Shwe Chan Thar book store

Shwe Chan Thar book store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Chan Thar book store, Kyonmange, Ayeyarwady.

14/09/2025

ဒီနေ့မှာတော့ ဖြိုးက "Comment ရေးပြီး

လက်ဆောင်ယူ"ဆိုတဲ့ အစီစဉ်လေးလုပ်ပေးထားပါ

တယ်။ဒီအစီစဉ်လေးက ဘယ်လိုမျိုးလေးလဲဆို

တော့ "သီတင်းကျွတ်ရင် ဘာလုပ်ချင်လဲ၊ဘာလိုချင်

လဲ၊ဘာဖြစ်ချင်လဲ"ဆိုတာကို comment လေးတွေ

၀င်ရေးပေးခဲ့ရမှာပါရှင့်၊ရေးထားပေးတဲ့ လူဦးရေ

အပေါ်ကိုမူတည်ပြီး ဖြိုးက ဖုန်း‌ေဘလေးတွေ၊စာအုပ်

လေးတွေ လက်ဆောင်ပေးပါမှာပါရှင့်

ယနေ့ထွက်ရှိလာသောစာအုပ်များနှင့် ပြန်လည်ရရှိသောစာအုပ်များPhoto crd.စိတ်ကူးချိုချို
07/08/2025

ယနေ့ထွက်ရှိလာသောစာအုပ်များနှင့် ပြန်လည်ရရှိသောစာအုပ်များ

Photo crd.စိတ်ကူးချိုချို

04/08/2025

သီးခံပြီးတော့ နားထောင်ပေး

29/05/2025

ပြောင်းလဲခြင်းရဲ့အစ

08/04/2025

ပြောင်းလဲခြင်းရဲ့အစ ⚡️

လူတစ်ယောက် တိုးတက်ပြောင်းလဲဖို့
အချိန်တန်ပြီဆိုရင် စိတ်ဆင်းရဲစရာတွေနဲ့
စကြုံရတတ်တယ်။

ဘယ်လိုမှကို မထင်ထားတဲ့
ပြသနာကပေါ်လာတယ်။

ကူညီပေးနိုင်တဲ့ သူလည်းမရှိဘဲ
တစ်ယောက်တည်း ရင်စီးခံရလိမ့်မယ်။

နောက်ဆုံး အခက်အခဲ၊ ပြသနာ၊
စိတ်ဆင်းရဲစရာ မရှိရင်တောင်
ဒီအတိုင်း ဘာမှမလုပ်ဘဲ အကျိုးလည်းမရှိ
အချိန်တွေ အလကားကုန်နေတာတွေကို
အလိုလိုမုန်းလာတာမျိုး ဖြစ်လာတတ်တယ်။

ရင်ထဲ အသဲထဲကကို ငါ တစ်ခုခု ကြိုးစားမှ
ဖြစ်တော့မယ်ဆိုတဲ့ အသိစိတ်က ကြီးမားလာတယ်။

တစ်ခုခုမှာ အောင်မြင် ပေါက်ရောက်ချင်တဲ့
စိတ်က အရမ်း ပြင်းပြလာတတ်တယ်။

ငါ မဖြစ်တော့ဘူး။
ငါ ဒီပုံသာ ဆက်နေရင် မကျန်းမာတဲ့
အချိန်မှာတောင် မလုပ်ချင်တာတွေ
လုပ်ပြီး ငွေရှာနေရမယ် လို့ အသိဝင်လာတတ်တယ်။

ဒါပေမဲ့ လူအများစုကတော့ အဲ့လို
သူ့ အသိနဲ့သူ ၊ အောင်မြင်တိုးတက်ချင်စိတ်
ဝင်လာတာ အရမ်းရှားတယ်။

အဲ့လို ကိုယ့်ဘာသာ အသိ စိတ်ဝင်တဲ့ သူကလေ
မကြာခင် အချိန်တို အတွင်း လုံးဝ မမှတ်မိအောင်
ပြောင်းလဲ သွားကြ များတယ်။

ဘာလို့လဲ ဆို လူ တော်တော်များများက
ဒုက္ခ ရောက်မှ အသိ ဝင်တာ များတယ်၊
နဲနဲ အဆင်ပြေတာ နဲ့ ကောက်ရိုးမီး ပြန်ဖြစ်ပြီး
အရင်လို နေချင်သလို နေတယ်။
ရရ စားစား၊ မရှိတော့မှ ပြန်စိတ်ဆင်းရဲကြတာ
များတယ်။

ဒုက္ခမလာခင်ထဲက အသိစိတ်ဝင်ပြီး
ကြိုတင်ပြင်ဆင်သူတွေကြတော့ ဒီလို
အောက်ဆုံးအဆင့်ကို ပြန်မရောက်တော့ဘူး။
အမြဲ သတိပိုကပ်လာတယ်။
ပိုထိန်းထိန်းသိမ်းသိမ်း နေဖြစ်လာတယ်။
စည်း နဲ့ ကမ်းနဲ့အရေးကြီးမဲ့ အရာ၊
ကိုယ့်ကို ပို တိုးတက်စေမဲ့အရာတွေကိုပဲ
ရှာပြီး လုပ်ဖြစ်တော့တယ်။

ဘယ်အရာကမှ သူ့ရဲ့ အောင်မြင် ကြီးပွါး
တိုးတက်မှုကို မနှောက်ယှက် နိုင်တော့ဘူး။

ဒီလိုလူမျိုးတွေ ကသာ ထိပ်ဆုံး အထိ
အောင်မြင်ပြီး သူတို့ ကိုယ်တိုင်အတွက်သာမက
သူတို့ ချစ်ကြရတဲ့ သူတွေကိုပါ ကာကွယ်
စောင့်ရှောက် သွားနိုင်ကြတယ်။

ဒီလို ဖြစ်ဖို့ အမြဲကိုယ့်ရင်ထဲက
စကားတွေကိုနားထောင်ပါ။
ကိုယ့် အခြေအနေကို အမြဲသတိကပ် ကြည့်ပါ။

အခက်အခဲတွေ ၊ ပြသနာတွေ ၊
စိတ်ဆင်းရဲစရာတွေ ရောက်လာနေလား (သို့)
အလိုလို ရင်ထဲကနေ အခု လက်ရှိ
လုပ်ကိုင်နေရတာတွေ ၊ အခြေအနေတွေကို
သဘောမကျတော့ပဲ ပြောင်းလဲဖို့ တိုက်တွန်း
နေပြီလားဆိုတာကို သေချာ သတိကပ်
နားထောင်ကြည့်ရှုပါ။

ကိုယ်လိုချင်တဲ့ ပြည့်စုံ ကြွယ်ဝ
ချမ်းသာခြင်းတွေရဲ့ အစက ပြောင်းလဲခြင်းပါပဲ။

ပြင်းပြင်းပြပြ ပြောင်းလဲ ချင်နေပြီ ဆိုရင်
သေချာတယ် ဒီလူ ဘယ်တော့မှ မဆင်းရဲတော့ဘူး
ဆိုတာ အာမခံပါတယ်။

တစ်ခါ အောင်မြင်ဖူးသူ ၊ တစ်ခါ ပြည့်စုံဖူးသူက
ဒီ အောင်မြင် ပြည့်စုံခြင်းရဲ့ အရသာကို
ပို သိတယ်။နောက်ပြီး ကိုယ်တိုင် ရအောင်
ယူနိုင်ခဲ့ပြီးပြီ ဖြစ်လို့ အချိန်မရွေး ငါ ကြိုးစားရင်၊
ငါ လိုချင်တာ ဘာမဆို ရတယ် ဆိုတဲ့
ယုံကြည်မှု ဝင်သွားတယ်။

ဒီ ယုံကြည်မှုကပဲ သူ့ကို အထပ်ထပ်
အောင်မြင်မှု နဲ့ငွေကြေး ပိုမို ပြည့်စုံမှုတွေ ကို
ရရှိစေတာ ဖြစ်ပါတယ်။

ဒါကြောင့် ၁ခါလောက်လေးပဲ အရင်
အောင်မြင်တဲ့ အထိ စိတ်ကို ကို ပြောင်းလဲပြီး
ကြိုးစားကြည့်ပါ။

နောက်ပိုင်း က အကုန် ချောချောမွေမွေ့ နဲ့
လွယ်ကူ အဆင်ပြေသွားတာကို လက်တွေ့
မြင်တွေ့ရပါလိမ့်မယ်။

ကမ္ဘာပေါ်မှာအပျင်းဆုံးလူသားလေးငါဖတ်ရန်
- သဇင်ကျော် -

တန်ဖိုး - ၁၅၀၀၀ ကျပ်

31/01/2025

🎧🎧🎧🎧

18/06/2024

4000ks

အနံ့တောင်မခံနိုင်ဘူးမြင်တာနဲ့ ပြေးစားချင်တာ🤤🤤🤤🤤
13/04/2024

အနံ့တောင်မခံနိုင်ဘူး

မြင်တာနဲ့ ပြေးစားချင်တာ
🤤🤤🤤🤤

တကယ်တော့ ချစ်တယ်ဆိုတာ ဘာလဲ။ရယူခြင်းလား? ပေးဆပ်ခြင်းလား?ကိုဘုန်းနိုင်က သက်သေပြသွားခဲ့တယ်ထင်တာပဲ။ အချစ်က ကိုယ်ချစ်နေတဲ့သူ ...
08/04/2024

တကယ်တော့ ချစ်တယ်ဆိုတာ ဘာလဲ။
ရယူခြင်းလား? ပေးဆပ်ခြင်းလား?
ကိုဘုန်းနိုင်က သက်သေပြသွားခဲ့တယ်ထင်တာပဲ။ အချစ်က ကိုယ်ချစ်နေတဲ့သူ အရာရာပျော်ရွှင်ဖို့ ကိုယ့်နှလုံးသားကို ချနင်းခဲ့ရတာမျိုးလား.သူ့ဘဝလမ်းအဆင်ပြေဖို့ ကိုယ်က နောက်ဆုတ်ပေးရတာမျိူးလား?
ကိုယ်ယုံကြည်ရာ လမ်းကို အရာအားလုံးကို
စွန့်လွှတ်ပြီး လျှောက်ခဲ့တယ်။
ဒါပေမယ့် လူဟာလူပဲ။ ဝါဒဟာ ဝါဒပဲ။
ဝါဒဘယ်လောက်ကောင်းကောင်း ရည်ရွယ်ရင်းဘယ်လောက်ကောင်းကောင်း ရာထူးတွေအာဏာတွေရလာရင် ပြောင်းလဲတတ်တယ်ဆိုတာ ပါးပါးလေး ပုတ်သွားတယ်။ဆရာဗန်းမော်တင်အောင်ရဲ့ ပထမဆုံး ဝတ္ထုပဖြစ်ပြီး ဆရာတက္ကသိုလ်ဘုန်းနိုင်က ဒီဇာတ်ကောင်ရဲ့ အမည်ကို ယူပြီး သူ့ကလောင်နာမည်ပေးခဲ့တာပါ။
လွမ်းစရာ၊ ဆွေးစရာ၊ ကြည်နူးစရာ၊ ကြေကွဲစရာတွေအပြင် နိုင်ငံရေးအခြေအနေတွေ အယူအဆတွေလည်းပါပါတယ်။
ဆရာသိန်းဖေမြင့်ရေးတဲ့သပိတ်မှောက်ကျောင်းသား၊ အရှေ့ဘက်က နေဝန်းထွက်သည့်ပမာတို့နဲ့ တွဲဖတ်ရင်ပိုကောင်းတယ်။
အကျဉ်းချုပ်ပြောရရင် ဂျာနယ်ကျော်မမလေး အမှာစာမှာရေးခဲ့သလို တကယ့်ကို ဆေးရောင်စုံတဲ့ အနုအရွအလှတွေ ပြည့်နေတဲ့ လက်ရာမြောက်ပန်းချီကားတစ်ချပ်ပါ။

Review by Ye Pyae Phyo

#ဘုန်းမောင့်တစ်ယောက်တည်းရယ်
#ဘုန်းမောင့်တစ်ယောက်ထဲရယ် #ဗန်းမော်တင်အောင်

ဧရာ၀တီက "S"နဲ့စတဲ့ ကောင်မလေးအတွက်ပါတဲ့။စာအုပ်လေးလာမှာထားပါတယ် ဘယ်သူလေးဖြစ်မလဲ။😍😍😍
07/04/2024

ဧရာ၀တီက "S"နဲ့စတဲ့ ကောင်မလေးအတွက်ပါတဲ့။

စာအုပ်လေးလာမှာထားပါတယ် ဘယ်သူလေးဖြစ်မလဲ။

😍😍😍

Fiber မရတဲ့နေရာဒေသများအတွက် Atom broadband - စက်+ ၂လစာပါပြီး (15Mbps)Unlimited  = 125000Ks သက်တမ်းတိုးပါက တစ်လ 35000 Ks ...
04/04/2024

Fiber မရတဲ့နေရာဒေသများအတွက် Atom broadband

- စက်+ ၂လစာပါပြီး (15Mbps)
Unlimited = 125000Ks

သက်တမ်းတိုးပါက တစ်လ 35000 Ks (Unlimited)

- စက်+ ၂လစာပါပြီး (30Mbps)
Unlimited = 140000Ks

သက်တမ်းတိုးပါက တစ်လ 45000 Ks (Unlimited)

ပစ္စည်းရငွေချေရ😍
လာရောက်တပ်ဆင်ပေးရမည်ဆိုပါက Deli ခရှိပါသည်။

နယ်ဝေးများမှတပ်ဆင်လိုပါက
Location အတိအကျ ပေးပို့၍
သုံးရမရ စစ်ဆေးပေးပါသည်။

အသေးစိတ်သိရှိလိုပါကစိတ်၀င်စားရင် Page မှာ လာမေးလို့ရပါတယ်ရှင့်😍

Address

Kyonmange
Ayeyarwady

Website

Alerts

Be the first to know and let us send you an email when Shwe Chan Thar book store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Chan Thar book store:

Share