27/09/2024
အရင်ရည်းစားနဲ့ လမ်းခွဲတဲ့နေ့တုန်းက သူကိုယ့်ကိုနောက်ဆုံးပြောခဲ့တဲ့စကား
“မှာစရာတွေအများကြီးရှိပေမဲ့မမှာတော့ဘူး
ရင့်ကျက်ပြီးသားလူမိုလို့ ဘဝမှာဘာပဲဖြစ်လာလာ ကောင်းကောင်းဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်တယ်”တဲ့
ဒီစကားတစ်ခွန်းက ကိုယ့်ကိုတော်တော်ဝမ်းနည်းစေတာ
အရေးကြုံလာတော့ သူလာပြောတဲ့ စကားကလည်း
ကောင်းကောင်းလုပ်နေတယ်မလားဆိုတဲ့ စကားပါပဲ ။
ဘာလို့လဲ ဘာလို့ တစ်ယောက်တည်းရင်ဆိုင်ခိုင်းရတာလဲ
လူတွေချစ်တယ်ဆိုတာ နင်ကောင်းကောင်းဖြတ်ကျော်နိုင်တယ် နင်ကသန်မာပြီးသားဆိုပြီး ရှေ့က သွားသွားလို့ မြောက်ပေးတာမဟုတ်ဘဲ ၊ မဟုတ်ပါဘူး နင်ကသန်မာရင်တောင် ငါကတော့နင့်ကို ဒီလောကဓံကို တစ်ယောက်တည်းရင်ဆိုင်ခွင့်မပေးနိုင်ဘူး ဆိုပြီး
လက်ကိုဆုပ်ကိုင်ထားပြီး အတူတူရင်ဆိုင်တာဖြစ်ဖြစ်
လုပ်ပေးရမှာမဟုတ်ဘူးလား ။
သန်မာပြီးသားလူမိုလို့ ကာကွယ်ပေးစရာမလိုတော့ဘူးတဲ့လား ။
ဒီစကားတစ်ခွန်းက သူ့ကိုကိုယ့်ဘဝထဲကနေ တစ်ချက်လှည့်မကြည့်ဘဲ ထုတ်လိုက်ဖို့ အရမ်းအထောက်အကူဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို လူတွေဟာ အတူတူရှိနေပေးကြတယ်ဆိုတာ ကိုယ့်အတွက်တော့ ကာကွယ်ပေးဖို့ပါပဲ ။
ကိုယ့်အတွက်တော့ချစ်ခြင်းမေတ္တာဟာ
လမ်းလျှောက်တဲ့အခါ ကားလမ်းဘေးကလျှောက်ပေးလား၊ စားသောက်ဆိုင်မှာ ခုံဆွဲပေးသလား ၊ အိတ်တွေကူသယ်ပေးသလား၊ ဖိနပ်စီးပေးသလား၊ လက်ဆောင်ပစ္စည်းတွေ ဝယ်ပေးသလားဆိုတာတွေ မဟုတ်ပါဘူး
ကိုယ့်အတွက်တော့အချစ်ဆိုတာ
သူကဘယ်လိုကာကွယ်စောင့်ရှောက်မှုမျိုးနဲ့ သင့်တော်သလဲ ၊ ဘဝမှာဘယ်အရာကိုဆုံးရှုံးတာက သူ့ကိုထိခိုက်နာကျင်စေသလဲ ၊သူ့ရဲ့အကြောက်တရားကဘာလဲ ၊ လူမမြင်စေချင်တဲ့ ဒဏ်ရာက ဘာလဲဆိုတာကို စိတ်ဝင်တစားရှိပြီး လောကမှာဘယ်အရာကိုမှအကောင်းမမြင်နိုင်တော့တဲ့အချိန်မှာ ရင်ခွင်ထဲမှာဖွက်ထားပေးတာမျိုးကမှ အချစ်ပါ။
ရပါတယ်ဆိုရင်တောင် မရတာသိတယ်ဆိုပြီး
ဘေးမှာလာထိုင်နေတာကမှချစ်တာပါ
ချစ်တယ်ဆိုရင်လေ တစ်ခုပဲ
ဘယ်လိုကာကွယ်မှုမျိုးနဲ့ကိုယ်ကအံ့ဝင်ခွင်ကျဖြစ်သလဲဆိုတာကို သိခဲ့ရဲ့လား။
ကာကွယ်ကောကာကွယ်ပေးခဲ့ဖူးလား
မူရင်းရေးသားသူကိုလေးစားစွာ ခရက်ဒစ်ပေးပါတယ်