EAGLE Used Branded and Good Quality

EAGLE Used Branded and Good Quality Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EAGLE Used Branded and Good Quality, Shopping & retail, အမှတ် (၁၇၂/က)၊ ဗန္ဓုလလမ်း ၊ ရုံးကြီးရပ်ကွက် ၊ ပဲခူးမြို့။, Bago.

🙏🙏🙏မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဓမ်မံ သရဏံ ဂစ်ဆာမိ သံဃံ သရဏံ ဂစ်ဆာမိ ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ဒုတိယမ်ပ...
02/01/2026

🙏🙏🙏မင်္ဂလာနံနက်ခင်းပါ 🙏🙏🙏

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ်ဆာမိ

ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ
တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

WELCOME ••• ⭐️🌟⭐️🌟⭐️
01/01/2026

WELCOME ••• ⭐️🌟⭐️🌟⭐️

••••2025 ကို စမူဆာ လေးနဲ့ နှုတ်ဆက်ပါရစေ•••အိမ်သူဇနီးလေးက ကျွန်တော်ဘာစားစား ဘာလုပ်လုပ်ကိစ္စတော်တော်များများကိုခွင့်ပြုထား...
31/12/2025

••••2025 ကို စမူဆာ လေးနဲ့ နှုတ်ဆက်ပါရစေ•••

အိမ်သူဇနီးလေးက ကျွန်တော်ဘာစားစား ဘာလုပ်လုပ်
ကိစ္စတော်တော်များများကိုခွင့်ပြုထားပါတယ် သို့သော်•••
ပြင်ပ စမူဆာ စားခွင့်တော့ ရာသက်ပန်ပိတ်ထားပါသည်🥲

ဟိုတယ်စမူဆာ ၊ ပြည်တွင်း ပြည်ပ စမူဆာ လေးတွေ
စားခွင့်မရှိတော့သော ကျွန်တော် ….

စမူဆာ အကြောင်းးးးး

လမ်းဘေး ၅၀ တန် စမူဆာမှသည်
သိန်း ကျော်တန် တန်ဖိုးရှိ စမူဆာတို့
အကြောင်း . . ...သိကောင်းစရာ

စမူဆာသည် တောင်အာရှ ၊ အရှေ့တောင် အာရှ ၊ အလယ်အာရှ ၊ အာရေဗျ ကျွန်းဆွယ် ၊ မြေထဲပင်လယ်တစ်ဝိုက် နှင့် တောင်မြောက် အာဖရိကဒေသတို့မှ လူကြိုက်များသော အဆာသွပ် ဂျုံလိပ်ကြော် တစ်မျိုးဖြစ်သည်။

စမူဆာဆိုသော စကားသည် ဟင်ဒီ စကားမှ ဆင်းသက်လာခြင်းဖြစ်၍ Samosa ဟု ခေါ်သည်။ မည်သည့် ဒေသတွင် ကြော်သည်ဖြစ်စေ စမူဆာသည် တြိဂံပုံသဏ္ဍန်သာဖြစ်ပြီး အဖျားချွန်နေတတ်ကြသည်။

10 ရာစုနှစ် အာရပ်တို့က Sanbusak ဟုခေါ်၍ ဂျုံပျော့လိပ်အတွင်း ကြက်သွန်နီ ၊ အာလူး နှင့် ပဲတို့ကို ထည့်ကြော်ကာ မန်ကျီးသီးဖြင့် ပြုလုပ်သောအချဉ်ရည်တို့ပြီး စားသုံးခဲ့ကြသည်။ နောင်တွင် အိန္ဒိယတစ်နိုင်ငံလုံးက စားသုံးလာကြရာမှတစ်ဆင့် တောင်အာရှတစ်ခုလုံးသို့ ပြန့်နှံ့ခဲ့သည်။ ယခုအခါ အင်္ဂလန် ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင်ပါ Samosas အမည်ဖြင့် ကျော်ကြားနေသည်။

စမူဆာ ဖြတ်သန်းလာခဲ့သည့် သမိုင်းသည် 10 ရာစု ကျော်ခဲ့ပြီဖြစ်၍ နှစ်ပေါင်းထောင်ချီခဲ့ပေပြီ။ ခေတ်အဆက်ဆက် လူငယ်တို့က အပြောင်အပျက် ဘန်စကားအားဖြင့် တြိဂံပုံသဏ္ဍန်ရှိ အရာ၀တ္ထုများကို စမူဆာဟူ၍ နာမ်စားသုံး ခေါ်ဝေါ်ခဲ့ကြဖူးသည်။

မြန်မာနိုင်တွင်လည်း စမူဆာ ရောက်ရှိလာခဲ့သည်မှာ အိန္ဒိယတွင် ပြန့်ပွားခဲ့သည် 13 ရာစုထက် နောက်မကျနိုင်ဟု ခန့်မှန်းနိုင်သောကြောင့် နှစ်ပေါင်း 700 ကျော်လာခဲ့ပြီဖြစ်သည်။

မြန်မာတို့က စမူဆာကို မူရင်းအသံထွက်ဖြစ်သည့် S သံအစား Z သံဖြစ်သည့် စမူဇာ ဟု အသံထွက် ခေါ်ခဲ့ကြသည်။ မြန်မာ စမူဆာမှာ မူရင်း အိန္ဒိယစမူဆာထက် အနည်းငယ်သေး၍ ပိုပြားကာ တိကျသော တြိဂံ ပုံစံရှိသည်။

မြန်မာလူငယ်တို့သည် စမူဆာဆိုသော နာမကို အခြားသော နာမ်စားအတွက်လည်း စကားဝှက်အဖြစ် အသုံးပြုသည်။

ဘန်းစကား အခေါ်အရ စမူဆာဆိုသည့် အဓိပ္ပါယ်မှာ မိန်းမကဲ့သို့လည်း ပြုမူနိုင်သူ ၊ ယောက်ကျားအဖြစ်လည်း ဆက်ဆံနိုင်သူ ၊ ယောက်ကျားအဖြစ်ရော မိန်းမအဖြစ်ပါ တစ်ပြိုင်တည်း အသုံးတည့်နိုင်သူ သုံးဘက်ချွန် လိင်စိတ်ရှိသည့် လူကို စမူဆာ၏ သုံးမြှောင့် ချွန် နှင့် ပမာပြု၍ စမူဆာဟု သုံးခဲ့ကြသည်။

ဤမျှ သမိုင်းကြောင်း ရှည်လျား၍ ခန့်ညားသော အဓိပ္ပါယ်နှင့် စမူဆာသည် ယခုအခါတွင် မသမာသူ လူ့ဗာလတို့ အမည်ဖျက်၍ မိန်းမအင်္ဂါ တစ်ရပ်တည်းကိုသာ ကိုယ်စားပြုသည်ဟု လူအများတို့ အမှတ်မှားကြရလေသည်မှာ များစွာ ၀မ်းနည်းဖွယ်ရာပင် ဖြစ်သည်။

ယခုအခါ မြန်မာ့ ဖေ့ဘုတ်တစ်ခွင်တွင် စမူဆာသည် နာမည်ပျက်နှင့် ကျော်ကြားလျက်ရှိ၍ စျေးနှုန်းလည်း အလွန်ကြီးမြှင့်လှကြောင်း တွေ့နေရသည်။ သိန်း ခြောက်ရာမှစ၍ သိန်းတစ်သောင်းအထိ စမူဆာတို့ ဂုဏ်မြှောက်လျက်ရှိကြကြောင်း တွေ့ရပေမည်။

လမ်းဘေး ဆိုင် အိုင်တီ လက်ဘက်ရည်ဆိုင်မှစ၍ ကန်တော်ကြီး စင်ဂနေချာအလယ် နိုဗိုတယ်နှင့် ဆူလေးရှန်ဂရီလာအထိ စမူဆာကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။ သို့ရာတွင် ဂျုံသားကွာခြင်း ၊ အသားပါခြင်းနှင့် အချဉ်ရေ ကွာခြင်းတို့ကြောင့် စျေးနှုန်းများ တူညီမူ မရှိနိုင်ချေ။

မြန်မာလူငယ် အမျိုးကာင်းသားများအနေဖြင့် စမူဆာစားသည့်အခါ မည်သည့်ဆိုင်က စားသည်ဖြစ်စေ အချဉ်ရေနှင့် တို့စားမှလျှင် ပြီးပြည့်စုံသော အရသာကို ရရှိပေမည်။ သတိပြုရန်မှာ အချို့သော ဆိုင်ရှင်တို့သည် ရက်လွန် စမူဆာများ ၊ ရောင်းမကုန် စမူဆာများအား ဆီကြော်နှစ်၍ ထပ်ဖန်တလဲလဲ ပြန်ကြော်ကာ အရောင်တင် အငွေ့ပေးပြီး ဗန်းပေါ်တင်ထားတတ်ကြလေသည်ဖြစ်ရာ ထိုစမူဆာများ စားမိလျှင် ဗိုက်နာ၀မ်းလျှော ရောဂါ ခံစားရပေမည်။

သို့ဖြစ်၍ အမျိုးကောင်းသားများအနေဖြင့် စမူဆာ စားကာနီးတိုင်း အနံ့ရှုကြည့်ဖို့ရာ အလွန်တရာ လိုအပ်လှပေသည်။ အားနာတတ်သော မြန်မာတို့ စိတ်မျိုးဖြင့် အနံ့မခံပဲ စားမိလျှင်ကား စမူဆာ အသိုးနှင့်တိုး၍ ၀မ်းလျှောမည်ကား ဒိဌသာတည်း။

အထူးသဖြင့် အချဉ်ရေ မရနိုင်သည့် ဆိုင်မျိုးဆိုလျှင်ကား ပြန်သာ လှည့်ထွက်ခဲ့ပါရန် အကြံပြုလိုသည်။ စမူဆာသည် အကြွပ်ကြော်ထားသော ဂျုံပြားဖြစ်၍ ကြမ်းလျှသည့်အပြင် အတွင်းပါ ကြက်သွန်ဆိုသည့် အရာမှာ အပူဓာတ်ဖြစ်သောကြောင့် မူလ တီထွင်သူ အာရပ်တို့သည်ပင် Goan ခေါ် ဂိုရင်းဟင်းရည်ဖြင့် တွဲဖက် စားသုံးကြရသည့် အရာဖြစ်သည်။

အချဉ်ရေ မပါသည့် စမူဆာသည် မုချ
လမ်းဘေးရောင်းတမ်းကုန်ပစ္စည်းသာ
ဖြစ်လိမ့်မည်။

😊😊
😊😊

စမူဆာချင်းးး တူပေမဲ့
ဟိုတယ်စမူဆာလေးတွေက
သေးသေးလေးနဲ့ ကျွတ်ကျွတ်လေးတွေ 😛😛😛
ပြည်တွင်းစမူဆာ စျေးကွက်ကလည်းတဖြေးဖြေး
ယိုးဒယားစမူဆာစျေးကွက် နဲ့ အပြိုင်ဖြစ်လာပြီ 😂😂

ပုံကတော့ ဖုန်းထဲရှိတာလေးဘဲ
ထည့်ပေးလိုက်ရတော့ စာ နဲ့ ပုံ မအပ်စပ်ရင်
ခွင့်လွှတ် 😁😁



ကိုးကား- ဝီကီ & The Oxford Companion
Kyi Win


🙏🪷🙏🪷🙏🪷🙏🪷🙏🪷••• မင်္ဂလာရှိ‌သော‌နေ့သစ်လေးပါ •••~ ၇ ရက်သား သမီးအားလုံး~ ကျန်းမာကိုယ်စိတ်မြဲပါစေ~ ချမ်းသာကိုယ်စိတ်မြဲပါစေ~ နှ...
25/12/2025

🙏🪷🙏🪷🙏🪷🙏🪷🙏🪷

••• မင်္ဂလာရှိ‌သော‌နေ့သစ်လေးပါ •••

~ ၇ ရက်သား သမီးအားလုံး

~ ကျန်းမာကိုယ်စိတ်မြဲပါစေ

~ ချမ်းသာကိုယ်စိတ်မြဲပါစေ

~ နှလုံးစိတ်၀မ်း အေးချမ်းကြပါစေ

~ လုပ်ကိုင်စီးပွား ဒီရေအလား တိုးတက်ကြပါစေ

~ ဘေးအန္တရာယ် ရန်စွယ်အသွယ်သွယ်ကင်းရှင်းကြပါစေ

~ ကောင်းသောစိတ်စေတနာအဖြာဖြာပြည့်ဝကြပါစေ

🙏🙏🙏 ••• နံနက်ခင်းမှာ မင်္ဂလာပါ ••• 🙏🙏🙏🪷•  မြတ်ဗုဒ္ဓ၏ဂုဏ်တော်ကြောင့် 🪷•  အာရုံအလင်း ကြည်နူးခြင်းနှင့်🪷•  ဖူးပွင့်ဝေဆာ ပန်...
16/12/2025

🙏🙏🙏 ••• နံနက်ခင်းမှာ မင်္ဂလာပါ ••• 🙏🙏🙏

🪷• မြတ်ဗုဒ္ဓ၏ဂုဏ်တော်ကြောင့်

🪷• အာရုံအလင်း ကြည်နူးခြင်းနှင့်

🪷• ဖူးပွင့်ဝေဆာ ပန်းမာလာလို

🪷• မေတ္တာငြိမ်းအေး စိတ်ဖွေးဖွေးဖြင့်

🪷• နိုးထရွှင်ပြုံး ကိုယ်စီသုံး၍

🪷• ကောင်းခြင်းမင်္ဂလာ ပြည့်ပါစေလို့

🪷• ဆုတောင်းမေတ္တာ ပို့ပါတယ် •••

🙏🪷🙏🪷🙏🪷🙏🪷🙏🪷🙏🪷🙏🪷🙏🪷

••• 🙏🙏🙏🙏🙏 •••မင်္ဂလာရှိသောနေ့သစ်လေးမှာ ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ…အရာခပ်သိမ်း လိုရာပြည့်ငြိမ်းအေးကြပါစေ …ဘေးရန်ကင်းကွ...
04/12/2025

••• 🙏🙏🙏🙏🙏 •••

မင်္ဂလာရှိသောနေ့သစ်လေးမှာ

ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေ…

အရာခပ်သိမ်း လိုရာပြည့်ငြိမ်းအေးကြပါစေ …

ဘေးရန်ကင်းကွာစိတ်ချမ်းသာကြပါစေ …

ကပ်ကြီးသုံးပါးမှ လွတ်ကင်းကြပါစေ …

အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေ …

တက်နေပမာ ကျက်သရေဖြာလျှက်စည်းစိမ်တန်ခိုး

နေ့စဉ်တိုး၍ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်

ပြည့်စုံကြပါစေ …

🙏🙏🙏••• မင်္ဂလာနံနက်ခင်းပါ ••• 🙏🙏🙏 ကောင်းမှူအစုစုနေ့စဉ် ပြု ၍  ကြည်နူးချမ်းမြေ့နိုင်ကြပါစေ••• ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ...
29/11/2025

🙏🙏🙏••• မင်္ဂလာနံနက်ခင်းပါ ••• 🙏🙏🙏

ကောင်းမှူအစုစုနေ့စဉ် ပြု ၍
ကြည်နူးချမ်းမြေ့နိုင်ကြပါစေ•••

ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍
အေးချမ်းသာယာရှိနိုင်ကြပါစေ •••

စိုးရိမ် သောက ဗျာပါဒများ
ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ •••

ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်
ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ •••

နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍
ကောင်းသော လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ •••

စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း
ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ •••

🙏🙏🙏••• မင်္ဂလာရှိ‌သော‌နေ့သစ်လေးပါ •••🙏🙏🙏🪷၇ ရက်သား သမီးအားလုံး🪷ကျန်းမာကိုယ်စိတ်မြဲပါစေ🪷ချမ်းသာကိုယ်စိတ်မြဲပါစေ🪷နှလုံးစိတ်...
14/11/2025

🙏🙏🙏••• မင်္ဂလာရှိ‌သော‌နေ့သစ်လေးပါ •••🙏🙏🙏

🪷၇ ရက်သား သမီးအားလုံး

🪷ကျန်းမာကိုယ်စိတ်မြဲပါစေ

🪷ချမ်းသာကိုယ်စိတ်မြဲပါစေ

🪷နှလုံးစိတ်၀မ်း အေးချမ်းကြပါစေ

🪷လုပ်ကိုင်စီးပွား ဒီရေအလား တိုးတက်ကြပါစေ

🪷ဘေးအန္တရာယ် ရန်စွယ်အသွယ်သွယ်ကင်းရှင်းကြပါစေ

🪷ကောင်းသောစိတ်စေတနာအဖြာဖြာပြည့်ဝကြပါစေ

🙏🙏🙏…မင်္ဂလာရှိသော နံနက်ခင်းပါ…🙏🙏🙏လူနတ်ဗြဟ္မာ သတ္တဝါများအားလုံးကျန်းမာခြင်းသုခနှင့်ပြည့်စုံပြီးအရာခပ်သိမ်း လိုရာပြည့်ငြိမ...
10/11/2025

🙏🙏🙏…မင်္ဂလာရှိသော နံနက်ခင်းပါ…🙏🙏🙏

လူနတ်ဗြဟ္မာ သတ္တဝါများအားလုံး

ကျန်းမာခြင်းသုခနှင့်ပြည့်စုံပြီး

အရာခပ်သိမ်း လိုရာပြည့်

ငြိမ်းအေးကြပါစေ …

ဘေးရန်ကင်းကွာစိတ်ချမ်းသာကြပါစေ …

ရတနာသုံးပါ၏ မေတ္တာ တော်ကြောင့်

ကပ်ကြီးသုံးပါးမှ လွတ်ကင်းကြပါစေ …

အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေ …

တက်နေပမာ ကျက်သရေဖြာလျှက်စည်းစိမ်တန်ခိုး

နေ့စဉ်တိုး၍ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်

ပြည့်စုံကြပါစေ …

08/11/2025

Eagle 🦅 ရဲ့ Promotion Live က ယနေ့ည ၈:၁၅ မှာပေးမှာနော် 💜💜

Address

အမှတ် (၁၇၂/က)၊ ဗန္ဓုလလမ်း ၊ ရုံးကြီးရပ်ကွက် ၊ ပဲခူးမြို့။
Bago

Telephone

+959971561604

Website

Alerts

Be the first to know and let us send you an email when EAGLE Used Branded and Good Quality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share