျောင်းချိန်ကာလတူတဲ့ကျောင်းကိုထားရင် ပိုအဆင်ပြေပါတယ်

May လကစပါတယ်

Public နဲ့ အချိန်တူတဲ့ကျောင်းတွေ ရှိပါတယ်
ကျောင်းဖွင့်ချိန် ပိတ်ချိန်တူတဲ့ကျောင်းတွေထားရင် နောက်ပိုင်းကျောင်းပြောင်းတဲ့အခါ ပိုအဆင်ပြေပါတယ်

မဟုတ်ရင် နောက်ကျောင်းပြောင်းတက်ဖို့ အချိန်ဟပြီး လပိုင်းစောင့်ရတတ်ပါတယ်။

မြန်မာပြည်က ကလေးကို ဘာတွေပြင်ဆင်လာစေချင်လဲ?
အဂ်လိပ်လိုကောင်းကောင်းပြောနိုင်စေချင်ပါတယ်
ထိုင်းစာကတော့ ဒီရောက်မှကျောင်းမှာအချိန်ထည့်ပြီး သင်ကြပါတယ်။

ကျနော် Agent မဟုတ်ပါဘူး
မြန်မာပြည်မှာရော ဒီမှာပါ
စာသင်တဲ့ကျောင်းဆရာပါ
ကလေးတွေပညာရေးနဲ့ပတ်သက်ရင်ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ကျနော်သိသလောက် ကူညီပြောပြပေးပါ့မယ်။

သိချင်တဲ့မိဘတွေ ကျောင်းသားတွေအတွက်
အချို့အချက်အလက်တွေရေးပြထားတာပါ

ကျောင်းအပ်ချင်ရင် ဝန်ဆောင်မှုပေးတဲ့အစ်မတွေကို​ မေးကြည်ပါ
သူတို့ရေးထားတာပိုပြည့်စုံပါလိမ့်မယ်

credit

22/02/2022
တံတွေးနဲ့ စစ်တဲ့ Covid Test Kit
13/02/2022

တံတွေးနဲ့ စစ်တဲ့ Covid Test Kit

ကလေးကိုဗစ်=========ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး) ရေးသားသည်။✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်      တအိမ်ထ...
11/02/2022

ကလေးကိုဗစ်
=========
ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)
ရေးသားသည်။

✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်
တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ
သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
(ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ်
တော်တော်ရှားပါတယ်
အဖျာကြီးပြီး ရက်ကြာရင် စဉ်းစားရပါမယ်)

🤒 ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်
ပါရာစီတေမာတိုက္ပါ
၁၅ မီလီဂရမ် / ကီလိုဂရမ် (15𝑚𝑔/𝑘𝑔)
ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီတခါ တိုက်လို့ရပါတယ်
ပုံမွန္တိုက္ဖို့မလိုပါဘူး
တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင်မသုတ်ပါနဲ့
အင်္ကျီမလဲပါနဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ အပူကိုစုပ်ယူ
ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️ ၁နှစ်အောက် ( အစက်ချဆေး Drop )
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/ 𝐁𝐚𝐛𝐲𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/
𝐍𝐚𝐩𝐚 𝐝𝐫𝐨𝐩 အလားတူတွေရှိပါတယ်
100𝑚𝑔/𝑚𝑙 ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️ ၁ နှစ်က ၅ နှစ်
အရည် (𝐒𝐲𝐫𝐮𝐩 𝐨𝐫 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧) တွေရှိပါတယ်
120𝑚𝑔/5𝑚𝑙 နဲ့ 250𝑚𝑔/5𝑚𝑙ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜/𝐏𝐫𝐨𝐠𝐞𝐬𝐢𝐜/𝐒𝐚𝐫𝐚/𝐍𝐚𝐩𝐚 စသည်ဖြင့်
တံဆိပ်မျိုးစုံ ရှိပါတယ်

➡️ ၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား 500𝑚𝑔 ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ
(15𝑚𝑔/𝑘𝑔) တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံး
တခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ

🤧 နှာစေး နှာခေါင်းပိတ်ရင်
𝐂𝐞𝐭𝐫𝐢𝐳𝐢𝐧𝐞 𝐬𝐲𝐫𝐮𝐩 ( 𝐂𝐞𝐭𝐫𝐢𝐧𝐞/ 𝐀𝐝𝐞𝐳𝐢𝐨/ 𝐎𝐫𝐦𝐢𝐬𝐭)
အလားတူတွေရှိပါတယ်
1𝑚𝑙 မှာ 1𝑚𝑔 ပါပါတယ်
၂နှစ်အောက်ကလေးအတွက် ပမာဏမဖေါ်ပြထားပါ

➡️ မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1𝑚𝑙 ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5𝑚𝑙 ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5𝑚𝑙 ၂ ကြိမ်

ဆေးပြား 10𝑚𝑔/𝑡𝑎𝑏 ဆိုရင်
၁-၃ နှစ်ကြား - တစိတ် ၁/၄ - ၂ ကြိမ်
၃-၅ နှစ်ကြား - ၁/၃ - ၂ကြိမ်
၅ နှစ် အထက် - ၁/၂ - ၂ ကြိမ် ပေးပါတယ်

😖 နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (𝐏𝐡𝐲𝐬𝐢𝐨𝐝𝐨𝐬𝐞 𝐨𝐫 𝐒𝐞𝐚𝐰𝐚𝐭𝐞𝐫 𝐬𝐩𝐫𝐚𝐲)
မကြာခဏ ထည့်ပေးနိုင်ပါတယ်

➡️ ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့်
လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

💩 ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - 𝐌𝐏𝐅
လိမ္မော်အရသာ - 𝐏𝐡𝐚𝐫𝐨𝐥𝐢𝐭/ 𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥/ 𝐄𝐥𝐞𝐜𝐭𝐫𝐚𝐥/
𝐄𝐥𝐞𝐜𝐭𝐫𝐨𝐫𝐮𝐬𝐡 (ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ၊ ဆေးလိုမသောက်ရပါ
ရေဆာတိုင်း ရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည်/
ဆန်ပြုတ်ကျဲကျဲ ဆားခတ်ပြီး သောက်နိုင်ပါတယ်

🤮 အန်ရင်
𝐃𝐨𝐦𝐩𝐞𝐫𝐢𝐝𝐨𝐧𝐞 အအန်ပျောက်ဆေး တကြိမ်
သေါက်လို့ရပါတယ်

➡️ အစက်ချဆေးဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 တွက်လို့ရပါတယ်
(𝐕𝐨𝐧𝐞𝐭𝐚/ 𝐃𝐞𝐟𝐥𝐮𝐱 စသည်ဖြင့် )

➡️ အရည် ဆိုရင်
0.02-0.04𝑚𝑔/ 5𝑘𝑔 နဲ့တွက်လို့ရပါတယ်
(𝐌𝐨𝐭𝐢𝐥𝐢𝐮𝐦 𝐬𝐲𝐫𝐮𝐩/ 𝐂𝐨𝐬𝐲 စသည်ဖြင့် )

ဆက်တိုက်အန်၊ အစာမဝင်ရင် ဆေးရုံတက်ပါ

👶🦠 ကလေးကိုဗစ်ဖြစ်ရင် လူကြီးကို ကူးနိုင်ပါတယ်
အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ
အသက်အန္တရာယ်ရှိပါတယ်
သတိ အရမ်းထားဖို့လိုပါတယ်

👩🏻‍🦰 🍼 မိခင်ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို
မိခင်နို့ ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ
မိခင် မတ်စ်တပ်ပါ
မျက်နှာအုပ် (𝐅𝐚𝐜𝐞 𝐒𝐡𝐢𝐞𝐥𝐝) ပါတတ်ပါ

(ကလေးအထူးကု ပါမောက္ခ ဒေါက်တာဦးစောဝင်း
ရေးသားသည်)

To Original Uploader🙏🏼🙏🏼

အိုမီခရွန် ကိုဗစ်ဖြစ်ရင် ဘာတွေ စားမလဲ?ကိုယ်ခံအားကောင်းအောင်စားနိုင်တာတွေများများစားပါ။ နေမကောင်းလို့ ထမင်းလည်းဖြတ်စရာမလိ...
11/02/2022

အိုမီခရွန် ကိုဗစ်ဖြစ်ရင် ဘာတွေ စားမလဲ?

ကိုယ်ခံအားကောင်းအောင်စားနိုင်တာတွေများများစားပါ။ နေမကောင်းလို့ ထမင်းလည်းဖြတ်စရာမလိုပါဘူး။ လူနာ စားနိုင်ရင်စားလို့ရပါတယ်။

✅ ရေတစ်နေ့ ၂-၃ လီတာသောက်ပါ။
✅ ကယ်လိုရီကို လိုတာထက်ပိုစားပါ။
✅ တစ်နေ့ကို ၄-၅ ခါလောက် ခဏ ခဏ စားပါ။
✅ပူပူနွေးနွေးစားပါ။
✅ အသားဓါတ်များများစားပါ။
✅အသီးအရွက်တွေ စားဖို့မမေ့ပါနဲ့။
✅အိပ်ရေးဝအောင်အိပ်ပါ။
✅လေ့ကျင့်ခန်းအပျော့စားလေးတွေလုပ်ပါ။

❌အငန်တွေ၊ ဆီတွေ၊ အချိုတွေ လျှော့စားပါ။
❌အသုတ်တွေ၊ အပြင်စာတွေ မစားပါနဲ့။

ငှက်သိုက်၊ကြက်ပေါင်း၊အာဟာရမှုန့်တွေကတော့ လုံးဝမစားနိုင်မှ သောက်စေချင်ပါတယ်။
အခြားရောဂါအခံရှိရင်တော့ အာဟာရဆရာဝန်နဲ့တိုင်ပင်ပါ။
👩🏻‍⚕️အောက်ပါ ပုံလေးကတော့ ပုံမှန်ကိုဗစ်လူနာတစ်ယောက်စားနိုင်မယ့် Diet Sample လေးဆွဲပေးထားတာပါ။ အသားဓါတ်များပြီး2000-2500 ကယ်လိုရီရှိပါတယ်။ကိုယ်တိုင်ဖြစ်ခဲ့တုန်းကလည်း ဒီလိုပုံစံဝင်အောင်စားပါတယ်။ အားလုံးပဲ နေမကောင်းရင်လည်းမြန်မြန်နာလံထူနိုင်ပြီး အဆင်ပြေကြပါစေ။

ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း
(အာဟာရဆိုင်ရာအထူးပြု)

အိုမီခရွန်ဟာ ကလေးငယ်လေးများတွင် တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်တဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်-------------------...
10/02/2022

အိုမီခရွန်ဟာ ကလေးငယ်လေးများတွင် တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်တဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်

---------------------------

ကလေးငယ်လေးတွေမှာ အိုမီခရွန် ကူးစက်ခံရရင် Croup လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ရောင်ရမ်းပြီး တဟုန်းဟုန်းနဲ့ လှိုဏ်ခေါင်းသံပေါက်ပြီး ချောင်းဆိုးတတ်တာကို တွေ့ရပါတယ်။ ကလေးငယ်လေးတွေရဲ့ လေပြွန်ဟာ ကလေးကြီးတွေနဲ့ယှဉ်ရင် ပိုမိုသေးငယ်တာကြောင့် နည်းနည်းလေးရောင်တာနဲ့ ကျဉ်းသွားပြီး အသက်ရှူခက်တာ၊ အသံကျယ်ကျယ် ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။

>> ကလေးငယ်လေးတွေ လေပြွန်ရောင်တဲ့အခါ
● ချောင်းဆိုးခြင်း၊ အထူးသဖြင့် ညဘက်မှာ ချောင်းပိုဆိုးခြင်း
● ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ လှိုက်ခေါင်းသံလိုမျိုး တဟုန်းဟုန်းနဲ့ အသံကျယ်ကျယ်ချောင်းဆိုးခြင်း
● ဖျားခြင်း
● အသံပြောင်းသွားခြင်း၊ အသံသြလာခြင်း
● အသက်ရှူတဲ့အခါ တရွှီရွှီနဲ့ ဆူညံနေခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

>> မိမိတို့ကလေးတွေမှာ ဒီလက္ခဏာတွေရှိနေရင် မေမေတို့အနေနဲ့ သက်သာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ -
● စိုထိုင်းဆမြင့်တဲ့ လေ (သို့) အေးမြတဲ့လေကို ရှူရှိုက်စေပါ။ ကလေးကို ရေနွေးငွေ့၊ ဒါမှမဟုတ် အိမ်အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူခိုင်းပါ။
● အသက်ရှူရတာ လွယ်ကူစေဖို့ မတ်မတ်အနေအထားနဲ့ နေစေပါ။
● ကလေးငိုတဲ့အခါ ချောင်းဆိုးတာ ပိုဆိုးတာကြောင့် ကလေးကို ငြိမ်အောင် ချော့ပေးပါ။
● အရည်နွေးနွေးလေးတွေ တိုက်ပေးပါ။
● အနားယူစေပါ။
● အဖျားရှိရင် အဖျားကျဆေး တိုက်ပါ။
● တခြားဆေးဝါးတွေကိုတော့ ဆရာဝန် ညွှန်ကြားချက်နဲ့ တိုက်ပါ။

များသောအားဖြင့်တော့ လေပြွန်ရောင်ရမ်းတာဟာ အိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ရပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာခဲ့ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။
● အသက်ရှူသွင်း၊ ရှူထုတ်လိုက်တိုင်းမှာ တရွှီရွှီနဲ့ ဆူညံနေရင်
● ငိုခြင်း၊ ဂျီကျခြင်း မရှိတဲ့အချိန်မှာတောင် အသက်ရှူတာ ဆူညံနေရင်
● သွားရည်ကျနေရင်၊ အစာမျိုရခက်ရင်
● ဂနာမငြိမ်ဘဲ ဂျီကျနေရင် (သို့) မှိန်းနေရင်
● အသက်ရှူမြန်ရင်
● အသက်ရှူရခက်ရင် အစရှိတဲ့ ပြင်းထန်လက္ခဏာတွေ ကလေးဆီမှာ ရှိလာရင်တော့ အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

Dr. Aye Hsu Mon
Crd..Dr myanmar
Dr..myanmar Pageမှာကူးယူဖော်ပြပါသည်

Address

North Dagon

Website

Alerts

Be the first to know and let us send you an email when Naing Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share