08/06/2025
▪️ချွေးပေါက်ကျယ်ရခြင်း အကြောင်းအရင်းနဲ့ ကာကွယ်နိုင်တဲ့ နည်းလမ်းများ
ချွေးပေါက်ဘာကြောင့်ကျယ်တာလဲ ??
ချွေးပေါက်မကျယ်အောင် ဘာတွေကာကွယ်ထားသင့်လဲ ??
လူ (100) မှာ (95)ယောက်လောက်အထိ တွေ့ကြုံနေရတဲ့ Skin Problem တွေထဲမှာ ချွေးပေါက်ကျယ်ခြင်းလည်းပါပါတယ် ၊ ချွေးပေါက်ကျယ်ခြင်းက အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ၊ ကြိုတင်ကာကွယ်လို့လည်းရပါတယ်
📌 မျက်နှာချွေးပေါက်ကျယ်ရခြင်းရဲ့ အကြောင်းအရင်းများ
▪️နေလောင်ခြင်း ( Sun Damage )
▪️ဟော်မုန်းပြောင်းလဲခြင်း
▪️မျိုးရိုးဗီဇအလျှောက်လည်းဖြစ်နိုင်တယ်
▪️အသက်ကြီးလာရင်လည်း ဖြစ်နိုင်တယ်
▪️ချွေးပေါက်အနီးတဝိုက် အဆီပြန်မှုနှုန်းများလာတဲ့အတွက်လည်း ဖြစ်နိုင်တယိ
▪️ချွေးပေါက်အနီးတဝိုက် elasticity လျှော့နည်းလာတဲ့အတွက်လည်း ဖြစ်နိုင်တယ်
▪️ မျက်နှာမွှေးညှင်းပေါက် အမွှေးတွေကြီးလာကြောင့်လည်းဖြစ်နိုင်တယ် ( အများစုကတော့ အဆီပြန်အသားရေမှာဖြစ်တတ်ကြတယ် )
📌 မျက်နှာချွေးပေါက်မကျယ်အောင် ဘယ်လိုတွေကာကွယ်ရမလဲ
▪️Sunscreen မမေ့မလျှော့ဘဲ နေ့တိုင်းလိမ်းပါ
▪️Double Cleansing နေ့တိုင်း သေချာလုပ်ပါ
▪️Exfoliating သေချာလုပ်ပေးပါ
▪️Pore Clay Mask တွေလည်း အသုံးပြုပါ
▪️Sheet Mask မကြာမဏကပ်ပေးပါ
▪️Niacinamide နဲ့ Salicylic Acid ပါတဲ့ Products တွေလည်း သုံးလို့ရတယ်
▪️Retinol ကို လည်း အသုံးပြုနိုင်ပါတယ်
▪️Comedogenic မဟုတ်တဲ့ ပစ္စည်းတွေကိုဘဲသုံးပါ
( Comedogenic ဆိုတာ ချွေးပေါက်ပိတ်စေတဲ့ ingredients တွေကို ဆိုလိုခြင်းပါ
ဥပမာ - Cocoa butter , lanolin , coconut oil etc … )
ဒီအချက်တွေက ချွေးပေါက်မကျယ်အောင် ကြိုတင် ကာကွယ်ထားသင့်တဲ့အချက်တွေဖြစ်သလို ၊ ချွေးပေါက်ပြန်ကျဉ်းအောင်လုပ်လို့ရတဲ့အချက်တွေလည်း ဖြစ်ပါတယ်
ဒါဆို ချွေးပေါက်ကျယ်တာနဲ့ပတ်သက်ပြီး သေချာသိလောက်ပြီထင်ပါတယ်