23/05/2025
လူတိုင်းမှာ ၁ထည်တော့ ရှိသင့်တဲ့ UNIQLO Pocketable UV Cut Parka လေးတွေ Sale ချတဲ့ စျေးလေးနဲ့ ရပါမယ်။
နိုင်ငံရေးကြောင့်နဲ့ Deli တွေအဆင်မပြေတာနဲ့ OS နားထားတာ ကြာပြီဆိုပေမယ့် အခု Japan Uniqlo မှာ စျေးတန်တန်နဲ့ ချနေပြီး Admin ကိုယ်တိုင်လည်း အရမ်းကြိုက်တဲ့ UV Parka လေးမို့ ရောင်းပေးပါမယ်နော်။
မနှစ်က ဒီ Pocketable Parka ကို ဒီ Quality ထက်နည်းနည်း နိမ့်တဲ့ အမျိုးအစားမျိုးပဲ မိန်းကလေးအတွက် ထွက်တော့ ယောက်ျားလေးထဲက ဝယ်ဝတ်ခဲ့ရတယ်။
ဒီနှစ်မှာ မိန်းကလေးတွေအတွက်ပါ ထွက်လာပြီး
အရောင်တွေကလည်း အဆန်းလေးတွေပါပါလာတယ်။
ပိုကောင်းသွားတာက
ခေါင်းစွပ်လေးလည်း ပါလာတာရယ်။
ခေါင်းနောက်မှာ adjustor လေးပါ ထည့်ထားပြီး
ခေါင်းစွတ်ပြီး ဝတ်ရင်လည်း လွယ်လွယ်နဲ့ ကျွတ်မသွားပဲကိုယ့်ခေါင်းရဲ့ Size ပေါ်မူတည်ပြီး adjust လုပ်လို့ရပြီး
နေပူထဲထွက်ရင် မျက်နှာကိုပါ UV Cover လုပ်ပေးနိုင်သွားတယ်။
အတော်အသင့်လောက် ရွာတဲ့ မိုးဆိုရင်လည်း water proof ဖြစ်တော့ နေပူပူ မိုးရွာရွာ အဆင်ပြေတယ်။
Admin ဆို မနှစ်က တနွေလုံး အောက်ခံဘာပဲဝတ်ဝတ် UV cut ဖြစ်အောင် ဒါလေးကိုတော့ အပေါ်မှာ အမြဲဝတ်တယ်။
အရမ်းလည်း light weight ဖြစ်လို့ Outdoor သမားတွေအတွက်လည်းအဆင်ပြေ ခရီးသွားတဲ့အခါလည်း သူ့မှာပါတဲ့ Pocket လေးထဲ ထည့်ပြီး သယ်သွားလ်ု့ရတယ်။
Japan Direct မို့လို့ 100% Authentic ပါနော်။
Waiting Time : 5-10days
Price : 125,000Ks
Waiting time အရမ်းမကြာတဲ့အတွက် Full-prepaid ယူပါမယ်ရှင်။
(May 29 နောက်ဆုံး Sale မို့ မြန်မြန်လေး Hello လိုက်နော် 🙋♂️)