Sanda Thiri

Sanda Thiri Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sanda Thiri, Religious Bookstore, ThanPhyuZayart, Yangon.

29/03/2023

🤣😂🤣

27/02/2023

🥰🥰

ကလေးတွေရဲ့ခေါင်းကိုအလွယ်ရိုက်တတ်တဲ့သူတွေ ဖတ်ကြည့်ပါခုမြင်ရတဲ့ အကျီပန်းရောင်နဲ့ကလေးမလေးဆိုအသက်က ၁၆နှစ်ရှိပြီအပျိုဘော်ဝင်ခ...
03/02/2023

ကလေးတွေရဲ့ခေါင်းကိုအလွယ်ရိုက်တတ်တဲ့သူတွေ ဖတ်ကြည့်ပါ

ခုမြင်ရတဲ့ အကျီပန်းရောင်နဲ့ကလေးမလေးဆို
အသက်က ၁၆နှစ်ရှိပြီ
အပျိုဘော်ဝင်ခါစ ချောချောလေးပါ
တောမှာနေကြတာတဲ့

တစ်နေ့……
သူ့အမေကထမင်းဆာနေတဲ့အချိန်
သူ့သမီးက ချက်ထားတဲ့ ဟင်းထဲဘာတွေသွားထဲ့လိုက်
တယ်ဆိုလားပဲ စားမရတော့ဘူးပေါ့

ဒါနဲ့စိတ်ဆိုးပြီး…ဒယ်အိုးနဲ့ ဂေါင်းကိုခေါက်လိုက်တာ
သတိမေ့သွားလို့ဆေးရုံရောက်လာတယ်
သတိရလာတော့…
၅နှစ်သမီးလေးအတိုင်းဖြစ်သွားတယ်
စကားတွေမပီတော့ဘူး၊အသံကလည်းကလေးသံလေးဖြစ်သွားတယ်၊ ကလေးလိုဆော့ ကလေးလိုအော်
ငိုလိုက်ရီလိုက် မုန့်စားလည်း လက်နှစ်ဖက်နဲ့ပလုပ်ပလောင်းရယ်၊ သွေးလန့်သွားတာ တဲ့လေ

သူ့အမေလည်းယူကြုံးမရပေါ့
ခုတော့ အဖေရောအမေရောက ကလေးငယ်လေးလိုပြုစုနေရတယ်၊ခု ဆေးရုံကဆင်းသွားပြီ
ပြန်ကောင်းဖို့မသေချာဘူးတဲ့၊ ဝမ်းနည်းစရာပါ
အရွယ်ရောက်တဲ့မိန်းကလေးတစ်ယောက်

ကလေးလေးကို အသိဥာဏ်ပဲရှိတော့တာ သူ့အတွက်ရော
မိဘတွေအတွက်က တကယ်ရင်လေးစရာပါ

မိဘတွေကလေးတွေရိုက်တဲ့အခါ
ဂေါင်းတွေ၊ကျောကုန်းတွေ၊ရင်ဘတ်တွေ
ရှောင်ကြပါ

ဒီသာဓကလေးက
မိဘတွေအတွက် သင်ခန်းစာလေးပါ

Crd.Sanda.Thiri

"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်…""အမေ သိပါတယ်သားရယ်…အဲ့ဒ်ါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာတောင် အမေ အင်္ကျီ င်္အပ်ထားပါသေးတ...
03/02/2023

"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်…"

"အမေ သိပါတယ်သားရယ်…အဲ့ဒ်ါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အင်္ကျီ င်္အပ်ထားပါသေးတယ်…အမေ့မှာ အင်္ကျီ အသစ်မရှိတော့ဘူးလေ…"

"ဟင်…အမေ ကလိုက်မလို့လား…အိမ်မှာ အဖေ့ကိုစောင့်ဖို့လူ မရှိဘဲဖြစ်မှာပေါ့…"

"သားအဖေက သက်သာနေပါပြီသားရယ်…ဝှီးချဲ လေးနဲ့ခေါ်သွားရင်ရပါတယ်…"

သား ဖြစ်သူစိတ် ညစ်သွားတယ်…ဒီလိုပွဲမျိုးကိုသူ့မိဘတွေကို မခေါ်ချင်လို့တော့မဟုတ်ပါဘူး…ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့ အမေ နဲ့ လေဖြတ်ပြီးလို့နလန် ထူခါစ အဖေကို သူဒီလို့ပွဲမျိုးကို မပွဲထုတ်ချင်…
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ခက်တယ်…
ဒါနဲ့ဘဲ…မျက်နှာပျက်ပျက်နဲ့သူ့အမေ ကိုပြောလိုက်တယ်…

"မလိုက်ပါနဲ့အမေရာ…ခန်းမထဲကို ဝှီးချဲ လည်းဝင်လို့ရတာမဟုတ်ဘူး…
အမေတို့လိုက်လာလို့လည်း ဘာမှထူးခြားသွားမှာမှမဟုတ်ဘူးတာ…
သားတစ်ယောက်ထဲသွားမယ်…"

မိခင် ဖြစ်သူမှာ သားရဲ့တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့ နာကျင်မိတဲ့စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ဖုံးပြီး…

"အေးပါကွယ်…သားလေးသဘောပါ…သားလေး ဘွဲ့ ရရင်ဘဲ အမေတို့ကျေ
နပ်ပါတယ်…အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်…"

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်…

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပျြံးခဲ့ရတယ်…

မနက်မိုးလင်းတော့ သားလေး စားဖို့မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်…ဘွဲ့ သွားယူမှာဆိုတော့
ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ပေါ့…

"သားရေ…မနက်စာအဆင်သင့်ဖြစ်ပြီနော်…"

မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ကျောင်းနားက
စားသောက်ဆိုင်မှာ ချိန်းထားတယ်…အဲ့မှာဘဲစားတော့မယ်…"

"အော်…အင်းပါ သားရယ် သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်…

မေမေတို့ပြန်ကြည့်ချင်လို့…"

"ဟုတ်ကဲ့ ပါဗျာ…သွားပြီနော်…"

ဒီလိုနဲ့သားဖြစ်သူက သူငယ်ချင်းတွေနဲ့ချိန်ထားတဲ့စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ…နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့မှာလိုက်တယ်…
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့သူနဲ့
မိဘ ခေါ်လာတဲ့သူနဲ့ပေါ့…အဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့မိတ်ဆက်ပေးတယ်…

"ဟေ့ကောင်…ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ပေးတာ…
အမေ ဒါက သားသူငယ်ချင်းပါ…"

မိတ်ဆက်ပေးတဲ့သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်…ဒါပေမယ့် ညာဘက်လက်နဲ့တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်…

"ဟင်…အဒေါ့်လက်မှာ ပတ်တီး နဲ့ပါလား ဘယ်လိုဖြစ်တာလည်း…"

ဒါနဲ့ကောင်လေး သူငယ်ချင်းက ဝင်ဖြေတယ်…

"ဒီလိုကွ…ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ…အဲ့ဒါမနေ့ကဝယ်တဲ့သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ…အဲ့ဒီဒဏ်ရာ
နဲ့ညက အဖျားတွေ တက်လို့ကွာ…ငါ့မှာစိတ်ပူလိုက်တာ…ဒီမနက်မှ ပြန်ကောင်းလာတာ…
ဒါတောင် မလိုက်ဘူးလုပ်နေတာ…ငါကအတင်းခေါ်လာလိုက်တာလေ…
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးရောင်းပြီး ကျောင်းထားခဲ့တာကွ…ဒါနဲ့မင်းအမေနဲ့အဖေ ရော မတွေ့  ပါလား…"

ကောင်လေး မှာ သူငယ်ချင်းရဲ့စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့…
"အော်…အင်း နောက်…နောက်မှာ လိုက်လာတယ်ကွ…ငါ့ကို
ခဏ ခွင့်ပြူပါဦးကွာ…မင်းတို့ဘွဲ့  ခန်းမကဘဲစောင့်နော်…"

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးဌားပြီး အိမ်ပြန်ခဲ့တယ်…

အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့  တော့ အမေနဲ့အဖေ ခန်းကို ဝင်ဖို့လုပ်တုန်း အခန်းထဲကအသံကြားမိတယ်…

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့…ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်…ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား…"

"တွေ့ ပါတယ် မေကြီးရာ…သားလေးပြန်မလာခင်တော့ ငါ
တို့တွေ အိကျီ င်္လရမယ်နော်…တော်ကြာ အဖေနဲ့အမေ က အဖြစ်သည်းတယ်လို့ပြောနေပါဦးမယ်ကွာ…ဟားဟားး"

"ဟုတ်ပတော့…သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့…
သူ့အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့…အဲ့တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ…သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့မှာသိလား…သားလေကို ရှင်ကျေးဇူးတင်…"

"အေးပါကွာ…အေးပါ…အင်း ငါတို့သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်…"

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ထိုးလိုက်သလိုဘဲ…
မခေါ်ချင်လို့ထားခဲ့တဲ့ မိဘ နှစ်ပါးက အပြစ်မမြင်တဲ့အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား…
ဒါနဲ့အခန်းထဲဝင်ပြီး…

"အဖေနဲ့အမေ "

"ဟင်…သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ…"

မိဘ နှစ်ပါးမှာ အဝတ်အစားအသစ်တွေနဲ့မို့လို့မနေတတ်မထိုင်တယ်…
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့တွေးနေချိန်…

"အဖေနဲ့အမေ ကို လာခေါ်တာပါ…ဘွဲ့ ခန်းမ မှာအဖေနဲ့အမေ တို့အတွက် နေရာရှိသလို…သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်…သားကို ခွင့်လွှတ်ပါနော်…"

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ရှိခိုးမိတယ်…
မိဘ နှစ်ပါးကတော့ ဝမ်းသာနဲ့မျက်ရည်စတွေနဲ့ ဆုတွေပေး
လို့……"

(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ဒါဟာ သူတို့အတွက်မဟုတ်ပါဘူး…သူတို့ သားသမီးတွေ အတွက်ပါ…
သူတို့သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့အလုပ်တွေလနေရတ…

တစ်ကယ်တော့ လောကမှာ အစားထိုး လို့မရတဲ့အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ…")
Crd.Sanda.Thiri

02/02/2023
"မသိရင် မပြောနဲ့ ၊သိသော်လည်းပဲမပြောတတ်ရင် မပြောနဲ့ ။"သဒ္ဓါ မရှိသူကို သဒ္ဓါနဲ့စပ်ယှဉ်တဲ့ စကား သွားမပြောနဲ့ ။ကိုယ်ကျင့်တရား ...
02/02/2023

"မသိရင် မပြောနဲ့ ၊
သိသော်လည်းပဲ
မပြောတတ်ရင် မပြောနဲ့ ။"

သဒ္ဓါ မရှိသူကို သဒ္ဓါနဲ့
စပ်ယှဉ်တဲ့ စကား သွားမပြောနဲ့ ။

ကိုယ်ကျင့်တရား ပျက်ပြားနေသူကို
ကိုယ်ကျင့်တရား အကြောင်း သွားမပြောနဲ့ ။

သုတ မရှိသူကို (ဗဟုသုတ စာပေ မဖတ်၊ မလေ့လာ) စာပေ အကြောင်း သွား မပြောနဲ့ ။

နှမြောတတ်တဲ့သူကို စွန့်ကြေးခြင်း
လှုတန်းခြင်း ကူညီခြင်း အကြောင်း သွားမပြောနဲ့ ။

အသိပညာ မရှိလို့ ဥာဏ် မမှီလို့ အလိုက်ကန်း မသိတတ်သူကို အသိလိမ္မာအကြောင်း သွားမပြောနဲ့ ။

မကောင်းတဲ့ အလုပ်ပေါ်မှာ ရှက်ရမှန်း
မသိ ကြောက်ရမှန်း မသိတဲ့သူကို
အရှက် အကြောက်တရားအကြောင်း
သွားမပြောနဲ့ ။

လူကို ကြည့်ပြီး ပြောပါ ။

Crd.Sanda.Thiri

"ဒီ လေး ခုသော အရာကိုဘယ်တော့မှ မရှက်ပါနဲ့"(၁) ဟောင်းနွမ်းနေတဲ့ အဝတ်ကို ဝတ်တာ။(၂) ရိုးရိုးရှင်းရှင်း နေထိုင်တာ။(၃) ဆင်းရဲ့...
01/02/2023

"ဒီ လေး ခုသော အရာကို
ဘယ်တော့မှ မရှက်ပါနဲ့"

(၁) ဟောင်းနွမ်းနေတဲ့ အဝတ်ကို ဝတ်တာ။
(၂) ရိုးရိုးရှင်းရှင်း နေထိုင်တာ။
(၃) ဆင်းရဲ့တဲ့ မိဘ ။
(၄) ဆင်းရဲ့တဲ့ သူငယ်ချင်း ။

ဒီ လေးခုသော အရာကို ဘယ်တော့မှ
မရှက်ပါနဲ့။ ဝတ်နေတဲ့ အဝတ်အစားတွေ
ဘယ်လိုပဲ ဖြစ်ဖြစ်နေ ရှက်စရာ မလိုပါဘူး။
ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းဖို့
ကြိုးစားပါ ။ မရှိတာကို အရှိ လုပ်ပြီး
ဟန်းဆောင်ပြီး နေထိုင်စရာ မလိုပါဘူး။

မိဘတွေ ဘယ်လောက်ပင် ဆင်းရဲပါစေ၊
ဘယ်တော့မှ ပစ်မထားပါနဲ့၊ တစ်ခါ
ဆုံးရှုံးလိုက်ရင် တစ်သက်လုံး မရမယ့်
အရာပါ။

သူငယ်ချင်းဆိုလည်း ဒီလိုပါပဲ။

Crd.Sanda.Thiri

ဆင်းရဲ့တာ ချမ်းသာတာတွေဟာဘာသာရေးရနဲ့ မဆိုင်ဘူး။မိမိ ဥာဏ်ပညာ ပြည့်စုံမှု မပြည့်စုံမှု ၊ကြိုးစားမှု မကြိုးစားမှု ၊ကျွမ်းကျင်မှု ...
01/02/2023

ဆင်းရဲ့တာ ချမ်းသာတာတွေဟာ
ဘာသာရေးရနဲ့ မဆိုင်ဘူး။

မိမိ ဥာဏ်ပညာ ပြည့်စုံမှု မပြည့်စုံမှု ၊
ကြိုးစားမှု မကြိုးစားမှု ၊
ကျွမ်းကျင်မှု မကျွမ်းကျင်မှု ၊

ကျွမ်းကျင်မှုဆိုတဲ့ နေရာမှာ
လူမှုဆက်ဆံရေး ဘယ်လောက်
ပြေပျစ်သလဲ၊ လုပ်ကိုင်ရေး ဘယ်လောက် စည်းစနစ်ကျသလဲ ဒါမျိုးပေါ့။

တနည်းအားဖြင့် ပြောမယ်ဆိုရင်
ကိုယ့်ရဲ့ ကံ ဥာဏ် ဝီရိယပါပဲ။

ဒါတွေနဲ့ဘဲဆိုင်တယ်။

ပျင်းတဲ့ လူတွေက ဘာသာရေးကို
အပြစ်တင်၊ ကံကို အပြစ်တင်တတ်တယ်။ ပညာ ပြည့်ပြည့်စုံစုံ ရှာပါ။
အလုပ် ကြိုးစားကြည့်ပါ ။
လူမှုဆက်ဆံရေးကို အလေးထားပါ။
စည်းကမ်း ရှိပါ ။

ဒါဆို သင်ရဲ့ အောင်မြင်မှုကို
ဘယ်သူမှ တားဆီလို့ မရပါဘူး။

Crd.Sanda.Thiri

Address

ThanPhyuZayart
Yangon
1991

Telephone

+959780604737

Website

Alerts

Be the first to know and let us send you an email when Sanda Thiri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sanda Thiri:

Share