21/06/2022
' Shat Kabaw '
( ရှတ် ကဘော် )
' ထမင်းပေါင်း ' လို့ဆိုရင် ရန်ကုန် ပန်းဆိုးတန်းနားတဝိုက်က
ထမင်းပေါင်းဆိုင်တွေနဲ့ မြေနီကုန်းက ဦးကျော် ထမင်းပေါင်းဆိုင်တွေကို
ပြေးမြင်မိပါတယ်။ တခါတလေ တရုတ်စားသောက်ဆိုင်က ထမင်းပေါင်း
ထက် ပန်းဆိုးတန်း ပလက်ဖောင်း ဆိုင်လက်ရာ ထမင်းပေါင်းက ပိုမြိန်
သလိုပါပဲ ။သည် ထမင်းပေါင်း အကြောင်းကို မြစ်ကြီးနား ကချင်ရိုးရာ
အစားအစာဆိုင်က ရှတ်ဂျမ် ထမင်း- Shat Jam စားနေရင်း အတွေး
ရလို့ ရေးဖြစ်လိုက်ပါတယ် ။
ယနေ့ဆိုရင် ' ထမင်းပေါင်း ' ဆိုပြီး မြန်မာပြည်အနှံ့ မရနိုင်တဲ့ နေရာမရှိသလောက်လို့ထင်မိပါတယ်။ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်
ပြီးသော အောင်မြင်တဲ့ Brand Name တခုလို့မြင်မိပါတယ်။
ကချင် လူမျိုးတွေမှာ ပေါင်းအိုးနဲ့ချက်ပြီးရတဲ့ ထမင်းပေါင်း ကို
ကချင်လို Shat Kabaw ( ရှတ် ကဘော် ) လို့ခေါ်ဆိုကြပါတယ်။
ကချင်အစားအစာနယ်ပယ်က မွမ်းမံတီထွင် ကြံဆ နေသူတွေအတွက်
' ရှတ်ကဘော် ' ဆိုပြီး စားသုံးသူများအကြိုက်တွေ့စေမယ့် လက်ရာ
ဖန်တီးကြိုးစားကြည့်စေချင်မိပါတယ်။ နောင်များ မြန်မာပြည်အနှံ့ ကချင် ထမင်းပေါင်း 'ရှတ် ကဘော် ' ဆိုပြီး နေရာအနှံ့ ရနိုင်တဲ့ အစားအစာ အဖြစ် မျှော်လင့်ရင်းဝေငှလိုက်ပါသည်။