Thamee Mg Mg Pyay

Thamee Mg Mg Pyay book and stationery

 #သတိပြုဖွယ်ရာအလုပ်ကိစ္စတစ်ခုရှိလို့ ကျနော့်ညီဝမ်းကွဲတယောက်ရဲ့အိမ်ကိုသွားတယ်ဗျ။ခြံရှေ့ကားရပ်ပြီး ခြံဝင်းတံခါးဖွင့်ထားတာန...
29/09/2023

#သတိပြုဖွယ်ရာ

အလုပ်ကိစ္စတစ်ခုရှိလို့ ကျနော့်ညီဝမ်းကွဲတယောက်ရဲ့အိမ်ကိုသွားတယ်ဗျ။
ခြံရှေ့ကားရပ်ပြီး ခြံဝင်းတံခါးဖွင့်ထားတာနဲ့ တံခါးဖွင့်ပြီးဝင်လာတယ်။
ဧည့်ခန်းနားကိုရောက်တော့-
"အမေတို့က ရှုံးနေတာကြီးကို နောက်မဆုတ်ဘဲ လုပ်ရင်းက အရင်းပါပြုတ်မှာစိုးလို့ စဉ်းစားဖို့ပြောတာပါသားရယ်"လို့ပြောတဲ့ အန်တီ့အသံကိုကြားရတယ်-

"အမေနားမလည်ပဲနဲ့ ဝင်မပြောနဲ့ ဒီအလုပ်တွေ အမေဘာသိလို့လဲ ဒီအလုပ်ကိုလုပ်လာတာကြာပြီ ရှုံးလဲခဏပဲ" လို့ဖိုးညီက ပြန်ပြောတယ်။

အဲ့တော့ အန်ကယ်လ်က-
"အဖေတို့က ဘာမှနားလည်လို့တော့ မဟုတ်ပါဘူးသားရယ်
ဒါပေမယ့်လဲ အရှုံးများနေတဲ့အလုပ်ကို ဆက်မလုပ်ပဲ တခြားအဆင်ပြေမယ့်အလုပ်ကလေး ပြောင်းလုပ်ရင်ကောင်းမလားလို့ အကြံပေးတာပါ"

"အဖေရော၊ အမေရော ကျနော်ပြောမယ် အခု အဖေတို့အမေတို့ စားဖို့ပူရလား၊ဝတ်ဖို့ပူရလား၊ နေဖို့ပူရလား ဘာမှ ပူစရာမလိုအောင် ကျနော်ထားတယ် ကျနော်လုပ်တဲ့အလုပ်မှာ ဘာမှမသိပဲ ဝင်မရှုတ်ကြနဲ့ ကျနော်မကြိုက်ဘူး" လို့လေသံမာမာနဲ့ ပြောတော့ အခြေအနေမကောင်းဘူး ဝင်ထိန်းအုံးမှပဲဆိုပြီး ဧည့်ခန်းထဲဝင်လိုက်တယ်။

ဦးလေးက-
"ငါတို့က စေတနာနဲ့ပြောတာပါ မင်းမကြိုက်ရင်လဲ မပြောတော့ပါဘူး ငါတို့က ဘာမှသုံးမရတဲ့ လူအိုကြီးတွေ ဖြစ်နေပြီကိုး" လို့ပြောပြီး မျက်ရည်လေး သုတ်ပြီး အိမ်အပေါ်ထပ်တက်သွားတယ်။

အန်တီကတော့ မျက်ရည်ကိုသုတ်ပြီး-
"သား ငတိုး ဘာကိစ္စရှိလို့လဲ"
"သား ညီလေးနဲ့ အလုပ်ကိစ္စတစ်ခုပြောစရာရှိလို့တီလေး"လို့ ပြန်ဖြေပြီး-
"ဖိုးညီ အလုပ်ကိစ္စပြောစရာရှိလို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို ခဏလိုက်ခဲ့" လို့ခေါ်တော့ သူလိုက်လာတယ်။

ဆိုင်ရောက်တော့ လူရှင်းတဲ့ ဆိုင်ထောင့်က စားပွဲမှာထိုင်ပြီး လက်ဖက်ရည်မှာတယ်။
ပြီးတော့ ညီငယ်က-
"အလုပ်ကိစ္စဆိုတာ ဘာလဲကွီးတိုး"
"အလုပ်ကိစ္စမပြောခင် မင်းကို ပြောပြစရာ တစ်ခုရှိသေးတယ်"

"ဘာများလဲဗျ"
"စိမ်ရေသင့်တယ်ဆိုတာ မင်းကြားဖူးလား"
"မကြားဖူးဘူးကွီးတိုး"
"ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ဆိုတဲ့ အနန္တဂိုဏ်းဝင်တွေကို ကိုယ်၊နှုတ်၊နှလုံး ၃ ပါးနဲ့ ပြစ်မှားစော်ကားလို့ ခံရတဲ့အပြစ်ကို စိမ်ရေသင့်တယ်လို့ အကြမ်းဖျဉ်း ခေါ်တယ်ကွ"
"ဟုတ်ကဲ့"

"မင်းတို့ မိသားစု ခုနက ဘာအကြောင်းအရာကြောင့် စကားများကြတယ်ဆိုတာ ငါမသိဘူး ဒါပေမယ့် မင်းပြောတာဆိုတာ ပုံစံမကျတာကိုတော့ အားမနာတမ်းပြောရမှာပဲ"
"မဟုတ်ဘူးလေ ကွီးတိုးရ သူတို့က အလုပ်အကြောင်း
ဘာမှ နားမလည်ပဲ ဝင်ပြီးဆရာလုပ်ကြတာဗျ"

"ထားပါတော့ တစ်ခုမေးမယ် စဉ်းစားပြီးမှဖြေ"
"ဟုတ်ကဲ့"
"သူတို့ အဲ့လိုပြောတာ မင်းကိုကောင်းစေချင်လို့လား
ပျက်စီးစေချင်လို့လား စဉ်းစားပြီးဖြေကြည့်"
"ကောင်းစေချင်လို့ပါ"
"ဟုတ်ပြီ အဲ့ဒါကို မင်းကပြန်ပြောတာက ပုံစံမကျတော့
မင့်မိဘတွေ မင့်ကြောင့် မျက်ရည် ကျရတယ်လေ"

အဲ့လိုပြောတော့ သူနဲနဲတွေဝေသွားတယ်။
"မိဘကိုညှဉ်းဆဲသ တ်ဖြတ်ရင်၊ ကိုယ်အင်္ဂါနာကျင်အောင် ရိုက်နှက်ရင်၊ စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင်လုပ်ရင်
မိဘစိမ်ရေသင့်တတ်တယ်နော် ညီလေး"
"ဟုတ်ကဲ့ကွီးတိုး မိဘစိမ်ရေသင့်ရင် ဘာတွေဖြစ်တတ်လဲ"

"ဖြစ်လာမယ့် မကောင်းကျိုးတွေကတော့ အများကြီးပဲ
ငါမှတ်မိသလောက်ပြောရရင်
-အလုပ်အကိုင်မအောင်မြင်ခြင်း
မိဘစိမ်ရေသင့်နေသူဟာ ဘာလုပ်လုပ် မအောင်မြင်ဘူး
လုပ်ငန်းအတူလုပ်ကြတယ် သူများကအောင်မြင်တယ်
ကိုယ်က မအောင်မြင်ဘူးဆိုတာမျိုး ကြုံရတတ်တယ်။
ရောင်းတဲ့ ပစ္စည်းအတူတူ ဆိုင်ဘေးချင်းကပ် ရောင်းတာတောင် သူများဆိုင်က ဝယ်သူကြိတ်ကြိတ်တိုး ကိုယ့်ဆိုင်ကိုတော့ ဈေးမေးမယ့်သူတောင် မရှိဘူးဆိုတာမျိုးပေါ့"
"ဟုတ်ကဲ့ ကွီးတိုး"

"နောက်တချက်က
-အလုပ်အကိုင်ကောင်းသည့်တိုင်အောင် ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းမတည်မြဲဘူးတဲ့
ကိုယ်ရှာဖွေထားတဲ့ပစ္စည်းက ရေကြီးလို့၊မီးလောင်လို့၊ လူလိမ်လို့၊ခိုးလို့၊လုလို့ ၊တိုက်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်တယ်တဲ့ ညီ"
"ဟုတ်ကဲ့"

"နောက်တချက်က
- ပြောသမျှဆိုသမျှမအောင်မြင်ဘူးတဲ့
အလုပ်မှာ ကိုယ်နဲ့လုပ်ငန်းတူ အဆင့်တူချင်းယှဉ်ပြော သူများစကားပဲအောင်တယ် ကိုယ့်စကားက မအောင်မြင်ဘူးတဲ့
ကိုယ့်လက်အောကါငယ်သားအပေါ်တောင် ဩဇာ မငြောင်းတတ်ဘူးတဲ့"
"ဟုတ်ကဲ့ ကွီးတိုး"

"စိမ်ရေသင့်လို့ နောက်ထပ်ဖြစ်လာတတ်တာက
-ရောဂါဘယ ထူပြောတတ်တယ်
ဖြစ်တဲ့ရောဂါကလဲ ဆေးမတိုးတဲ့ ရောဂါမျိုးဖြစ်တတ်တယ်တဲ့
အဲ့အကြောင်းနဲ့ ပါတ်သက်ပြီး ကိုယ်တွေ့ကြုံဖူးတာတစ်ခုပြောပြမယ်"
"ဟုတ်ကဲ့"

"ကွီးတိုးတို့ ရွာမှာနေတော့ သူဌေးသား သန်းနိုင်ဆိုတဲ့ သူတယောက်ရှိတယ်။
သူက တစ်ဦးတည်းသောသား အရက်သောက်တယ် အရမ်းဆိုးတယ်။
မူးလာရင် အမေကို နဲ့လိုက် အဖေကို တု တ်နဲ့ လိုက်ရိုက်တတ်တယ်။
အဖေနဲ့အမေကိုဆဲတာလဲ မိုးမွှန်နေတာပဲ။
တနေ့တော့ သန်းနိုင် ဗိုက်ထဲက အောင့်တယ်ဆိုပြီး လူးလှိမ့်နေတာပဲ။
အဲ့တုန်းက ရွာမှာ ဆေးမှူးပဲရှိတော့ ဆေးမှူးကိုပင့်ပြီး ဆေးထိုးတယ်။

ထိုးတုန်းခဏပဲသက်သာတယ် နာရီဝက် တနာရီလောက်ကြာတာနဲ့ ပြန်အောင့်လာတယ် အော်ငိုနေရတယ်။
ဆေးမှူးလဲ မနိုင်တော့ မြို့နယ်ဆေးရုံကိုလွှဲတယ်။
ဆေးရုံမှာ ဆရာဝန်တွေကုတော့လဲ အဲ့အတိုင်းပဲ မကုနိုင်လို့
စက်ကိရိယာတွေ ပြည့်စုံတဲ့ မန္တလေးဆေးရုံကြီးကိုလွှဲတယ်"
"အဲ့တော့ သက်သာသွားလား ကွီးတိုး"

"ဆေးရုံကြီးရောက်လို့ ခေတ်မီစက်ကိရိယာတွေနဲ့ စမ်းသပ်လိုက်တော့လဲ ဘာရောဂါမှမတွေ့ဘူး ရက်၂ဝလောက်
ဒီအတိုင်းပဲ ဆေးထိုးရင် သက်သာလိုက် ခဏနေ ပြန်အောင့်လိုက်ပဲ။
နောက်ဆုံးတော့ သူ့မိဘတွေလဲ လက်လျှော့ပြီး ရွာကို ပြန်ခေါ်လာကြတယ်,။
အရိုးပေါ်အရေတင် လူရုပ်တောင်မပေါက်တော့ဘူး။
ရွာရောက်တော့ ရွာဦးကျောင်းဆရာတော်က ဒီကောင်မိဘစိမ်ရေသင့်တာဖြစ်မယ် အဖေ၊အမေ ခြေရာယူပြီး သူ့ခေါင်းအုံးအောက် ထားသိပ်စမ်း၊ အဖေ၊အမေ ခြေလက်ဆေးထားတဲ့ရေကို တိုက်စမ်း၊ အဖေအမေကို အပြစ်ရှိသမျှခွင့်လွှတ်ဖို့ ကန်တော့ခိုင်းစမ်းလို့ မိန့်လို့ ဆရာတော်ပြောတဲ့အတိုင်း လုပ်တော့မှ ရောဂါက ယူပစ်သလို ပျောက်ကင်းသွားတယ်။
အဲ့ကိုသန်းနိုင်လဲ အတော်ကြောက်သွားလားမသိဘူး သင်္ကန်းစီးပြီး ဦးဇင်းဘဝနဲနေတာ အခုထိ လူမထွက်တော့ဘူး"
"ဪ အံ့ဩစရာပဲနော်"

"အဲ့ဒါပုံပြင်မဟုတ်ဘူးငါ့ညီ တကယ့်လက်တွေ့ပဲ
မိဘစိမ်ရေသင့်ရင် နောက်ထပ်ဖြစ်နိုင်တာက
ကိုယ်အင်္ဂါ မပြည့်စုံတဲ့ သားသမီးရတတ်တယ်။
အကယ်၍ ကိုယ်အင်္ဂါပြည့်စုံရင်တောင် ဆုံးမရမလွယ်တဲ့
သားသမီး မိဘကိုဒုက္ခပေးတဲ့သားသမီးမျိုး ရတတ်တယ်တဲ့။
ဒါကတော့ ကာလဝိဘက် နောက်ပိုးတက်ဆိုသလိုပေါ့
ကိုယ်က ကိုယ့်မိဘကို စိတ်ဆင်းရဲအောင် မျက်ရည်ကျအောင်လုပ်ခဲ့တော့ ကိုယ်ကလဲ ကိုယ့်ကိုစိတ်ဆင်းရဲအောင် မျက်ရည်ကျအောင်လုပ်မယ့် သားသမီးပဲ ရမှာပေါ့"
"ဟုတ်ကဲ့ကွီးတိုး"

"နောက်ဆုံးတချက်ကတော့-
မိဘစိမ်ရေသင့်တဲ့သားသမီးဟာ သံသရာမှာ အပါယ်၄ဘုံမှာ ကျင်လည်ရတတ်တဲ့။
ညီလေးပဲစဉ်းစားကြည့်ပေါ့ မိဘကိုစိတ်ဆင်းရဲအောင် ပစ်မှားစော်ကားခဲ့တဲ့ သားသမီးက လူ၊နတ်၊ဗြဟ္မာဆိုတဲ့ အထက်ဘုံကိုရောက်နိုင်ပါ့မလား"
"မရောက်နိုင်လောက်ပါဘူး ကွီးတိုး"

"အေး ဒါတွေကတော့ ငါမှတ်သားမိသလောက် ပြောပြတာ
စောစောက အဖြစ်အပျက်ကို ပြန်ကောက်ရရင် ဦးလေးနဲ့ အန်တီက စေတနာနဲ့သတိပေးတာကို ပြေရာ ပြေကြောင်းလေးပြန်ပြောရင် နားဝင်မချိုပေဘူးလား သူတို့မျက်ရည်ကျရပါ့မလား"
"ဟုတ်ပါတယ်ကွီးတိုး ကျနော်မှားသွားပါတယ်"
"ဒီနေရာမှာ ခေတ်တွေစနစ်တွေ မတူတော့ မိဘပြောသမျှပဲ လက်ခံရမယ်လို့ မဆိုလိုဘူးနော် သူတို့ပြောတာဟာ ခေတ်ကာလအခြေအနေနဲ့ အံမဝင်တာတွေလဲ ဖြစ်နိုင်တာပဲ
အဲ့ဒါတွေကို ကိုယ်က စိတ်ရှည်ရှည်လေးနဲ့ သူတို့နားလည် သဘောပေါက်အောင်ရှင်းပြပေါ့ ညီလေးရဲ့"
"ဟုတ်ကဲ့ကွီးတိုး"

"အခုငါ့ညီက အဲ့လိုရှင်းမပြပဲ ဒေါနဲ့မောနဲ့ ရန်တွေ့တော့ မိဘတွေရင်ထဲ ဘယ်လောက်ကြေကွဲလိုက်မလဲ သူတို့နေရာက
ဝင်ခံစားကြည့်ညီလေး၊
အိုမင်းမစွမ်းဖြစ်နေလို့ သူတို့စကားဟာ အရာမဝင်တော့ပါလားဆိုပြီး ဘယ်လောက်ဝမ်းနည်းလိုက်မလဲ"

အဲ့လိုပြောတော့ ကျနော့်ညီတယောက် မျက်ရည်ဝဲလာပြီး-
"ကျနော်အရမ်းမှားသွားပြီကွီးတိုး ကျနော်အဖေနဲ့အမေကို တောင်းပန်ရမယ် အလုပ်ကိစ္စ နောက်နေ့မှပြောတော့
အဖေနဲ့အမေကို နောက်တစ်ခါ အဲ့လိုမပြောတော့ဘူးလို့
ကျနော်ကတိပေးတယ်" လို့ပြောပြီး ဆိုင်ထဲကနေ အပြေးတပိုင်းနဲ့ ထွက်သွားလေရဲ့။

ကျနော့်စိတ်ထဲမှာတော့ သားဖြစ်သူက ဝန်ချတောင်းပန်လို့ ဝမ်းသာကျေနပ်နေတဲ့ မိခင်၊ဖခင်တို့ရဲ့ ကြည်နူးတဲ့အပြုံးတွေကို မြင်ယောင်မိရင်း စိတ်ထဲကျေနပ်နေမိတယ်။

ချစ်ရတဲ့ညီငယ်၊ညီမငယ်များလဲ မိဘစိမ်ရေမသင့်အောင် ပြုမူပြောဆို၊နေထိုင်တတ်ပါစေကြောင်း မေတ္တာလောင်းလျှက်---

#ရတနာပုံ(ရွှေထီး)
crd
(အများအတွက်အကျိုးရှိမည်ဖြစ်၍ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့******************************************ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အ...
16/01/2022

ပြာသိုလပြည့်_ရှင်တစ်ထောင်အခါတော်နေ့
******************************************

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂-လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့် တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် အနိုင် ပြလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း - ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များ မွှေး၍ မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်စုစုပေါင်း ၃,၅၁၆-မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿ နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ " ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့ " ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင် ဟောကြားဆုံးမသော ဒါန, သီလ, ဘာ၀နာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Credit; အရှင်အာစာရ( ၁၆.၁.၂၀၂၂)

06/01/2022
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့International Day of Democracy 15th September 2021.
15/09/2021

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့
International Day of Democracy
15th September 2021.

MDY2.12.2020.
02/12/2020

MDY
2.12.2020.

28/09/2020
14/09/2020

အခုအခြေနေအရ မိဘတွေကို သတိလေးတစ်ခု ပေးချင်ပါတယ်။ ဆရာလုပ်တာ မဟုတ်ပါဘူးနော်

မိမိရဲ့ ကလေးတွေကို တစ်ချိန်တော့ ကျောင်းပြန်ဖွင့်မှာပဲ ဆိုပြီး ဒီအတိုင်း လုံးဝ မလွှတ်ထားစေချင်ပါဘူး။

ဘာလို့လဲ ဆိုတော့ ခလေးက continuous learning မရှိတော့ရင် ကြာရင်သူ့ ရဲ့ learn လုပ်လိုတဲ့ စိတ်က auto ပျောက်သွားမှာ မလို့ပါ။

ကျောင်းမှာတောင် holidays အပြီး ကျောင်းပြန်ဖွင့်ရင် ကျောင်းသားတွေရဲ့ learning အပေါ် အာရုံစူးစိုက် မှုရဖို့ ဘယ်လောက် အချိန်ယူရလဲ ဆိုတာ သင်ပေးရတဲ့ဆရာ၊ဆရာမတွေအသိဆုံးပါ

တချို့မိဘတွေ အနေနဲ့ စီးပွားရေး အခြေအနေ ကြပ်တည်းတယ် ဆိုတာကိုလည်း သိပါတယ်။

တချို့တွေက ကိုယ်တိုင်ကိုက ဘာသင်ပေးရမလဲ ဆိုတာမသိတဲ့ မိဘတွေ ရှိတာကို လည်း သဘောပေါက် ပါတယ်။

ကိုယ်က အခြေအ​နေ အမျုိးမျိုးကြောင့် မသင်ပေးနိုင်ဘူး ဆိုရင်တောင် အိမ်မှာ စာအုပ်လေးတွေ ဝယ်ထားပေးပြီး စာဖတ်ချိန်
လေး သတ်မှတ်ပေးထားပါ။

ဗဟုသုတ ရမယ့် video လေးတွေ,ပညာရေးကို ဦးစားပေးတဲ့ videos လေးတွေ online မှာရှာပြီး ကြည့်ခိုင်းပါ။

Text book ပြင်ပ က learning နဲ့ learning ပဲ။ဟင်းအတူ ကူချက်ခိုင်းတာ၊ပုံဆွဲခိုင်းတာ တစ်ခုခု သူတို့ စိတ်လက်ကိုယ်ပါ လုပ်တတ်တဲ့ ဝါသနာတစ်ခုခု ကိုလုပ်ခိုင်းကြပါ။

Online class လေး join ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။အခြေအနေကို အပြစ်တင်ပြီး ခလေးတွေကို ဒီတိုင်းမထားပါနဲ့။

တစ်နေကုန် tik tok ထိုင်ဆော့ facebook သုံးနေတဲ့ ခလေး တွေကို မြင်ပြီး သူတို့လေးတွေရဲ့ အချိန်ကို နှမြောလို့ပါ။

Address

Cor 27th X 75th
Mandale
05024

Telephone

+959448003233

Website

Alerts

Be the first to know and let us send you an email when Thamee Mg Mg Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thamee Mg Mg Pyay:

Share