Forever Grace Buddha

Forever Grace Buddha Quality Buddha Supplies.

🪔 အကြပ်အတည်းအမျိုးမျိုးကို (၇) ရက်အတွင်း လွတ်မြောက်စေနိုင်တဲ့ အဓိဌာန် 🪔တနင်္ဂနွေနေ့ ကနေ စပြီး အဓိဌာန် ဝင်ပါ ။တနင်္ဂနွေနေ...
08/06/2026

🪔 အကြပ်အတည်းအမျိုးမျိုးကို (၇) ရက်အတွင်း လွတ်မြောက်စေနိုင်တဲ့ အဓိဌာန် 🪔

တနင်္ဂနွေနေ့ ကနေ စပြီး အဓိဌာန် ဝင်ပါ ။

တနင်္ဂနွေနေ့.....
တနင်္ဂနွေ ထောင့် မေတ္တာသုတ်တော် ၆ ခေါက် ၊ တနင်္ဂနွေနေ့ ဖွားမြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့် အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှေဝေပါ ။

တနင်္လာနေ့.....
သောကြာထောင့် မေတ္တာသုတ်တော်၂၁ ခေါက် ၊ သောကြာနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါတနင်္လါ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှဝေပါ ။

အင်္ဂါနေ့.....
ရာဟုထောင့် မေတ္တာသုတ်တော် ၁၂ ခေါက် ၊
ရာဟုနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါအင်္ဂါ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှဝေပါ ။

ဗုဒ္ဓဟူးနေ့.....
ကြာသာပတေးထောင့်၊ မေတ္တာသုတ်တော် ၁၉ ခေါက်၊
​ကြာသပတေးနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါဗုဒ္ဓဟူး ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှဝေပါ ။

ကြာသပတေးနေ့.....
စနေထောင့်၊ မေတ္တာသုတ်တော်၁၀ ခေါက် ၊
စနေနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါကြာသပတေး ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကိုမေတ္တာပို့ အမျှဝေပါ ။

သောကြာနေ့…..
ဗုဒ္ဓဟူးထောင့် ၊ မေတ္တာသုတ်တော်..၁၇ ခေါက် ၊
ဗုဒ္ဓဟူးနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါသောကြာဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျတို့ကိုမေတ္တာပို့ အမျှဝေပါ ။

စနေနေ့.....
အင်္ဂါထောင့် ၊ မေတ္တာသုတ်တော် ၈ခေါက် ၊
အင်္ဂါနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါစနေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှဝေပါ ။

တနင်္ဂနွေနေ့.....
တနင်္လာထောင့် မေတ္တာသုတ်တော် ၁၅ ခေါက်၊
တနင်္လါနေ့ဖွား မြတ်စွာဘုရားရှင် အပေါင်းကို ရည်မှန်းပြီး ကန်တော့ပါ ။ မိမိ ကုသိုလ် အလုပ်အားလုံး ပြီးစီးသည့်အခါတနင်္ဂနွေ ဂြိုဟ်နတ်မင်းကြီးကို အမှုးထားပြီး ဝေနေယျ တို့ကိုမေတ္တာပို့ အမျှဝေပါ ။

မေတ္တာသုတ်တော် အဓိဌာန် ပြီးပါပြီ ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဝင်လာခဲ့ တာပါ ။

တနင်္ဂနွေနေ့ မှာပဲတနင်္လာထောင့်မှာ အဓိဌာန် ပထမအဆင့် ပြီးသွားတာပါ ။ လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲ မောရသုတ်တော်ကို အထက်ပါ အတိုင်းပဲ တနင်္ဂနွေထောင့်ကနေ စပြီး အဓိဌာန် ဆက်ဝင် သွားပါမယ် ။

အထက်က ရေးပေးထားသည့် အစဉ်အတိုင်းပဲ မေတ္တာသုတ်တော် နေရာမှာ မောရ သုတ်တော်ကို အစားထိုး ရွတ်ဖတ်သွားပြီး ဆိုင်ရာ နေ့ဖွား ဘုရားရှင် တွေကိုလည်း နည်းတူ ကန်တော့ဆိုင်ရာ ဂြိုဟ်မင်းတွေကိုလည်း ထုံးစံအတိုင်း အမျှပေးဝေပြီး ဆက်တိုက် ဆက်သွားပါ ။

ရွတ်ရင်းဖတ်ရင်းနဲ့ မိမိသည် တစ်ရက်ပြီး တစ်ရက် ဘုရားစေတီကို လက်ဝဲရစ် လှည့်ပြီး ပူဇော်သွားနေတာကို သတိပြု မိလာနိုင် ပါတယ် ။

ဒီ အဓိဌာန်ကို တစ်ကယ် အခက်အခဲ ကြုံနေသူများသာ လုပ်သင့် ပါတယ် ။ ( အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင် ချင်လို့ အစရှိသဖြင့် လောဘဖြင့် လုံးဝ မလုပ်သင့်ပါ)

ဒီ အဓိဌာန်ကတော့ တစ်ကယ် အကျပ်အတည်း ဆိုက်ပြီး ပြဿနာပေါင်းစုံ တက်နေသည့် အခြေအနေမျိုး ရောက်နေသည့် သူတွေ အတွက် သီးသန့်ဖြစ် ပါတယ် ။ ပိုမို ထက်မြက်ချင်သူများ သန့်ရှင်းရေး ကုသိုလ်လေးနဲ့ တွဲပြီးလုပ်ပါ ။

ကံကြွေးဝဋ်ကြွေး မဟုတ်ခဲ့ ရင်တော့ သိသိသာသာကိုပဲ အဓိဌာန် ပြည့်မြောက်ပြီး တစ်ပတ်ခန့် အတွင်းမှာကို .. အခက်အခဲများ ပြေလျော့သွားတတ် ပါတယ်ခင်ဗျား ။

လက်တွေ့လည်း လူအများကို ကျွန်တော် ညွှန်ပေးနေသည့် အဓိဌာန်ဝင်နည်း လေးသာ ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဒုက္ခ သုက္ခသိပ်ရောက်လာရင်

ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ ၊ တရားမှ တစ်ပါး ကိုးကွယ်ရာ မရှိ၊ သံဃာမှ တစ်ပါး ကိုးကွယ်ရာ မရှိပါခင်ဗျား ။ ကိုယ်လုပ်မှ ကိုယ်ရနိုင်သလို တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်နိုင်ဖို့သာ လိုအပ်ပါကြောင်း အခက်အခဲ အကျပ်အတည်းတို့မှ လွတ်မြောက်ကြ ပါစေ သတည်း ။

ဤ ပညာဒါန ကုသိုလ်သည် ဖြစ်လေရာ ဘဝတိုင်းတွင် တပည့်တော်အား အခက်အခဲအကျပ်အတည်း ဆိုက်ရောက်သည်တိုင်းတွင် များမကြာမီ လွတ်မြောက်စေသည့် အထောက်အပံ့ကောင်း ဖြစ်ပါစေ..သတည်း ။

လေးမြတ်စွာဖြင့်
ကိုဖုန်း။ သုတေသီဝေသာလီမောင်ဖုန်း။ ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
ှမေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

🙏ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး🙏
07/06/2026

🙏ကျေးဇူးတော်ရှင် ဖားအောက်ဆရာတော်ဘုရားကြီး🙏

သင်းပျံ့တဲ့သဘာဝကရမက်စစ်စစ်နဲ့ နံ့သာဖြူစစ်စစ်ကို ဘုရားကျောင်းဆောင်မှာ ကပ်လှူပူဇော်ကုသိုလ်ယူချင်သူတွေအတွက်..... 🪔 ကရမက်စစ်...
07/06/2026

သင်းပျံ့တဲ့သဘာဝကရမက်စစ်စစ်နဲ့ နံ့သာဖြူစစ်စစ်ကို
ဘုရားကျောင်းဆောင်မှာ ကပ်လှူပူဇော်ကုသိုလ်ယူချင်သူတွေအတွက်.....
🪔 ကရမက်စစ်စစ်နံ့သာခဲများ
🪔 နံ့သာဖြူစစ်စစ်နံ့သာခဲများနှင့်
🪔 နံ့သာခဲထွန်းညှိပူဇော်ရန်နံ့သာအိုးများကို
Forever Grace Buddha မှာ Instock မှာယူနိုင်ပါပြီရှင်။

🕯️ မြတ်စွာဘုရားကို နံ့သာဖြင့်ပူဇော်ခြင်း
🧘 တရားထိုင်ခြင်း
📿 ပုတီးစိပ်ခြင်း
🏡 အိမ်တွင်း အေးချမ်းသော ဓမ္မရိပ်သာလေး ဖန်တီးခြင်း တို့အတွက် နံ့သာအိုးနှင့် နံ့သာခဲများသည် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲရှင်။

🙏ဘုရားကျောင်းဆောင်တင်သာမက တစ်အိမ်လုံးမွှေးရ
နံ့သင်းပျံ့နေစေဖို့ နံ့သာအိုးနဲ့နံ့သာခဲလေးတွေကိုအခုပဲမှာလိုက်တော့နော်။

စျေးနှုန်း:
နံ့သာအိုး+ကရမက်နံ့သာခဲ ၃၀ တစ်စုံ - 34,000 ks

နံ့သာအိုး+နံ့သာဖြူနံ့သာခဲ ၃၀ တစ်စုံ - 37,000 ks

နံ့သာအိုးသီးသန့် - 26,000 ks
(*ဘယ်အရောင်တွေပါမလဲ Admin ကိုယ်တိုင်မသိတာမို့အရောင်လုံးဝရွေး၍မရပါ)

ကရမက်နံ့သာခဲ သီးသန့် အခဲ ၃၀ - 9,000 ks

နံ့သာဖြူနံ့သာခဲ သီးသန့် အခဲ ၃၀ - 12,000 ks

Remark:
နံ့သာခဲတစ်ခဲလျှင် ၄၅ မိနစ်ဝန်းကျင်အထွန်းခံပါသည်။

ကိုးလုံးပုတီးလေးတွေက တကယ်စိပ်ကြတာလားဟင် ဒါလေးလာမှာကြလို့ သီပေးထားတယ်နော်နေ့နံအလိုက် အကျိူးပေးကျောက်လေးတွေနဲ့ ၉လုံး ၂၇လုံ...
07/06/2026

ကိုးလုံးပုတီးလေးတွေက တကယ်စိပ်ကြတာလားဟင်
ဒါလေးလာမှာကြလို့ သီပေးထားတယ်နော်

နေ့နံအလိုက် အကျိူးပေးကျောက်လေးတွေနဲ့ ၉လုံး ၂၇လုံး ၃၆ လုံး ၁၀၈လုံးမှာယူနိုင်ပါတယ်။

🌼🌸 ရှင်သီဝလိဂါထာ 🌸🌼ရှင်သီဝလိ ရဟန္တာကိုယ်တော်မြတ်ကြီးဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာဝင်အပေါင်း၏ စိတ်ဝယ် လာဘ်လာအရာတွင် ဧတဒဂ်ရသော...
07/06/2026

🌼🌸 ရှင်သီဝလိဂါထာ 🌸🌼

ရှင်သီဝလိ ရဟန္တာကိုယ်တော်မြတ်ကြီးဟုဆိုလိုက်လျှင်
ဗုဒ္ဓဘာသာဝင်အပေါင်း၏ စိတ်ဝယ် လာဘ်လာအရာ
တွင် ဧတဒဂ်ရသော ရဟန္တာအရှင်သူမြတ်ဟု သိရှိကြပါသည်။

ရှင်သီဝလိ ရှေးမူဟောင်း ၁၀ဂါထာကိုလဲ ဗုဒ္ဓဘာသာဝင်တော်တော်များများ ပူဇော်ကြပါသည်။

ယခု မျှဝေချင်သော ရှင်သီဝလိဂါထာတော်များမှာ ဗုဒ္ဓဘာသာဝင်တို့ အကျိုးများရာ ဂါထာ ၁ ပိုဒ်စီကို
မျှဝေချင်ပါတယ်။

၁။အမှူအခင်းကိစ္စနိုင်လိုလျှင်
၂။ဘုန်းကျက်သရေမြင့်မားလိုလျှင်
၃။ဥစ္စာစီးပွားပေါများလိုလျှင်
၄။အခြွေအရံပေါများလိုလျှင်
၅။လူချစ်လူခင်များစေလိုလျှင်
၆။ဘုန်းတန်ခိုးကြီးမားလိုလျှင်
၇။ဂုဏ်သတင်းကျော်ဇောလိုလျှင်
၈။ပညာထူးချွန်လိုလျှင်
၉။ထိတ်လန့်ကြောက်မက်ဖွယ်ရာ အန္တရာယ်နှင့်ကြုံလျှင်
၁၀။ယှဉ်ပြိုင်မှူကိုအနိုင်ရလိုလျှင်

------------------------------------------------

၁။အမှူအခင်းကိစ္စနိုင်လိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော ဇိတိနြ္ဒိယော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၂။ဘုန်းကျက်သရေမြင့်မားလိုလျှင်
သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာပုညော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၃။ဥစ္စာစီးပွားပေါများလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာလာဘော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၄။အခြွေအရံပေါများလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာယသော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၅။လူချစ်လူခင်များစေလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော ဇနမ္ပိယော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၆။ဘုန်းတန်ခိုးကြီးမားလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟိဒ္ဓိကော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၇။ဂုဏ်သတင်းကျော်ဇောလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော ဇုတိန္ဓရော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၈။ပညာထူးချွန်လိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာပညော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၉။ထိတ်လန့်ကြောက်မက်ဖွယ်ရာ အန္တရာယ်နှင့်ကြုံလျှင်
သီဝလိစ မဟာထေရော၊ဒေဝမနုဿ ဘ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟဗ္ဗလော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

၁၀။ယှဉ်ပြိုင်မှူကိုအနိုင်ရလိုလျှင်

သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာတေဇော
သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။

------------------------------------------------

မိတ်ဆွေအပေါင်း အလိုရှိက တောင်းတအပ်သော
ဆုထူးဆုမြတ်မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ။

------------------------------------------------

🙏ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး🙏
07/06/2026

🙏ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး🙏

ဘယ်သွားသွား... ဘာမေ့မေ့... ဒါလေးနဲ့ဆို အဓိဌာန်ပုတီးစိပ်ဖို့ မမေ့တော့ဘူး!!!ကိုယ်က ပစ္စည်းတစ်ခုခုဆို ထားခဲ့မိတတ်လား? ဒါမှမ...
06/06/2026

ဘယ်သွားသွား... ဘာမေ့မေ့... ဒါလေးနဲ့ဆို
အဓိဌာန်ပုတီးစိပ်ဖို့ မမေ့တော့ဘူး!!!

ကိုယ်က ပစ္စည်းတစ်ခုခုဆို ထားခဲ့မိတတ်လား?
ဒါမှမဟုတ် အရေးကြီးတဲ့ အဓိဌာန်တွေ မပျက်ဖို့ ကြိုးစားသတိထားရင်း မေ့သွားတတ်လား? ဒါတွေမဖြစ်ရအောင် အိတ်မှာ၊ ကားသော့၊ အိမ်သော့တွေမှာ အမြဲချိတ်ထားလို့ရတဲ့ ဒီ Keychain Tally လေးရှိနေရင် အားလုံးအဆင်ပြေ ပြီနော်။

✨ အမြဲတမ်း ကိုယ်နဲ့မကွာ Keychain အနေနဲ့ ချိတ်ထားရုံပဲဆိုတော့ "တာလီ ဘယ်နားမှာ ထားခဲ့မိလဲ" ဆိုပြီး ရှာနေစရာ မလိုတော့ဘူးပေါ့။

✨ အရောင်စုံ၊ ဒီဇိုင်းစုံ ကိုယ့်အိတ်လေးနဲ့ လိုက်ဖက်မယ့် အရောင်လေးတွေ ရွေးချယ်နိုင်သလို၊ ကျောက်လေးတွေနဲ့ စီထားတဲ့ Modern Look လေးမို့လို့ ချိတ်ဆွဲထားရင် Fashion တစ်ခုလို လှပနေမှာပါ။

✨ ဂုဏ်တော်ပုတီးစိပ်တာပဲဖြစ်ဖြစ်၊ နေ့စဉ်ရွတ်ဆိုပွားများရမဲ့ဂါထာပဲဖြစ်ဖြစ် ရွတ်ဖတ်ပူဇော်ဖို့ တာလီလေးက လက်တစ်ကမ်းမှာအမြဲရှိနေတော့ အဓိဌာန်ပျက်မှာလဲ ပူစရာမလိုတော့ဘူးလေ။

✨ သေးသေးသွယ်သွယ်နဲ့ သယ်ရလွယ်ကူပြီး အထာကျတဲ့ ဒီဇိုင်းလေးတွေမို့ လူငယ်၊ လူကြီးမရွေး အိတ်မှာ ချိတ်ထားလို့ အဆင်ပြေပါတယ်။

👉 အိတ်လေးလှနေဖို့ထက် အိတ်မှာ အသုံးဝင်တဲ့ ပစ္စည်းလေး ပါနေဖို့က ပိုအရေးကြီးတယ်နော်👈

နေ့စဉ်ဘဝမှာ အမြဲမေ့တတ်တဲ့သူတွေ၊ စိတ်အာရုံ စုစည်းချင်သူတွေအတွက် ဒီ Keychain Tally လေးက အကောင်းဆုံး ရွေးချယ်မှု ပါပဲ။

ကိုယ့်ရဲ့ အချစ်တော် အိတ်လေးမှာ အမြဲဆောင်ထားဖို့ အခုပဲ အော်ဒါမှာလိုက်တော့နော်။

စျေးနှုန်း : တစ်ခု 25000 ks
(လက်ကားမှာယူလိုသူများလဲဆက်သွယ်နိုင်ပါသည်)

#ရတနာစိန်ကျောက်ဇယ်တောက်တန်းကစားနိုင်ပါစေ
#ရတနာရှိရာရတနာလာစေဖို့
#ရွှေတာလီ
#ငွေတာလီ
#ရတနာစီခြယ်တာလီ
#ကျောက်စီတာလီ

#တာလီ #ပုတီး #အဓိဌာန်

❤ ပြန်လှူဖို့ Customized order လေး ❤လက်ဆောင်အလှဘူးနဲ့ယူရင် ဘူးဖိုးပေါင်းပါတယ်ရှင်
06/06/2026

❤ ပြန်လှူဖို့ Customized order လေး ❤
လက်ဆောင်အလှဘူးနဲ့ယူရင် ဘူးဖိုးပေါင်းပါတယ်ရှင်

📿📿 မိမိ၏ စီးပွါးရေးလုပ်ငန်းများတဖြည်းဖြည်းအောင်မြင်တိုးတက်စေသောအဓိဌာန် 📿📿ဤအဓိဌာန်ကို မိမိလုပ်ငန်း အောင်မြင်တိုးတက်ချင်သူ...
06/06/2026

📿📿 မိမိ၏ စီးပွါးရေးလုပ်ငန်းများ
တဖြည်းဖြည်းအောင်မြင်တိုးတက်စေသောအဓိဌာန် 📿📿

ဤအဓိဌာန်ကို မိမိလုပ်ငန်း အောင်မြင်တိုးတက်ချင်သူတိုင်း ပြုလုပ်ကြည့်ပါ အကျိုးထူးရမှာ မလွဲဧကန်ပါ
အလိုလောဘနဲ့ ပြုလုပ်ခြင်းထက် ကြည်ညိုမှုဖြင့် ပြုလုပ်ပါက ပိုပြီး အကျိုးထူးစေပါတယ်

အဓိဌာန်ပြုလုပ်ပုံ
ပထမဦးစွာ
ကိုယ်လက်သန့်စင်ပါ
ပြီးလျှင် ဘုရားကျောင်းဆောင်ရှေ့တွင် သေချာထိုင်ပြီး
ဘုရားရှိခိုးပါ
ငါးပါးသီလ ခံယူပါ
ပြီးလျှင်

ပုဗ္ဗာဏှသုတ် ထဲမှ အပိုဒ် ၁၆ နှင့် အပိုဒ် ၁၇ ကို သဒ်ဒါ ကြည်ညိုစွာဖြင့်

၃၇ ခေါက် သို့မဟုတ် မိမိသက်စေ့ရွတ်ဖတ်ပူဇော်ပါ

ပုတီး စိပ်နိုင်ပါက ၁၀၈ လုံး ပုတီးနှင့် ၁ ပတ် စိပ်ပါ

အလုပ်အကိုင်များအောင်မြင်စေဖို့ ဆုတောင်းပါ

မိမိအဆင်ပြေသောအချိန်တွင်ပြုလုပ်ပါ

အဓိဌာန်၏ အကျိုးများ
အလုပ်များအဆင်ပြေစေခြင်း
အခက်အခဲများအောင်မြင်စေခြင်း
ကူညီမစ သူ ပေါများခြင်း
ဂုဏ်သတင်းထင်ရှားကျော်ကြားခြင်း

စသည့်အကျိုးများရစေပါတယ်ရှင်

🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏အနန္တရေစင်အစွမ်း အံ့မခန်း 🙏‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော...
06/06/2026

🙏 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
အနန္တရေစင်အစွမ်း အံ့မခန်း 🙏
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ သီလ၊ သမာဓိ၊ ပညာဂုဏ်သုံးဖြာကြောင့် ရောက်လေရာရာမှာ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ အုတ်အော်သောင်းတင်း ကြည်ညိုကြပေမယ့် အချို့သော ပုထုဇဉ်တို့ရဲ့ ဣဿာမစ္ဆရိယဒဏ်ကို ခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဖူးကြီးမှာလည်း ပြေးမလွတ်သော လောကဓံကို ခံနေရင်းက နှုတ်ဆက်တရားစခန်းကို ဖွင့်ပေးခဲ့ရာ မျှော်မှန်းထားသည်ထက် ယောဂီအများအပြား စခန်းဝင်လာကြပါတယ်။ တရားစခန်းဖွင့်စဉ် ထူးခြားချက်တစ်ခုကတော့ လေမုန်တိုင်းကြီးတစ်ခု ကျရောက်ခဲ့လေရာ ရွာထဲမှာ အိမ်တွေပြို၊ အမိုးတွေ လွင့်တဲ့အထိ ဖြစ်ခဲ့ပေမယ့် တရားစခန်းမှာ ဘာဆိုဘာမျှ မဖြစ်ခဲ့ပါ။ ယောဂီများ တရားထိုင်မပျက် ချမ်းသာစွာ နေနိုင်ခဲ့ကြပါတယ်။ ဟိန္ဒူဘာသာဝင်၊ မွတ်ဆလင်ဘာသာဝင်၊ အလှူရှင်များပါ ရောက်လာပြီး ဆွမ်း၊ ကွမ်း၊ အဖျော်ရည်များ လှူဒါန်း သွားရုံမက ကိုယ်တိုင် ချက်ပြုတ်ပေးခြင်းဖြင့်လည်း ဝေယျာဝစ္စ ကုသိုလ်ယူသွားကြပါတယ်။ ဘာသာခြားများ ကုသိုလ်ပါဝင်လှူဒါန်းသွားကြတာလည်း ထူးခြားမှု တစ်ခုပါပဲ။

ယောဂီတွေများသလောက် တရားဘက်က ဝိပဿနာ ဉာဏ်စခန်းအဆင့်ထိ တက်နိုင်ခဲ့သူ တစ်ယောက်၊ နှစ်ယောက်သာရှိခဲ့ပါတယ်။ မွေးသမိခင် ကျေးဇူးရှင်မယ်တော်ကြီး ဉာဏ်စခန်းတက်နိုင်ခဲ့တာကတော့ အထူးပဲ သာဓုခေါ်စရာ ကောင်းလှပါတယ်။ ဘယ်လိုပဲဖြစ်စေ ဖူးကြီးကို နှုတ်ဆက်ခဲ့ရပေပြီ။

'၁၃၄၈ ခုနှစ် နယုန်လဆန်း ၃ ရက် နံနက် ၆ နာရီတွင် သံသုမာတောင်မှ ခွာခဲ့တော့၏။ ဖူးကြီး သို့ဝင်၍လည်း ဆွမ်းခံ၏။ ရသမျှကိုလည်း ဘုန်းကြီး ကျောင်းဝင်လှူပြီး ဂါရဝပြုခဲ့သေး၏။ တစ်ဖန် မြရာကုန်းသို့ ဆက်၏။ တရားဟောပါဟူ၍ ရွှေမြရာကုန်းဆရာတော်က တိုက်တွန်းသဖြင့် ၎င်းရှေ့တော်မှောက်မှာပင် ပရိသတ်အား တရားဟောရ၏' (၂၀၁၂၊ စက်တင်ဘာ ထုတ်၊ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၊ စာ-၃၀၅)

ဆရာတော်ဟာ နောက်ဆုံးထွက်ခွာချိန်အထိ သူတော်ကောင်းအလုပ်ကို လုပ်ပြသွားခဲ့ပါတယ်။ ၂၀၀၁ ခု အောက်တိုဘာထုတ် 'ရတနာစစ်တမ်း' စာအုပ်မှာတော့ 'ဖူးကြီးမှ စစ်ကိုင်းသို့ ပြည်၊ ပုပ္ပါးတို့ဘက်မှ လှည့်ပတ်၍ ထွက်ခွာခဲ့၏'လို့ စာတစ်ကြောင်းဖြင့်သာ မှတ်တမ်းတင်ခဲ့ပါတယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာတော့ လမ်းခရီးမှာ ကားပျက်ချိန် များနေတဲ့အကြောင်း၊ ဆင်းပြင် နာရီဝက်၊ တက်မောင်း ငါးမိနစ်၊ ထိုနှုန်းထားဖြင့် နေဝင်ခါနီးလေမှ တောင်တွင်းကြီးရောက်ရ၏။ ရောက်မဆိုက် ဝပ်ရှော့ထိုး အပ်၊ ဂီယာဘောညပ်နေသည် ထုတ်မရ၊ ကားပြင်ဆရာ မတတ်နိုင်တော့ပါ။ သို့နှင့်ထိန်းပြီး မကွေး အရောက် မောင်းခဲ့ရ၏။ မြသလွန်တွင် တည်းခိုကြရ၏။ ကားရှင် ဦးကျော်မြင့် ဖျားနေသဖြင့် နှစ်ညအိပ်နေခဲ့ရ၏။ ဌာနေ သီလရှင်များက အစစကူညီကြ၏။ လဆန်း ၆ ရက် နံနက်တွင် မကွေးမှ ကျောက်ပန်းတောင်းကူးရ၏။ တစ်လမ်းလုံး အပျက်များများ အသွားနှေးနှေးနှုန်းဖြင့် ကုန်းရုန်းခဲ့ရ၏။ ပုပ္ပါးအဝင် ညပ်နေသော ဂီယာဘောကား အလိုလို နေရာမှန်ပြန်ဖြစ်သွားတော့၏။ တောင်ကလာပ်ဝယ် တစ်ညတာ နားစက်၏} (စာ-၃၀၆)

နောက်တစ်နေ့ ခရီးဆက်ခဲ့ရာ မုံတိုင်ဆည် အလွန်ကြက်ပင်ရွာအနီး မန်ကျည်းပင်ရိပ်မှာ ခေတ္တနားနေစဉ် အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ အသက် (၄၀) ခန့် လူတစ်ယောက် ရောက်လာပြီး ဆရာတော်ကို ဂါရဝပြု ဦးချပါတယ်။ ပြီးတော့ အဆက်အစပ်မရှိ လျှောက် ထားသည်မှာ ... "အရှင်ဘုရား မြေတို့မည်သည် ရေနှင့်မကင်းရပါဘုရား၊ အရှင်ဘုရား၏ ကိုယ်မှာလည်းပဲ မြေဓာတ် ၂၀ တို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေတော့ ရေကို များများသောက်ပေးပါဘုရား'လို့ လျှောက်ထားပါတယ်။ ပြီးတော့ အရှင်ဘုရားသောက်သုံးမည့် ရေအိုး၏ ဖင်မှာ 'ဝ'အက္ခရာကွင်း ပေးထားပါဘုရား' လို့ ဆက်လက်လျှောက်ထားပါတယ်။ အကြောင်းပြချက်ကိုလည်း ဆက်လက်တင်ပြပါတယ်။

စ-ဓ-ဗ-၀ လေးမျိုး တို့တွင် -
➥ 'စ' ဆိုသည်မှာ စကြာဝဠာတစ်တိုက်လုံးကို ပိုင်ကျုံး အစိုးရတော်မူသော မြတ်စွာဘုရားပါ ဘုရား။
➥ 'ဓ' ဆိုသည်မှာ ဓမ္မစကြာကို တရားဦးအဖြစ် ဟောကြား တော်မူသော မြတ်စွာဘုရားပါ ဘုရား။
➥ 'ဗ' ဆိုသည်မှာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရားပါ ဘုရား။
➥ 'ဝ' ဆိုသည်မှာ ဝသုန္ဒြေနတ်သမီး၏ သက်သေပြုခြင်းကို ခံယူရရှိတော်မူသော မြတ်စွာဘုရားပါဘုရား။

သို့ကြောင့် အရှင်ဘုရား သောက်သုံးမည့် ရေအိုး၏ဖင်မှာ 'ဝ' အက္ခ ရာကွင်းပေးထားပါဘုရား။ သို့မှသာ မြေကို ရေထိန်း၊ ရေကိုနတ်သိမ်း၊ 'နတ်ပေးရေ' ဖြစ်ပါလိမ့်မည် ဘုရား။

၎င်းရေကို သောက်သုံး လေသောအခါ ...
ပထမ တစ်ကျိုက်သောက်၊ ဗုဒ္ဓဂုဏော အနန္တော စိတ်ကပွား၊ အရဟံဂုဏ်တော်ကို အာရုံထုံထားပေးပါဘုရား။
ဒုတိယ တစ်ကျိုက်သောက်၊ ဓမ္မဂုဏော အနန္တော စိတ်ကပွား၊ သွက္ခာတောဂုဏ်တော်ကို အာရုံထုံထားပေးပါဘုရား။
တတိယ တစ်ကျိုက်သောက် သံဃဂုဏော အနန္တော စိတ်ကပွား၊ သုပ္ပရိပ္ပန္ဓဂုဏ်ကို အာရုံထုံ ထားပေးပါဘုရား၊ ရှေ့ဆုံးမှ တင်ထားသော ဂုဏ်တော်မှန်သမျှ အထွတ်ဆုံး အမြတ်ဆုံးမို့လို့ တင်ထား ခြင်းပါဘုရား။
စတုတ္ထ တစ်ကျိုက်သောက်၊ မိဘနှစ်ပါးကွယ် လွန်သွားပြီးသော်မှ ၎င်းတို့ မျက်နှာကို မြင်အောင်ကြည့်ပြီး သောက်ပါဘုရား။
ပဉ္စမမှာလည်း မိမိအား အကျိုးများစေသော ဆရာသမား ကွယ်လွန်သွားသော်မှ သူ့မျက်နှာ မြင်အောင်ကြည့်၍ သောက်ပါဘုရား။

တစ်နေ့တစ်နေ့ ဝင်သလောက်သောက်၊ ဆန့်သလောက် သောက်သုံးပါဘုရား၊ ရေသောက်သဖြင့် ဒုက္ခမရောက်ပါ၊ တပည့်တော်နေ့ဆို ရွက်အိုးနှစ်လုံးကုန်အထိ သောက်သုံးနေပါသည်။ တပည့်တော်မျက်နှာကို သေသေချာချာ ကြည့်ပါ။' ခိုင်းသဖြင့် ကြည့်မိရာ မျက်နှာသည် လန်း ဆန်းခြင်း၊ သွေးတို့ဖြင့် အနီရောင်သန်း ခြင်းများကို တွေ့ရ၏'

'ထိုသို့ လျှောက်ထားပြီး ဆက်လက်၍လည်း ရေအကျိုး ညွှန်းသေး၏။ အရှင်ဘုရားက သက်တမ်းတိုကာလ လူလာဖြစ်ရတာ အရှင်ဘုရားရဲ့ သက်တမ်းနဲ့ အင်းဝိဇ္ဇာနှစ်သောင်း ကစားသွားတဲ့ အင်းပညာကိုလည်း လိုက်မမီနိုင်ပါ။ ဓာတ်ဝိဇ္ဇာတွေ မြောက်မြားစွာ ကစားသွားတဲ့ ဓာတ်ပညာတို့ကိုလည်း လိုက်မမီနိုင်ပါ။ ဆေးဝိဇ္ဇာများ စီရင်သွားတဲ့ ဆေးအတတ်ကိုလည်း လိုက်မမီနိုင်ပါ။ သည်ရေကို သည်လိုသာ အမြဲအစွဲ သောက်သုံးနေပါလျှင် ဆေးမလို၊ အင်းမလို၊ ဓာတ်မလို ရှေးပုဂ္ဂိုလ်တို့၏ အရည်အသွေး အလိုလိုပင် ပြည့်မီလာပါလိမ့်မည်ဘုရား။ သည်နည်းဟာ ဆေးပေါင်းချုပ်၊ အင်းပေါင်းချုပ်ပါဘုရား' လျှောက်ထားသွား၏။ ထို့နောက် ၎င်းလည်း ခမောက်နှင့် ပေါက်တူးကိုင်၍ ထွက်သွားတော့၏' (စာ-၃၀၇)

ထို ပုဂ္ဂိုလ်ဟာ ဆရာတော်ထံ တန်းတန်းမတ် မတ်ရောက်လာပြီး ရဲရဲတင်းတင်း လျှောက်ထားသွားပုံ ထောက်တော့ ဝိဇ္ဇာလောကမှ ပုဂ္ဂိုလ်တစ်ပါးပေပဲလားလို့ ထင်မှတ်ဖွယ်ရာပါ။ သို့သော် ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ပြမထားပါ။ ဒီလိုနဲ့ ခရီးဆက်ခဲ့ရာ ၁၃၄၈ ခုနှစ် နယုန်လဆန်း ၈ ရက် တနင်္ဂနွေနေ့၊ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတောင်ရိုး မြန်အောင်ချောင်သို့ ရောက်ခဲ့ပါလေပြီ။ ချောင်ပိုင်ဆရာတော်မှာ ဦးသုဒဿနဖြစ်ပြီး ဆရာတော်နဲ့ သက်တူဖြစ်ပါတယ်။ ဆရာတော် သဘောကျတဲ့ သိမ်တော် တိုက်ကျောင်းမှာပဲ နေရာချထားပေးပါတယ်။ ဆရာတော်ကို လိုက်ပါပို့ဆောင်ပေးသူများဟာ လဆန်း ၁၀ ရက်မှာ ပြန်သွားကြပါတယ်။

'မြန်အောင်ချောင်သည် မြစ်ရေများကို စက်ဖြင့်တင်ကာ ရေကန်ကြီးဖြင့် လှောင်ထားပြီး စစ်ကိုင်းတောင်ရိုးရှိ ချောင်ပေါင်း ၄၀ ကျော်မျှကို ဥဒက(ရေ) ဒါနပြုပေးနေသော အကျိုးပြု ချောင်တစ် ချောင်ဖြစ်ဘိ၏။'

ဆရာတော်ဟာ မြန်အောင်ချောင်မှာ လှောင်ထားတဲ့ ကန်ရေကို 'အနန္တရေ' ဖြစ်စေခဲ့ပါတယ်။ လမ်းခရီးမှာ လူသူတော်လာရောက် လျှောက်ထားသွားတဲ့ ရေသောက်နည်းအတိုင်း သောက်သုံးခဲ့ပါတယ်။

'ထိုချောင်အရောက် ထိုကန်ရေသောက်မိချေသောအခါ ငါးနှစ်မျှ စွဲကပ်နေသော ရောဂါမှ ငါးရက်တည်းဖြင့်ပင် မှုတ်လွှင့်ပစ်လိုက်ဘိသို့ ပျောက်ကင်းသွားတော့၏။ မသိမသာမဟုတ်၊ သိသိသာသာပင်။ ရောဂါ လက်ကျန်မကြွင်း၊ ကင်းကင်းရှင်းရှင်းပင်၊ မထင်စရာ ကောင်းသော မျက်မြင်တည်း။'

'အနန္တတန်ခိုးရှင် ငါးဦးတို့၏ မေတ္တာဓာတ်ရည်ကား ငါ့စိတ်ကို အေးမြစေ၏။ မြေမှထွက်၍ မြေသို့ပြန် လည်သက်ကျလာသော ပကတိ ဓာတ်ရည်ကား ငါ့ကိုယ်ကို အေးမြစေ၏။ ရေများများသောက်လျှင် ကျင်ငယ်များ များသွားရ၏။ အသွားမပျင်းနှင့် ထိုကျင်ငယ်ရည်နောက် သို့ သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်း လိုက်ပါရကား ခန္ဓာဘုံအပူကုန်စေလိမ့်မည်။ ရေများများသောက်လျှင် ဝမ်းသွားလာရ၏။ များသလောက် ဝမ်းပျော့ပျောင်းခြင်း၊ အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ ပြုလုပ်ပေးရ၏။ အပူစဲသဖြင့် အအေးဓာတ်ကဲလာခြင်း၏ သင်္ကေတပေတကား။ ထိုအခါ သင့်ခန္ဓာကိုယ်ရှိ သင့်အသား သင့်အရေများကို ကိုင်ကြည့်၊ အချိန်မရွေး အေးမြနေသည်ကို တွေ့ရပေလိမ့်မည်။ ဤကား 'အတွေ့ရေ'က 'အတွေ့မြေ'ကို လက်တွေ့ကုစားခြင်းတည်း'

'တစ်ဖန် ဘုရားရှင်နှင့် သံဃာ၏ စေတနာသည် ဝေနေယျတို့အပေါ် ထားရှိတင်ပို့ပေးရာ၌ တစ်ဦးတည်းသားအပေါ် ထားရှိသော မိခင်၏ စေတနာနှင့် အတူတူပင် ရှိချေသည်။ သည့်အတူ မိဘနှင့် ဆရာတို့က မိမိတို့၏ သားတပည့်များအပေါ် တင်ပို့ထားရှိသော စေတနာသည်လည်း ဘုရားစေတနာနှင့်အတူတူသာ ရှိချေသည်။ ဘုရားနှင့် သံဃာတို့ လက်သုံးဖြစ်သော ဓမ္မဓာတ်အား၏ အေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်ရှင်းခြင်း ဂုဏ်သတ္တိများကလည်း မိခင်ထံရှိ မေတ္တာဓာတ်နှင့် ဘာမျှမခြား၊ တစ်သားတည်းသာ ရှိချေသည်။ သည့်အတူ မိဘဆရာတို့ထံရှိ မေတ္တာဓာတ်သည်လည်း ၎င်းတို့ တပည့်သားများနှင့် ပတ်သက်လာလျှင် ဘုရားစိတ်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းသာ နားသက်ချေသည်။'

'၎င်းတို့ ငါးမျိုး(အနန္တငါးပါး) ထားရှိထွက်ပြူနေကြသော မေတ္တာဓာတ်၊ စေတနာဓာတ်များက ပို့လွှတ်အား စကေးမည်မျှဟူ၍ လည်းကောင်း၊ မီတာမည်မျှဟူ၍ လည်းကောင်း ခန့်မှန်းတိုင်းဆခြင်းငှာ မတတ်သာရကား အနန္တအဆုံးမရှိ၊ အပိုင်းမရှိ၊ အခြားမရှိ၊ လိုသလောက် လက်ခံ၊ လက်ခံသမျှ အပြည့်၊ ရှိန်သတ္တိ ရိပ်သမျှမိအရှိ။ ထိုတိုင်းဆ၍ မရသော အနန္တစွမ်းအားရှင်များ၏ မေတ္တာဓာတ်အား၊ စေတနာဓာတ်အားများကို အယုံတိုးလျက်က အကိုးပိုလေသူ ဝေနေယျတို့၏ စိတ်ဝယ် ထိုဓာတ်အားများ နားသက်စိမ့်ဝင်နေရကားရှိသမျှ စိတ်သည် အေးငြိမ်းနေတတ်လှချေ၏။ သို့ကြောင့် အပူမကပ်သာ'

'ထိုရေသောက်နည်းကို ကြာကြာသောက်လာသော် ရေသောက်ရာ၌ ကုသိုလ်စိတ် သက်သက်ချည်း တည်ချေပြီ။ ငြိမ်သောစိတ်၊ ငြိမ်းသောစိတ်ချည်း နားသက်၍ နေချေပြီ' (စာ-၃၀၉)

လမ်းခရီးတစ်နေရာတွင် လူပုဂ္ဂိုလ်တစ်ဦး ဆက်ကပ်လိုက်တဲ့ ရေ(အနန္တရေ)သောက်နည်းကို ဆရာတော်က ဓမ္မယုတ္တိဖြင့်လည်း သက်သေထူပြခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း အနန္တရေသောက်နည်းအတိုင်း ကျင့်သုံးခဲ့ရာ ငါးနှစ်တာ စွဲကပ်နှိပ်စက်ခဲ့သော ရောဂါများ ငါးရက်အတွင်း လုံးဝအရှင်း ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။ ဆရာတော်ဟာ စစ်ကိုင်းတောင် မြန်အောင်ချောင်မှာ ရုပ်ခန္ဓာကျန်းကျန်းမာမာ ရှိလာပါသော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာများ ကြုံတွေ့လာရပါတယ်။ စစ်ကိုင်းတောင်သို့ရောက်ပြီး တစ်လမပြည့်မီမှာပင် ရန်ကုန်မှ ပရိသတ်နှစ်ဖွဲ့ လိုက်လာကြခြင်းပဲ ဖြစ်ပါတယ်။

'၁၃၄၈ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ဆရာတော် ဦးသုဒဿန(မြန်အောင်ချောင်ပိုင်) ငါတို့ထံသို့ ငါတို့နှင့် နှစ်ပါးချင်း ဥပုသ်ပြုရန် ကြွလာသောအခါ နေရာပြောင်းဖို့ အကူတောင်းမိတော့၏။ ၎င်းကလည်း အတန်ငယ် စဉ်းစားပြီး လူလည်းခေါင်၊ ချောင်လည်းကျ၊ မမြင်ကွယ် ခြင်း၊ ဆိတ်ငြိမ်ခြင်းလည်း ရစေသော 'အရှေ့ပရက္ကမ' သို့ ညွှန်ပေးတော်မူ၏။ ၎င်းကိုယ်တိုင် နောက်ရက်နံနက်တွင် သွားရောက်ပန်ကြားပေးပြီး ၎င်းကိုယ်တိုင်ပင် နေ့ခင်း နှစ်ချက်တီးလောက်တွင် အရှေ့ ပရက္ကမသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့၏။ ကျေးဇူးကြီးလေစွာ့' (စာ-၃၁၀)

'အရှေ့ ပရက္ကမဂူကြီးကား တိတ်ဆိတ်မှုကို အပြည့်ပေးတတ်၏။ ယခင် ကျင့်ပွားသွားတော်မူခဲ့သော အရှေ့ပရက္ကမ ဆရာတော် (ရဟန္တာအဖြစ် ကျော်ကြားတော်မူသော ဆရာတော်ဦးဝါယမ) ဖြစ်၏။ အရှိန်သတ္တိ ကောင်းများကလည်း ငါတို့ကို လုံခြုံစွာလွှမ်းခြုံပေးထား သေး၏။ လူတွေ့မခံခြင်း၊ ဂူအတွင်းသို့ လူဝင်မခံခြင်းများက ကျေးဇူးပြုပေးနေ၏။ ရောက်စရက်များတွင်ကား ဂူ တိတ်ဆိတ်နှင့် ငါ့စိတ်ချိတ်မိ၊ တွဲမိနေသဖြင့် ဝန်းကင်ဘာဝဘာကိုမျှမသိတော့။ ငါသည်တမူကား ဘယ်ရောက်နေ သည်ဟူ၍ပင် မရိပ်မိပြီ။ အရတော်သဖြင့် ပျော်ရွှင်နေခြင်းတည်း' (စာ-၃၁၂)

ဆရာတော်ဟာ နံနက် ၇ နာရီတိတိမှာ ဂူမှ ထွက်၍ ဆွမ်းခံကြွတော်မူလေ့ ရှိပါတယ်။ ဝါးချက်ရွာ ခုနစ်ရက်၊ ရွာထောင် ခုနစ်ရက် သတ်မှတ်ပြီး ဆွမ်းခံ ပါတယ်။
ထုံးစံအတိုင်း မိမိခံလို့ရသမျှ ဆွမ်းတစ်ပါးစာ ချန်ပြီး ချောင်ထဲက သံဃာတွေကို ဦးတိုက်ပြီး လှူပါတယ်။ ဝါတွင်းမှာ ဝါးချက်ရွာက သပိတ်ပြည့်လောင်းကြပေမယ့် ဝါပကာလမှာတော့ သပိတ်မပြည့်တော့ပါ။ ရွာထောင်(မီးရထားဌာန၊ ဒီဇယ်၊ စက်ပြင်တို့ နေရာတန်း လျား)ကတော့ ဝါတွင်း ဝါပမရှိ၊ သပိတ်ပြည့်အောင် လောင်းလှူတတ်ကြတယ်ဆိုပါတယ်။ တစ်ဝါတွင်းလုံး ကျင့်လို့ကောင်းခဲ့ရာ 'မလှုပ်မယှက် မကလက်သောစိတ်'အထိ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆွမ်းခံရွာ ဝါးချက်နှင့် ရွာထောင်မှာလည်း ဆရာတော်ရဲ့ ဂုဏ်သတင်းက ပျံ့နှံ့ကျော်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။ သီတင်း ကျွတ်တာနဲ ရန်ကုန်ဒကာများ လိုက်လာကြပါတယ်။ မြန်အောင်ချောင်မှ အရှေ့ပရက္ကမချောင်သို့ ပြောင်းသွားတာ သူတို့မသိတော့ ဆရာတော်ရဲ့ ဓာတ်ပုံပြပြီး ရှာပုံ တော်ဖွင့်ကြပါတယ်။ ဆရာတော်ကို ဖူးတွေ့ဖူးပြီး တရားလည်း နာကြားဖူးတဲ့ ဓာတ်ပုံရိုက်သမားတစ်ဦးနဲ့ တွေ့တော့ ဒီကိုယ်တော်တွေ့ ချင်ရင် အရှေ့ပရက္ကမချောင်သွားလို့ လမ်းညွှန်လိုက်ပါတယ်။ အဲဒီနောက် ဆရာတော် သတင်းကြီး နေပုံကို ဒီလိုဖော်ပြထားပါတယ်။

'သည်ကိုယ်တော်ကြီး၏ သောက်ပြီးရေကို သောက်ရလျှင် ရောဂါအားလုံး ဒိဋ္ဌပျောက်၏။ ထိုသို့ ကြေညာသွားရာ ထိုဒကာများ ပြန်သွားပြီးနောက် ထိုသရက်ပင်အောက် လာရောက်၍ ရေကပ်လေ သူများ၊ ဝါးချက်ရွာ၊ ရွာထောင်ရွာများမှ ဆီးကြိုကပ်ကြလေသူများ၊ ရေတံခါးကြီး ပွင့်သွားလေတော့၏။ တစ်ဖန် အရှေ့ပရက္ကမ၏ ဓမ္မစကြာ စင်္ကြကျောင်းဒကာ၊ ကျောင်းအစ်မများ ကထိန်ခင်းရန် လာရောက်ကြရာ ဆွမ်းခံပြန်ချိန်နှင့် ဆုံမိ၏။ ဘိုးသီလက တွေ့ဆုံပေးသဖြင့် အလာပသလ္လာပ စကားခေတ္တမျှ ပြောကြားမိ၏' (စာ-၃၁၄)

ကျောင်းအစ်မကား လေဖြတ်ခံထားရလေရာ စကားလည်း ပီအောင်မပြောနိုင်ရှာ၊ ခါးအောက်ပိုင်း အထိုင်အထလည်း ကောင်းကောင်းလုပ်မရ၊ ဒုက္ခကြီးလှတဲ့ ဒီဒကာမကလည်း ဆရာတော်ကို 'ရေကပ်' ပါတယ်။ ဆရာတော်က 'အနန္တရေစင်'အဖြစ် ပြန်လည်ချီးမြှင့်ပါတယ်။ ကျောင်းဒကာမ ယုံယုံကြည်ကြည် သောက်ပါတယ်။ အဲဒီ ဒကာမ မိုးကုတ်ရှိ မိမိနေအိမ်ပြန်ရောက်တဲ့ အခါ အနန္တရေစင်အစွမ်းနဲ့ စကားကောင်းကောင်း ပြောနိုင်ခဲ့လေပြီလို့ သိလိုက်ရပါတယ်။ အနန္တရေ စင်အစွမ်း အံ့မခန်းပါတကား။ ။

#မောင်သွေးချွန် #သုဝဏ္ဏသျှမ်
(TREND News ဂျာနယ် အတွဲ(၃)၊ အမှတ် (၁) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Address

Yangon
11051

Telephone

+959766919169

Website

Alerts

Be the first to know and let us send you an email when Forever Grace Buddha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share