Mega Data Store

Mega Data Store We are providing high quality movies in fair and realiable price with a comfortable surrounding and

20/09/2022

Rumors and lies brought to light.

20/09/2022
23/12/2020

THE MAURITANIAN Official Trailer (2021)
Stars - Benedict Cumberbatch, Shailene Woodley
Genres - Thriller

22/12/2020

Marvel's Loki - Official Trailer (2021)
Stars - Tom Hiddleston, Owen Wilson

22/12/2020

Raise By Wolf Official Trailer (2020)

22/12/2020

THE MARKSMAN Official Trailer (2021) Liam Neeson Movie

21/12/2020

Hair Love - Oscar®-Winning Short Film
Sony Pictures Animation

21/12/2020

Disney's Encanto Official First Look Trailer (2021)

19/12/2020

Chaos Walking (2021) Official Trailer – Daisy Ridley, Tom Holland, Nick Jonas

18/12/2020

Palmer (2021)

07/11/2020

DatShin Review: The Queen’s Gambit
Netflix Miniseries
Drama,

Plot
Elizabeth Harmon ဆိုတဲ့ မိဘမဲ့ ကလေးမလေးတစ်ယောက်ရဲ့ ပြသနာ အဟန့်အတားပေါင်းစုံကို ကျော်ဖြတ်ရင်း ကမာ့အတော်ဆုံး chess player ဖြစ်လာဖို့ ကြိုးပမ်းပုံဖြစ်ပါတယ်။

Review
စာရေးဆရာ Walter Tevis ရဲ့ 1983 ခုနစ်ထွက် စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Beth Harmon ဟာ နာမည်ကျော် Grandmaster တွေရဲ့ ဘဝကို မှီငြမ်းရေးသား ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။

The Queen’s Gambit ဇာတ်လမ်းတွဲအကြောင်းကို တွေးမိရင် သွားသတိရမိတာက Rush (2013) ရုပ်ရှင်ဖြစ်ပါတယ်။ တစ်ပတ်ပြီး တစ်ပတ် ပတ်မောင်းနေတဲ့ Formula One ကားမောင်းသမားနှစ်ယောက်အကြောင်းကိုမှ Formula One ပရိတ်သတ်မဟုတ်သူ စိတ်မဝင်စားသူတွေတောင် တစ်ကားလုံး တစ်စက်မှ မပျင်းရအောင် အမိအရဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ပေါ့။ အခု The Queen’s Gambit ကလည်း ဒီလိုပါပဲ။ စဉ်းစားကြည့်ပါ။ Chess ကိုစိတ်မဝင်စားတဲ့ လူတွေအတွက်တော့ လူနှစ်ယောက် စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး အရုပ်လေးတွေ ရွှေ့နေတာ၊ ဘေးက လူတွေက တိတ်ပြီး ထိုင်ကြည့်နေတာ စိတ်လှုပ်ရှားစရာ တစ်စက်မှ မရှိပါဘူး။ ဒါကို screen ပေါ်မှာ ပြဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ဟာပါ။ Formula One လိုမျိုးတောင် တစ်ချက်မှားတာနဲ့ ကားမှောက်ပြီး သေမဲ့ adrenaline pumping အခြေအနေတွေ ရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ Series တစ်ခုလုံးနီးပါးဟာ တော်တော်လေး သေသပ်တဲ့ ဇာတ်ညွှန်း၊ အရမ်းကိုမိုက်တဲ့ သရုပ်ဆောင်နဲ့ production design တို့ကြောင့် ပျင်းစရာ မရှိသလောက်နဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။

အရင်ဆုံး ချီးကျူးရမှာကတော့ ဇာတ်ညွှန်းဖြစ်ပါတယ်။ Chess ကိုစိတ်မဝင်စားတဲ့သူတွေတောင် ဇာတ်ကောင်တွေ ကစားတာ ထိုင်ကြည့်ရင်း စိတ်လှုပ်ရှားပြီး emotion တွေ ရလာအောင် ၊ ဒီ လူတိုင်းက ငုတ်တုတ်ထိုင်ပြီး အရုပ်ရွှေ့နေတာကိုမှ အကွက်တွေ ထပ်တာမျိုးမရှိဘဲ မပျင်းရအောင် ရေးပြသွားနိုင်ခဲ့သလို အဓိက ဇာတ်ကောင် Beth ကိုလည်း တော်တော်လေး ပေါ်လွင်အောင် လုပ်ပြသွားနိုင်ခဲ့တယ်။ Chess ကားဆိုပြီး Chess အကြောင်း သိပ်မပြောလို့ဆိုပြီး မမိုက်ဘူးဆိုပြီး ပြောတဲ့သူတွေ ရှိတယ်။ ကျွန်တော့်အမြင်မှာတော့ ပရိတ်သတ်အများစုက Chess ကို နားမလည်တဲ့ စိတ်ဝင်စားမှုမရှိတဲ့သူတွေ။ ဒါကိုမှ chess က ဘယ်လောက် meaningful ဖြစ်တယ်၊ ဘယ်လောက်ထိ ဇာတ်ကောင်တွေအတွက် အရေးပါသလဲဆိုပြီး ဒီထက်ပိုပြီး အတင်းပြောခိုင်းနေရင် အဲဒီ chess မဆော့ဘူးတဲ့ ပရိတ်သတ်အများစုအတွက် အဆင်ပြေမှာမဟုတ်ဘူး။ ဒီအတွက် series မှာ လိုတာလောက်ပဲ ပြောပြ တင်ဆက်သွားတယ်။ ဇာတ်ကောင်တွေ ဆော့နေတာတွေဆိုလည်း ဘယ်လို chess အကွက်က ဘယ်လိုဆိုပြီး ပရိတ်သတ်ကို အတင်းထိုးကျွေးနေတာတွေ မတွေ့ရဘူး။ သဘောလောက်ပဲ ပြောတယ်။ ဒီလိုလုပ်တဲ့အတွက် chess မကြိုက်သေးတဲ့ ပရိတ်သတ်က ဒီဟာကြည့်ပြီး “အော် chess က ဒီလိုကစားလို့ရပါလား ဒီလို move တွေရှိပါလား” ဆိုပြီး သိသွားမယ်။ ကြည့်နေတုန်း 100% နားမလည်ပေမဲ့ သူကိုယ်တိုင်လည်း chess ကို စ ပြီး စိတ်ဝင်စားရင် စားသွားမယ်။ တကယ် chess သမားတွေအတွက်ကလည်း ဘယ် move က ဘယ်လိုဆိုပြီး အတိအကျ နားထောင်နေစရာမလိုဘူး။ ဘယ်သူက ဘယ်လိုကစားလိုက်တယ်ဆိုကတည်းက မျက်စိထဲ တန်းမြင်နေလောက်မှာပဲ။

The Queen’s Gambit ကိုကြည့်ပြီးတဲ့ အပြင်က တကယ့် Grandmaster တစ်ယောက် review ရေးထားတာမှ Beth ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ အဟန့်အတားတွေ၊ အပြုအမူတွေ၊ ဒီဆေးနဲ့ အရက်စွဲမှုတွေ အကုန်လုံးက အပြင်က Grandmaster တွေဖြစ်ကြတဲ့ဟာတွေနဲ့ အတူတူပါပဲလို့ ပြောပါတယ်။ အရမ်းကို သေးငယ်လှတဲ့ error လေးတချို့ကလွဲလို့ ဒီဇာတ်လမ်းတွဲထဲမှာ ဖြစ်သမျှဟာတွေ အများစုက ယုတိရှိတယ်လို့ ပြောထားတယ်။ ဒီလိုမျိုး chess player တွေကလည်း ချီးကျူးရအောင် accurate ဖြစ်တဲ့အပြင်ကိုမှ ပရိတ်သတ်ကို တော်တော်လေး hooked ဖြစ်အောင် ဆွဲဆောင်ထားဖို့က တော်တော်လေး မိုက်နေပါပြီ။ ဇာတ်လမ်းတစ်ပုဒ်အရဆိုလည်း emotion တွေ ပေးနိုင်တဲ့အခန်းတွေလည်း တော်တော်လေး ခံစားရတယ်။ ထူးသဖြင့် Beth တစ်ယောက် နံရံမှာ ကပ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေ မြင်ရတဲ့အပိုင်းကတော့ ကျွန်တော့်အတွက် အဖီးရဆုံး အခန်းပါပဲ။

နောက်တစ်ခုကတော့ သရုပ်ဆောင်ပါ။ ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်တို့ မြင်ဖူးနေကျ မင်းသမီး Anya Taylor-Joy ပျောက်ပြီး တကယ့် Beth Harmon ဆိုတဲ့ ဇာတ်ကောင်ကို မြင်နေရလောက်အောင်ကို သရုပ်ဆောင်ပြသွားနိုင်ခဲ့တယ်။ သူ့ဘဝတစ်လျှောက် အတက်အကျ၊ အောင်မြင်မှု ရှုံးနိမ့်မှုတွေကို အကောင်းဆုံး သရုပ်ဆောင်ပြသွားတယ်။ နောက်ဆုံး အရမ်းသဘောကျမိတာကတော့ production design လို့ပြောရပါမယ်။ တကယ်ကို 1950s-60s တွေ ဝန်းကျင် အငွေ့အသက်ကို series တန်မဲ့ big budget ရုပ်ရှင်ကားကြီးတွေလောက် နီးနီးကို ပေးစွမ်းသွားနိုင်တယ်။ Makeup ရောပေါ့။ Beth ရဲ့ အသက်အရွယ်စုံ mood အစုံကို ပုံဖော်သွားနိုင်တယ်။

The Queen’s Gambit ဟာ အရမ်းကို perfect ဖြစ်နေတဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်တော့မဟုတ်ပါဘူး။ ဇာတ်လမ်းကလည်း ဘာမှသိပ်မထူးဆန်းတဲ့ အချိန်တန်အောင်မြင်သွားမဲ့ အရမ်းကိုတော်တဲ့ ဇာတ်လိုက်အကြောင်းပဲ။ ဒါပေမဲ့ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်မှုတွေအောက်မှာ ပရိတ်သတ်ကြီးဟာ chess world ထဲကို အတိုင်းအတာ တစ်ခုအထိနစ်မြောသွားအောင် လုပ်ပြသွားနိုင်ခဲ့တယ်။ ပရိတ်သတ်ကြီးက တော်တော်လေး စိတ်ကျေနပ်မှု ပေးမဲ့ high quality ဇာတ်လမ်းတွဲတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုရင် The Queen’s Gambit ကို ကြည့်ကြည့်ပါ။ အချိန်ပေးရ လုံးဝတန်တဲ့ series တစ်ခုဖြစ်ပါတယ်။ အပိုင်းကလည်း အရမ်းကြီးမများပဲ season 1 ခုပဲရှိပါတယ်။

Netflix မှာ ကြည့်လို့ရနေပါပြီ။

Admin KPK

DatShin: 4/5
IMDB: 8.9/10
Rotten Tomatoes: 100%

Series Info:

Creator: Scott Frank, Allan Scott
Based on: The Queen’s Gambit by Walter Tevis
Director: Scott Frank
Cast: Anya Taylor-Joy, Bill Camp, Moses Ingram, Isla Johnston, Christiane Seidel, Rebecca Root, Chloe Pirrie, Akemnji Ndifornyen, Marielle Heller, Harry Melling, Patrick Kennedy, Jacob Fortune-Lloyd, Thomas Brodie-Sangster, Marcin Dorocinski
Music: Carlos Rafael Rivera
Episodes: 7
Original Network: Netflix

Address

No. 16, Daisy Road, Nyaung Pin Thar Qtr
Taunggyi
11111

Opening Hours

Monday 10:01 - 12:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Alerts

Be the first to know and let us send you an email when Mega Data Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share