06/07/2025
အောက်ပါကျောက်ဝယ် သူများသည်...
ဘယ်တော့မှ ကျောက် မအောင်ပါ။
ဖားကန့်မှော်ထဲမှာနေတဲ့သူတွေရဲ့ Liveအသီးသီးကြည့်ပြီး အထင်ကြီးဝယ်နေတဲ့သူ မှန်သမျှအားလုံးကို ကျောက်စိမ်းပညာ နှစ်ပေါင်း၃၅နှစ်အရ...
အောက်ပါအတိုင်း မှတ်ချက်ချလိုက်သည်။
၁။ ဆယ်ကျောက်၊ ရာကျောက်
မှန်သမျှအခွံဆောင်နေရသလို...လူသိ မခံတဲ့ မှော်ထဲကတကယ့်ကျောက်သမားတွေ တိုးတိုးတိတ်တိတ် လုပ်နေချိန်မှာ သိန်းတရာ၊သိန်းနှစ်ရာဝယ်
တယ်ပြောတဲ့ သူဆီက ဝယ်တဲ့ကျောက်.....
ဘယ်တော့မှ မအောင်ပါ။
၂။ ကျောက်ကောင်းရင် တိုး
တိုး တိတ်တိတ် လုပ်စားနေရတဲ့
ဖားကန့်၊ လူသိမခံတဲ့ ဖားကန့်မှာ နေပြီး...
တကြော်ကြော် အော် ဝယ်ပြီး
အတင်းရှယ်ရာထည့်ခိုင်း အစုခေါ်နေပြီဆိုတာနဲ့...
ဘုရားကြီးဘေးက ကြေးစည်လေးတော့ ဝယ်ထားစေချင်တယ်။ အမျှပေးဝေရအောင်ပါ။
၃။ Liveသမား မှန်သမျှဘယ်သူမှ ကျောက်မဖြတ်သလို...
အရောင်းကို ဦးစားပေးတာမို့
မကောင်းလဲ လေနဲ့ ရောင်းရတယ်။
"ကောင်းရင် တရုတ်ပြည်ပို့မယ်"ဆိုတဲ့OnLine
စားဖားတွေ ရှေ့မှာ ဒူးထောက်သူကတော့ မသနားပါဘူး။
သူတို့က စီးပွားရေးလောကမှာ အကုန်သတ်ပြီး ကြီးပွားနေသူ ဖြစ်လို့လေ....ပြန်ပေးဆပ်ရတာဘဲ။
မရှိပဲ ရှိတာလေးနဲ့ ရုန်းကန်နေရသူတွေအတွက် ပြောတာပါ။
ဒီလိုပွဲကို လက်ရှောင်ပါ။
ကျားကျားချင်း လောဘနဲ့ ကိုက်နေကြတဲ့ထဲမှာ...ကိုက
ဖွတ်ကြား မဖြစ်စေပါနဲ့။
၄။ အခုလိုပြောလို့ မရှိတဲ့ကြားက ကံစမ်းချင်သူတွေ ဝမ်းမနည်းပါနဲ့နော်။
ကျောက်လောကမှာ တကယ် ကျောက်ကောင်းရင် အဖေ၊ အမေတောင်မရောင်းသလို...
အစုလည်း မထည့်ပေးဘူး ကိုယ့်လူတို့....
ဖားကန့်မှာလေ...
အားမနာတမ်း ပြောရရင်...
လေလည်တာတောင် အခွံလာကောက် နေတာမို့...
ကောင်းနေတဲ့ ကျောက်ဆို.....
မင်းတို့တောင် မြင်လိုက်ရမှာ မဟုတ်ဘူး။
ဝမ်းမနည်းနဲ့...
ဒီပွဲကလှနေတာ စားဖားနဲ့
အလောဘသမားတို့ရဲ့ရိုက်ကွင်း.....
ညီ....လက်ရှောင်ပြီး။ ကျောက်ပညာတတ်အောင်
တာသင်ပါကွာ..နော်
ညီ...သူတို့ဝယ်သမျှကျောက်
ဘယ်တော့မှ မအောင်စေရဘူး။ ငါအာမခံတယ်။
ကျောက် ကောင်းရင် တရုတ်ပြည် ပို့နေကြတာလေ...
ငါ့ညီရဲ့။
#လေးစားစွာဖြင့်